“ကျွန်မကိုယ်တိုင်လည်း ငြိမ်းချမ်းရေးစကားပြောရင် ရန်သူလို့သတ်မှတ်တဲ့အထိ စစ်သွေးကြွခဲ့ဖူးပါတယ်’’
12883
သုတကျော် (NP News) - အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)သည် မြန်မာ့ငြိမ်းချမ်းရေးအတွက် မီးရှူးတန်ဆောင် ဖြစ်ခဲ့သည်။ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုများ၏ရလဒ်လည်း ဖြစ်ခဲ့သည်။ သို့သော် လက်ရှိတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်နေသည်မှာလည်း ငြင်းမရသည့် အမှန်တရား တစ်ခုဖြစ်သည်။ အဆိုပါကိစ္စများနှင့်ပတ်သက်၍ NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားပြီး ယခုထိ မြန်မာ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်နေသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို NP News မှ မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - မြန်မာ့နိုင်ငံရေးပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဆရာမရဲ့အမြင်ကို ပထမဆုံး သိချင်ပါတယ်။ NCA စာချုပ်ဖြစ်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပြီးတဲ့နောက် လက်ရှိအခြေအနေကို ဆရာမ ဘယ်လိုမြင်ပါသလဲ။
ဖြေ - မြန်မာနိုင်ငံမှာ ပဋိပက္ခက လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတယ်လို့ ပြောလို့ရတယ်။ အဲဒီလို လွတ်လပ်ရေးနဲ့ အတူပေါက်ဖွားလာတဲ့ ကြီးလေးတဲ့ ပြဿနာလို့လည်း ပြောလို့ရတယ်။ အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် နည်းလမ်းရှာ ခဲ့ကြတယ်။ နည်းလမ်းရှာတဲ့အခါ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ တိုင်းရင်းသားတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ခေါ်တဲ့အခါ တိုင်းရင်းသားတွေကလည်း ငြိမ်းချမ်းရေးအတွက် စကားပြောရမယ်ဆိုပြီး ပြည်တွင်းကိုဝင်လာပြီးတော့ စကားပြောဖို့အတွက် နည်းလမ်းတွေရှာခဲ့ကြတယ်။ အဲဒီလို နည်းလမ်းတွေရှာရင်းနဲ့ပဲ တိုင်းပြည်အတွက် နည်းလမ်း တွေကိုပြောတဲ့အခါမှာ ဖက်ဒရယ် ဆိုတဲ့စကားကို ပြောလာခဲ့ကြတာပေါ့။ ကျွန်မတို့ပြော လိုက်တဲ့အခါ နားမခံသာတာ တွေလည်း ရှိခဲ့ပါတယ်။ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးဆိုပြီးတော့ အမြင်တွေ အများကြီးရှိခဲ့ကြတယ်။ ဒါပေမဲ့ ဖက်ဒရယ်ဆိုတာ ခွဲ ထွက်ရေးမဟုတ်ဘူး၊ ဖက်ဒရယ်ဆိုတာ ရွာတစ်ရွာနဲ့ တူတယ်။ မြင်သာ ထင်သာအောင် ဥပမာနဲ့ ပေးရမယ် ဆိုရင်ပေါ့။ အဲဒီရွာမှာဆိုရင် ပြည်သူလူထုကရွေး ကောက်တင်မြှောက်ထားတဲ့ ရွာသူကြီးရှိတယ်။ အရပ် လူကြီးအဖွဲ့ဆိုတာ ရှိတယ်။ အဲဒီရွာမှာ ရွာသူကြီးဟာ အိမ်တိုင်းအိမ်တိုင်းကိုဝင်ပြီး မချုပ်ချယ်ဘူးပေါ့။ အိမ်တိုင်းက လူတွေဟာ ကိုယ့်စီးပွားရေးကိုယ် တည်ဆောက်လို့ရတယ်။ ကြက်မွေးချင်တဲ့သူတွေက ကြက်မွေး၊ စိုက်ပျိုးရေး လုပ်ချင်တဲ့သူ စိုက်ပျိုးရေးလုပ်၊ ဝင်ငွေ ကိုယ့်ဘာသာကိုယ်ရှာ စသည်ဖြင့် တစ်ဦးအိမ် ကိုတစ်ဦး ဝင်မစွက်ဘူးပေါ့။ သဘောထားတွေမှာလည်း ကျွန်မရဲ့အမြင်သဘောထားက အဲဒီလိုရှိခဲ့လို့ အဲဒီလိုဥပဒေကို မြန်မာပြည်သူ ပြည်သား တွေကို အမြဲတမ်း ပြောဖြစ်တယ်။ ဖက်ဒရယ်ဟာ ခွဲထွက်ရေး မဟုတ်ဘူး။ တိုင်းရင်းသားခေါင်းဆောင်တွေက ပြော လာတဲ့အခါမှာ ခွဲထွက်ရေးမဟုတ်ဘူးဆိုတဲ့ သာဓကတွေကို အများကြီး သက်သေပြခဲ့ကြရတယ်။ အဲဒီအချိန်မှာ သမ္မတ ဦးသိန်းစိန်က ဒီနိုင်ငံမပြိုကွဲဘူးဆိုရင် အားလုံးအကြောင်းအရာတွေ ဆွေးနွေးလို့ရတယ်ပေါ့။ အဲဒီလို သမ္မတကြီးက လိုက်လျောခဲ့တာရှိပါတယ်။ ဒီ NCA စာချုပ် ဖြစ်ပေါ်လာဖို့ရာအတွက် ကျွန်မမှတ် မိသလောက်ဆိုရင် တစ်နှစ်နဲ့ကိုးလ ကျော်တယ်။ တိတိကျကျဆိုရင် တစ်နှစ်ကိုးလနဲ့ဆယ့်လေးရက်။ တခြားသူတွေရဲ့ မှတ်တမ်းအရဆိုရင်တော့ ဒီထက် တောင် ပိုများသေးတာပေါ့။ အဲဒီလို ကြိုးပမ်းခဲ့ကြတယ်။ NCA က တန်ဖိုးမရှိတော့ဘူး(ပြောကြတယ်)။ NCA စာချုပ်ဖြစ်လာဖို့ အစည်းအဝေးပေါင်း (၅၀ဝဝ)ကျော်ရှိခဲ့တယ်။ အဲဒီအထဲမှာမှ NCA စာချုပ်တစ်ခု ကို ကြိုးစားပမ်းစား ရရှိလာခဲ့ကြတာပေါ့။ ဒါပေမဲ့ လောလောဆယ်မှာ ဝမ်းနည်းစရာကောင်း တာက မြန်မာပြည်မှာ ဃြဗ ရဲ့အနှစ်သာရကို ပေါ် လွင်အောင် အကောင်အထည်မဖော်နိုင်ခဲ့ကြဘူး။ မဖော်နိုင်ခဲ့ကြဘဲနဲ့ ဖြစ်သွားတယ်။ အဓိက ကျွန်မတို့ မြန်မာနိုင်ငံ သားတွေက စကားပြောတယ်၊ ဆွေးနွေးတယ်၊ နိုင်ငံရေးအရဖြစ်ပေါ်လာတဲ့ပြဿနာကို ဆွေးနွေး၊ စဉ်းစားတဲ့အခါ ကိုယ့်ဘက်ကပဲ ရပ်ပြီးပြောခဲ့ကြ တဲ့အကြောင်းအရာတွေရှိတယ်လို့ အများကြီးသုံးသပ် ရတယ်။ အဲဒါကြောင့် ပြည်တွင်း မှာ မဖြစ်သင့်တာတွေ ဖြစ်လာရတာပေါ့။
မေး - တချို့က NCA စာချုပ်ကြီးဟာ အသုံးမဝင် တော့ဘူး၊ တန်ဖိုးမရှိတော့ဘူးလို့ အမနာပ ပြောခဲ့ ကြတာရှိပါတယ်။ ဒီစာချုပ်ကြီးဖြစ်လာဖို့ ကျားကုတ် ကျားခဲကြိုးစားခဲ့ရတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘာပြောချင်ပါသလဲ။
