ဦးတေဇ၏ သားသမီးအမည်ပေါက် ပြည်လမ်းခြံကြီးကို ကိုးကန့်တရုတ်တစ်ဦးထံ ကာလပေါက်ဈေးထက်လျှော့၍ အောက်ဈေးဖြင့် ရောင်းချကြောင်း သတင်းထွက်

 208

အေဝိုင်အီး (NP News) - အောက်တိုဘာ ၁၄

ရန်ကုန်မြို့ပြည်လမ်း အင်းလျားကန် မျက် နှာချင်းဆိုင်ရှိ တစ်ဧကခွဲကျယ်ဝန်းသော သားသမီး များအမည်ပေါက်ခြံကြီးကို ထူးလုပ်ငန်းစု သူဌေးကြီး ဦးတေဇက ကာလပေါက်ဈေးထက်နည်းသော အောက် ဈေးဖြင့်ရောင်းချရပြီဖြစ်ကြောင်း NP News က စုံစမ်းသိရှိရသည်။

အောက်တိုဘာ(၅)ရက်က ထွက်ရှိလာသော နိုင်ငံပိုင်သတင်းစာတွင် ထူးလုပ်ငန်းစုပိုင် အဆိုပါ ခြံကြီး၏အရောင်းအဝယ်အတွက် ကန့်ကွက် လိုသူရှိပါက (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်း ဖော်ပြထားခြင်းဖြစ်ပြီး ကန့်ကွက်သူမပေါ်ပေါက်ခဲ့ပါက အောက်တိုဘာ (၁၉)ရက်တွင် အရောင်း အဝယ်ကိစ္စအတည်ပြုနိုင်မည်လည်း ဖြစ်သည်။

ဦးတေဇ၏ သားသမီးသုံးဦးအမည်ပေါက် အဆိုပါခြံကိစ္စအတွက် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်လှတင်ထံ NP News က အောက်တိုဘာ (၁၁)ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်၍ပြန်လည် ဖြေကြားခြင်းမရှိသောကြောင့် ကန့်ကွက်မည့်သူ ပေါ် ပေါက်ခြင်းရှိ မရှိကို မသိရသေးပေ။ "ဝယ်သွားတဲ့သူ က တစ်စိတ်တစ်ပိုင်း စရန်ငွေပေးချေပြီးလို့ မြေပုံကူး တာတွေတောင် လုပ်ပြီးနေလောက်ပြီ။ စည်ပင်က တော့ ဘယ်သူဝယ်သလဲဆိုတာ သိလောက်မှာပါ။ ပြီး တော့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အဆုံးသတ်ရ တာဆိုတော့ ဘယ်သူဝယ်တယ်ဆိုတာ အဲဒီမှာပေါ်မှာပါပဲ" ဟု အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူ ဝါရင့်တစ်ဦးက ပြောသည်။

သတင်းစာကြေညာချက်အတွင်း၌ လှိုင်မြို့ နယ်၊ ပြည် လမ်း အမှတ်(၅) တည်ရှိရာ မြေတိုင်းရပ် ကွက်အမှတ် (၃၂)၊ မြေကွက်အမှတ် (၄/က-၁) ဧရိယာ (၁ ဒသမ ၅ ဧက)ရှိ မြေပိုင်မြေကွက်နှင့် မြေ ပေါ်ရှိ အဆောက်အအုံအပါအဝင် အကျိုးခံစားခွင့်ကို ဦးပြည့်ဖြိုးတေဇ၊ ဦးထူးထက်တေဇ၊ ဒေါ်ထူး ထွေးတေဇ တို့ထံမှ အမည်မဖော်ပြထားသူတစ်ဦးက ဝယ်ယူခဲ့ပြီးနောက် စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေထားကြောင်း ဖော်ပြထားသည်။ စတုရန်းပေ (၆၅၃၄၀) ကျယ်ဝန်းသော အဆိုပါမြေကွက်အတွက် မည်သည့်ဈေးနှုန်းဖြင့် ဝယ်ယူသွားသည်ကို ဖော်ပြ ထားခြင်းမရှိသကဲ့သို့ အရောင်းအဝယ်လုပ်ငန်းစဉ် တစ်ခုလုံး၏ သတင်းအချက်အလက်များကို ရှင်းလင်း စွာမသိရပေ။

