ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းကနိုင်ငံ (ဗဟုသုတဆောင်းပါး)

 1299

Pika (NP News) - အောက်တိုဘာ ၄

ဗာတီကန်စီးတီးနိုင်ငံသည် ကုန်းတွင်းပိတ် အ ချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် အသေးဆုံးနိုင်ငံဖြစ်သလို မြို့ပြနိုင်ငံဖြစ်ကာ အီတလီနိုင်ငံ ရောမမြို့အတွင်းတွင်တည်ရှိသည်။ ဗာတီကန် စီးတီးသည် (၁၉၂၉)ခုနှစ်တွင် ချုပ်ဆိုခဲ့သော Lateran စာချုပ်နှင့်အတူ အီတလီနိုင်ငံ အုပ်ချုပ်မှုအောက် မှ လွတ်လပ်ခွင့်ရခဲ့ပြီး နိုင်ငံတကာ ဥပဒေအောက်တွင် အချုပ်အခြာအာဏာပိုင်သော တရားစီရင်ရေး ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Holy See ၏ သီးသန့်အုပ်ချုပ်မှုနှင့် စီရင်ပိုင်ခွင့်အောက်တွင်ရှိ သော သီးခြားနယ်မြေတစ်ခု ဖြစ်လာခဲ့သည်။

ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ကက်သလစ်ချာ့ချ်ဌာန ချုပ်ရှိသည့် ဗာတီကန်စီးတီးနိုင်ငံသည် မြို့ တစ် မြို့ အတွင်းတွင်တည်ရှိသည့် တစ်ခုတည်းသောနိုင်ငံဖြစ်ကြောင်းလည်း သိရသည်။ ဗာတီကန်စီးတီး သည် ကမ္ဘာပေါ်တွင် အသေးဆုံးမြေဧရိယာရှိသည့် နိုင်ငံနှင့် လူဦးရေအနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး (၂၀၂၃) ခုနှစ်အထိ စုစုပေါင်းလူဦးရေမှာ (၇၆၄) ဦးသာရှိကြောင်းသိရသည်။ စုစုပေါင်းဧရိယာ အကျယ် အဝန်း (၄၉)ဟက်တာသာရှိသည့် ဗာတီကန်စီးတီးသည် ဧရိယာနှင့်လူဦးရေအရ ကမ္ဘာပေါ်တွင် အသေး ဆုံးနိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ ထို့ပြင် ဗာတီကန်စီးတီးသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက်လူဦးရေ အနည်းဆုံးမြို့တော်လည်း ဖြစ်ကြောင်းသိရသည်။ Holy See အဖွဲ့အစည်းက အုပ်ချုပ်မှုနှင့်အတူ ဗာတီကန်စီးတီးသည် ကက် သလစ်ချာ့ချ်၏အကြီးအကဲဖြစ်သော ပုပ်ရဟန်းမင်း ကြီးက ခရစ်ယာန် ဘာသာ သို့မဟုတ် မြင့်မြတ်သော ဘုရင်စနစ်ဖြင့် အုပ်ချုပ်သည့်နိုင်ငံလည်းဖြစ်သည်။

ထို့ပြင် ဗာတီကန်စီးတီး၏ အမြင့်ဆုံးသော အကြီးအကဲများသည် အမျိုးမျိုးသောဇာစ်မြစ်များမှ ဆင်းသက်လာသည့် ကက်သလစ်ဘုန်းတော်ကြီးများ ဖြစ်ကြောင်းလည်းသိရသည်။ ပုပ်ရဟန်းမင်းကြီး Avignon Papacy (၁၃၀၉-၁၃၇၇ ခုနှစ်) ပြီးနောက် ပုပ်ရဟန်းမင်းကြီးများအားလုံးသည် တစ်ခါတစ်ရံ တွင် ရောမမြို့ရှိ Quirinal နန်းတော်တွင် နေထိုင်ကြသော်လည်း အဓိကအားဖြင့် ဗာတီကန်စီးတီးအတွင်းတွင်ရှိသော Apostolicနန်းတော်တွင်နေထိုင်ကြကြောင်း သိရသည်။Holy See အဖွဲ့အစည်းသည် အစောပိုင်းခရစ်ယာန်ဘာသာမှစတင်ခဲ့ပြီးကက်သလစ်ချာ့ချ်၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်း ဖြစ်ကြောင်းလည်း သိရသည်။ ဗာတီကန်စီးတီးတွင် St.Peter's Basilicaဘုရားကျောင်း၊ Sistine Chapel ဆုတောင်းဝတ်ပြုခန်း၊ Vatican Apostolic စာကြည့်တိုက်နှင့် ဗာတီကန်ပြတိုက်တို့ကဲ့သို့သော ဘာသာ ရေးနှင့်ယဉ်ကျေးမှုဆိုင်ရာနေရာအများအပြားရှိ သည်။ အဆိုပါနေရာများတွင် ကမ္ဘာပေါ်တွင်အကျော် ကြားဆုံးပန်းချီများနှင့် ပန်းပုများလည်းရှိကြောင်းသိရသည်။ ဗာတီကန်စီးတီး၏စီးပွားရေးကို ကက်သ လစ် ဘာသာယုံကြည်သူများထံမှ လှူဒါန်းမှုများ၊ စာပို့တံ ဆိပ်ခေါင်းများနှင့် အမှတ်တရပစ္စည်းများ ရောင်းချမှု၊ ပြတိုက်များ၏ ဝင်ကြေးများနှင့် စာအုပ်စာပေများ ရောင်းချခြင်းတို့မှငွေကြေး ထောက်ပံ့ထား ခြင်းဖြစ် ကြောင်းသိရသည်။ ထို့ပြင် ဗာတီကန်စီးတီးတွင် အခွန်ပေးဆောင်ရခြင်းမျိုးမရှိဘဲ ပစ္စည်း များသည်လည်း အခွန်လွတ်ဖြစ်ကြောင်းသိရသည်။