ဖြေ - ဒီစကားကို ကျွန်မအနေနဲ့ပြောမယ်ဆိုရင် မပြောသင့်ဘူး။ ရရှိလာတဲ့စာချုပ်တစ်ခုကို တန်ဖိုးမရှိဘူးဆိုရင် ရွေးခဲ့ကြ တဲ့ သူတွေလည်း တန်ဖိုးမရှိ သလိုဖြစ်သွားတယ်။ မြန်မာနိုင်ငံမှာဆိုရင် ပင်လုံ စာချုပ်။ ပင်လုံစာချုပ်ပြီးရင် တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ အစိုးရနဲ့ချုပ်ဆိုတဲ့ ပထမဆုံး စာချုပ်၊ ဒီစာချုပ်ကလေ။ ဒီစာချုပ်ချုပ်တဲ့ အချိန်မှာ နိုင်ငံတော်သမ္မတလည်းပါတယ်။ တပ်မတော်ရဲ့ အကြီးအကဲလည်းပါတယ်။ တိုင်းရင်းသား ဘက်ကလည်း လူကြီးလူကောင်းတွေ အားလုံးပါတယ်။ အထူးသဖြင့် နိုင်ငံတကာ အသိသက်သေတွေ ပါတယ်။ ဒီလောက် တန်ဖိုးရှိရှိ ကျားကုတ်ကျားခဲနဲ့ ကြိုးပမ်းခဲ့ကြတာကို တန်ဖိုးမရှိဘူးလို့ မပြောသင့်ဘူး ထင်တယ်။ ကျွန်မအနေနဲ့လည်း ဒီအတိုင်းပဲ ဆက်ပြီး လျှောက်နေတာ ဖြစ်တယ်။
မေး - ဒုတိယအချက်က NCA စာချုပ်မှာပါတဲ့ တချို့က ထွက်မယ်ဆိုပြီး ခြေလှမ်းပြင်နေတာရှိပါတယ်။ ဘာများ သုံးသပ် ချင်ပါသလဲခင်ဗျာ။
ဖြေ - ကျွန်မ ပြောပြီးပါပြီ။ NCA မှာဆိုရင် နိုင်ငံရေး အင်အားစုအားလုံးပါတဲ့ ဆွေးနွေးပွဲတစ်ခုဖြစ်အောင် ကြိုးပမ်းမယ်ဆိုပြီးတော့ လက်နက်ကိုင်ပဋိပက္ခကို ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီးကမ်းလှမ်းခဲ့တဲ့စကားပေါ့။ အဲဒီလို ကမ်းလှမ်းခဲ့တာက နိုင်ငံရေးအင် အားစုများ အားလုံးပါဝင်ရေး။ ကျွန်မတို့ဆိုရင် အမှန်က အစိုးရနဲ့တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကပဲ ပြောနေကြတာ။ နိုင်ငံရေးပါတီ တွေကိုပါဆွဲခေါ်ခဲ့တယ်။ နိုင်ငံရေးပါတီတွေ ကလည်း ပြောခွင့်ရှိရမယ်။ သူတို့လည်းပါသင့်တယ်။ အဲဒီလောက်အထိ သဘောထားကြီးခဲ့ကြတယ်။ သူတို့ပါဝင်ဖို့ လည်း တိုက်တွန်းခဲ့တယ်။ ကျွန်မဆိုရင် တစ်ဦးတည်းသော အမျိုးသမီး။ အမျိုးသမီးပေါင်းစုံ ပါလာနိုင်ဖို့ အစည်းအဝေး တိုင်းမှာ တောင်းဆိုခဲ့တယ်။ အမျိုးသမီးတွေပါဝင်ခွင့်လည်း အမှန်တကယ်ရရှိခဲ့တာပေါ့။ စာချုပ်ချုပ်ဆိုဖို့ နှစ်ပတ်လည် အခမ်းအနား တစ်ခုမှာဆိုရင် ကျွန်မတို့က အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တာလည်းရှိပါတယ်။ NCA အနှစ်သာရနဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမယ်၊ ဖြည့်စွက်ရမယ်ဆိုပြီး ပြောခဲ့တာ တွေရှိပါတယ်။ နောက်ပြီးတော့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို ဆွေးနွေးပွဲ ရလဒ်တွေနဲ့အညီ အကောင် အထည်ဖော်ဖို့ပေါ့။ ဒီအချက်တွေကတော့ NCA ရဲ့ အဓိကကျတဲ့ အနှစ်သာရတွေ၊ အချက်အလက်တွေ ဖြစ်တယ်။ ဆိုတော့ ဒီအနှစ်သာရတွေထဲမှာ လိုအပ်တာဘာရှိနေလဲဆိုရင် တစ်ဖက်ဖက်က အတ္တမကြီးသင့်ဘူးလို့ ကျွန်မသုံး သပ်တယ်။ အဓိကပဋိပက္ခဖြစ်နေတာသည် နိုင်ငံရေးပါတီနဲ့ ပဋိပက္ခ ဖြစ်နေတာမဟုတ်ဘူး။ တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ဖြစ်တာ။ အစိုးရဆိုတာက အခုတပ်မတော် အစိုးရတစ်ရပ်ကို ပြောတာ မဟုတ်ဘူး။ အဆက်ဆက်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းတွေနဲ့ ဖြစ်လာခဲ့တာ။ ဘာကြောင့် ဖြစ်လာခဲ့ကြလဲ။ ဖက်ဒရယ်နိုင်ငံ မပေါ်ပေါက်လို့ ဖြစ်လာခဲ့တာ။ ဒါကြောင့် ဖက်ဒရယ်နိုင်ငံကို အမှန်တကယ် တည် ဆောက်မယ်ဆိုရင် နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးတာ တစ်ကဏ္ဍ။ မဆွေးနွေးရဘူး မပြောဘူး။ အဓိက က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အစိုးရကြားမှာ သဘောတူညီချက်က အရေးအကြီးဆုံး ဖြစ်တယ်။ အဲဒီလိုပဲ ကျွန်မမြင်တယ်။
မေး - ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြောကြတဲ့အခါ တစ်ဖက်ကနေ တပ်မတော်ဟာ နိုင်ငံရေးကထွက်ရ မယ်ဆိုပြီး ပြောတယ်။ တပ်မတော်ဟာ တကယ်ပဲ ထွက်ပေးရမှာလား။
ဖြေ - ဆွေးနွေးရမှာပေါ့နော်။ ကိုယ်ထင်တာ ကိုယ်ပြောနေရင် ပဋိပက္ခပဲ ပိုကြီးမယ်။ ခံစားချက်တွေပဲ ပြင်းထန်မယ်။ အခုက တပ်မတော်ရှိနေတယ်ဆိုရင် တပ်မတော်ဘက်ကလည်း ပြောတာပေါ့နော်။ ကျွန်တော်တို့ နိုင်ငံရေးကနေထွက် မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေက လက်နက်ကိုင်ထားတာ မရှိစေရဘူး။ လက်နက်ကိုင်ဆောင်ထားတာမရှိတဲ့အခြေအနေမှာ နိုင်ငံရေးကထွက်ပေးမယ်ဆိုပြီး ပြန်ပြောတာရှိပါတယ်။ အခု လည်း လက်ရှိအခြေအနေမှာ ရှိနေတယ်။ ရှိနေတယ် ဆိုရင် ချက်ချင်းဖယ်ပါ၊ သွားပါဆိုရင် ပဋိပက္ခ ပိုကြီးမယ်။ အဲဒါကြောင့် မို့လို ဘယ်လိုအဖြေရှာကြမှာလဲပေါ့။ ကိုယ်ထင်တာ၊ ကိုယ်ခံယူထားတာ တစ်ခုတည်းကိုပဲ ပြောမနေကြပါနဲ့။ အဲဒီလို ပြောနေရင် မမှန်နိုင်ဘူး။ ကိုယ်ရပ်တည်တဲ့ဘက်က ပြောနေတာဖြစ်တယ်။ တပ်မတော်ဘက်ကလည်း ပြန်ပြီး သုံးသပ်ရမှာ က ပြဿနာဖြစ်ခြင်းသည် လက်နက်ကိုင်ဆောင်ထားသော ပုဂ္ဂိုလ်များနှင့်အစိုးရကြား ဖြစ်နေတာ။ ဘယ်လို ပဋိပက္ခ ပြေလည်ဖို့ လမ်းစကိုရမှာလဲ။ ကိုယ်ချည်းပဲ နိုင်ရမယ်ဆိုတာ မဟုတ်ဘူး။ ဟိုလူတွေကလည်း နိုင်လိုသော ဆန္ဒ၊ ရလိုချင်သော ဆန္ဒကြောင့်ပြောတာ။ ဒါကြောင့် နှစ်ဦးနှစ်ဖက် ကိုယ်မသာ၊ သူမနာ။ နှစ်ဦး နှစ်ဖက် နိုင်ရမှာပေါ့။ Win-Win ပေါ်လစီကို ကျ အောင် ဘယ်လိုချမလဲဆိုတာ နှစ်ဖက်စလုံးက ပြော ကြရအောင်၊ ဆွေးနွေးရအောင်၊ ဆွေးနွေးပွဲကို ကျင်း ပကြရအောင်၊ ဒါကိုပဲ ကျွန်မပြောချင်တယ်။
