အမေရိကန်ဒေါ်လာ(၅၀၀၀)ကျော်တန်ဖိုးရှိတဲ့ ကမ္ဘာ့အသေးဆုံးဉာဏ်စမ်းကုဗတုံး

 154

Pika (NP News) - အောက်တိုဘာ ၁ဝ

ဂျပန်အရုပ်ထုတ်လုပ်သည့်ကုမ္ပဏီ Mega House က ထုတ်ပြန်ပြသခဲ့သော ကမ္ဘာ့အသေးဆုံးဉာဏ်စမ်းကုဗတုံးသည် မျက်နှာစာတစ်ခုလျှင် (သုညဒသမ ၁၉) လက်မသာရှိပြီး အလေးချိန်အနေဖြင့် (သုည ဒသမ ၃၃)ဂရမ်သာရှိကာ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၅၃၂၀)ရှိကြောင်း သိရသည်။

ဟန်ဂေရီပန်းပုပညာရှင် အာနိုရုဘစ်တီထွင်ခဲ့သော မူရင်းဉာဏ်စမ်းကုဗတုံး၏ နှစ်(၅၀)ပြည့်အထိမ်းအမှတ်အဖြစ် ကမ္ဘာ့အသေးဆုံးဉာဏ်စမ်းကုဗတုံးကို တီထွင်ရန် Mega House ကုမ္ပဏီက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Mega House ကုမ္ပဏီသည် အဆိုပါပရောဂျက်အတွက် စိတ်ကူးကို (၂၀၂၀)ခုနှစ်တွင်ရရှိခဲ့ပြီးနောက် (၂၀၂၂)ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယနေ့ခေတ်တွင် အနံ(သုည ဒသမ ၅)စင်တီမီတာသာရှိသော သတ္တုစတုရန်းပုံကို တီထွင်ဖန်တီးရန်မှာ အရမ်းကြီးမခက်ခဲသော်လည်း လှည့်၍ရသောမျက်နှာပြင်များပါရှိသည့် ဉာဏ်စမ်းကုဗတုံးကို ဖန်တီးရန်မှာ စိန်ခေါ်မှုကြီးတစ်ခုဖြစ်သည်။ MegaHouse ကုမ္ပဏီသည် သေးငယ်သောအစိတ်အပိုင်းများအားလုံး ရည်ရွယ်ထားသည့်အတိုင်း အလုပ်လုပ်ကြောင်းသေချာစေရန်အတွက် တိကျစွာဖြတ်တောက်မှုများလုပ်ဆောင်သည့် ကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်ခဲ့ရကြောင်းလည်းသိရသည်။Iriso Precision ကုမ္ပဏီဥက္ကဋ္ဌကီရိုကာဇူဆိုင်တိုက "(၅)မီလီမီတာ ဉာဏ်စမ်းကုဗတုံးဟာ ဖြတ်တောက်တဲ့ စက်ပစ္စည်းကိရိယာတွေနဲ့ ပညာရှင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုရလဒ်ပဲဖြစ်ပါတယ်"ဟု ပြောဆိုခဲ့သည်။

အလေးချိန်(သုည ဒသမ ၃၃)ဂရမ်သာရှိသော ကမ္ဘာ့အသေးဆုံးဉာဏ်စမ်းကုဗတုံးသည် ပုံမှန်ဉာဏ်စမ်းကုဗတုံးအရွယ်အစား၏ (၁၀၀၀)ပုံ (၁)ပုံခန့်သာရှိသော်လည်း ပုံမှန်ဉာဏ်စမ်းကုဗတုံးများ၏ ကုန်ကျမှုထက် အဆရာပေါင်းများစွာ ပိုမိုကုန်ကျကြောင်းလည်းသိရသည်။ လူအများအပြားသည် ယခုလိုသေးငယ်သော ဉာဏ်စမ်းကုဗတုံးကို ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ(၅၀၀၀)အထိ မသုံးစွဲချင်ကြသောကြောင့် ဈေးနှုန်းမြင့်မား သော ကမ္ဘာ့အသေးဆုံးဉာဏ်စမ်းကုဗတုံးသည် စုဆောင်းပစ္စည်းတစ်ခုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်ဩဂုတ်လတွင် Mega House ကုမ္ပဏီ၏ တီထွင်ဖန်တီးမှုတစ်ခုဖြစ်သည့် ဉာဏ်စမ်းကုဗတုံးသည် ကမ္ဘာ့အသေးဆုံးဉာဏ်စမ်းကုဗတုံးအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်ကိုရရှိခဲ့ကြောင်းလည်း သိရသည်။

zawgyi version
အေမရိကန္ေဒၚလာ(၅၀၀၀)ေက်ာ္တန္ဖိုးရွိတဲ့ ကမာၻ႔အေသးဆုံးဉာဏ္စမ္းကုဗတုံး
Pika (NP News) - ေအာက္တိုဘာ ၁ဝ