အီတလီအုပ်ချုပ်မှု (၁၈၇၁-၁၉၂၉) နှင့် Lateran စာချုပ်
(၁၈၇၀)ပြည့်နှစ်တွင် အီတလီတပ်ဖွဲ့များက ရောမမြို့ကိုသိမ်းပိုက်လိုက်သောအခါ ပုပ်ရဟန်း မင်းကြီး၏ပိုင်ဆိုင်မှုများမှာ မသေချာမရေရာသော အခြေအနေတွင်ကျန်ရှိခဲ့ပြီး ပုပ်ရဟန်းမင်းကြီး အမည်ခံ တပ်ဖွဲ့များ၏ခုခံမှုများအပြီးတွင် အီတလီ ပြန်လည်ပေါင်းစည်းရေးအဆုံးသတ်သွားခဲ့ကြောင်း သိရသည်။ သို့သော်လည်း အီတလီတပ်ဖွဲ့များသည် ဗာတီကန် စီးတီးအတွင်းရှိ Holy See အဖွဲ့ အစည်းကို ဝင်ရောက်စွက်ဖက်ရန်ကြိုးပမ်းမှုများ လုပ်ဆောင်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။ (၁၈၇၁)ခုနှစ်တွင် အီတလီဘုရင်သည် ရောမမြို့ရှိ Quirinal နန်းတော်ကို သိမ်းပိုက်ခဲ့ပြီး တော်ဝင် နန်းတော်ဖြစ်လာခဲ့ကြောင်းသိရသည်။ အဆိုပါအချိန်မှစတင်ပြီး ပုပ်ရဟန်းမင်း ကြီးများသည် ဗာတီကန်စီးတီးအတွင်းတွင် အနှောင့် အယှက်ကင်းစွာနေထိုင်ခဲ့ကြပြီး သံတမန်များစေ လွှတ်ခြင်းနှင့် လက်ခံခြင်းအပါအဝင် အချို့သော ပုပ် ရဟန်မင်းကြီးများ၏ အခွင့်အာဏာများကို အာမခံဥပ ဒေဖြင့် အသိအမှတ်ပြုခဲ့ကြကြောင်း သိရသည်။သို့သော်လည်း ပုပ်ရဟန်းမင်းကြီးများသည် ရောမမြို့တွင် အီတလီဘုရင်၏အုပ်ချုပ်မှုကို အသိ အမှတ်ပြုခဲ့ခြင်းမျိုးမရှိဘဲ အငြင်းပွားမှုများကိုဖြေရှင်း ခဲ့သည့် (၁၉၂၉)ခုနှစ်မတိုင်ခင်အထိ ဗာတီကန်စီးတီးအတွင်းမှထွက်ခွာရန် ငြင်းဆိုခဲ့ကြသည်။ပုပ်ရဟန်းမင်းကြီး Pius IX (၁၈၄၆-၁၈၇၈ ခုနှစ်) သည် ဗာတီကန်စီးတီးအတွင်းမှ ထွက်ခွာခဲ့ခြင်းမျိုးမရှိခဲ့သော နောက်ဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်ပြီး ဗာတီကန်စီးတီး၏အကျဉ်းသားအဖြစ် ရည်ညွှန်းခံ ခဲ့ရကြောင်းသိရသည်။ အဆိုပါ လောကီရေးရာအာ ဏာကိုစွန့်လွှတ်ရန် အတင်းအကြပ်ဖိအားပေးခံရ သောအခါတွင် ပုပ်ရဟန်း မင်းကြီးများသည် ဘာ သာရေးဆိုင်ရာ ပြဿနာများဘက်ကို ဦးလှည့်ကာ အာရုံစိုက်ခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း (၁၉၂၉)ခုနှစ် ဖေဖော်ဝါရီလတွင် Holy See အဖွဲ့အစည်းနှင့် အီတလီဘုရင်တို့ ကြား Lateran စာချုပ် ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် နှစ်ဖက်ကြားဖြစ်ပွား နေသော အခြေအနေများ အားလုံးမှာ အဆုံးသတ်သွားခဲ့ကြောင်းသိရသည်။ (၁၉၂၉) ခုနှစ် ဇွန်လ(၇) ရက်နေ့တွင် စတင်အသက်ဝင် ခဲ့သော Lateran စာချုပ်အရ လွတ်လပ်သော ဗာတီကန်စီးတီးနိုင်ငံကိုတည်ထောင်ခဲ့ပြီး အီတလီရှိ ကက်သလစ်ခရစ်ယာန်ဘာသာ၏ အထူးအဆင့်အတန်းကို ထပ်မံအတည် ပြုပေးခဲ့ကြောင်းသိရသည်။