မေး - ဆရာမ ဆိုလိုချင်တာက နိုင်ငံရေးဆွေးနွေး ပွဲကိုလား။
ဖြေ - နိုင်ငံရေးဆွေးနွေးပွဲဖြစ်လာအောင် ကိုယ့်ဘက်သူ့ဘက်က အရင်လျှော့ရပါမယ်။ ဆွေးနွေးပွဲမှာဆိုရင် ကိုယ်ထင်တာ ကိုယ်ရလိုခြင်းကို မကြည့်ပါနဲ့။ နှစ်ဖက်စလုံးက ရနိုင်သောအခြေအနေ၊ နိုင်နိုင်သော အခြေအနေကို ကျွန်မတို့ ကြိုးပမ်း ကြရမယ်။ အဲဒီလို မျိုးဖြစ်ဖို့ဆိုရင် စကားဝိုင်းနဲ့စရမှာ ဖြစ်တယ်။ ကျွန်မ တို့စခဲ့တဲ့အချိန်မှာဆိုရင် နှစ်ပေါင်း(၆၀)ကျော် ဖြစ်လာတဲ့ ပဋိပက္ခကို NCA မတိုင်ခင်မှာ ဆွေးနွေးပွဲနဲ့ ထိန်းနိုင်ခဲ့တာပဲ။ ဆွေးနွေးပွဲလုပ်နေတဲ့အချိန်မှာ ဘယ်သေ နတ်သံမှ မပေါက်ဘူးလို့ပြောလို့ရတဲ့ အနေအထားရှိခဲ့တယ်။ သေနတ်သံပေါက်တယ်ဆိုရင် လည်း ချောင်ကြိုချောင်ကြား မှာ နည်းနည်းပါးပါး လောက်ပဲဖြစ်ခဲ့တာ။ သေနတ်သံစဲခဲ့တယ်။ အဲဒါ ဘယ်လောက် ဝမ်းသာစရာကောင်းလဲ။ အခုက သွေး ချောင်းစီးတယ်လေ။ တစ်နိုင်ငံလုံးမှာ စီးနေတာ မြင်လို့ ကောင်းရဲ့လား။ အဲဒါကိုပဲ မေးခွန်းထုတ်ချင်တာ။ ငြိမ်းချမ်း ရေးဆွေးနွေးပွဲကို အားလုံးပါဝင်နိုင်ရင် သေနတ်သံက စဲမယ်။ ပါဝင်နိုင်ဖို့ဆိုရင် ကတိကဝတ်တွေ ဘယ်လို ထားကြမလဲ ပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးနေ ရင် ဘယ်ထောင့်မှာမှ သေနတ်မပေါက်စေရဘူးဆိုတဲ့ ကတိကဝတ်ကို ထားကြမှာလား။ ထားလို့ ကျွန်မ မပြောဘူးနော်။ ဘယ်လို ကတိကဝတ်တွေ ထားကြမှာလဲ။ ကတိကဝတ်တွေထားကြမယ်ဆိုရင် လက်နက် ကိုင်ဆောင်ထားကြမယ်ဆိုရင် လက်နက်ကိုင်ဆောင် ထားတဲ့အဖွဲ့အစည်းကြီး နှစ်ဖက်ပေါ့။ တစ်ဖက်က အစိုးရ၊ တစ်ဖက်က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေပေါ့။ လက်နက်ကိုင် ဆောင်ထားသော နှစ်ဖက်စလုံးက စဉ်းစားကြရမှာ ဖြစ်ပါတယ်။
မေး - အခုအင်တာဗျူးမှာ တစ်လက်စတည်း မေးချင်တာက ဆရာမတို့အနေနဲ့ NCA စာချုပ် ဖြစ်မြောက်ရေးနဲ့ပတ်သက် ပြီး ကြုံရတဲ့အကြီးဆုံး အခက်အခဲက ဘာများဖြစ်ခဲ့ပါသလဲ။ ဘယ်လိုများ ဖြတ်ကျော်ခဲ့ကြပါသလဲ။ အမှတ် တရဖြစ်စရာ အကြောင်း အရာ တစ်ခုလောက် ပြောပြပေးပါလား ခင်ဗျာ။
ဖြေ - (၂၀၁၇)လို့ ကျွန်မမှတ်မိတာပေါ့နော်။ အဲဒီတုန်းက နေပြည်တော်မှာ ဆွေးနွေးဖို့ဆိုတဲ့ ဆွေးနွေးပွဲတစ်ခုကို ဖန်တီးခဲ့ကြတယ်။ အမှန်ကတော့ နေပြည်တော်မှာ ဆွေးနွေးဖို့မဟုတ်ဘူး။ ပုပ္ပားမှာ ကျွန်မတို့ ဆွေးနွေးကြမယ်။ ဆွေးနွေးတယ်ဆိုတာက ကျွန်မတို့အကြောလျှော့ကြမှာပေါ့လေ။ အဓိကအားဖြင့် ဆွေးနွေးကြတဲ့ ပုဂ္ဂိုလ်တွေထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေးတဲ့အခါ အာဃာတတွေ ပြေပျောက်သွားအောင်၊ ပုပ္ပားမှာလည်း အနားယူကြ မှာပေါ့။ တော်တော်လည်း ပင်ပန်းနေကြပြီ။ ပုပ္ပားမှာ အနားယူပြီးတော့မှ ကျွန်မတို့ ဆွေးနွေးကြမယ်လို့ပြောတဲ့ အခါ ပုပ္ပားမှာ အဲဒီလောက် ခေါင်းဆောင်တွေကိုထားဖို့ကျတော့ ခေါင်းဆောင်တွေချည်းမှ နေလို့မရတာ။ လုံခြုံရေး အရာရှိတွေ လိုအပ်တယ်၊ PA တွေပါမယ်။ အကုန်လုံးတွက်လိုက်ရင် လူက(၇၀၊ ၈၀) လောက် ဖြစ်သွားတယ်။ အဲဒီတော့ ပုပ္ပားမှာ နေရာမရှိဘူး။ နေစရာမရှိတော့ နေပြည်တော်မှာ ဆွေးနွေးမယ်ဆိုပြီး ဖြစ်သွားတယ်။ (အဲဒီဆွေးနွေးပွဲမှာက) ဘယ် နေရာမှာ အခက်အခဲဖြစ်သွားလဲဆိုတော့ တစ်ခုတည်းသော တပ်မတော်ပေါ့နော်။ တစ်ခုတည်းသော တပ်မတော် ဆိုတဲ့ဟာတစ်ခုတက်လာတော့ တိုင်းရင်းသားတွေက စိတ်ထဲမှာခံစားချက်မကောင်းဖြစ်ခဲ့ကြပြီး ဆွေးနွေးပွဲ တောင်ရပ် သွားပြီ။ ကျွန်မတို့က ပြန်ထိုင်ရတယ်။ ဟိုဘက်ကခေါင်းဆောင်တွေကိုလည်း ပြန်ပြောပြ၊ ဒီဘက်ကခေါင်းဆောင် တွေကိုလည်း ပြန်ပြောပြ အဲဒီလိုပုံစံ ဖြစ်ခဲ့ကြတာရှိတယ်။ အစည်းအဝေးပြီးတာနဲ့ ထုတ်ပြန်ချက်တွေထွက်လာတာပေါ့။ အဲဒီလို အနေ အထားမျိုးပါ။ တစ်ခုတည်းသောတပ်မတော်ဆိုတဲ့ ကိစ္စ ကျွန်မတို့ကပြောပြတယ်။ တိုင်းရင်းသားခေါင်း ဆောင်တွေအချင်းချင်းထဲမှာလည်း ကျွန်မတို့ ပြော ကြတယ်။ အဲဒါကဘာလဲဆိုရင် တစ်ခုတည်းသော တပ်မတော်ဆိုတာ နိုင်ငံတစ်ခုတည်းမှာ အမှန်တကယ်ဖြစ်လာရမှာက မူဖြစ်တယ်။ အဲဒါကို တစ်ခုတည်းသောတပ်မတော်ကို ဘယ်လိုပုံစံမျိုး နဲ့ ဖွဲ့စည်းမှာလဲလို့ အချက်အလက်တွေက အများကြီး စဉ်းစားရမှာ။ တစ်ဖက်ကကျတော့လည်း တိုင်းရင်းသားတွေ ဘက်က ဗိုလ်လောင်း စနစ်တကျဆင်းထားတာမ ဟုတ်ဘူးလို့အမြင်တွေလည်း တရားဝင်မဟုတ်ပေမယ့် ကြားရတာ ပေါ့။ တိုင်းရင်းသားတွေ ဘက်ကကျ တော့လည်း အဲဒါဆိုငါတို့လူတွေကို ပေးလိုက်ရမှာလား။ အဲဒါမျိုးတွေ အများကြီးခံ စားခဲ့ရပြီး ဆွေးနွေးပွဲကြီးရပ်သွားခဲ့ရတဲ့ အနေအထားရှိပါတယ်။ ပြီးမှ ဟိုဘက်၊ ဒီဘက် ပြန်ပြီးတော့မှ ဆက်သား တွေလွှတ် ကြတယ်။ တိုင်းရင်းသားတွေဘက်ကိုလည်း အစိုးရ ဘက်က လွှတ်တယ်။ တိုင်းရင်းသားတွေ ဘက်က လည်း ငါးဦးပါဝင်တဲ့ ကိုယ်စားလှယ်တွေ လွှတ်တယ်။ အဲဒီလိုလွှတ်ရင်းနဲ့ ဆွေးနွေးပွဲတွေ ပြန်ဖြစ်အောင် ကြိုးပမ်းခဲ့ကြတာ ရှိပါတယ်။
