နေပြည်တော်တွင် တစ်ဦးတည်းနေထိုင်သည့် သက်ကြီးပိုင်းအမျိုးသမီးကို သတ်ဖြတ်လုယက်မှုကျူးလွန်သူ(၃)ဦးအား တစ်ပတ်အတွင်း ဖမ်းမိ

 707

သန့်ဇင် (NP News) - အောက်တိုဘာ ၁၄

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်တွင် တစ်ဦးတည်းနေထိုင်သည့် သက်ကြီးပိုင်းအမျိုးသမီးကို သတ်ဖြတ်လုယက်မှု ကျူးလွန်သူ(၃)ဦးအား တစ်ပတ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း နစကမှသတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာ ၇ ရက်၊ နံနက် ၁၁နာရီအချိန်ခန့်က နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(K-1)၊ အခန်း (၁၃)၊ တိုက်ခန်းအတွင်း၌ အသက်(၆၁)နှစ်အရွယ် ဒေါ်စန္ဒာမိုးမှာ ဓားဒဏ် ရာများဖြင့်သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတိုက်ခန်း၏ ဧည့်ခန်းအတွင်းကြမ်းပြင်ပေါ်၌ ဒေါ်စန္ဒာမိုးအား ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၉)နယ်မြေရဲစခန်း(ပ)၄၃/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/ ၃၉၂ ဖြင့် အမှုဖွင့်၍ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့နောက် စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ရာ အောက်တိုဘာလ ၁၀ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြစ်မှုကျူးလွန်ရာ၌ပါဝင်သည့် အသက်(၂၄)နှစ်အရွယ် မျိုးမင်းထွန်းကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာဝန်းအနီး ၎င်းနေထိုင်သည့် ကျူးကျော်တဲ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာလ ၁၁ ရက်၊ ည ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ဗိုလ်အောင်ဇေယျရပ်ကွက်နေ အသက်(၂၃) နှစ်အရွယ် ကိုဖြိုး(ခ)ဖြိုးသက်ပိုင်ကို မန္တလေးမြို့၌လည်းကောင်း ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ခင်ကြီးကျေးရွာနေ အသက်(၂၀)အရွယ် ငရဲ (ခ) ရဲလင်းဦး(ခ)ရဲရဲကို အောက်တိုဘာလ ၁၂ ရက်၊ မွန်းလွဲ ၃ နာရီတွင် မကွေး-မန္တလေးပြေးဆွဲသည့် ခရီးသည်တင်ကားပေါ်၌လည်းကောင်း လုယက်ယူဆောင်ခဲ့သည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာဝင်းတွင် ဆေးသုတ်လုပ်ငန်းလုပ်ကိုင်သူ ကိုဖြိုး (ခ) ဖြိုးသက်ပိုင်သည် ၎င်း၏အလုပ်ရှင်ဖြစ်သူမှတဆင့် ခင်မင်ရင်းနှီးသူ ဒေါ်စန္ဒာမိုးမှာ သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(K-1)၊ အခန်း(၁၃)၌ တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်း သိရှိခဲ့ရကြောင်း သိရသည်။ ထို့နောက် ၎င်း၏ ကိုယ်ရေးကိုယ်တာ အခက်အခဲများနှင့် ငွေကြေးဆိုင်ရာလိုအပ်ချက်များအား ဖြေရှင်းနိုင်ရန်အတွက် ဒေါ်စန္ဒာမိုးအားသတ်ဖြတ်၍ ပစ္စည်းများလုယက်ယူဆောင်ရန် အောက်တိုဘာလ ၅ ရက်၊ ညနေပိုင်းတွင် မျိုးမင်းထွန်းနှင့် ငရဲ (ခ) ရဲလင်းဦး (ခ) ရဲရဲတို့နှင့် ကြိုတင်တိုင်ပင်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၆ ရက်တွင် ပြစ်မှုကျူးလွန်ရာ၌ အသုံးပြုရန်အတွက် အရိုးအသွား(၁၀)လက်မခန့်ရှိ ဝါးရိုးတပ်ဓားဦးချွန် ၂ ချောင်းအား ချယ်ရီဈေးမှလည်းကောင်း၊ ရာဘာလက်အိတ် ၃ စုံအား သုခတော်ဝင်အိမ်ရာဝင်းအတွင်းရှိ ဆေးဆိုင်မှလည်းကောင်း ဝယ်ယူခဲ့ကြောင်း သိရသည်။ အဆိုပါနေ့၊ ည ၆ နာရီခွဲတွင် ဒေါ်စန္ဒာမိုးနေထိုင်ရာ နေအိမ်တိုက်ခန်းသို့ သွား ရောက်ခဲ့ပြီး တွေ့ဆုံစကားပြောကာ ဒေါ်စန္ဒာမိုးမှ ၎င်းတို့သုံးဦး စားသုံးရန်အတွက် ဆန်များထည့်ပေးနေစဉ် မျိုးမင်းထွန်းနှင့် ကိုဖြိုး (ခ) ဖြိုးသက်ပိုင်တို့မှ ဒေါ်စန္ဒာမိုးအားနောက်မှ သိုင်းဖက်ချုပ်ကိုင်ပေးပြီး ငရဲ (ခ) ရဲလင်းဦး (ခ) ရဲရဲမှ အသင့်ယူဆောင်လာသော ဓားဖြင့် (၄) ချက်ခန့်ထိုး၍ ဒေါ်စန္ဒာမိုးလဲကျသွားစဉ် ၎င်းဝတ်ဆင်ထားသည့် နားကပ်တစ်ရံနှင့် နေအိမ်အတွင်းရှိ Samsung Galaxy A32 အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး၊ ငွေကျပ် (၂၀,၀၀၀) တို့အား လုယက်ယူဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက် မြတ်လေးလမ်းတွင် မိသားစုသုံးဦးကို သတ်ဖြတ်ကာ လက်ကိုင်ဖုန်း နှင့် မော်တော်ယာဉ် ယူဆောင်သွားသည့်အမှုနှင့်ပတ်သက်၍ ပါဝင်သူများကို ထောင်ဒဏ် နှင့် သေဒဏ် အသီးသီးချမှတ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ခဲ့ဖူးသည်။

