သမိုင်းဝင် အမွေအနှစ်များစွာရှိတဲ့ ဂျာမနီတို့ရဲ့မြို့တော် “ဘာလင်”
309
Pika (NP News) - ဒီဇင်ဘာ ၁၃
ဘာလင်မြို့သည် ဂျာမနီနိုင်ငံ၏မြို့တော် ဖြစ်ပြီး ဧရိယာနှင့် လူဦးရေအလိုက် နိုင်ငံတွင်းတွင် အကြီးဆုံးမြို့တစ်မြို့ဖြစ်ကာ ၎င်း၏ထူးခြားသော အထင်ကရနေရာများ၊ ယဉ်ကျေးမှုရှုခင်းများနှင့်လူနေ မှုပုံစများကြောင့် နာမည်ကျော်ကြားသည်။ လူဦးရေ(၃ ဒသမ ၈၅)သန်းကျော်နေထိုင်သောဘာလင်မြို့ သည် မြို့တွင်းကန့်သတ်ချက်များအရ ဥရောပသမဂ္ဂရှိအခြားမြို့များအားလုံးထက် လူဦးရေပိုများကြောင်း သိရသည်။ ဘာလင်မြို့သည် ဂျာမနီနိုင်ငံ၏ ပြည်နယ်အဆင့်ရှိ မြို့များထဲမှတစ်မြို့ဖြစ်ပြီး ဧရိယာအရ တတိယမြောက်အသေးဆုံးပြည်နယ်အဆင့်ရှိမြို့တစ်မြို့ဖြစ်ကြောင်းလည်းသိရသည်။
ဘာလင်မြို့ကို Brandenburg ပြည်နယ်ကဝန်းရံထားပြီး Brandenburg ပြည်နယ်၏ မြို့တော် ပေါ်တ်စ်ဒမ်အနီးတွင် တည်ရှိကြောင်းလည်း သိရသည်။ ဘာလင်မြို့ပြဧရိယာတွင် နေထိုင်သူ လူဦးရေမှာ (၄ ဒသမ ၅) သန်းကျော်ရှိပြီး နိုင်ငံတွင်းတွင် လူဦးရေအများဆုံးမြို့ပြဧရိယာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ Berlin-Brandenburg မြို့တော်ဒေသသည် နေထိုင်သူလူဦးရေ (၆ ဒသမ ၂) သန်းဝန်းကျင်ရှိ ပြီး Rhine-Ruhr ဒေသပြီးလျှင် ဂျာမနီနိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံးမြို့ပြဒေသဖြစ်ကာဥရောပသမဂ္ဂ တွင် ဂျီဒီပီအရ ငါးခုမြောက် အကြီးဆုံးမြို့ပြဒေသဖြစ်ကြောင်း လည်းသိရသည်။ ဘာလင်မြို့သည် Spandau ခရိုင်ရှိ ဟာဗယ်လ်မြစ် အတွင်းသို့စီးဆင်းသော Spree မြစ်ကမ်းပါးတစ်လျှောက်တွင် တည် ဆောက်ထားကြောင်းလည်း သိရသည်။ ထို့ပြင် ဘာလင်မြို့၏ အကြီးဆုံးဖြစ်သော Müggelsee ရေကန် သည် အနောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းခရိုင်ရှိ ရေကန်များကို ပေါင်းစပ်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။ ဘာလင်မြို့ ဧရိယာ၏ သုံးပုံပုံတစ်ပုံခန့်သည် သစ်တောများ၊ ပန်း ခြံများ၊ ဥယျာဉ်များ၊ မြစ် များ၊ တူးမြောင်းများနှင့် ရေကန်များဖွဲ့စည်းထားခြင်းဖြစ်ကြောင်းသိရသည်။(၁၃)ရာစုတွင် ပထမဆုံး မှတ်တမ်းတင်ခဲ့ပြီး အရေး အကြီးသည့် သမိုင်းဝင်ကုန်သွယ်ရေးလမ်း ကြောင်းနှစ်ခုကို ဖြတ်ကျော်သည့် အချိန်တွင် ဘာလင်မြို့သည် Margraviate of Brandenburg အင်ပါယာ(၁၄၁၇-၁၇၀၁)ခုနှစ်၊ ပရပ်ရှား နိုင်ငံတော်(၁၇၀၁-၁၉၁၈)ခုနှစ်၊ ဂျာမန်အင်ပါယာ (၁၈၇၁-၁၉၁၈)ခုနှစ်၊ Weimar Republic (၁၉၁၉-၁၉၃၃)ခုနှစ်၊ နာဇီဂျာမနီ(၁၉၃၃-၁၉၄၅)ခုနှစ်တို့၏ မြို့တော်အဖြစ် သတ်မှတ် ခံခဲ့ရကြောင်းသိရသည်။ ထို့ပြင် ဘာလင်မြို့သည် Enlightenment ၊ Neoclassicismနှင့် ဂျာမန် တော်လှန်ရေး (၁၈၄၈-၁၈၄၉) ခုနှစ် ခေတ်များအတွင်း သိပ္ပံပညာ၊ အနုပညာနှင့် ဒဿနဆိုင်ရာအချက်အချာနေရာတစ်ခုဖြစ်ခဲ့ကြောင်း လည်းသိရသည်။ (၁၉)ရာစုဂျာမနီ၏ Gründerzeit ကာလအတွင်း စက်မှုထွန်းကားမှုမှတွန်းအားပေး သော စီးပွားရေးအရှိန်အဟုန်များကြောင့် ဘာလင်မြို့တွင် လူဦးရေလျင်မြန်စွာတိုးလာခဲ့ပြီး (၁၉၂၀)ပြည့် တွင် ဘာလင်မြို့သည် ကမ္ဘာပေါ်တွင် လူဦးရေအရ တတိယမြောက် အကြီးဆုံးမြို့တစ်မြို့ဖြစ်ခဲ့ကြောင်း လည်းသိရသည်။ ဒုတိယကမ္ဘာစစ်အပြီး ဘာလင်မြို့သိမ်းပိုက်ခံရပြီး နောက် မြို့သည် ဘာလင်တံတိုင်း ဖြင့် ပိုင်းခြားခံခဲ့ရပြီး အနောက်ဘာလင်နှင့်အရှေ့ဘာလင်ဟူ၍ နှစ်ခြမ်းကွဲသွားခဲ့ကြောင်း သိရသည်။ အရှေ့ဘာလင်သည် အရှေ့ဂျာမနီ၏မြို့တော်အဖြစ် ကြေညာခံခဲ့ရပြီး Bonn မြို့သည် အနောက် ဂျာမနီ မြို့တော်ဖြစ်လာခဲ့သည်။ (၁၉၉၀)ပြည့် ဂျာမန်ပြန်လည်ပေါင်းစည်း ရေးအပြီး ဘာလင်သည် ဂျာမနီနိုင်ငံ ၏မြို့တော် တစ်ဖန်ပြန်ဖြစ်လာခဲ့ပြီး ゞင်း၏ပထဝီဝင်တည်နေရာ နှင့် သမိုင်းကြောင်းတို့ကြောင့် ဥရောပ ၏အချက်အချာနေရာအဖြစ် ခေါ်စမှတ်ပြုခဲ့ကြသည်။
ဘာလင်မြို့၏စီးပွားရေးသည် မြင့်မားသောနည်းပညာနှင့် ဝန်ဆောင်မှုကဏ္ဍတို့အပေါ် အခြေခံ ထားပြီး အမျိုးမျိုးသောတီထွင်ဖန်တီးမှုလုပ်ငန်းများ၊ စတင် တည်ထောင်သည့်ကုမ္ပဏီများ၊ သုတေသန ဌာနများ နှင့် မီဒီယာကော်ပိုရေးရှင်းတို့ကဲ့သို့သော နယ်ပယ် အစုံကို လွှမ်းခြုံထားသည်။ ထို့ပြင် ဘာလင် သည် လေကြောင်းနှင့် မီးရထားအသွားအလာအတွက် အဓိကအချက်အချာနေရာတစ်ခုအဖြစ် တည်ရှိ နေပြီး ရှုပ်ထွေးသောအများသူငါ ယူပို့ဆောင်ရေးကွန်ရက်တစ်ခုရှိကြောင်းလည်းသိရသည်။ ဘာလင်မြို့ ၏ခရီးသွားလုပ်ငန်းသည် မြို့ကို လူကြိုက်များသော ကမ္ဘာလှည့်ခရီးသွားနေရာတစ်ခုဖြစ်လာစေခဲ့ ကြောင်းလည်းသိရသည်။ ဘာလင်မြို့၏ သိသာထင်ရှားသော စက်မှုလုပ်ငန်းများတွင် သတင်း အချက် အလက် နည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ဇီဝဆေးပညာအင်ဂျင်နီယာ၊ ဇီဝနည်းပညာ၊ မော်တော်ယာဉ်လုပ်ငန်းနှင့် အီလက်ထရွန်နစ်ပစ္စည်း တို့ပါဝင်သည်။ (၂၀၁၈)ခုနှစ်တွင် ဘာလင်မြို့၏ စုစုပေါင်းဂျီဒီပီသည် ယူရို(၁၄၇)ဘီလျံရှိခဲ့ပြီး (၂၀၁၇)ခုနှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက (၃ ဒသမ ၁) ရာခိုင် နှုန်းတိုးလာခဲ့သည်။ ဘာလင်၏စီးပွားရေးသည် ဝန်ဆောင်မှုကဏ္ဍတွင် လွှမ်းမိုးထားပြီး ကုမ္ပဏီ အားလုံး ၏(၈၄)ရာခိုင်နှုန်းဝန်းကျင်သည် ဝန်ဆောင်မှု လုပ်ငန်းများတွင် စီးပွားရေးလုပ်ကြကြောင်း သိရသည်။ (၂၀၁၅)ခုနှစ်တွင် ဘာလင်မြို့ရှိ စုစုပေါင်း အလုပ်သမားအင်အားမှာ (၁ ဒသမ ၈၅) သန်းဖြစ်ကြောင်း လည်း သိရသည်။ (၂၀၁၅)ခုနှစ် နိုဝင်ဘာလတွင် ဘာလင်မြို့၏အလုပ်လက်မဲ့နှုန်းသည် နှစ်ပေါင်း (၂၄)နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ပြီး (၁၀)ရာခိုင်နှုန်းသာရှိကြောင်းလည်းသိရသည်။ဘာလင် မြို့၏အရေးပါသောစီးပွားရေးကဏ္ဍများတွင် အသက် မွေးဝမ်းကျောင်းသိပ္ပံ၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ၊ မီဒီယာနှင့် ဂီတ၊ ကြော်ငြာနှင့် ဒီဇိုင်း၊ ဇီဝနည်းပညာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ၊ ဆောက်လုပ်ရေး၊ e-commerce လုပ်ငန်း၊ လက်လီလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာ လုပ်ငန်းတို့ပါဝင်ပြီး သုတေသန နှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ဘာလင်မြို့အတွက် စီးပွားရေးအရ အရေးပါကြောင်းလည်း သိရသည်။ Volkswagen ၊ Pfizer နှင့် SAP ကဲ့သို့သော အဓိကကော်ပိုရေးရှင်း များစွာသည် မြို့တော်တွင် ဆန်းသစ် တီထွင်မှုဆိုင်ရာ ဓာတ်ခွဲခန်းများကို လုပ်ဆောင်ကြကြောင်းလည်းသိရ သည်။ Adlershof ရပ်ကွက်တွင် ရှိသော သိပ္ပံနှင့် စီးပွားရေးပန်းခြံသည် ဝင်ငွေဖြင့်တိုင်းတာမှုအရ ဂျာမနီနိုင်ငံတွင်းတွင် အကြီးဆုံး နည်း ပညာပန်းခြံဖြစ်သည်။ ယူရိုဇုန်အတွင်း ဘာလင်မြို့သည် စီးပွားရေး ပြောင်းရွှေ့နေရာချထားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် အချက်အချာနေရာတစ်ခုဖြစ်လာခဲ့ကြောင်းလည်းသိရသည်။
ဘာလင်မြို့သည် HumboldtUniversity of Berlin ၊ Technische Universität Berlin ၊ Berlin University of the Arts နှင့် Free University of Berlin တို့ကဲ့သို့သော တက္ကသိုလ်များစွာ၏ နေအိမ် လည်းဖြစ်သည်။ ထို့ပြင် ဘာလင် တိရစ္ဆာန် ဥယျာဉ်သည် ဥရောပတွင် လာရောက်လည်ပတ်မှု အများဆုံး တိရစ္ဆာန်ရုံဖြစ်ပြီး Babelsberg Studio သည် ကမ္ဘာ့ပထမဆုံး အကြီး စားရုပ်ရှင်စတူဒီယိုအဆောက်အအုံ လည်းဖြစ်ကာ ပြတိုက်များ၊ ပြခန်းများနှင့် စာကြည့်တိုက်များစွာရှိကြောင်းလည်း သိရသည်။ ဘာလင်မြို့ သည်Museum Island ၊ Palaces and Parks of Potsdam and Berlin နှင့် Berlin Modernism Housing Estates တို့ကဲ့သို့သော ကမ္ဘာ့အမွေအနှစ် နေရာ(၃)ခု၏ နေအိမ်လည်းဖြစ်သည်။ အခြား အထင်က ရနေရာများတွင် Brandenburg ဂိတ် ၊ Reichstag အဆောက်အအုံ၊ Potsdamer Platz ပလာဇာ၊ ဥရောပရှိ ဂျူးလူမျိုးများကို သတ်ခဲ့သည့် အောက်မေ့ဖွယ်ရာနေရာနှင့် Berlin Wall Memorial အထိမ်းအမှတ်နေရာတို့ပါဝင်သည်။
(၂၀၁၄)ခုနှစ်တွင် ဘာလင်မြို့၌ အိပ်ခန်း (၁၃၄၃၃၉)ခုနှင့်အတူ ဟိုတယ်(၇၈၈)လုံးရှိခဲ့ သည်။ (၂၀၁၄)ခုနှစ်တွင် ဘာလင်မြို့သည် ညအိပ်ခရီးသွား(၂၈ ဒသမ ၇)သန်းနှင့် ဟိုတယ် ဧည့်သည်(၁၁ ဒသမ ၉)သန်းကို လက်ခံခဲ့သည်။ ဘာလင်မြို့တွင် ခရီးသွားကိန်းဂဏန်းများသည် ပြီးခဲ့သည့်(၁၀)နှစ်အတွင်း နှစ်ဆကျော်တိုးလာခဲ့ပြီး ဥရောပတွင် တတိယမြောက်လည်ပတ်မှုအများဆုံး မြို့တစ်မြို့ဖြစ်လာခဲ့သည်။ ဘာလင်ရှိ အလည် အပတ် အများဆုံးနေရာအချို့တွင် Potsdamer Platz ပလာဇာ၊ Brandenburger Tor သမိုင်း ဝင်နေရာ၊ ဘာလင်တံတိုင်း၊ Alexanderplatz ပြည်သူ့ရင်ပြင်၊ Museumsinsel ပြတိုက်၊ Fernsehturm သမိုင်းဝင် အထိမ်းအမှတ်နေရာ၊ East-Side Gallery ပြခန်း၊ Schloss-Charlotten burg နန်းတော်၊ Zoologischer Garten တိရိစ္ဆာန်ရုံ၊ Siegessäule မော်ကွန်းတိုင်၊ Gedenkstätte Berliner Mauer အထိမ်း အမှတ်နေရာ၊ Mauerpark ပန်းခြံ၊ Botanical Garden ဥယျာဉ်၊ Französischer Dom ခရစ်ယာန်ဘုရားကျောင်း၊ Deutscher Dom ဘုရားကျောင်းနှင့် Holocaust-Mahnmal အောက်မေ့ဖွယ် နေရာတို့ပါဝင်ကြောင်းသိရသည်။ ထို့ပြင်ဘာလင်သို့အများဆုံးလာရောက်လည်ပတ်သည့်အုပ်စုများမှာ ဂျာမနီ၊ ဗြိတိန်၊ နယ်သာလန်၊ အီတလီ၊ စပိန်နှင့် အမေရိကန် နိုင်ငံတို့မှဖြစ်ကြောင်း သိရသည်။ (၂၀၁၅) ခုနှစ်တွင် International Congress and Convention Association ၏အချက်အလက်များအရ ဘာလင်မြို့သည် နိုင်ငံ တကာ အစည်းအဝေး(၁၉၅)ခုကို လက်ခံကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် ညီလာခံများကို ဦးဆောင် စီစဉ်သည့်မြို့တစ်မြို့ဖြစ်လာခဲ့ကြောင်းသိရသည်။
zawgyi version
သမိုင္းဝင္ အေမြအႏွစ္မ်ားစြာရွိတဲ့ ဂ်ာမနီတို႔ရဲ႕ၿမိဳ႕ေတာ္ “ဘာလင္”
Pika (NP News) - ဒီဇင္ဘာ ၁၃
