One Direction အဖွဲ့ဝင်ဟောင်း Liam Payne ဟိုတယ်ပေါ်မှပြုတ်ကျသေဆုံး

 483

Pika (NP News) - အောက်တိုဘာ ၁၇

ကမ္ဘာတစ်ဝန်းနာမည်ကြီးခဲ့တဲ့ One Direction အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Liam Payne ဟာ အသက်(၃၁)နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

Liam Payne ဟာ Palermo ရပ်ကွက်မှာရှိတဲ့ Casa Sur ဟိုတယ်ရဲ့သုံးလွှာကနေ အောက်တို ဘာလ(၁၆)ရက်မှာ ပြုတ်ကျပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ အာဂျင်တီးနားမြို့တော် Buenos Aires မှာရှိတဲ့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ Liam Payne ဟာ ပြုတ်ကျချိန်အတွင်း ရရှိခဲ့တဲ့ ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့အတူ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲထားတာမျိုး ဒါမှမဟုတ် အရက်သောက်ထားပုံပေါ်တဲ့ ရန်လိုနေတဲ့အမျိုးသားတစ်ဦးနဲ့ပတ်သက်ပြီး ဖုန်းခေါ်ဆိုမှုကို ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့တယ်လို့ Buenos Aires မြူနီစီပယ်လုံခြုံရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Pablo Policicchio ကပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ဟိုတယ်ရဲ့ အနောက်ဘက်ခြမ်းမှာ ကျယ်လောင်တဲ့ ဆူညံသံတွေကိုကြားခဲ့ရပြီး ရဲတပ်ဖွဲ့တွေရောက်ရှိလာတဲ့အချိန်မှာ အမျိုးသားတစ်ဦးဟာ ၎င်းရဲ့အခန်းဝရန်တာပေါ်ကနေ ပြုတ်ကျနေတာကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဟိုတယ်မန်နေဂျာက ပြောကြားခဲ့ပါတယ်။Liam Payne သေဆုံးမှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ရှင်းရှင်း လင်းလင်းမသိရှိရသေးကြောင်းနဲ့ အာဏာပိုင်တွေဟာ ၎င်းရဲ့သေဆုံးမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါတယ်။

Liam Payne ဟာ One Direction အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Niall Horan ရဲ့ဖျော်ဖြေပွဲကိုတက်ရောက်ဖို့အတွက် Buenos Aires မြို့ကိုရောက်ရှိနေတာဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ အမေရိကန်အဆိုတော်ချာလီပွတ်က "ကျွန်တော်တကယ်ကို တုန်လှုပ်သွားတာပါ။ Liam Payne က ကျွန်တော့်အပေါ် အမြဲတမ်းကြင်ကြင် နာနာနဲ့ ဆက်ဆံခဲ့တာပါ။ သူက ကျွန်တော်ပထမဆုံးလက်တွဲလုပ်ခဲ့ဖူးတဲ့ အဓိကအနုပညာရှင်တွေထဲက တစ်ဦးပါ။ Liam Payne သေဆုံးသွားပြီဆိုတာကို ကျွန်တော်တကယ်မယုံနိုင်သေးပါဘူး"လို့ ရေးသားဖော်ပြခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းက ၎င်းတို့ရဲ့ ပရိသတ်အများအပြားဟာ One Direction အဖွဲ့ ပြန်လည် comeback ဖြစ်လာဖို့ မျှော်မှန်းထားကြပေမယ့်လည်း Liam Payne ရဲ့သေဆုံးမှုနဲ့အတူ comeback ဖြစ်လာဖို့က မဖြစ်လာနိုင်လောက်တော့ဘူးလို့လည်း သုံးသပ်မှုတွေလည်း ရှိနေပါ တယ်။

zawgyi version
One Direction အဖြဲ႕ဝင္ေဟာင္း Liam Payne ဟိုတယ္ေပၚမွျပဳတ္က်ေသဆုံး
Pika (NP News) - ေအာက္တိုဘာ ၁၇

ကမာၻတစ္ဝန္းနာမည္ႀကီးခဲ့တဲ့ One Direction အဖြဲ႕ရဲ႕ အဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္တဲ့ Liam Payne ဟာ အသက္(၃၁)ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။

