ဆိုင်ကယ်ဆီထည့်ရန် တစ်ဖက်လမ်းသို့ ဖြတ်ကူးရာမှ တွဲကားနှင့် တိုက်မိသည့်အတွက် (၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရရှိမှု ဝမ်းတွင်းမြို့၌ ဖြစ်ပွား

 455

ချယ်ရီ (NP News) - အောက်တိုဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၌ ဆိုင်ကယ်ဆီထည့်ရန် တစ်ဖက်လမ်းရှိ ဆီဆိုင်သို့ လမ်းဖြတ်ကူးရာမှ တွဲကားနှင့် တိုက်မိသည့်အတွက် (၂)ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမူကယ်ဆယ်ရေး ဝမ်းတွင်းမြို့လုံးဆိုင်ရာ ပရဟိတကွန်ရက်အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ယနေ့( အောက်တိုဘာလ ၁၆ ရက်)၊ နံနက်ပိုင်း ၉ နာရီအချိန်ခန့်က မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ ၊ Petro ဆီဆိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “တိုက်ခံရတဲ့သူတွေက ရွှေသိမ်တော်ဘက်ကို သွားမလို့။ ဆီဆိုင်ရှေ့တင် ညာဘက်ကနေ ဘယ်ဘက်ကို ဆီထည့်မလို့ အချိုး တွဲကားက တောင်ဘက်ကလာတာ အရှိန်မထိန်းနိုင်တော့ မလွတ်ပဲ ဆိုင်ကယ်ရော၊ လူတွေရော အကုန်ပါသွားတာပေါ့။ ကားနဲ့အတည့်ဝင်တိုက်မိတော့ ဆိုင်ကယ်ပါအကုန်ကြေမွကုန်တာ”ဟု ၎င်းက ပြောသည်။

အဆိုပါဖြစ်စဉ်အတွင်း သေဆုံးသူနှစ်ဦးမှာ ဆိုင်ကယ်မောင်းသူအမျိုးသား၏ ဇနီးနှင့် သမီးဖြစ်ပြီး ယာဉ်မောင်းအမျိုးသားမှာ ညာဘက်ရှိ ပေါင်နှင့်လက်များကျိုးသွားခဲ့ပြီး ဦးခေါင်းကွဲ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“အခု သူကလည်း အခြေနေမကောင်းဘူး ပြောတယ်။ သတင်းပြန်ပို့တာတော့ ၉၀ - ၁၀ လောက်ပဲ အခြေနေကောင်းတော့တယ်လို့ ပြောတယ်။ ကလေးကတော့ အသက် ၁၀ နှစ်ဝန်းကျင်လောက်ပဲရှိမယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားကို ဝမ်းတွင်းပြည်သူ့ဆေးရုံမှတဆင့် မိတ္ထီလာဆေးရုံကြီးသို့ ထပ်မံလွှဲပြောင်းကုသပေးနေပြီး သေဆုံးသည့် ရုပ်အလောင်းများကိုလည်း ၎င်းတို့နေထိုင်ရာ ဝမ်းတွင်းမြို့နယ်ရှိ ကုန်းရွာသို့ အထက်ပါလူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ဆိုင္ကယ္ဆီထည့္ရန္ တစ္ဖက္လမ္းသို႔ ျဖတ္ကူးရာမွ တြဲကားႏွင့္ တိုက္မိသည့္အတြက္ (၂)ဦးေသဆုံးၿပီး (၁)ဦးျပင္းထန္ဒဏ္ရာရရွိမႈ ဝမ္းတြင္းၿမိဳ႕၌ ျဖစ္ပြား
ခ်ယ္ရီ (NP News) - ေအာက္တိုဘာ ၁၆

မႏၲေလးတိုင္းေဒသႀကီး၊ ဝမ္းတြင္းၿမိဳ႕၌ ဆိုင္ကယ္ဆီထည့္ရန္ တစ္ဖက္လမ္းရွိ ဆီဆိုင္သို႔ လမ္းျဖတ္ကူးရာမွ တြဲကားႏွင့္ တိုက္မိသည့္အတြက္ (၂)ဦးေသဆုံးၿပီး တစ္ဦး ဒဏ္ရာျပင္း ထန္စြာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမူကယ္ဆယ္ေရး ဝမ္းတြင္းၿမိဳ႕လုံးဆိုင္ရာ ပရဟိတကြန္ရက္အသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ ျဖစ္စဥ္မွာ ယေန႔( ေအာက္တိုဘာလ ၁၆ ရက္)၊ နံနက္ပိုင္း ၉ နာရီအခ်ိန္ခန႔္က မိတၳီလာခ႐ိုင္၊ ဝမ္းတြင္းၿမိဳ႕ ၊ Petro ဆီဆိုင္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ “တိုက္ခံရတဲ့သူေတြက ေ႐ႊသိမ္ေတာ္ဘက္ကို သြားမလို႔။ ဆီဆိုင္ေရွ႕တင္ ညာဘက္ကေန ဘယ္ဘက္ကို ဆီထည့္မလို႔ အခ်ိဳး တြဲကားက ေတာင္ဘက္ကလာတာ အရွိန္မထိန္းႏိုင္ေတာ့ မလြတ္ပဲ ဆိုင္ကယ္ေရာ၊ လူေတြေရာ အကုန္ပါသြားတာေပါ့။ ကားနဲ႔အတည့္ဝင္တိုက္မိေတာ့ ဆိုင္ကယ္ပါအကုန္ေၾကမြကုန္တာ”ဟု ၎က ေျပာသည္။

အဆိုပါျဖစ္စဥ္အတြင္း ေသဆုံးသူႏွစ္ဦးမွာ ဆိုင္ကယ္ေမာင္းသူအမ်ိဳးသား၏ ဇနီးႏွင့္ သမီးျဖစ္ၿပီး ယာဥ္ေမာင္းအမ်ိဳးသားမွာ ညာဘက္ရွိ ေပါင္ႏွင့္လက္မ်ားက်ိဳးသြားခဲ့ၿပီး ဦးေခါင္းကြဲ ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။

“အခု သူကလည္း အေျခေနမေကာင္းဘူး ေျပာတယ္။ သတင္းျပန္ပို႔တာေတာ့ ၉၀ - ၁၀ ေလာက္ပဲ အေျခေနေကာင္းေတာ့တယ္လို႔ ေျပာတယ္။ ကေလးကေတာ့ အသက္ ၁၀ ႏွစ္ဝန္းက်င္ေလာက္ပဲရွိမယ္” ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။

ထိခိုက္ဒဏ္ရာရရွိသူ အမ်ိဳးသားကို ဝမ္းတြင္းျပည္သူ႔ေဆး႐ုံမွတဆင့္ မိတၳီလာေဆး႐ုံႀကီးသို႔ ထပ္မံလႊဲေျပာင္းကုသေပးေနၿပီး ေသဆုံးသည့္ ႐ုပ္အေလာင္းမ်ားကိုလည္း ၎တို႔ေနထိုင္ရာ ဝမ္းတြင္းၿမိဳ႕နယ္ရွိ ကုန္း႐ြာသို႔ အထက္ပါလူမႈကူညီေရးအသင္းက ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.