ဂ်ပန္အ႐ုပ္ထုတ္လုပ္သည့္ကုမၸဏီ Mega House က ထုတ္ျပန္ျပသခဲ့ေသာ ကမာၻ႔အေသးဆုံးဉာဏ္စမ္းကုဗတုံးသည္ မ်က္ႏွာစာတစ္ခုလွ်င္ (သုညဒသမ ၁၉) လက္မသာရွိၿပီး အေလးခ်ိန္အေနျဖင့္ (သုည ဒသမ ၃၃)ဂရမ္သာရွိကာ တန္ဖိုးမွာ အေမရိကန္ေဒၚလာ(၅၃၂၀)ရွိေၾကာင္း သိရသည္။

ဟန္ေဂရီပန္းပုပညာရွင္ အာႏို႐ုဘစ္တီထြင္ခဲ့ေသာ မူရင္းဉာဏ္စမ္းကုဗတုံး၏ ႏွစ္(၅၀)ျပည့္အထိမ္းအမွတ္အျဖစ္ ကမာၻ႔အေသးဆုံးဉာဏ္စမ္းကုဗတုံးကို တီထြင္ရန္ Mega House ကုမၸဏီက စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ Mega House ကုမၸဏီသည္ အဆိုပါပေရာဂ်က္အတြက္ စိတ္ကူးကို (၂၀၂၀)ခုႏွစ္တြင္ရရွိခဲ့ၿပီးေနာက္ (၂၀၂၂)ခုႏွစ္တြင္ စတင္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ယေန႔ေခတ္တြင္ အနံ(သုည ဒသမ ၅)စင္တီမီတာသာရွိေသာ သတၱဳစတုရန္းပုံကို တီထြင္ဖန္တီးရန္မွာ အရမ္းႀကီးမခက္ခဲေသာ္လည္း လွည့္၍ရေသာမ်က္ႏွာျပင္မ်ားပါရွိသည့္ ဉာဏ္စမ္းကုဗတုံးကို ဖန္တီးရန္မွာ စိန္ေခၚမႈႀကီးတစ္ခုျဖစ္သည္။ MegaHouse ကုမၸဏီသည္ ေသးငယ္ေသာအစိတ္အပိုင္းမ်ားအားလုံး ရည္႐ြယ္ထားသည့္အတိုင္း အလုပ္လုပ္ေၾကာင္းေသခ်ာေစရန္အတြက္ တိက်စြာျဖတ္ေတာက္မႈမ်ားလုပ္ေဆာင္သည့္ ကုမၸဏီတစ္ခုႏွင့္ ခ်ိတ္ဆက္ခဲ့ရေၾကာင္းလည္းသိရသည္။Iriso Precision ကုမၸဏီဥကၠ႒ကီ႐ိုကာဇူဆိုင္တိုက "(၅)မီလီမီတာ ဉာဏ္စမ္းကုဗတုံးဟာ ျဖတ္ေတာက္တဲ့ စက္ပစၥည္းကိရိယာေတြနဲ႔ ပညာရွင္ေတြရဲ႕ ႀကိဳးပမ္းအားထုတ္မႈရလဒ္ပဲျဖစ္ပါတယ္"ဟု ေျပာဆိုခဲ့သည္။

အေလးခ်ိန္(သုည ဒသမ ၃၃)ဂရမ္သာရွိေသာ ကမာၻ႔အေသးဆုံးဉာဏ္စမ္းကုဗတုံးသည္ ပုံမွန္ဉာဏ္စမ္းကုဗတုံးအ႐ြယ္အစား၏ (၁၀၀၀)ပုံ (၁)ပုံခန႔္သာရွိေသာ္လည္း ပုံမွန္ဉာဏ္စမ္းကုဗတုံးမ်ား၏ ကုန္က်မႈထက္ အဆရာေပါင္းမ်ားစြာ ပိုမိုကုန္က်ေၾကာင္းလည္းသိရသည္။ လူအမ်ားအျပားသည္ ယခုလိုေသးငယ္ေသာ ဉာဏ္စမ္းကုဗတုံးကို ဝယ္ယူရန္အတြက္ အေမရိကန္ေဒၚလာ(၅၀၀၀)အထိ မသုံးစြဲခ်င္ၾကေသာေၾကာင့္ ေဈးႏႈန္းျမင့္မား ေသာ ကမာၻ႔အေသးဆုံးဉာဏ္စမ္းကုဗတုံးသည္ စုေဆာင္းပစၥည္းတစ္ခုျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္ဩဂုတ္လတြင္ Mega House ကုမၸဏီ၏ တီထြင္ဖန္တီးမႈတစ္ခုျဖစ္သည့္ ဉာဏ္စမ္းကုဗတုံးသည္ ကမာၻ႔အေသးဆုံးဉာဏ္စမ္းကုဗတုံးအျဖစ္ ကမာၻ႔ဂင္းနစ္စံခ်ိန္ကိုရရွိခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.