NP News ၏ စုံစမ်းမှုအရ ပြည်လမ်းမကြီးတစ်လျှောက် အင်းလျားကန်အနီး တစ်ဝိုက်သည် တစ်စတုရန်းပေလျှင် ကျပ်သိန်း(၃၀) ထက်မနည်း ပေါက်ဈေးရှိထားပြီး စတုရန်းပေ (၆၅၀ဝဝ)ကျော်သော အဆိုပါမြေကွက်အတွက် ခန့်မှန်းခြေ ကျပ်ဘီလျံ(၂၀ဝ)ထက်မနည်း ရနိုင်ခြေရှိ သည်ဟု ခန့်မှန်းထားသည်။ သို့သော်လည်း စီးပွား ရေးအသိုင်းအဝိုင်းထဲမှ သတင်းအချို့အရ ဘဏ်ကြွေးများ ဆပ်ရန်ရှိနေသည်ဟုယူဆရသော ဦးတေဇ တို့အနေဖြင့် တစ်စတုရန်းပေလျှင် ကျပ်(၂၃)သိန်းမှ (၂၆)သိန်းကြားဝန်းကျင်ခန့်သာ ပေါက်ဈေးထက် လျှော့၍ ရောင်းချလိုက်ရခြင်းမျိုးဖြစ်ကြောင်း ကြားသိ ရသည်။ "ကြားတာတော့ ကျောက်မျက်လော ကထဲ ကတစ်ယောက်ပဲဝယ်တာတဲ့။ ကိုးကန့် တရုတ်လို့ လည်းပြောတယ်"ဟု စီးပွားရေးလောကထဲမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက လူမှုကွန်ရက်မီဒီယာအချို့၌ရေးသားနေကြသော အချက် အလက်အချို့အရ ကျပ်သိန်းပေါင်း(၄)သန်းအထိ တန်ကြေးရှိသည် သို့မဟုတ် ရွှေတစ်တန်ဟု ဖော်ပြခဲ့ ကြပြီး အဆိုပါရေးသားချက်များမှာ စိတ်ထင်ရာရမ်းသမ်းရေးသားကြခြင်းမျိုးသာဖြစ်ကြောင်း လုပ်ငန်းရှင် အများစုက NP News ၏အလွတ်သဘော မေးမြန်းချက်အပေါ် မှတ်ချက်ပြုသည်။ ယင်းအပြင် ကနဦးသတင်းထွက်ပေါ်မှုအရ ဦးတေဇ၏ သားသမီး များအမည်ပေါက် အဆိုပါတစ်ဧကခွဲခြံကြီးကို သူရ ဦးရွှေမန်း၏သားဖြစ်သူ ဦးအောင်သက်မန်းက ဝယ်ယူလိုက်သည်ဆိုသော အချက်ပင်ဖြစ်သည်။ ကျပ်ဘီလျံ(၂ဝဝ)ဖြင့် ဝယ်ယူသည်ဟု သတင်းထွက် ခဲ့သကဲ့သို့ ကြားဝင်ပွဲစားလုပ်ပေးသူလျှင်ပင် ကျပ် သိန်းပေါင်း(၄ဝဝဝဝ)ခန့် ပွဲစားခရရှိခဲ့သည်ဟု သတင်းများထွက်ခဲ့ခြင်းလည်း ဖြစ်သည်။ "ကိုအောင် သက်မန်း မဝယ်နိုင်ပါဘူး။ မဖြစ်နိုင်ပါဘူး"ဟု ထူး လုပ်ငန်းစုအတွင်း၌ ဖြစ်ပေါ်နေသော အခြေအနေအ ချို့ကို သိရှိသူလုပ်ငန်းရှင်တစ်ဦးက NP News ဂျာနယ်ထံ မှတ်ချက်ပြုသည်။ ဦးအောင် သက်မန်းက ရရန်ရှိသည့်ကိစ္စများကြောင့် ကြားဝင်ညှိနှိုင်းပေးသူသာဖြစ်နိုင်ပြီး ဝယ်ယူသူမဖြစ်နိုင် ကြောင်း၊ ဝယ်ယူသည့်ပုဂ္ဂိုလ်မှာလည်း စာချုပ်စာတမ်း မှတ်ပုံတင်ရုံးရောက်မှသာ မဖြစ်မနေ အမည် ဖော်ပြရလိမ့်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ သို့သော်လည်း ရန်ကုန်မြို့ရှိ တန်ဖိုးကြီး မြေကွက်များကို မြန်မာလုပ်ငန်းရှင်နာမည်ခံ၍ တရုတ်သူဌေးများက ဝယ်ယူထားခြင်းများ အများအ ပြားရှိနေကြောင်း အိမ်ခြံမြေဈေးကွက်အတွင်း၌ သတင်းများထွက်နေသည်။