မေး - NCA စာချုပ်ကြီးဖြစ်လာဖို့ အချိန်များစွာယူ၊ တစ်ယောက်နဲ့တစ်ယောက် သည်းခံခွင့်လွှတ်ပြီးတော့ လက်မှတ် ထိုးတဲ့အဆင့်အထိ သွားခဲ့ရတာဖြစ်ပါ တယ်။ လက်ရှိအချိန်မှာ NCA ရဲ့ အနာဂတ်က ဝေဝါးသွားတယ် ထင်ပါသလား။ NCA စာချုပ်ကြီးဟာ အရင်လို ပြန်ပြီး တောက်ပနိုင်အောင် ဘာတွေလုပ်ဖို့ လုပ်မယ်လို့ ထင်ပါသလဲခင်ဗျ။
ဖြေ - ကျွန်မရဲ့အမြင်ကိုပြောရမယ်ဆိုရင် NCA စာချုပ်ကို မရခင်မှာ လက်မှတ်မထိုးခင်မှာပါခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေပေါ့။ အဲဒီလိုပုဂ္ဂိုလ်တွေ ပြန်ဆုံဖို့လိုပါတယ်။ အစိုးရဘက်ကလည်း အဲဒီကိုယ်စားလှယ် တွေကိုပြန်ထည့်။ ကျွန်မတို့ ဘက်ကလည်း ပြန်ထည့်။ အဲဒါမျိုးဆွေးနွေးကြမယ်ဆိုရင် ဘာအချက်တွေမှာ အားနည်းချက်ရှိခဲ့သလဲ။ အဓိကအားဖြင့် တော့ ခံယူချက်၊ ခံစားချက်။ ဆိုလိုတာက နှစ်ဖက်စလုံးက ငါသည်သာလျှင်၊ ငါပြောတာ သာလျှင်၊ ငါရည်မှန်းတာ သာလျှင်ဆိုပြီး ဖြစ်ခဲ့သည်ရှိသော် ကျွန်မတို့စာချုပ်က လိုတဲ့အထိ မအောင်မြင်ဘူး။ အဲဒီလိုမျိုး ကျွန်မပြန်ပြီး မီးမောင်း ထိုးပြချင်တယ်။ နှစ်ဖက်စလုံးက ကိုယ်လျှော့သင့်တာကိုလျှော့။ ရန်ဖြစ်နေခြင်းအား ဖြင့်ဆိုရင် ပြည်သူက တအား နာတယ်။ တိုင်းပြည်မှာ တအားနာကြတယ်။ တအားနာတာကို မမြင်ရက်ဘူး။ ငြိမ်းချမ်းစေချင်လို့လုပ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ။ ကိုယ် လည်း တိုက်ပွဲထဲမှာ အင်မတန်မှ စစ်သွေးကြွတဲ့ သူ တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ လုံးဝ ငြိမ်းချမ်းရေး စကားပြောတဲ့သူဟာ ကိုယ့်ရန်သူပေါ့။ အဲဒီလို ပုံစံမျိုးတွေ ကိုယ်လည်းငယ်ငယ်က ဖြစ်ခဲ့ဖူးတယ်။ ကျွန်မကိုလည်း တစ်တိုင်းပြည်လုံးက ဆဲနေကြတာရှိတယ်ပေါ့နော်။ ဆဲနေကြတယ်ဆိုတာက အများအားဖြင့် လူငယ်တွေလေ။ တော်လှန်ရေးထဲကို ရောက်နေကြတဲ့ လူငယ်တွေ။ သူတို့တွေက အနိဋ္ဌာရုံတွေကြားမှာ အဲဒီလောက်မခံရသေးဘူး။ အောင်နိုင်တယ်ဆိုရင် အောင်နိုင်တဲ့အတွက် ဝမ်းမြောက်တယ်။ ဆုံးရှုံးရင် ဆုံးရှုံးတဲ့အတွက် ဝမ်းနည်းတယ်။ အခု တော်လှန်ရေးထဲမှာ အများအားဖြင့်ရှိနေတာက လူငယ်တွေ၊ လူလတ်ပိုင်းတွေများတာပေါ့။ သူတို့ခေါင်းထဲမှာရှိတာ က ခံစားချက်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ တိုက်ပွဲထဲမှာ နေ့စဉ်ရှိနေတဲ့သူတွေကဆိုရင် မတိုက်ချင်ကြပါဘူး။ မတိုက် ချင်ကြတဲ့သူတွေ အများကြီး ကျွန်မကြားရပါတယ်။ အများကြီး အများကြီး ကြားရတာတွေ ရှိပါတယ်။ မတိုက်ချင်တဲ့ သူတွေကများမှာ ဖြစ်တယ်ဆိုတာ ကျွန်မမြင်ပါတယ်။ NCA တောက်ပလာ အောင်၊ အသက်ပြန်ဝင်လာအောင် လုပ်မယ် ဆိုရင် ကိုယ့်ဘက်၊သူ့ဘက်ပါခဲ့ကြတဲ့သူတွေက ဆွေးနွေးရမယ်၊ လက်ဆွဲနှုတ်ဆက်ရမှာပေါ့နော်။ ကျွန်မမှတ်မိ နေတယ်။ ဆွေးနွေးပွဲတစ်ခုမှာ ကျွန်မတို့ အရမ်းကို တင်းတင်းမာမာ ဖြစ်ကြတယ်။ ကျွန်မတို့ဘက်က ဗိုလ်ချုပ်ဂွမ်မော်က ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးဘက်မှာ သူသွားထိုင်ကြည့်တယ်။ တကယ့်ကို လက်တွေ့ပဲ။ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးကို ပြောတယ်။ ခင်ဗျား ကျွန်တော့်ခုံမှာ သွားထိုင်ကြည့်တဲ့။ ကိုယ်ကသူ့ဘက်မှာ ဝင်ထိုင်ကြည့်တယ်ပေါ့။ သရုပ်သကန်တစ်ခု မြင် မိပြီး ကျွန်မတို့ တအား ရယ်ကြတယ်။ ပြီးတော့ ကျွန်မတို့ တအား ငြင်းကြတယ်။ ဒါပေမဲ့ ကျွန်မတို့က လက်ဖက် ရည်ဝိုင်းမှာ ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ ကြတယ်။ အဲဒီတုန်းက တိုင်းရင်းသားထဲမှာ အမျိုးသမီးဆိုလို့ ကျွန်မ တစ်ယောက်တည်း ပါခဲ့သေးတယ်။ သည်းခံတယ်။ ကျွန်မရည်မှန်းချက်မှမဟုတ်တာ တစ်တိုင်းပြည်လုံး ရည်မှန်း ချက် ဆိုပြီး သည်းခံခဲ့တဲ့အပိုင်းတွေ၊ ပုဂ္ဂိုလ်ရေးအရဆိုလည်း သည်းခံခဲ့ပါတယ်လို့။
မေး - ဆရာမဟာ မြန်မာ့ငြိမ်းချမ်းရေးအတွက် အပြစ်တင်ခံရတဲ့ကြားက ကိုယ့်လမ်းကိုယ်သွားနေ တာတွေ့ရပါတယ်။ ငြိမ်းချမ်းရေးအတွက် ဦးဆောင်ပြီး ဆောင်ရွက်နေရတဲ့ အဓိကအကြောင်းက ဘာများ ဖြစ်မလဲခင်ဗျ။
ဖြေ - တိုင်းပြည်မှာ အားလုံးက သာတူညီမျှရပြီးတော့ ငြိမ်းချမ်းစေချင်တယ်။ ဒီလူတွေ ငြိမ်းချမ်းစေ ချင်တယ်။ ပဋိပက္ခမှာ ပါဝင်နေကြသူ အားလုံးရဲ့လက်နဲ့ ဒီတိုင်းပြည်ကို အလှဆင်ခွင့် ရစေချင်တယ်။ ဒီလက်တွေနဲ့ အလှဆင်ခြင်းကို ပေးဖို့လိုတယ်။ တချို့လူတွေက ကိုယ့်တိုင်းပြည်ကို အလှဆင်ဖို့ အတွက် မိခင်ရင်ခွင်ကို ပြန်ရောက်လာကြမယ့်သူတွေ အများကြီးရှိမယ်လို့ မျှော်လင့်တယ်။ ကျွန်မကိုယ် တိုင်လည်း မျှော်လင့်ချက် ကြီးစွာနဲ့ ကြိုးပမ်းနေတယ်။ အဓိကကတော့ ကိုယ့်ဘက်၊ သူ့ဘက် လျှော့ရမယ်။ ငါပြောတာချည်းပဲ မှန်တယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ ဒီလိုပဲ ပြောချင်ပါတယ်။ ဒီနေ့ ဒီအချိန်အထိတော့ ကျွန်မ ဆက်သွားနေပါတယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။
