သီတင်းကျွတ်ပိတ်ရက်အတွက် ကားလက်မှတ်များ ကြိုတင်ရောင်းချနေသော်လည်း ယခင်နှစ်ထက် ဝယ်ယူသူနည်းပါးနေ

 391

စော (NP News) - အောက်တိုဘာ ၁ဝ

သီတင်းကျွတ်ပိတ်ရက်အတွက် ကားလက်မှတ်များ ကြိုတင်ရောင်းချနေသော်လည်း ယခင်နှစ်ထက် ဝယ်ယူသူနည်းပါးနေကြောင်း NP News က ကားလက်မှတ်အရောင်းဌာနများထံ မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

“အသွားအလာကတော့ ဒီနှစ်တော့ ပါးပါတယ်။ မနှစ်ကလောက်ကတော့ အသွားအလာသိပ်မရှိဘူး ပါးပါတယ်။ (သီတင်းကျွတ်ပိတ်ရက်အတွက်) ကြိုတင်မှာယူကြတဲ့လူရှိပါတယ်။ နယ်ပြန်တဲ့လူများတယ် အပန်းဖြေတဲ့လူသိပ်မရှိဘူး”ဟု နယူးမန္တလာထွန်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ်တွင် ရေဘေးကြောင့် ပိတ်ရက်များတွင် ပုံမှန်ခရီးသွားလာမှုများသည့် ဒေသအချို့သို့ သွားရောက်နိုင်ခြင်းမရှိသေးသော်လည်း မန္တလေး၊ ပုဂံနှင့် တောင်ကြီးခရီးစဉ်များသို့ ကားလက်မှတ်ဝယ်ယူမှုများနေကြောင်း သိရသည်။ “ကလောဘက်ကတော့ သိပ်ပြီးတော့ ဧည့်သည်တွေမများနေဘူး။ အရင်တုန်းက ပိတ်ရက်ဆိုရင် ဖုန်းတွေတောက်လျှောက်လာပြီး ကားလက် မှတ်တွေဝယ်ကြတာမျိုးရှိတယ်လေ။ အခုဒီနှစ်ကတော့ အဲဒီလိုမျိုးမရှိဘူး”ဟု ကေလာ- Kalaw ခရီးစဉ် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

လာမည့် သီတင်းကျွတ်ပိတ်ရက်အတွက် ပုဂံ၊ ချောင်းသာ နှင့် ငွေဆောင်တို့တွင် ဟိုတယ်အခန်းများ အပြည့်ဖြစ်နေပြီး ယခုနှစ်ခရီးစဉ်ရောင်းချရမှု ပမာဏမှာ ယခင်နှစ်ထက် လျော့နည်းနေကြောင်းလည်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က သုံးသပ်ပြောကြားထားသည်။

zawgyi version
သီတင္းကြၽတ္ပိတ္ရက္အတြက္ ကားလက္မွတ္မ်ား ႀကိဳတင္ေရာင္းခ်ေနေသာ္လည္း ယခင္ႏွစ္ထက္ ဝယ္ယူသူနည္းပါးေန
ေစာ (NP News) - ေအာက္တိုဘာ ၁ဝ

သီတင္းကြၽတ္ပိတ္ရက္အတြက္ ကားလက္မွတ္မ်ား ႀကိဳတင္ေရာင္းခ်ေနေသာ္လည္း ယခင္ႏွစ္ထက္ ဝယ္ယူသူနည္းပါးေနေၾကာင္း NP News က ကားလက္မွတ္အေရာင္းဌာနမ်ားထံ ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

“အသြားအလာကေတာ့ ဒီႏွစ္ေတာ့ ပါးပါတယ္။ မႏွစ္ကေလာက္ကေတာ့ အသြားအလာသိပ္မရွိဘူး ပါးပါတယ္။ (သီတင္းကြၽတ္ပိတ္ရက္အတြက္) ႀကိဳတင္မွာယူၾကတဲ့လူရွိပါတယ္။ နယ္ျပန္တဲ့လူမ်ားတယ္ အပန္းေျဖတဲ့လူသိပ္မရွိဘူး”ဟု နယူးမႏၲလာထြန္း အဆင့္ျမင့္ခရီးသည္ပို႔ေဆာင္ေရးမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ယခုႏွစ္တြင္ ေရေဘးေၾကာင့္ ပိတ္ရက္မ်ားတြင္ ပုံမွန္ခရီးသြားလာမႈမ်ားသည့္ ေဒသအခ်ိဳ႕သို႔ သြားေရာက္ႏိုင္ျခင္းမရွိေသးေသာ္လည္း မႏၲေလး၊ ပုဂံႏွင့္ ေတာင္ႀကီးခရီးစဥ္မ်ားသို႔ ကားလက္မွတ္ဝယ္ယူမႈမ်ားေနေၾကာင္း သိရသည္။ “ကေလာဘက္ကေတာ့ သိပ္ၿပီးေတာ့ ဧည့္သည္ေတြမမ်ားေနဘူး။ အရင္တုန္းက ပိတ္ရက္ဆိုရင္ ဖုန္းေတြေတာက္ေလွ်ာက္လာၿပီး ကားလက္ မွတ္ေတြဝယ္ၾကတာမ်ိဳးရွိတယ္ေလ။ အခုဒီႏွစ္ကေတာ့ အဲဒီလိုမ်ိဳးမရွိဘူး”ဟု ေကလာ- Kalaw ခရီးစဥ္ ခရီးသြားဝန္ေဆာင္မႈလုပ္ငန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

လာမည့္ သီတင္းကြၽတ္ပိတ္ရက္အတြက္ ပုဂံ၊ ေခ်ာင္းသာ ႏွင့္ ေငြေဆာင္တို႔တြင္ ဟိုတယ္အခန္းမ်ား အျပည့္ျဖစ္ေနၿပီး ယခုႏွစ္ခရီးစဥ္ေရာင္းခ်ရမႈ ပမာဏမွာ ယခင္ႏွစ္ထက္ ေလ်ာ့နည္းေနေၾကာင္းလည္း ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးေနာင္းေနာင္းဟန္က သုံးသပ္ေျပာၾကားထားသည္။

Related news

© 2021. All rights reserved.