ဆယ်စုနှစ်နှစ်ခုကျော် ပိုင်ဆိုင်ထားခဲ့ပြီးမှ လက်လွှတ်ရောင်းချခြင်းလုပ်ခဲ့ရသည့် ထူးလုပ်ငန်းစု ပိုင် ပြည်လမ်းခြံကြီး၏အရောင်းအဝယ်အတွက် မြေအရောင်းအဝယ်ဆိုင်ရာရှေ့နေများ၊ ပွဲစားများနှင့် ဝယ်ယူသူဘက်မှ ကိုယ်စားလှယ်များက ရန်ကုန်စည် ပင်ရုံး၊ အခွန်ရုံး၊ တံဆိပ်ခေါင်းရုံးနှင့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတို့တွင် ယခုရက်ပိုင်းအတွင်း အလုပ်များ ရှုပ်နေကြသည်ဟု ကြားသိရသည်။ "ဦးတေဇဟာက တကယ်တော့ ရောင်းနေတာကြာပြီ။ အခုမှ တည့်သွား တဲ့သဘောပဲ။ ကန်တော်ကြီးစောင်းက မြေကွက်ကြီး လည်း ထုတ်ရောင်းနေတာပဲလေ"ဟု အမြင့်ပိုင်း မြေကွက်များကိုသာ ဝန်ဆောင်မှုပေးနေသူတစ်ဦးက NP News ကို ပြောသည်။ စိတ်ဝင်စားဖွယ် ကောင်းသည့်အချက်များမှာ မြေကွက်ကို ဝယ်ယူ သည့်ပုဂ္ဂိုလ်၏ ငွေကြေးများဆိုင်ရာ ရာဇဝင်ပင်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်၍ သုံးကြိမ်တိုင်တိုင်အလှူခံသည့် ရေဘေးအလှူခံရ ရှိငွေ ကျပ်ဘီလျံ(၅၀)ကျော်၏ သုံးဆထက်မနည်း သော ငွေကြေးမျိုးကို ဝယ်ယူသူက မည်သည့်ဘဏ်မှ တစ်ဆင့် မည်သည့်ငွေပေးချေမှုစနစ်ကိုသုံး၍ ပေး ချေမည်နည်းဆိုသော အချက်ပင်ဖြစ်သည်။

ဦးတေဇ၏ ထူးလုပ်ငန်းစုကလည်း ကျပ် ဘီလျံ(၁၅၀)ကျော်သော ငွေကြေးမျိုးရရှိရန်အတွက် တန်ဖိုးကြီးသော ခြံကြီးကို မည်သည့်အတွက်ကြောင့် ထုတ်ရောင်းလိုက်ရသနည်းဆိုသောအချက်လည်း အပါအဝင်ဖြစ်သည်။ ဝယ်ယူသူအနေဖြင့် ကျပ်ဘီ လျံ(၁၅၀)ထက်မနည်းသော ငွေကြေးအတွက် အခွန် စည်းကြပ်မှုကို အပြည့်အဝခံယူခြင်းရှိ-မရှိမှာ စောင့် ကြည့်ရမည်လည်း ဖြစ်သည်။ ပြည်လမ်းမကြီး၏ လှိုင်မြို့နယ်အတွင်း၌ တစ်စတုရန်းပေလျှင် ကျပ် (၅၅၀ဝဝဝ) အခွန်စည်းကြပ်မည်ဟု (၂၀၂၄-၂၅) ဘဏ္ဍာရေးနှစ်အတွက် အခွန်စည်းကြပ်နှုန်းထား သတ်မှတ်ချက်တွင် ဖော်ပြထားသည်။ ယင်းအတွက် ကြောင့် ကျပ်(၁၅၀)ဘီလျံကျော်ဖြင့် အရောင်းအ ဝယ်ဖြစ်ခဲ့ပါက ဝယ်ယူသူအနေဖြင့် ကျပ်(၃၅)ဘီလျံ ကျော် အခွန်စည်းကြပ်ခံရမည်ဖြစ်ကာ အခြားသော ကျသင့်ခံရမည့် နိုင်ငံတော်ထံပေးသွင်းရမည့်ငွေ များကိုလည်း တရားဝင်ပေးသွင်းရမည်ဖြစ်သည်။ ယင်းကို အခွန်ရှောင်လွှဲပါက သို့မဟုတ် အခွန်လျော့ပေါ့ စေရန် ဌာနဆိုင်ရာအချို့နှင့်ပေါင်း၍ လျော့နည်း ပေးဆောင်မှုပြုလုပ်ပါက အခွန်တိမ်းရှောင်မှုဖြင့်တရား စွဲဆို၍ သက်ဆိုင်ရာပစ္စည်း သို့မဟုတ် အဆောက်အအုံ/မြေများကို ချိပ်ပိတ်ခံရမည်လည်း ဖြစ်သည်။

