ရတနာပုံခေတ် နန်းတွင်းသုံးပစ္စည်း (၁၅)မျိုးခန့်ကို ရှေးဟောင်းအမွေအနှစ်အဖြစ် ပြန်လည်ပြသရန် အစီအစဉ်ရှိ

 406

စော (NP News) - အောက်တိုဘာ ၁၂

ရတနာပုံခေတ်က နန်းတွင်းသုံးပစ္စည်းအချို့ကို ထိန်းသိမ်းစုဆောင်းထားပြီး ရှေးဟောင်း အမွေအနှစ်အဖြစ် ပြန်လည်ပြသရန်အစီအစဉ်ရှိကြောင်း စုဆောင်းထားသူ ပြင်စည်စုဖုရားအိမ်တော်မှ ကိုထိပ်တင်စည်သူဟိန်းက NP News ကို ပြောသည်။ ကိုထိပ်တင်စည်သူဟိန်း ထိန်းသိမ်းထား သော ပစ္စည်းများမှာ (၁၅)မျိုးခန့်ရှိသည့်အနက် မင်းတုန်း မင်း၏ နာမည်ကျော်မိဖုရားတစ်ပါးဖြစ်သော ကြေးမျှင်မိဖုရား ဆင်ယင်တော်မူခဲ့သည့် ဆံထိုး တော်ထိပ်မှ တွဲလွဲချ ဟင်္သာရုပ်လည်း ပါဝင်ကြောင်း သိရသည်။

"အဲဒါ(ဟင်္သာရုပ်)က ရတနာပုံခေတ် မင်းတုန်းမင်း လက်ထက်ပေါ့နော်။ အဲဒီခေတ်တည်းက အမွေအနှစ် ပါ။ နှစ်ပေါင်း (၁၃၀)လောက်တော့ရှိပြီ။ တခြားရွှေထုံးဘူးတို့ ထိန်းသိမ်းထားတာလည်း ရှိပါတယ်"ဟု ကိုထိပ်တင်စည်သူဟိန်းက NP News ကိုပြောသည်။

ကိုထိပ်တင်စည်သူဟိန်း ထိန်းသိမ်းထားသောပစ္စည်းများအတွင်း ဟင်္သာရုပ်အပါအဝင် ရတနာပုံနန်းတွင်းသုံး ရွှေထုံးဘူး၊ စိန်လက်ကောက်၊ ပွဲ တော်တည်သော ကျောက်စိမ်းပန်းကန်၊ အလှထားကြွေအိုးများ၊ ကြေးနှင့်ပြုလုပ်ထားသော မှန်၊ သေတ္တာ နှင့် ကရမက်ဖြင့်ပြုလုပ်ထားသော နံ့သာဘူးစသဖြင့် ပါဝင်ကြောင်းသိရသည်။

" အဲဒီကတည်းကပဲ သုံးခဲ့တဲ့ပစ္စည်းတွေ၊ ပိုင်ရှင်တွေကတော့ အစဉ်အဆက်တော့ သိမ်းထား လိုက်တာပါပဲ။ ပိုင်ရှင်အတိအကျရယ်လို့ သေချာတော့မပြောနိုင်တော့ဘူးပေါ့နော်။ ပြောရမယ်ဆိုရင် တော့ အိမ်တော်အစုံပေါ့။ တချို့တွေကျတော့ ငွေကြေး အခက်အခဲလေးတွေရှိတဲ့အခါကျ‌တော့ ကိုယ်တွေ အဘွားတွေလက်ထက်ကလာရောင်းထားတာ"ဟု ၎င်းကပြောသည်။

တွဲလွဲချ ဟင်္သာရုပ်တွင် ကိုယ်ထည်၊ တောင်ပံနှင့် ဦးခေါင်းတို့ကို စိန်ဖြင့်ပြုလုပ်ထားကာ မျက်လုံးနေရာတွင် ပတ္တမြား၊ အမြီးနေရာတွင် မြဖြင့် ပုံဖော်ထားပြီး အဆိုပါလက်ရာကို ပုံစံတူ ပြန်လည်ဖန်းတီးရန် အစီအစဉ်ရှိကြောင်းလည်းသိရသည်။

" နောင်အခါ အခွင့်သင့်ရင်တော့ ပြသပေးဖို့တော့ရှိပါတယ်။ ဒါပေမဲ့ အခုဟာကတော့ အချိန် အခါစောင့်နေတာပေါ့။ နောက်ပြီးတော့လည်းပဲ တ ခြားအိမ်တော်တွေပေါ့လေ။ သိတဲ့အိမ်တော် တွေနဲ့ လည်းပူးပေါင်းပြီးတော့ သူတို့ဆီမှာလည်း သူတို့ထိန်း သိမ်းထားတဲ့အမွေအနှစ်ရှိရင်လည်းပဲ ပြန်ပြပေးမယ် ပေါ့။ ဗဟုသုတအနေနဲ့ပေါ့။ အဲဒီလိုအစီအစဉ်တော့ ရှိပါတယ်။ လောလောဆယ်ကတော့ စဉ်းစားနေတုန်း ပါပဲ"ဟု ၎င်းကပြောသည်။

zawgyi version
ရတနာပုံေခတ္ နန္းတြင္းသုံးပစၥည္း (၁၅)မ်ိဳးခန႔္ကို ေရွးေဟာင္းအေမြအႏွစ္အျဖစ္ ျပန္လည္ျပသရန္ အစီအစဥ္ရွိ
ေစာ (NP News) - ေအာက္တိုဘာ ၁၂