ဖွဲ့စည်းတည်ဆောက်ပုံ
ဗာတီကန်စီးတီးနိုင်ငံတွင် ထူးခြားသောဖွဲ့စည်း ပုံရှိကြောင်းသိရသည်။ Holy See အဖွဲ့အစည်းက အုပ်ချုပ်မှုနှင့်အတူ ပုပ်ရဟန်းမင်းကြီးသည် နိုင်ငံ၏အချုပ်အခြာအာဏာပိုင်အကြီးအကဲဖြစ်ပြီး ၎င်းကို မတူကွဲပြားသော အဖွဲ့အစည်းများက ထောက်ခံထားသည်။ ဗာတီကန်စီးတီးတွင် ဥပဒေပြုအခွင့် အာဏာကို ပုပ်ရဟန်းမင်းကြီးက (၅) နှစ်တာ ကာလအတွက် ခန့်အပ်ထားသော ဗာတီကန်စီးတီး အတွက် Pontifical ကော်မရှင် cardinals အဖွဲ့က ပုပ်ရဟန်းမင်းကြီးအမည်ဖြင့် စီမံခန့်ခွဲကြောင်း သိရ သည်။ ထို့ပြင် အုပ်ချုပ်ရေးအာဏာကို အဆိုပါကော်မရှင် ဥက္ကဋ္ဌက ကျင့်သုံးပြီး အထွေထွေ အတွင်းရေး မှူးနှင့် လက်ထောက် အထွေထွေအတွင်းရေးမှူးတို့က ကူညီဆောင်ရွက်ပေးကြောင်းလည်းသိရသည်။ ဗာတီကန်စီးတီး၏ နိုင်ငံခြားဆက်ဆံရေးကို Holy See's Secretariat of State နှင့် သံတမန်ရေးရာ ဝန်ဆောင်မှုများက တာဝန်ယူထားကြောင်းလည်းသိရသည်။ မည်သို့ပင်ဆို စေကာမူ ပုပ်ရဟန်းမင်းကြီး သည် ဗာတီကန်စီးတီးတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် များတွင် အကြွင်းမဲ့ အာဏာရှိပြီး ဥရောပတိုက်တွင်တစ်ဦးတည်းသာရှိသော အကြွင်းမဲ့ ဧကရာဇ် ဖြစ်သည်။ ဗာတီကန်စီးတီး ၏ လုပ်ငန်းလည်ပတ်မှုတွင် ကျန်းမာရေး၊ လုံခြုံရေး၊ ဆက်သွယ်ရေးနှင့် အခြား ကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းရန်အတွက် အခြား ဌာနများရှိကြောင်းလည်းသိရသည်။