" အခုက စရန်ငွေပေးချေပြီးလို့ သတင်းစာ ကြေညာတဲ့အဆင့်၊ မြေပုံကူးတဲ့အဆင့်ပဲရှိသေးတယ်။ ငွေပေးသွင်းမယ့်အစီအစဉ်နဲ့ စာချုပ်စာတမ်းရုံးမှာ အ မည်ပေါက် ပြောင်းတာတွေလုပ်ဖို့ ကျန်သေးတယ်။ အရမ်းမြန်ရင်တောင် သုံးလလောက် ကြာမယ်။ ဒီအ ရောင်းအဝယ်က နှစ်ကုန်အထိစောင့်ကြည့်ရမယ်" ဟု ဝါရင့်အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

အင်းလျားကန် မျက်နှာချင်းဆိုင်ရှိ အဆိုပါ ခြံကြီးသည် ယခင်ဆယ်စုနှစ်များအတွင်း သင်္ကြန်ကာ လရောက်သည်နှင့် နာမည်ကျော်အဆိုတော်များ ပြည့်နှက်ခဲ့သော မဏ္ဍပ်ကြီးလည်းဖြစ်ခဲ့ဖူးသည်။ အ ငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေလက်ထက်က တည်းက ထိုစဉ်ခေတ်ကာလပေါက်ဈေးဖြင့် သက် သက်သာသာရရှိခဲ့သော တစ်ဧကခွဲကျယ်ဝန်းသည့် ခြံကြီးအတွင်း၌ လုံချင်းအိမ်ကြီး(၄)ခုထက်မနည်း ရှိထားပြီး ငွေကြေးကြွယ်ဝသူတိုင်း မျက်စိကျရသော နေရာလည်း ဖြစ်သည်။ အဆိုပါခြံကြီးကို ဝယ်ယူလိုက်သည့်ပုဂ္ဂိုလ်အနေဖြင့်လည်း နှစ်ကာလတစ်ခု အထိ မည်သည့်တည်ဆောက်မှုလုပ်ငန်းများမှ မလုပ် ဘဲ မြေဈေးကစားရန်အတွက်သာ သို့မဟုတ် ငွေမည်း လျှော်ဖွပ်ခြင်းမျိုးအတွက်သာ ဝယ်ထားခြင်းမျိုးဖြစ် ခဲ့လျှင် နိုင်ငံတော်လည်း အခွန်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည်။

အဆင့်မြင့်ရုံးခန်းနှင့် ဟိုတယ်၊ ကွန်ဒိုအိမ် ရာစီမံကိန်းများ တည်ဆောက်ခဲ့မည်ဆိုပါက အထပ် မြင့်ကွန်ဒို(၃)လုံးထက်မနည်း ရရှိနိုင်မည့်အပြင် နိုင် ငံတကာရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းရုံးခန်းများ အ တွက်လည်း အသုံးဝင်လာမည်ဖြစ်သကဲ့သို့ စီမံကိန်း တစ်ခုလုံး၏တန်ကြေးမှာလည်း ဒေါ်လာသန်း(၂ဝဝ)ထက်မနည်း ရှိလာမည်ဟု ခန့်မှန်းတွက်ချက်မိသည်။

zawgyi version
ဦးေတဇ၏ သားသမီးအမည္ေပါက္ ျပည္လမ္းၿခံႀကီးကို ကိုးကန႔္တ႐ုတ္တစ္ဦးထံ ကာလေပါက္ေဈးထက္ေလွ်ာ့၍ ေအာက္ေဈးျဖင့္ ေရာင္းခ်ေၾကာင္း သတင္းထြက္
ေအဝိုင္အီး (NP News) - ေအာက္တိုဘာ ၁၄

ရန္ကုန္ၿမိဳ႕ျပည္လမ္း အင္းလ်ားကန္ မ်က္ ႏွာခ်င္းဆိုင္ရွိ တစ္ဧကခြဲက်ယ္ဝန္းေသာ သားသမီး မ်ားအမည္ေပါက္ၿခံႀကီးကို ထူးလုပ္ငန္းစု သူေဌးႀကီး ဦးေတဇက ကာလေပါက္ေဈးထက္နည္းေသာ ေအာက္ ေဈးျဖင့္ေရာင္းခ်ရၿပီျဖစ္ေၾကာင္း NP News က စုံစမ္းသိရွိရသည္။