zawgyi version
ေနျပည္ေတာ္တြင္ တစ္ဦးတည္းေနထိုင္သည့္ သက္ႀကီးပိုင္းအမ်ိဳးသမီးကို သတ္ျဖတ္လုယက္မႈက်ဴးလြန္သူ(၃)ဦးအား တစ္ပတ္အတြင္း ဖမ္းမိ
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၁၄

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဇမၺဴသီရိၿမိဳ႕နယ္တြင္ တစ္ဦးတည္းေနထိုင္သည့္ သက္ႀကီးပိုင္းအမ်ိဳးသမီးကို သတ္ျဖတ္လုယက္မႈ က်ဴးလြန္သူ(၃)ဦးအား တစ္ပတ္အတြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွသတင္းထုတ္ျပန္ထားသည္။

ေအာက္တိုဘာ ၇ ရက္၊ နံနက္ ၁၁နာရီအခ်ိန္ခန႔္က ေနျပည္ေတာ္ ေကာင္စီနယ္ေျမ၊ ဇမၺဴသီရိၿမိဳ႕နယ္၊ သုခေတာ္ဝင္အိမ္ရာ၊ တိုက္အမွတ္(K-1)၊ အခန္း (၁၃)၊ တိုက္ခန္းအတြင္း၌ အသက္(၆၁)ႏွစ္အ႐ြယ္ ေဒၚစႏၵာမိုးမွာ ဓားဒဏ္ ရာမ်ားျဖင့္ေသဆုံးေနေၾကာင္း သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ သြားေရာက္စစ္ေဆးခဲ့ရာ အဆိုပါတိုက္ခန္း၏ ဧည့္ခန္းအတြင္းၾကမ္းျပင္ေပၚ၌ ေဒၚစႏၵာမိုးအား ဓားဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိရသျဖင့္ ဇမၺဴသီရိၿမိဳ႕နယ္၊ အမွတ္(၉)နယ္ေျမရဲစခန္း(ပ)၄၃/၂၀၂၄၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂/ ၃၉၂ ျဖင့္ အမႈဖြင့္၍ ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရး ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ စုံစမ္းစစ္ေဆးေဖာ္ထုတ္ခဲ့ရာ ေအာက္တိုဘာလ ၁၀ ရက္၊ မြန္းလြဲ ၁ နာရီတြင္ ျပစ္မႈက်ဴးလြန္ရာ၌ပါဝင္သည့္ အသက္(၂၄)ႏွစ္အ႐ြယ္ မ်ိဳးမင္းထြန္းကို ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဇမၺဴသီရိၿမိဳ႕နယ္၊ သုခေတာ္ဝင္အိမ္ရာဝန္းအနီး ၎ေနထိုင္သည့္ က်ဴးေက်ာ္တဲ၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေအာက္တိုဘာလ ၁၁ ရက္၊ ည ၉ နာရီတြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရဦးၿမိဳ႕နယ္၊ ဗိုလ္ေအာင္ေဇယ်ရပ္ကြက္ေန အသက္(၂၃) ႏွစ္အ႐ြယ္ ကိုၿဖိဳး(ခ)ၿဖိဳးသက္ပိုင္ကို မႏၲေလးၿမိဳ႕၌လည္းေကာင္း ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ ခင္ႀကီးေက်း႐ြာေန အသက္(၂၀)အ႐ြယ္ ငရဲ (ခ) ရဲလင္းဦး(ခ)ရဲရဲကို ေအာက္တိုဘာလ ၁၂ ရက္၊ မြန္းလြဲ ၃ နာရီတြင္ မေကြး-မႏၲေလးေျပးဆြဲသည့္ ခရီးသည္တင္ကားေပၚ၌လည္းေကာင္း လုယက္ယူေဆာင္ခဲ့သည့္ သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူမ်ား၏ထြက္ဆိုခ်က္အရ ဇမၺဴသီရိၿမိဳ႕နယ္၊ သုခေတာ္ဝင္အိမ္ရာဝင္းတြင္ ေဆးသုတ္လုပ္ငန္းလုပ္ကိုင္သူ ကိုၿဖိဳး (ခ) ၿဖိဳးသက္ပိုင္သည္ ၎၏အလုပ္ရွင္ျဖစ္သူမွတဆင့္ ခင္မင္ရင္းႏွီးသူ ေဒၚစႏၵာမိုးမွာ သုခေတာ္ဝင္အိမ္ရာ၊ တိုက္အမွတ္(K-1)၊ အခန္း(၁၃)၌ တစ္ဦးတည္း ေနထိုင္သူျဖစ္ေၾကာင္း သိရွိခဲ့ရေၾကာင္း သိရသည္။ ထို႔ေနာက္ ၎၏ ကိုယ္ေရးကိုယ္တာ အခက္အခဲမ်ားႏွင့္ ေငြေၾကးဆိုင္ရာလိုအပ္ခ်က္မ်ားအား ေျဖရွင္းႏိုင္ရန္အတြက္ ေဒၚစႏၵာမိုးအားသတ္ျဖတ္၍ ပစၥည္းမ်ားလုယက္ယူေဆာင္ရန္ ေအာက္တိုဘာလ ၅ ရက္၊ ညေနပိုင္းတြင္ မ်ိဳးမင္းထြန္းႏွင့္ ငရဲ (ခ) ရဲလင္းဦး (ခ) ရဲရဲတို႔ႏွင့္ ႀကိဳတင္တိုင္ပင္ခဲ့ေၾကာင္း သိရသည္။