ရတနာပုံေခတ္က နန္းတြင္းသုံးပစၥည္းအခ်ိဳ႕ကို ထိန္းသိမ္းစုေဆာင္းထားၿပီး ေရွးေဟာင္း အေမြအႏွစ္အျဖစ္ ျပန္လည္ျပသရန္အစီအစဥ္ရွိေၾကာင္း စုေဆာင္းထားသူ ျပင္စည္စုဖုရားအိမ္ေတာ္မွ ကိုထိပ္တင္စည္သူဟိန္းက NP News ကို ေျပာသည္။ ကိုထိပ္တင္စည္သူဟိန္း ထိန္းသိမ္းထား ေသာ ပစၥည္းမ်ားမွာ (၁၅)မ်ိဳးခန႔္ရွိသည့္အနက္ မင္းတုန္း မင္း၏ နာမည္ေက်ာ္မိဖုရားတစ္ပါးျဖစ္ေသာ ေၾကးမွ်င္မိဖုရား ဆင္ယင္ေတာ္မူခဲ့သည့္ ဆံထိုး ေတာ္ထိပ္မွ တြဲလြဲခ် ဟသၤာ႐ုပ္လည္း ပါဝင္ေၾကာင္း သိရသည္။

"အဲဒါ(ဟသၤာ႐ုပ္)က ရတနာပုံေခတ္ မင္းတုန္းမင္း လက္ထက္ေပါ့ေနာ္။ အဲဒီေခတ္တည္းက အေမြအႏွစ္ ပါ။ ႏွစ္ေပါင္း (၁၃၀)ေလာက္ေတာ့ရွိၿပီ။ တျခားေ႐ႊထုံးဘူးတို႔ ထိန္းသိမ္းထားတာလည္း ရွိပါတယ္"ဟု ကိုထိပ္တင္စည္သူဟိန္းက NP News ကိုေျပာသည္။

ကိုထိပ္တင္စည္သူဟိန္း ထိန္းသိမ္းထားေသာပစၥည္းမ်ားအတြင္း ဟသၤာ႐ုပ္အပါအဝင္ ရတနာပုံနန္းတြင္းသုံး ေ႐ႊထုံးဘူး၊ စိန္လက္ေကာက္၊ ပြဲ ေတာ္တည္ေသာ ေက်ာက္စိမ္းပန္းကန္၊ အလွထားေႂကြအိုးမ်ား၊ ေၾကးႏွင့္ျပဳလုပ္ထားေသာ မွန္၊ ေသတၱာ ႏွင့္ ကရမက္ျဖင့္ျပဳလုပ္ထားေသာ နံ႔သာဘူးစသျဖင့္ ပါဝင္ေၾကာင္းသိရသည္။

" အဲဒီကတည္းကပဲ သုံးခဲ့တဲ့ပစၥည္းေတြ၊ ပိုင္ရွင္ေတြကေတာ့ အစဥ္အဆက္ေတာ့ သိမ္းထား လိုက္တာပါပဲ။ ပိုင္ရွင္အတိအက်ရယ္လို႔ ေသခ်ာေတာ့မေျပာႏိုင္ေတာ့ဘူးေပါ့ေနာ္။ ေျပာရမယ္ဆိုရင္ ေတာ့ အိမ္ေတာ္အစုံေပါ့။ တခ်ိဳ႕ေတြက်ေတာ့ ေငြေၾကး အခက္အခဲေလးေတြရွိတဲ့အခါက်‌ေတာ့ ကိုယ္ေတြ အဘြားေတြလက္ထက္ကလာေရာင္းထားတာ"ဟု ၎ကေျပာသည္။

တြဲလြဲခ် ဟသၤာ႐ုပ္တြင္ ကိုယ္ထည္၊ ေတာင္ပံႏွင့္ ဦးေခါင္းတို႔ကို စိန္ျဖင့္ျပဳလုပ္ထားကာ မ်က္လုံးေနရာတြင္ ပတၱျမား၊ အၿမီးေနရာတြင္ ျမျဖင့္ ပုံေဖာ္ထားၿပီး အဆိုပါလက္ရာကို ပုံစံတူ ျပန္လည္ဖန္းတီးရန္ အစီအစဥ္ရွိေၾကာင္းလည္းသိရသည္။

" ေနာင္အခါ အခြင့္သင့္ရင္ေတာ့ ျပသေပးဖို႔ေတာ့ရွိပါတယ္။ ဒါေပမဲ့ အခုဟာကေတာ့ အခ်ိန္ အခါေစာင့္ေနတာေပါ့။ ေနာက္ၿပီးေတာ့လည္းပဲ တ ျခားအိမ္ေတာ္ေတြေပါ့ေလ။ သိတဲ့အိမ္ေတာ္ ေတြနဲ႔ လည္းပူးေပါင္းၿပီးေတာ့ သူတို႔ဆီမွာလည္း သူတို႔ထိန္း သိမ္းထားတဲ့အေမြအႏွစ္ရွိရင္လည္းပဲ ျပန္ျပေပးမယ္ ေပါ့။ ဗဟုသုတအေနနဲ႔ေပါ့။ အဲဒီလိုအစီအစဥ္ေတာ့ ရွိပါတယ္။ ေလာေလာဆယ္ကေတာ့ စဥ္းစားေနတုန္း ပါပဲ"ဟု ၎ကေျပာသည္။

Related news

© 2021. All rights reserved.