zawgyi version
“ကြၽန္မကိုယ္တိုင္လည္း ၿငိမ္းခ်မ္းေရးစကားေျပာရင္ ရန္သူလို႔သတ္မွတ္တဲ့အထိ စစ္ေသြးႂကြခဲ့ဖူးပါတယ္’’
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၁၅
တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA)သည္ ျမန္မာ့ၿငိမ္းခ်မ္းေရးအတြက္ မီးရႉးတန္ေဆာင္ ျဖစ္ခဲ့သည္။ ၿငိမ္းခ်မ္းေရးအတြက္ ႀကိဳးပမ္းအားထုတ္မႈမ်ား၏ရလဒ္လည္း ျဖစ္ခဲ့သည္။ သို႔ေသာ္ လက္ရွိတြင္ ျမန္မာ့အေရးႏွင့္ပတ္သက္၍ ပစ္ခတ္တိုက္ခိုက္မႈမ်ားျဖစ္ေနသည္မွာလည္း ျငင္းမရသည့္ အမွန္တရား တစ္ခုျဖစ္သည္။ အဆိုပါကိစၥမ်ားႏွင့္ပတ္သက္၍ NCA စာခ်ဳပ္တြင္ ပါဝင္လက္မွတ္ေရးထိုးထားၿပီး ယခုထိ ျမန္မာ့ၿငိမ္း ခ်မ္းေရးလုပ္ငန္းစဥ္တြင္ပါဝင္ေနေသာ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ (ALP)ဥကၠ႒ ေဒၚေစာျမရာဇာလင္းကို NP News မွ ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - ျမန္မာ့ႏိုင္ငံေရးပဋိပကၡေတြနဲ႔ပတ္သက္ၿပီး ဆရာမရဲ႕အျမင္ကို ပထမဆုံး သိခ်င္ပါတယ္။ NCA စာခ်ဳပ္ျဖစ္ဖို႔ ခက္ခက္ခဲခဲ ႀကိဳးပမ္းခဲ့ရၿပီးတဲ့ေနာက္ လက္ရွိအေျခအေနကို ဆရာမ ဘယ္လိုျမင္ပါသလဲ။
ေျဖ - ျမန္မာႏိုင္ငံမွာ ပဋိပကၡက လြတ္လပ္ေရးနဲ႔အတူ ေပါက္ဖြားလာတယ္လို႔ ေျပာလို႔ရတယ္။ အဲဒီလို လြတ္လပ္ေရးနဲ႔ အတူေပါက္ဖြားလာတဲ့ ႀကီးေလးတဲ့ ျပႆနာလို႔လည္း ေျပာလို႔ရတယ္။ အဲဒီျပႆနာကို ေျဖရွင္းဖို႔အတြက္ နည္းလမ္းရွာ ခဲ့ၾကတယ္။ နည္းလမ္းရွာတဲ့အခါ သမၼတႀကီး ဦးသိန္းစိန္လက္ထက္မွာ တိုင္းရင္းသားေတြကို ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ေခၚတဲ့အခါ တိုင္းရင္းသားေတြကလည္း ၿငိမ္းခ်မ္းေရးအတြက္ စကားေျပာရမယ္ဆိုၿပီး ျပည္တြင္းကိုဝင္လာၿပီးေတာ့ စကားေျပာဖို႔အတြက္ နည္းလမ္းေတြရွာခဲ့ၾကတယ္။ အဲဒီလို နည္းလမ္းေတြရွာရင္းနဲ႔ပဲ တိုင္းျပည္အတြက္ နည္းလမ္း ေတြကိုေျပာတဲ့အခါမွာ ဖက္ဒရယ္ ဆိုတဲ့စကားကို ေျပာလာခဲ့ၾကတာေပါ့။ ကြၽန္မတို႔ေျပာ လိုက္တဲ့အခါ နားမခံသာတာ ေတြလည္း ရွိခဲ့ပါတယ္။ ဖက္ဒရယ္ဆိုတာ ခြဲထြက္ေရးဆိုၿပီးေတာ့ အျမင္ေတြ အမ်ားႀကီးရွိခဲ့ၾကတယ္။ ဒါေပမဲ့ ဖက္ဒရယ္ဆိုတာ ခြဲ ထြက္ေရးမဟုတ္ဘူး၊ ဖက္ဒရယ္ဆိုတာ ႐ြာတစ္႐ြာနဲ႔ တူတယ္။ ျမင္သာ ထင္သာေအာင္ ဥပမာနဲ႔ ေပးရမယ္ ဆိုရင္ေပါ့။ အဲဒီ႐ြာမွာဆိုရင္ ျပည္သူလူထုကေ႐ြး ေကာက္တင္ေျမႇာက္ထားတဲ့ ႐ြာသူႀကီးရွိတယ္။ အရပ္ လူႀကီးအဖြဲ႕ဆိုတာ ရွိတယ္။ အဲဒီ႐ြာမွာ ႐ြာသူႀကီးဟာ အိမ္တိုင္းအိမ္တိုင္းကိုဝင္ၿပီး မခ်ဳပ္ခ်ယ္ဘူးေပါ့။ အိမ္တိုင္းက လူေတြဟာ ကိုယ့္စီးပြားေရးကိုယ္ တည္ေဆာက္လို႔ရတယ္။ ၾကက္ေမြးခ်င္တဲ့သူေတြက ၾကက္ေမြး၊ စိုက္ပ်ိဳးေရး လုပ္ခ်င္တဲ့သူ စိုက္ပ်ိဳးေရးလုပ္၊ ဝင္ေငြ ကိုယ့္ဘာသာကိုယ္ရွာ စသည္ျဖင့္ တစ္ဦးအိမ္ ကိုတစ္ဦး ဝင္မစြက္ဘူးေပါ့။ သေဘာထားေတြမွာလည္း ကြၽန္မရဲ႕အျမင္သေဘာထားက အဲဒီလိုရွိခဲ့လို႔ အဲဒီလိုဥပေဒကို ျမန္မာျပည္သူ ျပည္သား ေတြကို အၿမဲတမ္း ေျပာျဖစ္တယ္။ ဖက္ဒရယ္ဟာ ခြဲထြက္ေရး မဟုတ္ဘူး။ တိုင္းရင္းသားေခါင္းေဆာင္ေတြက ေျပာ လာတဲ့အခါမွာ ခြဲထြက္ေရးမဟုတ္ဘူးဆိုတဲ့ သာဓကေတြကို အမ်ားႀကီး သက္ေသျပခဲ့ၾကရတယ္။ အဲဒီအခ်ိန္မွာ သမၼတ ဦးသိန္းစိန္က ဒီႏိုင္ငံမၿပိဳကြဲဘူးဆိုရင္ အားလုံးအေၾကာင္းအရာေတြ ေဆြးေႏြးလို႔ရတယ္ေပါ့။ အဲဒီလို သမၼတႀကီးက လိုက္ေလ်ာခဲ့တာရွိပါတယ္။ ဒီ NCA စာခ်ဳပ္ ျဖစ္ေပၚလာဖို႔ရာအတြက္ ကြၽန္မမွတ္ မိသေလာက္ဆိုရင္ တစ္ႏွစ္နဲ႔ကိုးလ ေက်ာ္တယ္။ တိတိက်က်ဆိုရင္ တစ္ႏွစ္ကိုးလနဲ႔ဆယ့္ေလးရက္။ တျခားသူေတြရဲ႕ မွတ္တမ္းအရဆိုရင္ေတာ့ ဒီထက္ ေတာင္ ပိုမ်ားေသးတာေပါ့။ အဲဒီလို ႀကိဳးပမ္းခဲ့ၾကတယ္။ NCA က တန္ဖိုးမရွိေတာ့ဘူး(ေျပာၾကတယ္)။ NCA စာခ်ဳပ္ျဖစ္လာဖို႔ အစည္းအေဝးေပါင္း (၅၀ဝဝ)ေက်ာ္ရွိခဲ့တယ္။ အဲဒီအထဲမွာမွ NCA စာခ်ဳပ္တစ္ခု ကို ႀကိဳးစားပမ္းစား ရရွိလာခဲ့ၾကတာေပါ့။ ဒါေပမဲ့ ေလာေလာဆယ္မွာ ဝမ္းနည္းစရာေကာင္း တာက ျမန္မာျပည္မွာ ၾဃဗ ရဲ႕အႏွစ္သာရကို ေပၚ လြင္ေအာင္ အေကာင္အထည္မေဖာ္ႏိုင္ခဲ့ၾကဘူး။ မေဖာ္ႏိုင္ခဲ့ၾကဘဲနဲ႔ ျဖစ္သြားတယ္။ အဓိက ကြၽန္မတို႔ ျမန္မာႏိုင္ငံ သားေတြက စကားေျပာတယ္၊ ေဆြးေႏြးတယ္၊ ႏိုင္ငံေရးအရျဖစ္ေပၚလာတဲ့ျပႆနာကို ေဆြးေႏြး၊ စဥ္းစားတဲ့အခါ ကိုယ့္ဘက္ကပဲ ရပ္ၿပီးေျပာခဲ့ၾက တဲ့အေၾကာင္းအရာေတြရွိတယ္လို႔ အမ်ားႀကီးသုံးသပ္ ရတယ္။ အဲဒါေၾကာင့္ ျပည္တြင္း မွာ မျဖစ္သင့္တာေတြ ျဖစ္လာရတာေပါ့။
ေမး - တခ်ိဳ႕က NCA စာခ်ဳပ္ႀကီးဟာ အသုံးမဝင္ ေတာ့ဘူး၊ တန္ဖိုးမရွိေတာ့ဘူးလို႔ အမနာပ ေျပာခဲ့ ၾကတာရွိပါတယ္။ ဒီစာခ်ဳပ္ႀကီးျဖစ္လာဖို႔ က်ားကုတ္ က်ားခဲႀကိဳးစားခဲ့ရတဲ့ ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ ဘာေျပာခ်င္ပါသလဲ။