ေအာက္တိုဘာ(၅)ရက္က ထြက္ရွိလာေသာ ႏိုင္ငံပိုင္သတင္းစာတြင္ ထူးလုပ္ငန္းစုပိုင္ အဆိုပါ ၿခံႀကီး၏အေရာင္းအဝယ္အတြက္ ကန႔္ကြက္ လိုသူရွိပါက (၁၄)ရက္အတြင္း ကန႔္ကြက္ႏိုင္ပါေၾကာင္း ေဖာ္ျပထားျခင္းျဖစ္ၿပီး ကန႔္ကြက္သူမေပၚေပါက္ခဲ့ပါက ေအာက္တိုဘာ (၁၉)ရက္တြင္ အေရာင္း အဝယ္ကိစၥအတည္ျပဳႏိုင္မည္လည္း ျဖစ္သည္။

ဦးေတဇ၏ သားသမီးသုံးဦးအမည္ေပါက္ အဆိုပါၿခံကိစၥအတြက္ သက္ဆိုင္ရာတာဝန္ရွိပုဂၢိဳလ္ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚခင္လွတင္ထံ NP News က ေအာက္တိုဘာ (၁၁)ရက္တြင္ ဖုန္းျဖင့္ဆက္သြယ္ခဲ့ေသာ္လည္း ဖုန္းကိုင္၍ျပန္လည္ ေျဖၾကားျခင္းမရွိေသာေၾကာင့္ ကန႔္ကြက္မည့္သူ ေပၚ ေပါက္ျခင္းရွိ မရွိကို မသိရေသးေပ။ "ဝယ္သြားတဲ့သူ က တစ္စိတ္တစ္ပိုင္း စရန္ေငြေပးေခ်ၿပီးလို႔ ေျမပုံကူး တာေတြေတာင္ လုပ္ၿပီးေနေလာက္ၿပီ။ စည္ပင္က ေတာ့ ဘယ္သူဝယ္သလဲဆိုတာ သိေလာက္မွာပါ။ ၿပီး ေတာ့ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးမွာ အဆုံးသတ္ရ တာဆိုေတာ့ ဘယ္သူဝယ္တယ္ဆိုတာ အဲဒီမွာေပၚမွာပါပဲ" ဟု အိမ္ၿခံေျမလုပ္ငန္းလုပ္ကိုင္သူ ဝါရင့္တစ္ဦးက ေျပာသည္။

သတင္းစာေၾကညာခ်က္အတြင္း၌ လႈိင္ၿမိဳ႕ နယ္၊ ျပည္ လမ္း အမွတ္(၅) တည္ရွိရာ ေျမတိုင္းရပ္ ကြက္အမွတ္ (၃၂)၊ ေျမကြက္အမွတ္ (၄/က-၁) ဧရိယာ (၁ ဒသမ ၅ ဧက)ရွိ ေျမပိုင္ေျမကြက္ႏွင့္ ေျမ ေပၚရွိ အေဆာက္အအုံအပါအဝင္ အက်ိဳးခံစားခြင့္ကို ဦးျပည့္ၿဖိဳးေတဇ၊ ဦးထူးထက္ေတဇ၊ ေဒၚထူး ေထြးေတဇ တို႔ထံမွ အမည္မေဖာ္ျပထားသူတစ္ဦးက ဝယ္ယူခဲ့ၿပီးေနာက္ စရန္ေငြတစ္စိတ္တစ္ေဒသကို ေပးေခ်ထားေၾကာင္း ေဖာ္ျပထားသည္။ စတုရန္းေပ (၆၅၃၄၀) က်ယ္ဝန္းေသာ အဆိုပါေျမကြက္အတြက္ မည္သည့္ေဈးႏႈန္းျဖင့္ ဝယ္ယူသြားသည္ကို ေဖာ္ျပ ထားျခင္းမရွိသကဲ့သို႔ အေရာင္းအဝယ္လုပ္ငန္းစဥ္ တစ္ခုလုံး၏ သတင္းအခ်က္အလက္မ်ားကို ရွင္းလင္း စြာမသိရေပ။

NP News ၏ စုံစမ္းမႈအရ ျပည္လမ္းမႀကီးတစ္ေလွ်ာက္ အင္းလ်ားကန္အနီး တစ္ဝိုက္သည္ တစ္စတုရန္းေပလွ်င္ က်ပ္သိန္း(၃၀) ထက္မနည္း ေပါက္ေဈးရွိထားၿပီး စတုရန္းေပ (၆၅၀ဝဝ)ေက်ာ္ေသာ အဆိုပါေျမကြက္အတြက္ ခန႔္မွန္းေျခ က်ပ္ဘီလ်ံ(၂၀ဝ)ထက္မနည္း ရႏိုင္ေျခရွိ သည္ဟု ခန႔္မွန္းထားသည္။ သို႔ေသာ္လည္း စီးပြား ေရးအသိုင္းအဝိုင္းထဲမွ သတင္းအခ်ိဳ႕အရ ဘဏ္ေႂကြးမ်ား ဆပ္ရန္ရွိေနသည္ဟုယူဆရေသာ ဦးေတဇ တို႔အေနျဖင့္ တစ္စတုရန္းေပလွ်င္ က်ပ္(၂၃)သိန္းမွ (၂၆)သိန္းၾကားဝန္းက်င္ခန႔္သာ ေပါက္ေဈးထက္ ေလွ်ာ့၍ ေရာင္းခ်လိုက္ရျခင္းမ်ိဳးျဖစ္ေၾကာင္း ၾကားသိ ရသည္။ "ၾကားတာေတာ့ ေက်ာက္မ်က္ေလာ ကထဲ ကတစ္ေယာက္ပဲဝယ္တာတဲ့။ ကိုးကန႔္ တ႐ုတ္လို႔ လည္းေျပာတယ္"ဟု စီးပြားေရးေလာကထဲမွ သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