စီးပွားရေး
ဗာတီကန်စီးတီးနိုင်ငံ ဘတ်ဂျက်တွင် ဗာတီကန် ပြတိုက်များနှင့် စာတိုက်ရုံးများပါဝင်ပြီး တံဆိပ်ခေါင်း များ၊ ဒင်္ဂါးများ၊ ဆုတံဆိပ်များနှင့် ခရီးသွား အမှတ်တရ ပစ္စည်းများကို ရောင်းချခြင်း၊ ပြတိုက်ဝင်ခွင့် အတွက် ဝင်ကြေးများနှင့် စာအုပ်စာပေများရောင်းချမှုဖြင့် ငွေ ကြေးထောက်ပံ့ထားသည်။ ဘာသာရေး အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်သော်လည်း ဘုန်းတော်ကြီး များမဟုတ်သည့် အလုပ်သမားများ၏ ဝင်ငွေနှင့်လူနေ မှုအဆင့်အတန်းသည် ရောမမြို့တွင် အလုပ်လုပ်ကိုင် သောသူများ၏ အဆင့်အတန်းနှင့် တန်းတူညီမျှမှုရှိ ကြောင်းသိရသည်။ အခြား စက်မှုလုပ်ငန်းများတွင် ပုံနှိပ်ခြင်း၊ mosaics အနုပညာပုံစံ ထုတ်လုပ်မှုနှင့် ဝန်ထမ်းဝတ်စုံများ ထုတ်လုပ်ခြင်းတို့ပါဝင်သည်။ The Institute for Works of Religion ဟု လူသိများသော ဗာတီကန်ဘဏ်သည် ဗာတီကန်စီး တီးတွင်တည်ရှိသည့် ငွေကြေးဆိုင်ရာ အေဂျင်စီ တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။ ထို့ပြင် ဗာတီကန်စီးတီးတွင် လက်တင်ဘာ သာစကားဖြင့် ညွှန်ကြားချက်များနှင့်အတူ ဘာသာ စကား ပေါင်းစုံ ATM စက်များရှိပြီး အဆိုပါလုပ် ဆောင်ပုံများပါဝင်သည့် ကမ္ဘာပေါ်တွင်တစ်ခုတည်း သော ATM စက်များဖြစ်နိုင်ဖွယ်ရှိကြောင်းလည်းသိရသည်။ ဗာတီကန်စီးတီးသည် ၎င်း၏ကိုင်ပိုင် ဒင်္ဂါးပြားများနှင့် တံဆိပ်ခေါင်းများကို ထုတ်ကြောင်းလည်း သိရသည်။ ထို့ပြင် ဥရောပသမဂ္ဂနှင့်အထူးသဘောတူညီ ချက်ကြောင့် ဗာတီကန်စီးတီးသည် ယူရို ငွေကြေးကို ၎င်း၏ငွေကြေးအဖြစ် (၁၉၉၉)ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ကတည်းကအသုံးပြုခဲ့ပြီး (၂၀ဝ၂)ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင် ယူရိုဒင်္ဂါး ပြားများနှင့် ငွေစက္ကူများကို စတင်မိတ်ဆက်ခဲ့သော် လည်း ယူရိုငွေစက္ကူများကိုမူ ထုတ်ပေးခဲ့ခြင်းမျိုးမ ရှိခဲ့ကြောင်း သိရသည်။ (၂၀၁၂)ခုနှစ်တွင် အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံတကာမူး ယစ်ဆေးဝါး ထိန်းချုပ်ရေး မဟာဗျူဟာမြောက် အစီရင်ခံစာတွင် ဗာတီကန်စီးတီးကို ငွေကြေးခဝါချ မှုနှင့်ပတ်သက် ပြီး စိုးရိမ်ရသည့်နိုင်ငံများတွင် ပထမ ဆုံးအကြိမ် ထည့်သွင်းဖော်ပြခဲ့ကြောင်းသိရသည်။ ထို့နောက် (၂၀၁၄) ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက် နေ့တွင် ဗာတီကန်စီးတီးသည် Cardinal George Pell ဦးဆောင် သော Holy See အဖွဲ့အစည်းနှင့် နိုင်ငံ၏စီးပွားရေး၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေးဆိုင် ရာလုပ်ငန်းများ အားလုံးအတွက် တာဝန်ယူရန် အတွင်းရေးမှူးအဖွဲ့ကို တည်ထောင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မည်သည့်အေဂျင်စီ၏ ကျပန်းစစ် ဆေးမှုများကိုမဆို အချိန်မရွေး လုပ်ဆောင်ရန်အတွက် ခွင့်ပြုထားသော စာရင်းစစ်ချုပ်တစ်ဦးကိုလည်း ခန့်အပ်ခဲ့ပြီး နိုင်ငံတကာ ငွေကြေးခဝါချမှုကျင့် ထုံးများနှင့် ကိုက်ညီမှုရှိစေရန်အတွက် အမေရိကန် ဘဏ္ဍာရေး ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက် ခဲ့ကြောင်းလည်းသိရသည်။ (၂၀၂၂)ခုနှစ်တွင် ဗာတီကန်စီးတီး သည် ၎င်း၏ပြတိုက်စုဆောင်းမှုများအတွက် NFTs ကို ထုတ်ဝေရန်စီစဉ်ခဲ့ကြောင်းလည်း သိရသည်။

zawgyi version
ကမာၻ႔အေသးဆုံးႏိုင္ငံ (သို႔မဟုတ္) ၿမိဳ႕အတြင္းက ႏိုင္ငံ (ဗဟုသုတေဆာင္းပါး)
Pika (NP News) - ေအာက္တိုဘာ ၄

ဗာတီကန္စီးတီးႏိုင္ငံသည္ ကုန္းတြင္းပိတ္ အ ခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံျဖစ္ၿပီး ကမာၻေပၚတြင္ အေသးဆုံးႏိုင္ငံျဖစ္သလို ၿမိဳ႕ျပႏိုင္ငံျဖစ္ကာ အီတလီႏိုင္ငံ ေရာမၿမိဳ႕အတြင္းတြင္တည္ရွိသည္။ ဗာတီကန္ စီးတီးသည္ (၁၉၂၉)ခုႏွစ္တြင္ ခ်ဳပ္ဆိုခဲ့ေသာ Lateran စာခ်ဳပ္ႏွင့္အတူ အီတလီႏိုင္ငံ အုပ္ခ်ဳပ္မႈေအာက္ မွ လြတ္လပ္ခြင့္ရခဲ့ၿပီး ႏိုင္ငံတကာ ဥပေဒေအာက္တြင္ အခ်ဳပ္အျခာအာဏာပိုင္ေသာ တရားစီရင္ေရး ဆိုင္ရာ အဖြဲ႕အစည္းတစ္ခုျဖစ္သည့္ Holy See ၏ သီးသန႔္အုပ္ခ်ဳပ္မႈႏွင့္ စီရင္ပိုင္ခြင့္ေအာက္တြင္ရွိ ေသာ သီးျခားနယ္ေျမတစ္ခု ျဖစ္လာခဲ့သည္။