ေျဖ - ဒီစကားကို ကြၽန္မအေနနဲ႔ေျပာမယ္ဆိုရင္ မေျပာသင့္ဘူး။ ရရွိလာတဲ့စာခ်ဳပ္တစ္ခုကို တန္ဖိုးမရွိဘူးဆိုရင္ ေ႐ြးခဲ့ၾက တဲ့ သူေတြလည္း တန္ဖိုးမရွိ သလိုျဖစ္သြားတယ္။ ျမန္မာႏိုင္ငံမွာဆိုရင္ ပင္လုံ စာခ်ဳပ္။ ပင္လုံစာခ်ဳပ္ၿပီးရင္ တိုင္းရင္းသား လက္နက္ ကိုင္ေတာ္လွန္ေရးအဖြဲ႕ေတြနဲ႔ အစိုးရနဲ႔ခ်ဳပ္ဆိုတဲ့ ပထမဆုံး စာခ်ဳပ္၊ ဒီစာခ်ဳပ္ကေလ။ ဒီစာခ်ဳပ္ခ်ဳပ္တဲ့ အခ်ိန္မွာ ႏိုင္ငံေတာ္သမၼတလည္းပါတယ္။ တပ္မေတာ္ရဲ႕ အႀကီးအကဲလည္းပါတယ္။ တိုင္းရင္းသား ဘက္ကလည္း လူႀကီးလူေကာင္းေတြ အားလုံးပါတယ္။ အထူးသျဖင့္ ႏိုင္ငံတကာ အသိသက္ေသေတြ ပါတယ္။ ဒီေလာက္ တန္ဖိုးရွိရွိ က်ားကုတ္က်ားခဲနဲ႔ ႀကိဳးပမ္းခဲ့ၾကတာကို တန္ဖိုးမရွိဘူးလို႔ မေျပာသင့္ဘူး ထင္တယ္။ ကြၽန္မအေနနဲ႔လည္း ဒီအတိုင္းပဲ ဆက္ၿပီး ေလွ်ာက္ေနတာ ျဖစ္တယ္။
ေမး - ဒုတိယအခ်က္က NCA စာခ်ဳပ္မွာပါတဲ့ တခ်ိဳ႕က ထြက္မယ္ဆိုၿပီး ေျခလွမ္းျပင္ေနတာရွိပါတယ္။ ဘာမ်ား သုံးသပ္ ခ်င္ပါသလဲခင္ဗ်ာ။
ေျဖ - ကြၽန္မ ေျပာၿပီးပါၿပီ။ NCA မွာဆိုရင္ ႏိုင္ငံေရး အင္အားစုအားလုံးပါတဲ့ ေဆြးေႏြးပြဲတစ္ခုျဖစ္ေအာင္ ႀကိဳးပမ္းမယ္ဆိုၿပီးေတာ့ လက္နက္ကိုင္ပဋိပကၡကို ၿငိမ္းခ်မ္းေရးအတြက္ ရည္႐ြယ္ၿပီးကမ္းလွမ္းခဲ့တဲ့စကားေပါ့။ အဲဒီလို ကမ္းလွမ္းခဲ့တာက ႏိုင္ငံေရးအင္ အားစုမ်ား အားလုံးပါဝင္ေရး။ ကြၽန္မတို႔ဆိုရင္ အမွန္က အစိုးရနဲ႔တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕ေတြကပဲ ေျပာေနၾကတာ။ ႏိုင္ငံေရးပါတီ ေတြကိုပါဆြဲေခၚခဲ့တယ္။ ႏိုင္ငံေရးပါတီေတြ ကလည္း ေျပာခြင့္ရွိရမယ္။ သူတို႔လည္းပါသင့္တယ္။ အဲဒီေလာက္အထိ သေဘာထားႀကီးခဲ့ၾကတယ္။ သူတို႔ပါဝင္ဖို႔ လည္း တိုက္တြန္းခဲ့တယ္။ ကြၽန္မဆိုရင္ တစ္ဦးတည္းေသာ အမ်ိဳးသမီး။ အမ်ိဳးသမီးေပါင္းစုံ ပါလာႏိုင္ဖို႔ အစည္းအေဝး တိုင္းမွာ ေတာင္းဆိုခဲ့တယ္။ အမ်ိဳးသမီးေတြပါဝင္ခြင့္လည္း အမွန္တကယ္ရရွိခဲ့တာေပါ့။ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ႏွစ္ပတ္လည္ အခမ္းအနား တစ္ခုမွာဆိုရင္ ကြၽန္မတို႔က အမ်ိဳးသမီးအခြင့္အေရးနဲ႔ ပတ္သက္လို႔ ေဆြးေႏြးခဲ့တာလည္းရွိပါတယ္။ NCA အႏွစ္သာရနဲ႔ပတ္သက္ၿပီး ေျပာမယ္ဆိုရင္ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ဆင္ရမယ္၊ ျဖည့္စြက္ရမယ္ဆိုၿပီး ေျပာခဲ့တာ ေတြရွိပါတယ္။ ေနာက္ၿပီးေတာ့ ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စုကို ေဆြးေႏြးပြဲ ရလဒ္ေတြနဲ႔အညီ အေကာင္ အထည္ေဖာ္ဖို႔ေပါ့။ ဒီအခ်က္ေတြကေတာ့ NCA ရဲ႕ အဓိကက်တဲ့ အႏွစ္သာရေတြ၊ အခ်က္အလက္ေတြ ျဖစ္တယ္။ ဆိုေတာ့ ဒီအႏွစ္သာရေတြထဲမွာ လိုအပ္တာဘာရွိေနလဲဆိုရင္ တစ္ဖက္ဖက္က အတၱမႀကီးသင့္ဘူးလို႔ ကြၽန္မသုံး သပ္တယ္။ အဓိကပဋိပကၡျဖစ္ေနတာသည္ ႏိုင္ငံေရးပါတီနဲ႔ ပဋိပကၡ ျဖစ္ေနတာမဟုတ္ဘူး။ တိုင္းရင္းသား လက္နက္ ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းေတြနဲ႔ အစိုးရနဲ႔ျဖစ္တာ။ အစိုးရဆိုတာက အခုတပ္မေတာ္ အစိုးရတစ္ရပ္ကို ေျပာတာ မဟုတ္ဘူး။ အဆက္ဆက္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕ အစည္းေတြနဲ႔ ျဖစ္လာခဲ့တာ။ ဘာေၾကာင့္ ျဖစ္လာခဲ့ၾကလဲ။ ဖက္ဒရယ္ႏိုင္ငံ မေပၚေပါက္လို႔ ျဖစ္လာခဲ့တာ။ ဒါေၾကာင့္ ဖက္ဒရယ္ႏိုင္ငံကို အမွန္တကယ္ တည္ ေဆာက္မယ္ဆိုရင္ ႏိုင္ငံေရးပါတီေတြနဲ႔ ေဆြးေႏြးတာ တစ္က႑။ မေဆြးေႏြးရဘူး မေျပာဘူး။ အဓိက က တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕အစည္းေတြနဲ႔ အစိုးရၾကားမွာ သေဘာတူညီခ်က္က အေရးအႀကီးဆုံး ျဖစ္တယ္။ အဲဒီလိုပဲ ကြၽန္မျမင္တယ္။
ေမး - ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီး ေျပာၾကတဲ့အခါ တစ္ဖက္ကေန တပ္မေတာ္ဟာ ႏိုင္ငံေရးကထြက္ရ မယ္ဆိုၿပီး ေျပာတယ္။ တပ္မေတာ္ဟာ တကယ္ပဲ ထြက္ေပးရမွာလား။
ေျဖ - ေဆြးေႏြးရမွာေပါ့ေနာ္။ ကိုယ္ထင္တာ ကိုယ္ေျပာေနရင္ ပဋိပကၡပဲ ပိုႀကီးမယ္။ ခံစားခ်က္ေတြပဲ ျပင္းထန္မယ္။ အခုက တပ္မေတာ္ရွိေနတယ္ဆိုရင္ တပ္မေတာ္ဘက္ကလည္း ေျပာတာေပါ့ေနာ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးကေနထြက္ မယ္ဆိုရင္ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းေတြက လက္နက္ကိုင္ထားတာ မရွိေစရဘူး။ လက္နက္ကိုင္ေဆာင္ထားတာမရွိတဲ့အေျခအေနမွာ ႏိုင္ငံေရးကထြက္ေပးမယ္ဆိုၿပီး ျပန္ေျပာတာရွိပါတယ္။ အခု လည္း လက္ရွိအေျခအေနမွာ ရွိေနတယ္။ ရွိေနတယ္ ဆိုရင္ ခ်က္ခ်င္းဖယ္ပါ၊ သြားပါဆိုရင္ ပဋိပကၡ ပိုႀကီးမယ္။ အဲဒါေၾကာင့္ မို႔လို ဘယ္လိုအေျဖရွာၾကမွာလဲေပါ့။ ကိုယ္ထင္တာ၊ ကိုယ္ခံယူထားတာ တစ္ခုတည္းကိုပဲ ေျပာမေနၾကပါနဲ႔။ အဲဒီလို ေျပာေနရင္ မမွန္ႏိုင္ဘူး။ ကိုယ္ရပ္တည္တဲ့ဘက္က ေျပာေနတာျဖစ္တယ္။ တပ္မေတာ္ဘက္ကလည္း ျပန္ၿပီး သုံးသပ္ရမွာ က ျပႆနာျဖစ္ျခင္းသည္ လက္နက္ကိုင္ေဆာင္ထားေသာ ပုဂၢိဳလ္မ်ားႏွင့္အစိုးရၾကား ျဖစ္ေနတာ။ ဘယ္လို ပဋိပကၡ ေျပလည္ဖို႔ လမ္းစကိုရမွာလဲ။ ကိုယ္ခ်ည္းပဲ ႏိုင္ရမယ္ဆိုတာ မဟုတ္ဘူး။ ဟိုလူေတြကလည္း ႏိုင္လိုေသာ ဆႏၵ၊ ရလိုခ်င္ေသာ ဆႏၵေၾကာင့္ေျပာတာ။ ဒါေၾကာင့္ ႏွစ္ဦးႏွစ္ဖက္ ကိုယ္မသာ၊ သူမနာ။ ႏွစ္ဦး ႏွစ္ဖက္ ႏိုင္ရမွာေပါ့။ Win-Win ေပၚလစီကို က် ေအာင္ ဘယ္လိုခ်မလဲဆိုတာ ႏွစ္ဖက္စလုံးက ေျပာ ၾကရေအာင္၊ ေဆြးေႏြးရေအာင္၊ ေဆြးေႏြးပြဲကို က်င္း ပၾကရေအာင္၊ ဒါကိုပဲ ကြၽန္မေျပာခ်င္တယ္။