Liam Payne ဟာ Palermo ရပ္ကြက္မွာရွိတဲ့ Casa Sur ဟိုတယ္ရဲ႕သုံးလႊာကေန ေအာက္တို ဘာလ(၁၆)ရက္မွာ ျပဳတ္က်ၿပီး ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ အာဂ်င္တီးနားၿမိဳ႕ေတာ္ Buenos Aires မွာရွိတဲ့ ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။ Liam Payne ဟာ ျပဳတ္က်ခ်ိန္အတြင္း ရရွိခဲ့တဲ့ ျပင္းထန္တဲ့ဒဏ္ရာေတြနဲ႔အတူ အခင္းျဖစ္ပြားရာေနရာမွာပဲ ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။ မူးယစ္ေဆးဝါး သုံးစြဲထားတာမ်ိဳး ဒါမွမဟုတ္ အရက္ေသာက္ထားပုံေပၚတဲ့ ရန္လိုေနတဲ့အမ်ိဳးသားတစ္ဦးနဲ႔ပတ္သက္ၿပီး ဖုန္းေခၚဆိုမႈကို ရဲတပ္ဖြဲ႕က လက္ခံရရွိခဲ့တယ္လို႔ Buenos Aires ျမဴနီစီပယ္လုံၿခဳံေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Pablo Policicchio ကေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ ဟိုတယ္ရဲ႕ အေနာက္ဘက္ျခမ္းမွာ က်ယ္ေလာင္တဲ့ ဆူညံသံေတြကိုၾကားခဲ့ရၿပီး ရဲတပ္ဖြဲ႕ေတြေရာက္ရွိလာတဲ့အခ်ိန္မွာ အမ်ိဳးသားတစ္ဦးဟာ ၎ရဲ႕အခန္းဝရန္တာေပၚကေန ျပဳတ္က်ေနတာကိုေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ ဟိုတယ္မန္ေနဂ်ာက ေျပာၾကားခဲ့ပါတယ္။Liam Payne ေသဆုံးမႈနဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ေတြကို ရွင္းရွင္း လင္းလင္းမသိရွိရေသးေၾကာင္းနဲ႔ အာဏာပိုင္ေတြဟာ ၎ရဲ႕ေသဆုံးမႈကို ဆက္လက္စုံစမ္းစစ္ေဆးေနဆဲျဖစ္တယ္လို႔သိရပါတယ္။

Liam Payne ဟာ One Direction အဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္တဲ့ Niall Horan ရဲ႕ေဖ်ာ္ေျဖပြဲကိုတက္ေရာက္ဖို႔အတြက္ Buenos Aires ၿမိဳ႕ကိုေရာက္ရွိေနတာျဖစ္တယ္လို႔ ေဒသတြင္းမီဒီယာေတြက ေဖာ္ျပထားပါတယ္။ အေမရိကန္အဆိုေတာ္ခ်ာလီပြတ္က "ကြၽန္ေတာ္တကယ္ကို တုန္လႈပ္သြားတာပါ။ Liam Payne က ကြၽန္ေတာ့္အေပၚ အၿမဲတမ္းၾကင္ၾကင္ နာနာနဲ႔ ဆက္ဆံခဲ့တာပါ။ သူက ကြၽန္ေတာ္ပထမဆုံးလက္တြဲလုပ္ခဲ့ဖူးတဲ့ အဓိကအႏုပညာရွင္ေတြထဲက တစ္ဦးပါ။ Liam Payne ေသဆုံးသြားၿပီဆိုတာကို ကြၽန္ေတာ္တကယ္မယုံႏိုင္ေသးပါဘူး"လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။

ကမာၻတစ္ဝန္းက ၎တို႔ရဲ႕ ပရိသတ္အမ်ားအျပားဟာ One Direction အဖြဲ႕ ျပန္လည္ comeback ျဖစ္လာဖို႔ ေမွ်ာ္မွန္းထားၾကေပမယ့္လည္း Liam Payne ရဲ႕ေသဆုံးမႈနဲ႔အတူ comeback ျဖစ္လာဖို႔က မျဖစ္လာႏိုင္ေလာက္ေတာ့ဘူးလို႔လည္း သုံးသပ္မႈေတြလည္း ရွိေနပါ တယ္။

Related news

© 2021. All rights reserved.