ထို႔ျပင္ ကမာၻလုံးဆိုင္ရာ ကက္သလစ္ခ်ာ့ခ်္ဌာန ခ်ဳပ္ရွိသည့္ ဗာတီကန္စီးတီးႏိုင္ငံသည္ ၿမိဳ႕ တစ္ ၿမိဳ႕ အတြင္းတြင္တည္ရွိသည့္ တစ္ခုတည္းေသာႏိုင္ငံျဖစ္ေၾကာင္းလည္း သိရသည္။ ဗာတီကန္စီးတီး သည္ ကမာၻေပၚတြင္ အေသးဆုံးေျမဧရိယာရွိသည့္ ႏိုင္ငံႏွင့္ လူဦးေရအနည္းဆုံးႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး (၂၀၂၃) ခုႏွစ္အထိ စုစုေပါင္းလူဦးေရမွာ (၇၆၄) ဦးသာရွိေၾကာင္းသိရသည္။ စုစုေပါင္းဧရိယာ အက်ယ္ အဝန္း (၄၉)ဟက္တာသာရွိသည့္ ဗာတီကန္စီးတီးသည္ ဧရိယာႏွင့္လူဦးေရအရ ကမာၻေပၚတြင္ အေသး ဆုံးႏိုင္ငံတစ္ႏိုင္ငံလည္းျဖစ္သည္။ ထို႔ျပင္ ဗာတီကန္စီးတီးသည္ ကမာၻေပၚတြင္ ဒုတိယေျမာက္လူဦးေရ အနည္းဆုံးၿမိဳ႕ေတာ္လည္း ျဖစ္ေၾကာင္းသိရသည္။ Holy See အဖြဲ႕အစည္းက အုပ္ခ်ဳပ္မႈႏွင့္အတူ ဗာတီကန္စီးတီးသည္ ကက္ သလစ္ခ်ာ့ခ်္၏အႀကီးအကဲျဖစ္ေသာ ပုပ္ရဟန္းမင္း ႀကီးက ခရစ္ယာန္ ဘာသာ သို႔မဟုတ္ ျမင့္ျမတ္ေသာ ဘုရင္စနစ္ျဖင့္ အုပ္ခ်ဳပ္သည့္ႏိုင္ငံလည္းျဖစ္သည္။

ထို႔ျပင္ ဗာတီကန္စီးတီး၏ အျမင့္ဆုံးေသာ အႀကီးအကဲမ်ားသည္ အမ်ိဳးမ်ိဳးေသာဇာစ္ျမစ္မ်ားမွ ဆင္းသက္လာသည့္ ကက္သလစ္ဘုန္းေတာ္ႀကီးမ်ား ျဖစ္ေၾကာင္းလည္းသိရသည္။ ပုပ္ရဟန္းမင္းႀကီး Avignon Papacy (၁၃၀၉-၁၃၇၇ ခုႏွစ္) ၿပီးေနာက္ ပုပ္ရဟန္းမင္းႀကီးမ်ားအားလုံးသည္ တစ္ခါတစ္ရံ တြင္ ေရာမၿမိဳ႕ရွိ Quirinal နန္းေတာ္တြင္ ေနထိုင္ၾကေသာ္လည္း အဓိကအားျဖင့္ ဗာတီကန္စီးတီးအတြင္းတြင္ရွိေသာ Apostolicနန္းေတာ္တြင္ေနထိုင္ၾကေၾကာင္း သိရသည္။Holy See အဖြဲ႕အစည္းသည္ အေစာပိုင္းခရစ္ယာန္ဘာသာမွစတင္ခဲ့ၿပီးကက္သလစ္ခ်ာ့ခ်္၏ အျမင့္ဆုံးအာဏာပိုင္အဖြဲ႕အစည္း ျဖစ္ေၾကာင္းလည္း သိရသည္။ ဗာတီကန္စီးတီးတြင္ St.Peter's Basilicaဘုရားေက်ာင္း၊ Sistine Chapel ဆုေတာင္းဝတ္ျပဳခန္း၊ Vatican Apostolic စာၾကည့္တိုက္ႏွင့္ ဗာတီကန္ျပတိုက္တို႔ကဲ့သို႔ေသာ ဘာသာ ေရးႏွင့္ယဥ္ေက်းမႈဆိုင္ရာေနရာအမ်ားအျပားရွိ သည္။ အဆိုပါေနရာမ်ားတြင္ ကမာၻေပၚတြင္အေက်ာ္ ၾကားဆုံးပန္းခ်ီမ်ားႏွင့္ ပန္းပုမ်ားလည္းရွိေၾကာင္းသိရသည္။ ဗာတီကန္စီးတီး၏စီးပြားေရးကို ကက္သ လစ္ ဘာသာယုံၾကည္သူမ်ားထံမွ လႉဒါန္းမႈမ်ား၊ စာပို႔တံ ဆိပ္ေခါင္းမ်ားႏွင့္ အမွတ္တရပစၥည္းမ်ား ေရာင္းခ်မႈ၊ ျပတိုက္မ်ား၏ ဝင္ေၾကးမ်ားႏွင့္ စာအုပ္စာေပမ်ား ေရာင္းခ်ျခင္းတို႔မွေငြေၾကး ေထာက္ပံ့ထား ျခင္းျဖစ္ ေၾကာင္းသိရသည္။ ထို႔ျပင္ ဗာတီကန္စီးတီးတြင္ အခြန္ေပးေဆာင္ရျခင္းမ်ိဳးမရွိဘဲ ပစၥည္း မ်ားသည္လည္း အခြန္လြတ္ျဖစ္ေၾကာင္းသိရသည္။