ဘာလင္ၿမိဳ႕သည္ ဂ်ာမနီႏိုင္ငံ၏ၿမိဳ႕ေတာ္ ျဖစ္ၿပီး ဧရိယာႏွင့္ လူဦးေရအလိုက္ ႏိုင္ငံတြင္းတြင္ အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ကာ ၎၏ထူးျခားေသာ အထင္ကရေနရာမ်ား၊ ယဥ္ေက်းမႈရႈခင္းမ်ားႏွင့္လူေန မႈပုံစမ်ားေၾကာင့္ နာမည္ေက်ာ္ၾကားသည္။ လူဦးေရ(၃ ဒသမ ၈၅)သန္းေက်ာ္ေနထိုင္ေသာဘာလင္ၿမိဳ႕ သည္ ၿမိဳ႕တြင္းကန႔္သတ္ခ်က္မ်ားအရ ဥေရာပသမဂၢရွိအျခားၿမိဳ႕မ်ားအားလုံးထက္ လူဦးေရပိုမ်ားေၾကာင္း သိရသည္။ ဘာလင္ၿမိဳ႕သည္ ဂ်ာမနီႏိုင္ငံ၏ ျပည္နယ္အဆင့္ရွိ ၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕ျဖစ္ၿပီး ဧရိယာအရ တတိယေျမာက္အေသးဆုံးျပည္နယ္အဆင့္ရွိၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေၾကာင္းလည္းသိရသည္။
ဘာလင္ၿမိဳ႕ကို Brandenburg ျပည္နယ္ကဝန္းရံထားၿပီး Brandenburg ျပည္နယ္၏ ၿမိဳ႕ေတာ္ ေပၚတ္စ္ဒမ္အနီးတြင္ တည္ရွိေၾကာင္းလည္း သိရသည္။ ဘာလင္ၿမိဳ႕ျပဧရိယာတြင္ ေနထိုင္သူ လူဦးေရမွာ (၄ ဒသမ ၅) သန္းေက်ာ္ရွိၿပီး ႏိုင္ငံတြင္းတြင္ လူဦးေရအမ်ားဆုံးၿမိဳ႕ျပဧရိယာတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။ Berlin-Brandenburg ၿမိဳ႕ေတာ္ေဒသသည္ ေနထိုင္သူလူဦးေရ (၆ ဒသမ ၂) သန္းဝန္းက်င္ရွိ ၿပီး Rhine-Ruhr ေဒသၿပီးလွ်င္ ဂ်ာမနီႏိုင္ငံ၏ ဒုတိယေျမာက္အႀကီးဆုံးၿမိဳ႕ျပေဒသျဖစ္ကာဥေရာပသမဂၢ တြင္ ဂ်ီဒီပီအရ ငါးခုေျမာက္ အႀကီးဆုံးၿမိဳ႕ျပေဒသျဖစ္ေၾကာင္း လည္းသိရသည္။ ဘာလင္ၿမိဳ႕သည္ Spandau ခ႐ိုင္ရွိ ဟာဗယ္လ္ျမစ္ အတြင္းသို႔စီးဆင္းေသာ Spree ျမစ္ကမ္းပါးတစ္ေလွ်ာက္တြင္ တည္ ေဆာက္ထားေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ဘာလင္ၿမိဳ႕၏ အႀကီးဆုံးျဖစ္ေသာ Müggelsee ေရကန္ သည္ အေနာက္ပိုင္းႏွင့္ အေရွ႕ေတာင္ပိုင္းခ႐ိုင္ရွိ ေရကန္မ်ားကို ေပါင္းစပ္ထားျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ ဘာလင္ၿမိဳ႕ ဧရိယာ၏ သုံးပုံပုံတစ္ပုံခန႔္သည္ သစ္ေတာမ်ား၊ ပန္း ၿခံမ်ား၊ ဥယ်ာဥ္မ်ား၊ ျမစ္ မ်ား၊ တူးေျမာင္းမ်ားႏွင့္ ေရကန္မ်ားဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္းသိရသည္။(၁၃)ရာစုတြင္ ပထမဆုံး မွတ္တမ္းတင္ခဲ့ၿပီး အေရး အႀကီးသည့္ သမိုင္းဝင္ကုန္သြယ္ေရးလမ္း ေၾကာင္းႏွစ္ခုကို ျဖတ္ေက်ာ္သည့္ အခ်ိန္တြင္ ဘာလင္ၿမိဳ႕သည္ Margraviate of Brandenburg အင္ပါယာ(၁၄၁၇-၁၇၀၁)ခုႏွစ္၊ ပရပ္ရွား ႏိုင္ငံေတာ္(၁၇၀၁-၁၉၁၈)ခုႏွစ္၊ ဂ်ာမန္အင္ပါယာ (၁၈၇၁-၁၉၁၈)ခုႏွစ္၊ Weimar Republic (၁၉၁၉-၁၉၃၃)ခုႏွစ္၊ နာဇီဂ်ာမနီ(၁၉၃၃-၁၉၄၅)ခုႏွစ္တို႔၏ ၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ ခံခဲ့ရေၾကာင္းသိရသည္။ ထို႔ျပင္ ဘာလင္ၿမိဳ႕သည္ Enlightenment ၊ Neoclassicismႏွင့္ ဂ်ာမန္ ေတာ္လွန္ေရး (၁၈၄၈-၁၈၄၉) ခုႏွစ္ ေခတ္မ်ားအတြင္း သိပၸံပညာ၊ အႏုပညာႏွင့္ ဒႆနဆိုင္ရာအခ်က္အခ်ာေနရာတစ္ခုျဖစ္ခဲ့ေၾကာင္း လည္းသိရသည္။ (၁၉)ရာစုဂ်ာမနီ၏ Gründerzeit ကာလအတြင္း စက္မႈထြန္းကားမႈမွတြန္းအားေပး ေသာ စီးပြားေရးအရွိန္အဟုန္မ်ားေၾကာင့္ ဘာလင္ၿမိဳ႕တြင္ လူဦးေရလ်င္ျမန္စြာတိုးလာခဲ့ၿပီး (၁၉၂၀)ျပည့္ တြင္ ဘာလင္ၿမိဳ႕သည္ ကမာၻေပၚတြင္ လူဦးေရအရ တတိယေျမာက္ အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ေၾကာင္း လည္းသိရသည္။ ဒုတိယကမာၻစစ္အၿပီး ဘာလင္ၿမိဳ႕သိမ္းပိုက္ခံရၿပီး ေနာက္ ၿမိဳ႕သည္ ဘာလင္တံတိုင္း ျဖင့္ ပိုင္းျခားခံခဲ့ရၿပီး အေနာက္ဘာလင္ႏွင့္အေရွ႕ဘာလင္ဟူ၍ ႏွစ္ျခမ္းကြဲသြားခဲ့ေၾကာင္း သိရသည္။ အေရွ႕ဘာလင္သည္ အေရွ႕ဂ်ာမနီ၏ၿမိဳ႕ေတာ္အျဖစ္ ေၾကညာခံခဲ့ရၿပီး Bonn ၿမိဳ႕သည္ အေနာက္ ဂ်ာမနီ ၿမိဳ႕ေတာ္ျဖစ္လာခဲ့သည္။ (၁၉၉၀)ျပည့္ ဂ်ာမန္ျပန္လည္ေပါင္းစည္း ေရးအၿပီး ဘာလင္သည္ ဂ်ာမနီႏိုင္ငံ ၏ၿမိဳ႕ေတာ္ တစ္ဖန္ျပန္ျဖစ္လာခဲ့ၿပီး ゞင္း၏ပထဝီဝင္တည္ေနရာ ႏွင့္ သမိုင္းေၾကာင္းတို႔ေၾကာင့္ ဥေရာပ ၏အခ်က္အခ်ာေနရာအျဖစ္ ေခၚစမွတ္ျပဳခဲ့ၾကသည္။
ဘာလင္ၿမိဳ႕၏စီးပြားေရးသည္ ျမင့္မားေသာနည္းပညာႏွင့္ ဝန္ေဆာင္မႈက႑တို႔အေပၚ အေျခခံ ထားၿပီး အမ်ိဳးမ်ိဳးေသာတီထြင္ဖန္တီးမႈလုပ္ငန္းမ်ား၊ စတင္ တည္ေထာင္သည့္ကုမၸဏီမ်ား၊ သုေတသန ဌာနမ်ား ႏွင့္ မီဒီယာေကာ္ပိုေရးရွင္းတို႔ကဲ့သို႔ေသာ နယ္ပယ္ အစုံကို လႊမ္းၿခဳံထားသည္။ ထို႔ျပင္ ဘာလင္ သည္ ေလေၾကာင္းႏွင့္ မီးရထားအသြားအလာအတြက္ အဓိကအခ်က္အခ်ာေနရာတစ္ခုအျဖစ္ တည္ရွိ ေနၿပီး ရႈပ္ေထြးေသာအမ်ားသူငါ ယူပို႔ေဆာင္ေရးကြန္ရက္တစ္ခုရွိေၾကာင္းလည္းသိရသည္။ ဘာလင္ၿမိဳ႕ ၏ခရီးသြားလုပ္ငန္းသည္ ၿမိဳ႕ကို လူႀကိဳက္မ်ားေသာ ကမာၻလွည့္ခရီးသြားေနရာတစ္ခုျဖစ္လာေစခဲ့ ေၾကာင္းလည္းသိရသည္။ ဘာလင္ၿမိဳ႕၏ သိသာထင္ရွားေသာ စက္မႈလုပ္ငန္းမ်ားတြင္ သတင္း အခ်က္ အလက္ နည္းပညာ၊ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္း၊ ဇီဝေဆးပညာအင္ဂ်င္နီယာ၊ ဇီဝနည္းပညာ၊ ေမာ္ေတာ္ယာဥ္လုပ္ငန္းႏွင့္ အီလက္ထ႐ြန္နစ္ပစၥည္း