နိုင်ငံတွင်းရှိ ဆည် ၁၃ ခုတွင်ရေပိုလွှဲမှရေကျော်နေသော်လည်း စိုးရိမ်ရန်မလိုဟုဆို

208

သက်ပိုင်( NP News )-ဇူလိုင်၁၃
မြန်မာနိုင်ငံအတွင်းရှိ ရေလှောင်တမံ(ဆည်)ပေါင်း (၂၄၆)ခုရှိသည့်အနက် ဆည် (၁၃) ခုမှာ ရေပိုလွှဲမှ ရေကျော်နေသော်လည်း ယင်းအပေါ် စိုးရိမ်ရန်မလိုအပ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါ ဆည် (၁၃) ဆည်တွင် အနိမ့်ဆုံး ရေကျော်မှတ်မှာ (၁) လက်မ ဖြစ်ပြီး အမြင့်ဆုံး ရေကျော်မှတ်မှာ (၁၀) ပေခန့် အထိဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူကဆိုသည်။
“လက်ရှိမှာ မုန်းချောင်းဆည်ကတော့ (၁၀) ပေကျော်နေတယ်။ အနိမ့်ဆုံးကတော့ ကွန်ချောင်းဆည်မှာ တစ်လက်မလောက်ကျော်နေတယ်။ ဆယ်ပေလောက် ရေပိုလွှဲက ရေကျော်နေပေမယ့် စိုးရိမ်စရာ မရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ ဆည်အားလုံးမှာ နေ့ရောညပါ စောင့်ကြည့်ပြီးတော့ ပြည်သူတွေကို အချိန်နဲ့တပြေးညီ တင်ပြပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ထို့အပြင် ပြီးခဲ့သော မန္တလေးငလျင် လှုပ်ခတ်ခဲ့စဉ်ကာလ အတွင်းကလည်း နိုင်ငံတွင်းရှိ ဆည်များတွင် ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးမှုမရှိခဲ့ဘဲ ရေလွှဲဆည် တစ်ခုသာ ထိခိုက်မှုဖြစ်ပွားခဲ့သည့်အတွက် ပြည်သူများအနေဖြင့် ငလျင်ဒဏ်သင့်ဆည်များမှ ရေဘေးအန္တရာယ် ကြုံရမည်ကို စိုးရိမ်ရန် မလိုအပ်ကြောင်း အဆိုပါတာဝန်ရှိသူကဆိုသည်။
“ငလျင်ကြောင့် တမံတွေကို ကြီးကျယ်တဲ့ ထိခိုက်မှုတွေမရှိခဲ့ဘူး။ အချို့မြေသားတမံတွေပေါ်မှာ အက်ကြောင်းပေါ်တာလေးတွေ၊ အနည်းငယ်နိမ်ကျတာတွေလောက်တော့ ရှိခဲ့တယ်။ အဲဒါတွေကို မိုးမကျခင် အကုန်ပြန်ပြင်ပြီးပါပြီ။ အဲဒါကြောင့် ဒီအပေါ်မှာလည်းပဲ မစိုးရိမ်ကြဖို့ပြောချင်ပါတယ် ”ဟု ၎င်းက ပြောသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန အနေဖြင့် ရေလှောင်တမံ(ဆည်) အောက်ဖက်တွင် နေထိုင်သူများအား ရေပိုလွှဲမှ ရေကျော်မည်ဆိုပါက အစိမ်းအရောင်အလံ (စိုးရိမ်စရာမရှိသော အခြေ အနေ)ထောင်ကာ အသိပေးခြင်း၊ တမံမှ ရေစတင်ယိုစိမ့်တော့မည့် လက္ခဏာပြပါက အဝါရောင်အလံ (အနည်းငယ်သတိထားရန်လို)နှင့် စိုးရိမ်ရသည်ဟုဆိုပါက အနီရောင်အလံထောင်ကာ အသိပေးခြင်းတို့ကို ပြုလုပ်သည့်အပြင် ရပ်ရွာအတွင်း လော်စပီကာဖြင့် အသိပေးမည်ဟု ပြည်သူများအား အသိပေးထားပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ႏိုင္ငံတြင္းရွိ ဆည္ ၁၃ ခုတြင္ေရပိုလႊဲမွေရေက်ာ္ေနေသာ္လည္း စိုးရိမ္ရန္မလိုဟုဆို