အီတလီအုပ္ခ်ဳပ္မႈ (၁၈၇၁-၁၉၂၉) ႏွင့္ Lateran စာခ်ဳပ္
(၁၈၇၀)ျပည့္ႏွစ္တြင္ အီတလီတပ္ဖြဲ႕မ်ားက ေရာမၿမိဳ႕ကိုသိမ္းပိုက္လိုက္ေသာအခါ ပုပ္ရဟန္း မင္းႀကီး၏ပိုင္ဆိုင္မႈမ်ားမွာ မေသခ်ာမေရရာေသာ အေျခအေနတြင္က်န္ရွိခဲ့ၿပီး ပုပ္ရဟန္းမင္းႀကီး အမည္ခံ တပ္ဖြဲ႕မ်ား၏ခုခံမႈမ်ားအၿပီးတြင္ အီတလီ ျပန္လည္ေပါင္းစည္းေရးအဆုံးသတ္သြားခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း အီတလီတပ္ဖြဲ႕မ်ားသည္ ဗာတီကန္ စီးတီးအတြင္းရွိ Holy See အဖြဲ႕ အစည္းကို ဝင္ေရာက္စြက္ဖက္ရန္ႀကိဳးပမ္းမႈမ်ား လုပ္ေဆာင္ခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းသိရသည္။ (၁၈၇၁)ခုႏွစ္တြင္ အီတလီဘုရင္သည္ ေရာမၿမိဳ႕ရွိ Quirinal နန္းေတာ္ကို သိမ္းပိုက္ခဲ့ၿပီး ေတာ္ဝင္ နန္းေတာ္ျဖစ္လာခဲ့ေၾကာင္းသိရသည္။ အဆိုပါအခ်ိန္မွစတင္ၿပီး ပုပ္ရဟန္းမင္း ႀကီးမ်ားသည္ ဗာတီကန္စီးတီးအတြင္းတြင္ အေႏွာင့္ အယွက္ကင္းစြာေနထိုင္ခဲ့ၾကၿပီး သံတမန္မ်ားေစ လႊတ္ျခင္းႏွင့္ လက္ခံျခင္းအပါအဝင္ အခ်ိဳ႕ေသာ ပုပ္ ရဟန္မင္းႀကီးမ်ား၏ အခြင့္အာဏာမ်ားကို အာမခံဥပ ေဒျဖင့္ အသိအမွတ္ျပဳခဲ့ၾကေၾကာင္း သိရသည္။သို႔ေသာ္လည္း ပုပ္ရဟန္းမင္းႀကီးမ်ားသည္ ေရာမၿမိဳ႕တြင္ အီတလီဘုရင္၏အုပ္ခ်ဳပ္မႈကို အသိ အမွတ္ျပဳခဲ့ျခင္းမ်ိဳးမရွိဘဲ အျငင္းပြားမႈမ်ားကိုေျဖရွင္း ခဲ့သည့္ (၁၉၂၉)ခုႏွစ္မတိုင္ခင္အထိ ဗာတီကန္စီးတီးအတြင္းမွထြက္ခြာရန္ ျငင္းဆိုခဲ့ၾကသည္။ပုပ္ရဟန္းမင္းႀကီး Pius IX (၁၈၄၆-၁၈၇၈ ခုႏွစ္) သည္ ဗာတီကန္စီးတီးအတြင္းမွ ထြက္ခြာခဲ့ျခင္းမ်ိဳးမရွိခဲ့ေသာ ေနာက္ဆုံး ပုပ္ရဟန္းမင္းႀကီးျဖစ္ၿပီး ဗာတီကန္စီးတီး၏အက်ဥ္းသားအျဖစ္ ရည္ၫႊန္းခံ ခဲ့ရေၾကာင္းသိရသည္။ အဆိုပါ ေလာကီေရးရာအာ ဏာကိုစြန႔္လႊတ္ရန္ အတင္းအၾကပ္ဖိအားေပးခံရ ေသာအခါတြင္ ပုပ္ရဟန္း မင္းႀကီးမ်ားသည္ ဘာ သာေရးဆိုင္ရာ ျပႆနာမ်ားဘက္ကို ဦးလွည့္ကာ အာ႐ုံစိုက္ခဲ့ေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း (၁၉၂၉)ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ Holy See အဖြဲ႕အစည္းႏွင့္ အီတလီဘုရင္တို႔ ၾကား Lateran စာခ်ဳပ္ ကို လက္မွတ္ေရးထိုးခဲ့ၿပီးေနာက္ ႏွစ္ဖက္ၾကားျဖစ္ပြား ေနေသာ အေျခအေနမ်ား အားလုံးမွာ အဆုံးသတ္သြားခဲ့ေၾကာင္းသိရသည္။ (၁၉၂၉) ခုႏွစ္ ဇြန္လ(၇) ရက္ေန႔တြင္ စတင္အသက္ဝင္ ခဲ့ေသာ Lateran စာခ်ဳပ္အရ လြတ္လပ္ေသာ ဗာတီကန္စီးတီးႏိုင္ငံကိုတည္ေထာင္ခဲ့ၿပီး အီတလီရွိ ကက္သလစ္ခရစ္ယာန္ဘာသာ၏ အထူးအဆင့္အတန္းကို ထပ္မံအတည္ ျပဳေပးခဲ့ေၾကာင္းသိရသည္။