တို႔ပါဝင္သည္။ (၂၀၁၈)ခုႏွစ္တြင္ ဘာလင္ၿမိဳ႕၏ စုစုေပါင္းဂ်ီဒီပီသည္ ယူ႐ို(၁၄၇)ဘီလ်ံရွိခဲ့ၿပီး (၂၀၁၇)ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက (၃ ဒသမ ၁) ရာခိုင္ ႏႈန္းတိုးလာခဲ့သည္။ ဘာလင္၏စီးပြားေရးသည္ ဝန္ေဆာင္မႈက႑တြင္ လႊမ္းမိုးထားၿပီး ကုမၸဏီ အားလုံး ၏(၈၄)ရာခိုင္ႏႈန္းဝန္းက်င္သည္ ဝန္ေဆာင္မႈ လုပ္ငန္းမ်ားတြင္ စီးပြားေရးလုပ္ၾကေၾကာင္း သိရသည္။ (၂၀၁၅)ခုႏွစ္တြင္ ဘာလင္ၿမိဳ႕ရွိ စုစုေပါင္း အလုပ္သမားအင္အားမွာ (၁ ဒသမ ၈၅) သန္းျဖစ္ေၾကာင္း လည္း သိရသည္။ (၂၀၁၅)ခုႏွစ္ ႏိုဝင္ဘာလတြင္ ဘာလင္ၿမိဳ႕၏အလုပ္လက္မဲ့ႏႈန္းသည္ ႏွစ္ေပါင္း (၂၄)ႏွစ္အတြင္း အနိမ့္ဆုံးအဆင့္သို႔ေရာက္ရွိခဲ့ၿပီး (၁၀)ရာခိုင္ႏႈန္းသာရွိေၾကာင္းလည္းသိရသည္။ဘာလင္ ၿမိဳ႕၏အေရးပါေသာစီးပြားေရးက႑မ်ားတြင္ အသက္ ေမြးဝမ္းေက်ာင္းသိပၸံ၊ သယ္ယူပို႔ေဆာင္ေရး၊ သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရးနည္းပညာမ်ား၊ မီဒီယာႏွင့္ ဂီတ၊ ေၾကာ္ျငာႏွင့္ ဒီဇိုင္း၊ ဇီဝနည္းပညာ၊ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ဝန္ေဆာင္မႈမ်ား၊ ေဆာက္လုပ္ေရး၊ e-commerce လုပ္ငန္း၊ လက္လီလုပ္ငန္း၊ ဟိုတယ္လုပ္ငန္းႏွင့္ ေဆးဘက္ဆိုင္ရာ အင္ဂ်င္နီယာ လုပ္ငန္းတို႔ပါဝင္ၿပီး သုေတသန ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈသည္ ဘာလင္ၿမိဳ႕အတြက္ စီးပြားေရးအရ အေရးပါေၾကာင္းလည္း သိရသည္။ Volkswagen ၊ Pfizer ႏွင့္ SAP ကဲ့သို႔ေသာ အဓိကေကာ္ပိုေရးရွင္း မ်ားစြာသည္ ၿမိဳ႕ေတာ္တြင္ ဆန္းသစ္ တီထြင္မႈဆိုင္ရာ ဓာတ္ခြဲခန္းမ်ားကို လုပ္ေဆာင္ၾကေၾကာင္းလည္းသိရ သည္။ Adlershof ရပ္ကြက္တြင္ ရွိေသာ သိပၸံႏွင့္ စီးပြားေရးပန္းၿခံသည္ ဝင္ေငြျဖင့္တိုင္းတာမႈအရ ဂ်ာမနီႏိုင္ငံတြင္းတြင္ အႀကီးဆုံး နည္း ပညာပန္းၿခံျဖစ္သည္။ ယူ႐ိုဇုန္အတြင္း ဘာလင္ၿမိဳ႕သည္ စီးပြားေရး ေျပာင္းေ႐ႊ႕ေနရာခ်ထားေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအတြက္ အခ်က္အခ်ာေနရာတစ္ခုျဖစ္လာခဲ့ေၾကာင္းလည္းသိရသည္။
ဘာလင္ၿမိဳ႕သည္ HumboldtUniversity of Berlin ၊ Technische Universität Berlin ၊ Berlin University of the Arts ႏွင့္ Free University of Berlin တို႔ကဲ့သို႔ေသာ တကၠသိုလ္မ်ားစြာ၏ ေနအိမ္ လည္းျဖစ္သည္။ ထို႔ျပင္ ဘာလင္ တိရစာၦန္ ဥယ်ာဥ္သည္ ဥေရာပတြင္ လာေရာက္လည္ပတ္မႈ အမ်ားဆုံး တိရစာၦန္႐ုံျဖစ္ၿပီး