ေမး - ဆရာမ ဆိုလိုခ်င္တာက ႏိုင္ငံေရးေဆြးေႏြး ပြဲကိုလား။
ေျဖ - ႏိုင္ငံေရးေဆြးေႏြးပြဲျဖစ္လာေအာင္ ကိုယ့္ဘက္သူ႔ဘက္က အရင္ေလွ်ာ့ရပါမယ္။ ေဆြးေႏြးပြဲမွာဆိုရင္ ကိုယ္ထင္တာ ကိုယ္ရလိုျခင္းကို မၾကည့္ပါနဲ႔။ ႏွစ္ဖက္စလုံးက ရႏိုင္ေသာအေျခအေန၊ ႏိုင္ႏိုင္ေသာ အေျခအေနကို ကြၽန္မတို႔ ႀကိဳးပမ္း ၾကရမယ္။ အဲဒီလို မ်ိဳးျဖစ္ဖို႔ဆိုရင္ စကားဝိုင္းနဲ႔စရမွာ ျဖစ္တယ္။ ကြၽန္မ တို႔စခဲ့တဲ့အခ်ိန္မွာဆိုရင္ ႏွစ္ေပါင္း(၆၀)ေက်ာ္ ျဖစ္လာတဲ့ ပဋိပကၡကို NCA မတိုင္ခင္မွာ ေဆြးေႏြးပြဲနဲ႔ ထိန္းႏိုင္ခဲ့တာပဲ။ ေဆြးေႏြးပြဲလုပ္ေနတဲ့အခ်ိန္မွာ ဘယ္ေသ နတ္သံမွ မေပါက္ဘူးလို႔ေျပာလို႔ရတဲ့ အေနအထားရွိခဲ့တယ္။ ေသနတ္သံေပါက္တယ္ဆိုရင္ လည္း ေခ်ာင္ႀကိဳေခ်ာင္ၾကား မွာ နည္းနည္းပါးပါး ေလာက္ပဲျဖစ္ခဲ့တာ။ ေသနတ္သံစဲခဲ့တယ္။ အဲဒါ ဘယ္ေလာက္ ဝမ္းသာစရာေကာင္းလဲ။ အခုက ေသြး ေခ်ာင္းစီးတယ္ေလ။ တစ္ႏိုင္ငံလုံးမွာ စီးေနတာ ျမင္လို႔ ေကာင္းရဲ႕လား။ အဲဒါကိုပဲ ေမးခြန္းထုတ္ခ်င္တာ။ ၿငိမ္းခ်မ္း ေရးေဆြးေႏြးပြဲကို အားလုံးပါဝင္ႏိုင္ရင္ ေသနတ္သံက စဲမယ္။ ပါဝင္ႏိုင္ဖို႔ဆိုရင္ ကတိကဝတ္ေတြ ဘယ္လို ထားၾကမလဲ ေပါ့။ ၿငိမ္းခ်မ္းေရးေဆြးေႏြးေန ရင္ ဘယ္ေထာင့္မွာမွ ေသနတ္မေပါက္ေစရဘူးဆိုတဲ့ ကတိကဝတ္ကို ထားၾကမွာလား။ ထားလို႔ ကြၽန္မ မေျပာဘူးေနာ္။ ဘယ္လို ကတိကဝတ္ေတြ ထားၾကမွာလဲ။ ကတိကဝတ္ေတြထားၾကမယ္ဆိုရင္ လက္နက္ ကိုင္ေဆာင္ထားၾကမယ္ဆိုရင္ လက္နက္ကိုင္ေဆာင္ ထားတဲ့အဖြဲ႕အစည္းႀကီး ႏွစ္ဖက္ေပါ့။ တစ္ဖက္က အစိုးရ၊ တစ္ဖက္က တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕အစည္းေတြေပါ့။ လက္နက္ကိုင္ ေဆာင္ထားေသာ ႏွစ္ဖက္စလုံးက စဥ္းစားၾကရမွာ ျဖစ္ပါတယ္။
ေမး - အခုအင္တာဗ်ဴးမွာ တစ္လက္စတည္း ေမးခ်င္တာက ဆရာမတို႔အေနနဲ႔ NCA စာခ်ဳပ္ ျဖစ္ေျမာက္ေရးနဲ႔ပတ္သက္ ၿပီး ႀကဳံရတဲ့အႀကီးဆုံး အခက္အခဲက ဘာမ်ားျဖစ္ခဲ့ပါသလဲ။ ဘယ္လိုမ်ား ျဖတ္ေက်ာ္ခဲ့ၾကပါသလဲ။ အမွတ္ တရျဖစ္စရာ အေၾကာင္း အရာ တစ္ခုေလာက္ ေျပာျပေပးပါလား ခင္ဗ်ာ။
ေျဖ - (၂၀၁၇)လို႔ ကြၽန္မမွတ္မိတာေပါ့ေနာ္။ အဲဒီတုန္းက ေနျပည္ေတာ္မွာ ေဆြးေႏြးဖို႔ဆိုတဲ့ ေဆြးေႏြးပြဲတစ္ခုကို ဖန္တီးခဲ့ၾကတယ္။ အမွန္ကေတာ့ ေနျပည္ေတာ္မွာ ေဆြးေႏြးဖို႔မဟုတ္ဘူး။ ပုပၸားမွာ ကြၽန္မတို႔ ေဆြးေႏြးၾကမယ္။ ေဆြးေႏြးတယ္ဆိုတာက ကြၽန္မတို႔အေၾကာေလွ်ာ့ၾကမွာေပါ့ေလ။ အဓိကအားျဖင့္ ေဆြးေႏြးၾကတဲ့ ပုဂၢိဳလ္ေတြထဲမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ေဆြးေႏြးတဲ့အခါ အာဃာတေတြ ေျပေပ်ာက္သြားေအာင္၊ ပုပၸားမွာလည္း အနားယူၾက မွာေပါ့။ ေတာ္ေတာ္လည္း ပင္ပန္းေနၾကၿပီ။ ပုပၸားမွာ အနားယူၿပီးေတာ့မွ ကြၽန္မတို႔ ေဆြးေႏြးၾကမယ္လို႔ေျပာတဲ့ အခါ ပုပၸားမွာ အဲဒီေလာက္ ေခါင္းေဆာင္ေတြကိုထားဖို႔က်ေတာ့ ေခါင္းေဆာင္ေတြခ်ည္းမွ ေနလို႔မရတာ။ လုံၿခဳံေရး အရာရွိေတြ လိုအပ္တယ္၊ PA ေတြပါမယ္။ အကုန္လုံးတြက္လိုက္ရင္ လူက(၇၀၊ ၈၀) ေလာက္ ျဖစ္သြားတယ္။ အဲဒီေတာ့ ပုပၸားမွာ ေနရာမရွိဘူး။ ေနစရာမရွိေတာ့ ေနျပည္ေတာ္မွာ ေဆြးေႏြးမယ္ဆိုၿပီး ျဖစ္သြားတယ္။ (အဲဒီေဆြးေႏြးပြဲမွာက) ဘယ္ ေနရာမွာ အခက္အခဲျဖစ္သြားလဲဆိုေတာ့ တစ္ခုတည္းေသာ တပ္မေတာ္ေပါ့ေနာ္။ တစ္ခုတည္းေသာ တပ္မေတာ္ ဆိုတဲ့ဟာတစ္ခုတက္လာေတာ့ တိုင္းရင္းသားေတြက စိတ္ထဲမွာခံစားခ်က္မေကာင္းျဖစ္ခဲ့ၾကၿပီး ေဆြးေႏြးပြဲ ေတာင္ရပ္ သြားၿပီ။ ကြၽန္မတို႔က ျပန္ထိုင္ရတယ္။ ဟိုဘက္ကေခါင္းေဆာင္ေတြကိုလည္း ျပန္ေျပာျပ၊ ဒီဘက္ကေခါင္းေဆာင္ ေတြကိုလည္း ျပန္ေျပာျပ အဲဒီလိုပုံစံ ျဖစ္ခဲ့ၾကတာရွိတယ္။ အစည္းအေဝးၿပီးတာနဲ႔ ထုတ္ျပန္ခ်က္ေတြထြက္လာတာေပါ့။ အဲဒီလို အေန အထားမ်ိဳးပါ။ တစ္ခုတည္းေသာတပ္မေတာ္ဆိုတဲ့ ကိစၥ ကြၽန္မတို႔ကေျပာျပတယ္။ တိုင္းရင္းသားေခါင္း ေဆာင္ေတြအခ်င္းခ်င္းထဲမွာလည္း ကြၽန္မတို႔ ေျပာ ၾကတယ္။ အဲဒါကဘာလဲဆိုရင္ တစ္ခုတည္းေသာ တပ္မေတာ္ဆိုတာ ႏိုင္ငံတစ္ခုတည္းမွာ အမွန္တကယ္ျဖစ္လာရမွာက မူျဖစ္တယ္။ အဲဒါကို တစ္ခုတည္းေသာတပ္မေတာ္ကို ဘယ္လိုပုံစံမ်ိဳး နဲ႔ ဖြဲ႕စည္းမွာလဲလို႔ အခ်က္အလက္ေတြက အမ်ားႀကီး စဥ္းစားရမွာ။ တစ္ဖက္ကက်ေတာ့လည္း တိုင္းရင္းသားေတြ ဘက္က ဗိုလ္ေလာင္း စနစ္တက်ဆင္းထားတာမ ဟုတ္ဘူးလို႔အျမင္ေတြလည္း တရားဝင္မဟုတ္ေပမယ့္ ၾကားရတာ ေပါ့။ တိုင္းရင္းသားေတြ ဘက္ကက် ေတာ့လည္း အဲဒါဆိုငါတို႔လူေတြကို ေပးလိုက္ရမွာလား။ အဲဒါမ်ိဳးေတြ အမ်ားႀကီးခံ စားခဲ့ရၿပီး ေဆြးေႏြးပြဲႀကီးရပ္သြားခဲ့ရတဲ့ အေနအထားရွိပါတယ္။ ၿပီးမွ ဟိုဘက္၊ ဒီဘက္ ျပန္ၿပီးေတာ့မွ ဆက္သား ေတြလႊတ္ ၾကတယ္။ တိုင္းရင္းသားေတြဘက္ကိုလည္း အစိုးရ ဘက္က လႊတ္တယ္။ တိုင္းရင္းသားေတြ ဘက္က လည္း ငါးဦးပါဝင္တဲ့ ကိုယ္စားလွယ္ေတြ လႊတ္တယ္။ အဲဒီလိုလႊတ္ရင္းနဲ႔ ေဆြးေႏြးပြဲေတြ ျပန္ျဖစ္ေအာင္ ႀကိဳးပမ္းခဲ့ၾကတာ ရွိပါတယ္။