လြန္ခဲ့သည့္ရက္ပိုင္းအတြင္းက လူမႈကြန္ရက္မီဒီယာအခ်ိဳ႕၌ေရးသားေနၾကေသာ အခ်က္ အလက္အခ်ိဳ႕အရ က်ပ္သိန္းေပါင္း(၄)သန္းအထိ တန္ေၾကးရွိသည္ သို႔မဟုတ္ ေ႐ႊတစ္တန္ဟု ေဖာ္ျပခဲ့ ၾကၿပီး အဆိုပါေရးသားခ်က္မ်ားမွာ စိတ္ထင္ရာရမ္းသမ္းေရးသားၾကျခင္းမ်ိဳးသာျဖစ္ေၾကာင္း လုပ္ငန္းရွင္ အမ်ားစုက NP News ၏အလြတ္သေဘာ ေမးျမန္းခ်က္အေပၚ မွတ္ခ်က္ျပဳသည္။ ယင္းအျပင္ ကနဦးသတင္းထြက္ေပၚမႈအရ ဦးေတဇ၏ သားသမီး မ်ားအမည္ေပါက္ အဆိုပါတစ္ဧကခြဲၿခံႀကီးကို သူရ ဦးေ႐ႊမန္း၏သားျဖစ္သူ ဦးေအာင္သက္မန္းက ဝယ္ယူလိုက္သည္ဆိုေသာ အခ်က္ပင္ျဖစ္သည္။ က်ပ္ဘီလ်ံ(၂ဝဝ)ျဖင့္ ဝယ္ယူသည္ဟု သတင္းထြက္ ခဲ့သကဲ့သို႔ ၾကားဝင္ပြဲစားလုပ္ေပးသူလွ်င္ပင္ က်ပ္ သိန္းေပါင္း(၄ဝဝဝဝ)ခန႔္ ပြဲစားခရရွိခဲ့သည္ဟု သတင္းမ်ားထြက္ခဲ့ျခင္းလည္း ျဖစ္သည္။ "ကိုေအာင္ သက္မန္း မဝယ္ႏိုင္ပါဘူး။ မျဖစ္ႏိုင္ပါဘူး"ဟု ထူး လုပ္ငန္းစုအတြင္း၌ ျဖစ္ေပၚေနေသာ အေျခအေနအ ခ်ိဳ႕ကို သိရွိသူလုပ္ငန္းရွင္တစ္ဦးက NP News ဂ်ာနယ္ထံ မွတ္ခ်က္ျပဳသည္။ ဦးေအာင္ သက္မန္းက ရရန္ရွိသည့္ကိစၥမ်ားေၾကာင့္ ၾကားဝင္ညႇိႏႈိင္းေပးသူသာျဖစ္ႏိုင္ၿပီး ဝယ္ယူသူမျဖစ္ႏိုင္ ေၾကာင္း၊ ဝယ္ယူသည့္ပုဂၢိဳလ္မွာလည္း စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးေရာက္မွသာ မျဖစ္မေန အမည္ ေဖာ္ျပရလိမ့္မည္ျဖစ္ေၾကာင္း သတင္းရင္းျမစ္က ေျပာသည္။ သို႔ေသာ္လည္း ရန္ကုန္ၿမိဳ႕ရွိ တန္ဖိုးႀကီး ေျမကြက္မ်ားကို ျမန္မာလုပ္ငန္းရွင္နာမည္ခံ၍ တ႐ုတ္သူေဌးမ်ားက ဝယ္ယူထားျခင္းမ်ား အမ်ားအ ျပားရွိေနေၾကာင္း အိမ္ၿခံေျမေဈးကြက္အတြင္း၌ သတင္းမ်ားထြက္ေနသည္။