ဖြဲ႕စည္းတည္ေဆာက္ပုံ
ဗာတီကန္စီးတီးႏိုင္ငံတြင္ ထူးျခားေသာဖြဲ႕စည္း ပုံရွိေၾကာင္းသိရသည္။ Holy See အဖြဲ႕အစည္းက အုပ္ခ်ဳပ္မႈႏွင့္အတူ ပုပ္ရဟန္းမင္းႀကီးသည္ ႏိုင္ငံ၏အခ်ဳပ္အျခာအာဏာပိုင္အႀကီးအကဲျဖစ္ၿပီး ၎ကို မတူကြဲျပားေသာ အဖြဲ႕အစည္းမ်ားက ေထာက္ခံထားသည္။ ဗာတီကန္စီးတီးတြင္ ဥပေဒျပဳအခြင့္ အာဏာကို ပုပ္ရဟန္းမင္းႀကီးက (၅) ႏွစ္တာ ကာလအတြက္ ခန႔္အပ္ထားေသာ ဗာတီကန္စီးတီး အတြက္ Pontifical ေကာ္မရွင္ cardinals အဖြဲ႕က ပုပ္ရဟန္းမင္းႀကီးအမည္ျဖင့္ စီမံခန႔္ခြဲေၾကာင္း သိရ သည္။ ထို႔ျပင္ အုပ္ခ်ဳပ္ေရးအာဏာကို အဆိုပါေကာ္မရွင္ ဥကၠ႒က က်င့္သုံးၿပီး အေထြေထြ အတြင္းေရး မႉးႏွင့္ လက္ေထာက္ အေထြေထြအတြင္းေရးမႉးတို႔က ကူညီေဆာင္႐ြက္ေပးေၾကာင္းလည္းသိရသည္။ ဗာတီကန္စီးတီး၏ ႏိုင္ငံျခားဆက္ဆံေရးကို Holy See's Secretariat of State ႏွင့္ သံတမန္ေရးရာ ဝန္ေဆာင္မႈမ်ားက တာဝန္ယူထားေၾကာင္းလည္းသိရသည္။ မည္သို႔ပင္ဆို ေစကာမူ ပုပ္ရဟန္းမင္းႀကီး သည္ ဗာတီကန္စီးတီးတြင္ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရးႏွင့္ တရားစီရင္ေရးမ႑ိဳင္ မ်ားတြင္ အႂကြင္းမဲ့ အာဏာရွိၿပီး ဥေရာပတိုက္တြင္တစ္ဦးတည္းသာရွိေသာ အႂကြင္းမဲ့ ဧကရာဇ္ ျဖစ္သည္။ ဗာတီကန္စီးတီး ၏ လုပ္ငန္းလည္ပတ္မႈတြင္ က်န္းမာေရး၊ လုံၿခဳံေရး၊ ဆက္သြယ္ေရးႏွင့္ အျခား ကိစၥရပ္မ်ားကို ကိုင္တြယ္ ေျဖရွင္းရန္အတြက္ အျခား ဌာနမ်ားရွိေၾကာင္းလည္းသိရသည္။