သက္ပိုင္( NP News )-ဇူလိုင္၁၃
ျမန္မာႏိုင္ငံအတြင္းရွိ ေရေလွာင္တမံ(ဆည္)ေပါင္း (၂၄၆)ခုရွိသည့္အနက္ ဆည္ (၁၃) ခုမွာ ေရပိုလႊဲမွ ေရေက်ာ္ေနေသာ္လည္း ယင္းအေပၚ စိုးရိမ္ရန္မလိုအပ္ေၾကာင္း ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈ စီမံခန႔္ခြဲေရး ဦးစီးဌာန တာဝန္ရွိသူတစ္ဦးက The Statesman ဂ်ာနယ္သို႔ ေျပာသည္။
အဆိုပါ ဆည္ (၁၃) ဆည္တြင္ အနိမ့္ဆုံး ေရေက်ာ္မွတ္မွာ (၁) လက္မ ျဖစ္ၿပီး အျမင့္ဆုံး ေရေက်ာ္မွတ္မွာ (၁၀) ေပခန႔္ အထိျဖစ္ေၾကာင္း အဆိုပါ တာဝန္ရွိသူကဆိုသည္။
“လက္ရွိမွာ မုန္းေခ်ာင္းဆည္ကေတာ့ (၁၀) ေပေက်ာ္ေနတယ္။ အနိမ့္ဆုံးကေတာ့ ကြန္ေခ်ာင္းဆည္မွာ တစ္လက္မေလာက္ေက်ာ္ေနတယ္။ ဆယ္ေပေလာက္ ေရပိုလႊဲက ေရေက်ာ္ေနေပမယ့္ စိုးရိမ္စရာ မရွိေသးပါဘူး။ ကြၽန္ေတာ္တို႔အေနနဲ႔ ဆည္အားလုံးမွာ ေန႔ေရာညပါ ေစာင့္ၾကည့္ၿပီးေတာ့ ျပည္သူေတြကို အခ်ိန္နဲ႔တေျပးညီ တင္ျပေပးသြားမွာ ျဖစ္ပါတယ္” ဟု ၎ကေျပာသည္။
ထို႔အျပင္ ၿပီးခဲ့ေသာ မႏၲေလးငလ်င္ လႈပ္ခတ္ခဲ့စဥ္ကာလ အတြင္းကလည္း ႏိုင္ငံတြင္းရွိ ဆည္မ်ားတြင္ ျပင္းျပင္းထန္ထန္ ထိခိုက္ပ်က္စီးမႈမရွိခဲ့ဘဲ ေရလႊဲဆည္ တစ္ခုသာ ထိခိုက္မႈျဖစ္ပြားခဲ့သည့္အတြက္ ျပည္သူမ်ားအေနျဖင့္ ငလ်င္ဒဏ္သင့္ဆည္မ်ားမွ ေရေဘးအႏၲရာယ္ ႀကဳံရမည္ကို စိုးရိမ္ရန္ မလိုအပ္ေၾကာင္း အဆိုပါတာဝန္ရွိသူကဆိုသည္။
“ငလ်င္ေၾကာင့္ တမံေတြကို ႀကီးက်ယ္တဲ့ ထိခိုက္မႈေတြမရွိခဲ့ဘူး။ အခ်ိဳ႕ေျမသားတမံေတြေပၚမွာ အက္ေၾကာင္းေပၚတာေလးေတြ၊ အနည္းငယ္နိမ္က်တာေတြေလာက္ေတာ့ ရွိခဲ့တယ္။ အဲဒါေတြကို မိုးမက်ခင္ အကုန္ျပန္ျပင္ၿပီးပါၿပီ။ အဲဒါေၾကာင့္ ဒီအေပၚမွာလည္းပဲ မစိုးရိမ္ၾကဖို႔ေျပာခ်င္ပါတယ္ ”ဟု ၎က ေျပာသည္။
ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈ စီမံခန႔္ခြဲေရး ဦးစီးဌာန အေနျဖင့္ ေရေလွာင္တမံ(ဆည္) ေအာက္ဖက္တြင္ ေနထိုင္သူမ်ားအား ေရပိုလႊဲမွ ေရေက်ာ္မည္ဆိုပါက အစိမ္းအေရာင္အလံ (စိုးရိမ္စရာမရွိေသာ အေျခ အေန)ေထာင္ကာ အသိေပးျခင္း၊ တမံမွ ေရစတင္ယိုစိမ့္ေတာ့မည့္ လကၡဏာျပပါက အဝါေရာင္အလံ (အနည္းငယ္သတိထားရန္လို)ႏွင့္ စိုးရိမ္ရသည္ဟုဆိုပါက အနီေရာင္အလံေထာင္ကာ အသိေပးျခင္းတို႔ကို ျပဳလုပ္သည့္အျပင္ ရပ္႐ြာအတြင္း ေလာ္စပီကာျဖင့္ အသိေပးမည္ဟု ျပည္သူမ်ားအား အသိေပးထားၿပီျဖစ္ေၾကာင္း သိရသည္။