ဆယ္စုႏွစ္ႏွစ္ခုေက်ာ္ ပိုင္ဆိုင္ထားခဲ့ၿပီးမွ လက္လႊတ္ေရာင္းခ်ျခင္းလုပ္ခဲ့ရသည့္ ထူးလုပ္ငန္းစု ပိုင္ ျပည္လမ္းၿခံႀကီး၏အေရာင္းအဝယ္အတြက္ ေျမအေရာင္းအဝယ္ဆိုင္ရာေရွ႕ေနမ်ား၊ ပြဲစားမ်ားႏွင့္ ဝယ္ယူသူဘက္မွ ကိုယ္စားလွယ္မ်ားက ရန္ကုန္စည္ ပင္႐ုံး၊ အခြန္႐ုံး၊ တံဆိပ္ေခါင္း႐ုံးႏွင့္ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတို႔တြင္ ယခုရက္ပိုင္းအတြင္း အလုပ္မ်ား ရႈပ္ေနၾကသည္ဟု ၾကားသိရသည္။ "ဦးေတဇဟာက တကယ္ေတာ့ ေရာင္းေနတာၾကာၿပီ။ အခုမွ တည့္သြား တဲ့သေဘာပဲ။ ကန္ေတာ္ႀကီးေစာင္းက ေျမကြက္ႀကီး လည္း ထုတ္ေရာင္းေနတာပဲေလ"ဟု အျမင့္ပိုင္း ေျမကြက္မ်ားကိုသာ ဝန္ေဆာင္မႈေပးေနသူတစ္ဦးက NP News ကို ေျပာသည္။ စိတ္ဝင္စားဖြယ္ ေကာင္းသည့္အခ်က္မ်ားမွာ ေျမကြက္ကို ဝယ္ယူ သည့္ပုဂၢိဳလ္၏ ေငြေၾကးမ်ားဆိုင္ရာ ရာဇဝင္ပင္ျဖစ္သည္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဦးေဆာင္၍ သုံးႀကိမ္တိုင္တိုင္အလႉခံသည့္ ေရေဘးအလႉခံရ ရွိေငြ က်ပ္ဘီလ်ံ(၅၀)ေက်ာ္၏ သုံးဆထက္မနည္း ေသာ ေငြေၾကးမ်ိဳးကို ဝယ္ယူသူက မည္သည့္ဘဏ္မွ တစ္ဆင့္ မည္သည့္ေငြေပးေခ်မႈစနစ္ကိုသုံး၍ ေပး ေခ်မည္နည္းဆိုေသာ အခ်က္ပင္ျဖစ္သည္။

ဦးေတဇ၏ ထူးလုပ္ငန္းစုကလည္း က်ပ္ ဘီလ်ံ(၁၅၀)ေက်ာ္ေသာ ေငြေၾကးမ်ိဳးရရွိရန္အတြက္ တန္ဖိုးႀကီးေသာ ၿခံႀကီးကို မည္သည့္အတြက္ေၾကာင့္ ထုတ္ေရာင္းလိုက္ရသနည္းဆိုေသာအခ်က္လည္း အပါအဝင္ျဖစ္သည္။ ဝယ္ယူသူအေနျဖင့္ က်ပ္ဘီ လ်ံ(၁၅၀)ထက္မနည္းေသာ ေငြေၾကးအတြက္ အခြန္ စည္းၾကပ္မႈကို အျပည့္အဝခံယူျခင္းရွိ-မရွိမွာ ေစာင့္ ၾကည့္ရမည္လည္း ျဖစ္သည္။ ျပည္လမ္းမႀကီး၏ လႈိင္ၿမိဳ႕နယ္အတြင္း၌ တစ္စတုရန္းေပလွ်င္ က်ပ္ (၅၅၀ဝဝဝ) အခြန္စည္းၾကပ္မည္ဟု (၂၀၂၄-၂၅) ဘ႑ာေရးႏွစ္အတြက္ အခြန္စည္းၾကပ္ႏႈန္းထား သတ္မွတ္ခ်က္တြင္ ေဖာ္ျပထားသည္။ ယင္းအတြက္ ေၾကာင့္ က်ပ္(၁၅၀)ဘီလ်ံေက်ာ္ျဖင့္ အေရာင္းအ ဝယ္ျဖစ္ခဲ့ပါက ဝယ္ယူသူအေနျဖင့္ က်ပ္(၃၅)ဘီလ်ံ ေက်ာ္ အခြန္စည္းၾကပ္ခံရမည္ျဖစ္ကာ အျခားေသာ က်သင့္ခံရမည့္ ႏိုင္ငံေတာ္ထံေပးသြင္းရမည့္ေငြ မ်ားကိုလည္း တရားဝင္ေပးသြင္းရမည္ျဖစ္သည္။ ယင္းကို အခြန္ေရွာင္လႊဲပါက သို႔မဟုတ္ အခြန္ေလ်ာ့ေပါ့ ေစရန္ ဌာနဆိုင္ရာအခ်ိဳ႕ႏွင့္ေပါင္း၍ ေလ်ာ့နည္း ေပးေဆာင္မႈျပဳလုပ္ပါက အခြန္တိမ္းေရွာင္မႈျဖင့္တရား စြဲဆို၍ သက္ဆိုင္ရာပစၥည္း သို႔မဟုတ္ အေဆာက္အအုံ/ေျမမ်ားကို ခ်ိပ္ပိတ္ခံရမည္လည္း ျဖစ္သည္။