ေမး - NCA စာခ်ဳပ္ႀကီးျဖစ္လာဖို႔ အခ်ိန္မ်ားစြာယူ၊ တစ္ေယာက္နဲ႔တစ္ေယာက္ သည္းခံခြင့္လႊတ္ၿပီးေတာ့ လက္မွတ္ ထိုးတဲ့အဆင့္အထိ သြားခဲ့ရတာျဖစ္ပါ တယ္။ လက္ရွိအခ်ိန္မွာ NCA ရဲ႕ အနာဂတ္က ေဝဝါးသြားတယ္ ထင္ပါသလား။ NCA စာခ်ဳပ္ႀကီးဟာ အရင္လို ျပန္ၿပီး ေတာက္ပႏိုင္ေအာင္ ဘာေတြလုပ္ဖို႔ လုပ္မယ္လို႔ ထင္ပါသလဲခင္ဗ်။
ေျဖ - ကြၽန္မရဲ႕အျမင္ကိုေျပာရမယ္ဆိုရင္ NCA စာခ်ဳပ္ကို မရခင္မွာ လက္မွတ္မထိုးခင္မွာပါခဲ့ၾကတဲ့ ပုဂၢိဳလ္ေတြေပါ့။ အဲဒီလိုပုဂၢိဳလ္ေတြ ျပန္ဆုံဖို႔လိုပါတယ္။ အစိုးရဘက္ကလည္း အဲဒီကိုယ္စားလွယ္ ေတြကိုျပန္ထည့္။ ကြၽန္မတို႔ ဘက္ကလည္း ျပန္ထည့္။ အဲဒါမ်ိဳးေဆြးေႏြးၾကမယ္ဆိုရင္ ဘာအခ်က္ေတြမွာ အားနည္းခ်က္ရွိခဲ့သလဲ။ အဓိကအားျဖင့္ ေတာ့ ခံယူခ်က္၊ ခံစားခ်က္။ ဆိုလိုတာက ႏွစ္ဖက္စလုံးက ငါသည္သာလွ်င္၊ ငါေျပာတာ သာလွ်င္၊ ငါရည္မွန္းတာ သာလွ်င္ဆိုၿပီး ျဖစ္ခဲ့သည္ရွိေသာ္ ကြၽန္မတို႔စာခ်ဳပ္က လိုတဲ့အထိ မေအာင္ျမင္ဘူး။ အဲဒီလိုမ်ိဳး ကြၽန္မျပန္ၿပီး မီးေမာင္း ထိုးျပခ်င္တယ္။ ႏွစ္ဖက္စလုံးက ကိုယ္ေလွ်ာ့သင့္တာကိုေလွ်ာ့။ ရန္ျဖစ္ေနျခင္းအား ျဖင့္ဆိုရင္ ျပည္သူက တအား နာတယ္။ တိုင္းျပည္မွာ တအားနာၾကတယ္။ တအားနာတာကို မျမင္ရက္ဘူး။ ၿငိမ္းခ်မ္းေစခ်င္လို႔လုပ္ခဲ့ၾကတဲ့ ပုဂၢိဳလ္ေတြ။ ကိုယ္ လည္း တိုက္ပြဲထဲမွာ အင္မတန္မွ စစ္ေသြးႂကြတဲ့ သူ တစ္ေယာက္ ျဖစ္ခဲ့ဖူးပါတယ္။ လုံးဝ ၿငိမ္းခ်မ္းေရး စကားေျပာတဲ့သူဟာ ကိုယ့္ရန္သူေပါ့။ အဲဒီလို ပုံစံမ်ိဳးေတြ ကိုယ္လည္းငယ္ငယ္က ျဖစ္ခဲ့ဖူးတယ္။ ကြၽန္မကိုလည္း တစ္တိုင္းျပည္လုံးက ဆဲေနၾကတာရွိတယ္ေပါ့ေနာ္။ ဆဲေနၾကတယ္ဆိုတာက အမ်ားအားျဖင့္ လူငယ္ေတြေလ။ ေတာ္လွန္ေရးထဲကို ေရာက္ေနၾကတဲ့ လူငယ္ေတြ။ သူတို႔ေတြက အနိ႒ာ႐ုံေတြၾကားမွာ အဲဒီေလာက္မခံရေသးဘူး။ ေအာင္ႏိုင္တယ္ဆိုရင္ ေအာင္ႏိုင္တဲ့အတြက္ ဝမ္းေျမာက္တယ္။ ဆုံးရႈံးရင္ ဆုံးရႈံးတဲ့အတြက္ ဝမ္းနည္းတယ္။ အခု ေတာ္လွန္ေရးထဲမွာ အမ်ားအားျဖင့္ရွိေနတာက လူငယ္ေတြ၊ လူလတ္ပိုင္းေတြမ်ားတာေပါ့။ သူတို႔ေခါင္းထဲမွာရွိတာ က ခံစားခ်က္ေတြ အမ်ားႀကီးရွိတယ္။ ဒါေပမဲ့ တိုက္ပြဲထဲမွာ ေန႔စဥ္ရွိေနတဲ့သူေတြကဆိုရင္ မတိုက္ခ်င္ၾကပါဘူး။ မတိုက္ ခ်င္ၾကတဲ့သူေတြ အမ်ားႀကီး ကြၽန္မၾကားရပါတယ္။ အမ်ားႀကီး အမ်ားႀကီး ၾကားရတာေတြ ရွိပါတယ္။ မတိုက္ခ်င္တဲ့ သူေတြကမ်ားမွာ ျဖစ္တယ္ဆိုတာ ကြၽန္မျမင္ပါတယ္။ NCA ေတာက္ပလာ ေအာင္၊ အသက္ျပန္ဝင္လာေအာင္ လုပ္မယ္ ဆိုရင္ ကိုယ့္ဘက္၊သူ႔ဘက္ပါခဲ့ၾကတဲ့သူေတြက ေဆြးေႏြးရမယ္၊ လက္ဆြဲႏႈတ္ဆက္ရမွာေပါ့ေနာ္။ ကြၽန္မမွတ္မိ ေနတယ္။ ေဆြးေႏြးပြဲတစ္ခုမွာ ကြၽန္မတို႔ အရမ္းကို တင္းတင္းမာမာ ျဖစ္ၾကတယ္။ ကြၽန္မတို႔ဘက္က ဗိုလ္ခ်ဳပ္ဂြမ္ေမာ္က ဒုတိယဗိုလ္ခ်ဳပ္ႀကီး ျမင့္စိုးဘက္မွာ သူသြားထိုင္ၾကည့္တယ္။ တကယ့္ကို လက္ေတြ႕ပဲ။ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ျမင့္စိုးကို ေျပာတယ္။ ခင္ဗ်ား ကြၽန္ေတာ့္ခုံမွာ သြားထိုင္ၾကည့္တဲ့။ ကိုယ္ကသူ႔ဘက္မွာ ဝင္ထိုင္ၾကည့္တယ္ေပါ့။ သ႐ုပ္သကန္တစ္ခု ျမင္ မိၿပီး ကြၽန္မတို႔ တအား ရယ္ၾကတယ္။ ၿပီးေတာ့ ကြၽန္မတို႔ တအား ျငင္းၾကတယ္။ ဒါေပမဲ့ ကြၽန္မတို႔က လက္ဖက္ ရည္ဝိုင္းမွာ ေျပလည္ေအာင္ ေျဖရွင္းႏိုင္ခဲ့ ၾကတယ္။ အဲဒီတုန္းက တိုင္းရင္းသားထဲမွာ အမ်ိဳးသမီးဆိုလို႔ ကြၽန္မ တစ္ေယာက္တည္း ပါခဲ့ေသးတယ္။ သည္းခံတယ္။ ကြၽန္မရည္မွန္းခ်က္မွမဟုတ္တာ တစ္တိုင္းျပည္လုံး ရည္မွန္း ခ်က္ ဆိုၿပီး သည္းခံခဲ့တဲ့အပိုင္းေတြ၊ ပုဂၢိဳလ္ေရးအရဆိုလည္း သည္းခံခဲ့ပါတယ္လို႔။
ေမး - ဆရာမဟာ ျမန္မာ့ၿငိမ္းခ်မ္းေရးအတြက္ အျပစ္တင္ခံရတဲ့ၾကားက ကိုယ့္လမ္းကိုယ္သြားေန တာေတြ႕ရပါတယ္။ ၿငိမ္းခ်မ္းေရးအတြက္ ဦးေဆာင္ၿပီး ေဆာင္႐ြက္ေနရတဲ့ အဓိကအေၾကာင္းက ဘာမ်ား ျဖစ္မလဲခင္ဗ်။
ေျဖ - တိုင္းျပည္မွာ အားလုံးက သာတူညီမွ်ရၿပီးေတာ့ ၿငိမ္းခ်မ္းေစခ်င္တယ္။ ဒီလူေတြ ၿငိမ္းခ်မ္းေစ ခ်င္တယ္။ ပဋိပကၡမွာ ပါဝင္ေနၾကသူ အားလုံးရဲ႕လက္နဲ႔ ဒီတိုင္းျပည္ကို အလွဆင္ခြင့္ ရေစခ်င္တယ္။ ဒီလက္ေတြနဲ႔ အလွဆင္ျခင္းကို ေပးဖို႔လိုတယ္။ တခ်ိဳ႕လူေတြက ကိုယ့္တိုင္းျပည္ကို အလွဆင္ဖို႔ အတြက္ မိခင္ရင္ခြင္ကို ျပန္ေရာက္လာၾကမယ့္သူေတြ အမ်ားႀကီးရွိမယ္လို႔ ေမွ်ာ္လင့္တယ္။ ကြၽန္မကိုယ္ တိုင္လည္း ေမွ်ာ္လင့္ခ်က္ ႀကီးစြာနဲ႔ ႀကိဳးပမ္းေနတယ္။ အဓိကကေတာ့ ကိုယ့္ဘက္၊ သူ႔ဘက္ ေလွ်ာ့ရမယ္။ ငါေျပာတာခ်ည္းပဲ မွန္တယ္ဆိုတာေတာ့ မျဖစ္သင့္ဘူး။ ဒီလိုပဲ ေျပာခ်င္ပါတယ္။ ဒီေန႔ ဒီအခ်ိန္အထိေတာ့ ကြၽန္မ ဆက္သြားေနပါတယ္။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။