စီးပြားေရး
ဗာတီကန္စီးတီးႏိုင္ငံ ဘတ္ဂ်က္တြင္ ဗာတီကန္ ျပတိုက္မ်ားႏွင့္ စာတိုက္႐ုံးမ်ားပါဝင္ၿပီး တံဆိပ္ေခါင္း မ်ား၊ ဒဂၤါးမ်ား၊ ဆုတံဆိပ္မ်ားႏွင့္ ခရီးသြား အမွတ္တရ ပစၥည္းမ်ားကို ေရာင္းခ်ျခင္း၊ ျပတိုက္ဝင္ခြင့္ အတြက္ ဝင္ေၾကးမ်ားႏွင့္ စာအုပ္စာေပမ်ားေရာင္းခ်မႈျဖင့္ ေငြ ေၾကးေထာက္ပံ့ထားသည္။ ဘာသာေရး အဖြဲ႕အစည္းမ်ားတြင္ အလုပ္လုပ္ကိုင္ေသာ္လည္း ဘုန္းေတာ္ႀကီး မ်ားမဟုတ္သည့္ အလုပ္သမားမ်ား၏ ဝင္ေငြႏွင့္လူေန မႈအဆင့္အတန္းသည္ ေရာမၿမိဳ႕တြင္ အလုပ္လုပ္ကိုင္ ေသာသူမ်ား၏ အဆင့္အတန္းႏွင့္ တန္းတူညီမွ်မႈရွိ ေၾကာင္းသိရသည္။ အျခား စက္မႈလုပ္ငန္းမ်ားတြင္ ပုံႏွိပ္ျခင္း၊ mosaics အႏုပညာပုံစံ ထုတ္လုပ္မႈႏွင့္ ဝန္ထမ္းဝတ္စုံမ်ား ထုတ္လုပ္ျခင္းတို႔ပါဝင္သည္။ The Institute for Works of Religion ဟု လူသိမ်ားေသာ ဗာတီကန္ဘဏ္သည္ ဗာတီကန္စီး တီးတြင္တည္ရွိသည့္ ေငြေၾကးဆိုင္ရာ ေအဂ်င္စီ တစ္ခုျဖစ္ၿပီး ကမာၻတစ္ဝန္းမွဘ႑ာေရးဆိုင္ရာ လုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရ သည္။ ထို႔ျပင္ ဗာတီကန္စီးတီးတြင္ လက္တင္ဘာ သာစကားျဖင့္ ၫႊန္ၾကားခ်က္မ်ားႏွင့္အတူ ဘာသာ စကား ေပါင္းစုံ ATM စက္မ်ားရွိၿပီး အဆိုပါလုပ္ ေဆာင္ပုံမ်ားပါဝင္သည့္ ကမာၻေပၚတြင္တစ္ခုတည္း ေသာ ATM စက္မ်ားျဖစ္ႏိုင္ဖြယ္ရွိေၾကာင္းလည္းသိရသည္။ ဗာတီကန္စီးတီးသည္ ၎၏ကိုင္ပိုင္ ဒဂၤါးျပားမ်ားႏွင့္ တံဆိပ္ေခါင္းမ်ားကို ထုတ္ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ဥေရာပသမဂၢႏွင့္အထူးသေဘာတူညီ ခ်က္ေၾကာင့္ ဗာတီကန္စီးတီးသည္ ယူ႐ို ေငြေၾကးကို ၎၏ေငြေၾကးအျဖစ္ (၁၉၉၉)ခုႏွစ္ ဇန္နဝါရီလ (၁)ရက္ေန႔ကတည္းကအသုံးျပဳခဲ့ၿပီး (၂၀ဝ၂)ခုႏွစ္ ဇန္နဝါရီလ(၁)ရက္ေန႔တြင္ ယူ႐ိုဒဂၤါး ျပားမ်ားႏွင့္ ေငြစကၠဴမ်ားကို စတင္မိတ္ဆက္ခဲ့ေသာ္ လည္း ယူ႐ိုေငြစကၠဴမ်ားကိုမူ ထုတ္ေပးခဲ့ျခင္းမ်ိဳးမ ရွိခဲ့ေၾကာင္း သိရသည္။ (၂၀၁၂)ခုႏွစ္တြင္ အေမရိ ကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ႏိုင္ငံတကာမူး ယစ္ေဆးဝါး ထိန္းခ်ဳပ္ေရး မဟာဗ်ဴဟာေျမာက္ အစီရင္ခံစာတြင္ ဗာတီကန္စီးတီးကို ေငြေၾကးခဝါခ် မႈႏွင့္ပတ္သက္ ၿပီး စိုးရိမ္ရသည့္ႏိုင္ငံမ်ားတြင္ ပထမ ဆုံးအႀကိမ္ ထည့္သြင္းေဖာ္ျပခဲ့ေၾကာင္းသိရသည္။ ထို႔ေနာက္ (၂၀၁၄) ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၄) ရက္ ေန႔တြင္ ဗာတီကန္စီးတီးသည္ Cardinal George Pell ဦးေဆာင္ ေသာ Holy See အဖြဲ႕အစည္းႏွင့္ ႏိုင္ငံ၏စီးပြားေရး၊ ဘ႑ာေရးႏွင့္ စီမံခန႔္ခြဲေရးဆိုင္ ရာလုပ္ငန္းမ်ား အားလုံးအတြက္ တာဝန္ယူရန္ အတြင္းေရးမႉးအဖြဲ႕ကို တည္ေထာင္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။ ထို႔ျပင္ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္သည္ မည္သည့္ေအဂ်င္စီ၏ က်ပန္းစစ္ ေဆးမႈမ်ားကိုမဆို အခ်ိန္မေ႐ြး လုပ္ေဆာင္ရန္အတြက္ ခြင့္ျပဳထားေသာ စာရင္းစစ္ခ်ဳပ္တစ္ဦးကိုလည္း ခန႔္အပ္ခဲ့ၿပီး ႏိုင္ငံတကာ ေငြေၾကးခဝါခ်မႈက်င့္ ထုံးမ်ားႏွင့္ ကိုက္ညီမႈရွိေစရန္အတြက္ အေမရိကန္ ဘ႑ာေရး ဝန္ေဆာင္မႈ ကုမၸဏီတစ္ခုႏွင့္ ခ်ိတ္ဆက္ ခဲ့ေၾကာင္းလည္းသိရသည္။ (၂၀၂၂)ခုႏွစ္တြင္ ဗာတီကန္စီးတီး သည္ ၎၏ျပတိုက္စုေဆာင္းမႈမ်ားအတြက္ NFTs ကို ထုတ္ေဝရန္စီစဥ္ခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.