" အခုက စရန္ေငြေပးေခ်ၿပီးလို႔ သတင္းစာ ေၾကညာတဲ့အဆင့္၊ ေျမပုံကူးတဲ့အဆင့္ပဲရွိေသးတယ္။ ေငြေပးသြင္းမယ့္အစီအစဥ္နဲ႔ စာခ်ဳပ္စာတမ္း႐ုံးမွာ အ မည္ေပါက္ ေျပာင္းတာေတြလုပ္ဖို႔ က်န္ေသးတယ္။ အရမ္းျမန္ရင္ေတာင္ သုံးလေလာက္ ၾကာမယ္။ ဒီအ ေရာင္းအဝယ္က ႏွစ္ကုန္အထိေစာင့္ၾကည့္ရမယ္" ဟု ဝါရင့္အိမ္ၿခံေျမလုပ္ငန္းရွင္တစ္ဦးက သုံးသပ္ေျပာၾကားသည္။

အင္းလ်ားကန္ မ်က္ႏွာခ်င္းဆိုင္ရွိ အဆိုပါ ၿခံႀကီးသည္ ယခင္ဆယ္စုႏွစ္မ်ားအတြင္း သၾကၤန္ကာ လေရာက္သည္ႏွင့္ နာမည္ေက်ာ္အဆိုေတာ္မ်ား ျပည့္ႏွက္ခဲ့ေသာ မ႑ပ္ႀကီးလည္းျဖစ္ခဲ့ဖူးသည္။ အ ၿငိမ္းစားဗိုလ္ခ်ဳပ္မႉးႀကီး ဦးသန္းေ႐ႊလက္ထက္က တည္းက ထိုစဥ္ေခတ္ကာလေပါက္ေဈးျဖင့္ သက္ သက္သာသာရရွိခဲ့ေသာ တစ္ဧကခြဲက်ယ္ဝန္းသည့္ ၿခံႀကီးအတြင္း၌ လုံခ်င္းအိမ္ႀကီး(၄)ခုထက္မနည္း ရွိထားၿပီး ေငြေၾကးႂကြယ္ဝသူတိုင္း မ်က္စိက်ရေသာ ေနရာလည္း ျဖစ္သည္။ အဆိုပါၿခံႀကီးကို ဝယ္ယူလိုက္သည့္ပုဂၢိဳလ္အေနျဖင့္လည္း ႏွစ္ကာလတစ္ခု အထိ မည္သည့္တည္ေဆာက္မႈလုပ္ငန္းမ်ားမွ မလုပ္ ဘဲ ေျမေဈးကစားရန္အတြက္သာ သို႔မဟုတ္ ေငြမည္း ေလွ်ာ္ဖြပ္ျခင္းမ်ိဳးအတြက္သာ ဝယ္ထားျခင္းမ်ိဳးျဖစ္ ခဲ့လွ်င္ ႏိုင္ငံေတာ္လည္း အခြန္နစ္နာဆုံးရႈံးမႈမ်ား ျဖစ္ေပၚႏိုင္သည္။

အဆင့္ျမင့္႐ုံးခန္းႏွင့္ ဟိုတယ္၊ ကြန္ဒိုအိမ္ ရာစီမံကိန္းမ်ား တည္ေဆာက္ခဲ့မည္ဆိုပါက အထပ္ ျမင့္ကြန္ဒို(၃)လုံးထက္မနည္း ရရွိႏိုင္မည့္အျပင္ ႏိုင္ ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ လုပ္ငန္း႐ုံးခန္းမ်ား အ တြက္လည္း အသုံးဝင္လာမည္ျဖစ္သကဲ့သို႔ စီမံကိန္း တစ္ခုလုံး၏တန္ေၾကးမွာလည္း ေဒၚလာသန္း(၂ဝဝ)ထက္မနည္း ရွိလာမည္ဟု ခန႔္မွန္းတြက္ခ်က္မိသည္။

Related news

© 2021. All rights reserved.