Babelsberg Studio သည္ ကမာၻ႔ပထမဆုံး အႀကီး စား႐ုပ္ရွင္စတူဒီယိုအေဆာက္အအုံ လည္းျဖစ္ကာ ျပတိုက္မ်ား၊ ျပခန္းမ်ားႏွင့္ စာၾကည့္တိုက္မ်ားစြာရွိေၾကာင္းလည္း သိရသည္။ ဘာလင္ၿမိဳ႕ သည္Museum Island ၊ Palaces and Parks of Potsdam and Berlin ႏွင့္ Berlin Modernism Housing Estates တို႔ကဲ့သို႔ေသာ ကမာၻ႔အေမြအႏွစ္ ေနရာ(၃)ခု၏ ေနအိမ္လည္းျဖစ္သည္။ အျခား အထင္က ရေနရာမ်ားတြင္ Brandenburg ဂိတ္ ၊ Reichstag အေဆာက္အအုံ၊ Potsdamer Platz ပလာဇာ၊ ဥေရာပရွိ ဂ်ဴးလူမ်ိဳးမ်ားကို သတ္ခဲ့သည့္ ေအာက္ေမ့ဖြယ္ရာေနရာႏွင့္ Berlin Wall Memorial အထိမ္းအမွတ္ေနရာတို႔ပါဝင္သည္။
(၂၀၁၄)ခုႏွစ္တြင္ ဘာလင္ၿမိဳ႕၌ အိပ္ခန္း (၁၃၄၃၃၉)ခုႏွင့္အတူ ဟိုတယ္(၇၈၈)လုံးရွိခဲ့ သည္။ (၂၀၁၄)ခုႏွစ္တြင္ ဘာလင္ၿမိဳ႕သည္ ညအိပ္ခရီးသြား(၂၈ ဒသမ ၇)သန္းႏွင့္ ဟိုတယ္ ဧည့္သည္(၁၁ ဒသမ ၉)သန္းကို လက္ခံခဲ့သည္။ ဘာလင္ၿမိဳ႕တြင္ ခရီးသြားကိန္းဂဏန္းမ်ားသည္ ၿပီးခဲ့သည့္(၁၀)ႏွစ္အတြင္း ႏွစ္ဆေက်ာ္တိုးလာခဲ့ၿပီး ဥေရာပတြင္ တတိယေျမာက္လည္ပတ္မႈအမ်ားဆုံး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္လာခဲ့သည္။ ဘာလင္ရွိ အလည္ အပတ္ အမ်ားဆုံးေနရာအခ်ိဳ႕တြင္ Potsdamer Platz ပလာဇာ၊ Brandenburger Tor သမိုင္း ဝင္ေနရာ၊ ဘာလင္တံတိုင္း၊ Alexanderplatz ျပည္သူ႔ရင္ျပင္၊ Museumsinsel ျပတိုက္၊ Fernsehturm သမိုင္းဝင္ အထိမ္းအမွတ္ေနရာ၊ East-Side Gallery ျပခန္း၊ Schloss-Charlotten burg နန္းေတာ္၊ Zoologischer Garten တိရိစာၦန္႐ုံ၊ Siegessäule ေမာ္ကြန္းတိုင္၊ Gedenkstätte Berliner Mauer အထိမ္း အမွတ္ေနရာ၊ Mauerpark ပန္းၿခံ၊ Botanical Garden ဥယ်ာဥ္၊ Französischer Dom ခရစ္ယာန္ဘုရားေက်ာင္း၊ Deutscher Dom ဘုရားေက်ာင္းႏွင့္ Holocaust-Mahnmal ေအာက္ေမ့ဖြယ္ ေနရာတို႔ပါဝင္ေၾကာင္းသိရသည္။ ထို႔ျပင္ဘာလင္သို႔အမ်ားဆုံးလာေရာက္လည္ပတ္သည့္အုပ္စုမ်ားမွာ ဂ်ာမနီ၊ ၿဗိတိန္၊ နယ္သာလန္၊ အီတလီ၊ စပိန္ႏွင့္ အေမရိကန္ ႏိုင္ငံတို႔မွျဖစ္ေၾကာင္း သိရသည္။ (၂၀၁၅) ခုႏွစ္တြင္ International Congress and Convention Association ၏အခ်က္အလက္မ်ားအရ ဘာလင္ၿမိဳ႕သည္ ႏိုင္ငံ တကာ အစည္းအေဝး(၁၉၅)ခုကို လက္ခံက်င္းပခဲ့ၿပီး ကမာၻတစ္ဝန္းတြင္ ညီလာခံမ်ားကို ဦးေဆာင္ စီစဥ္သည့္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္လာခဲ့ေၾကာင္းသိရသည္။