ေအာက္တိုဘာလ ၆ ရက္တြင္ ျပစ္မႈက်ဴးလြန္ရာ၌ အသုံးျပဳရန္အတြက္ အ႐ိုးအသြား(၁၀)လက္မခန႔္ရွိ ဝါး႐ိုးတပ္ဓားဦးခြၽန္ ၂ ေခ်ာင္းအား ခ်ယ္ရီေဈးမွလည္းေကာင္း၊ ရာဘာလက္အိတ္ ၃ စုံအား သုခေတာ္ဝင္အိမ္ရာဝင္းအတြင္းရွိ ေဆးဆိုင္မွလည္းေကာင္း ဝယ္ယူခဲ့ေၾကာင္း သိရသည္။ အဆိုပါေန႔၊ ည ၆ နာရီခြဲတြင္ ေဒၚစႏၵာမိုးေနထိုင္ရာ ေနအိမ္တိုက္ခန္းသို႔ သြား ေရာက္ခဲ့ၿပီး ေတြ႕ဆုံစကားေျပာကာ ေဒၚစႏၵာမိုးမွ ၎တို႔သုံးဦး စားသုံးရန္အတြက္ ဆန္မ်ားထည့္ေပးေနစဥ္ မ်ိဳးမင္းထြန္းႏွင့္ ကိုၿဖိဳး (ခ) ၿဖိဳးသက္ပိုင္တို႔မွ ေဒၚစႏၵာမိုးအားေနာက္မွ သိုင္းဖက္ခ်ဳပ္ကိုင္ေပးၿပီး ငရဲ (ခ) ရဲလင္းဦး (ခ) ရဲရဲမွ အသင့္ယူေဆာင္လာေသာ ဓားျဖင့္ (၄) ခ်က္ခန႔္ထိုး၍ ေဒၚစႏၵာမိုးလဲက်သြားစဥ္ ၎ဝတ္ဆင္ထားသည့္ နားကပ္တစ္ရံႏွင့္ ေနအိမ္အတြင္းရွိ Samsung Galaxy A32 အမ်ိဳးအစား လက္ကိုင္ဖုန္းတစ္လုံး၊ ေငြက်ပ္ (၂၀,၀၀၀) တို႔အား လုယက္ယူေဆာင္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း ေနျပည္ေတာ္ေကာင္စီနယ္ေျမ ဥတၱရသီရိၿမိဳ႕နယ္ ဇဝနသိဒၶိရပ္ကြက္ ျမတ္ေလးလမ္းတြင္ မိသားစုသုံးဦးကို သတ္ျဖတ္ကာ လက္ကိုင္ဖုန္း ႏွင့္ ေမာ္ေတာ္ယာဥ္ ယူေဆာင္သြားသည့္အမႈႏွင့္ပတ္သက္၍ ပါဝင္သူမ်ားကို ေထာင္ဒဏ္ ႏွင့္ ေသဒဏ္ အသီးသီးခ်မွတ္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.