ခေတ်သစ်စစ်ပွဲများတွင် မင်းမူလာသော ဒရုန်း၏ စွမ်းပကား

 36

တင်ဇာ (NP News) - အောက်တိုဘာ ၁၇

ယနေ့ခေတ်စစ်ပွဲများအတွင်း ဒရုန်းများ၏ အန္တရာယ်နှင့် ၎င်းတို့ကိုတည်ဆောက်ပုံက စစ်ပွဲအ ခင်းအကျင်းများအပေါ် သိသိသာသာ လွှမ်းမိုးလာသည်။ အချို့ဒရုန်းများကို တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှု များကို ထောက်လှမ်းရန် ကင်းထောက်ကိရိယာအဖြစ် အသုံးပြုကြပြီး အချို့ကိုမူ ရန်သူ့တည်နေရာ အပေါ်မှ လက်ပစ်ဗုံးများနှင့် ဗုံးသီးများပစ်ချရန်အတွက် တပ်ဆင်အသုံးပြုလာကြသည်။ ထို့ကြောင့် အ သေးစားစီးပွားဖြစ်သုံးဒရုန်းများသည် ခေတ်သစ်စစ်ပွဲများ၌ တွင်တွင်ကျယ်ကျယ် အရေးပါလာကြသည်။

ခေတ်သစ်စစ်ပွဲများအတွင်း ဒရုန်းကို စတင်အသုံးပြုလာကြခြင်း
ယူကရိန်းတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ (၁၀)ရက်က ရုရှားကို ဒရုန်း (၁၄၄)စင်းဖြင့် ပစ်မှတ် ထားတိုက်ခိုက်ခဲ့ရာ ယင်းမှာ ယူကရိန်း၏ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှု ဖြစ်လာခဲ့သည်။ တိုက်ခိုက် မှုအတွင်း ရုရှားက ဒရုန်းအစင်း(၂၀)ကို ပစ်ချ နိုင်ခဲ့သော်လည်း မော်စကိုမြို့အနီးရှိ လူနေအထပ်မြင့် အဆောက်အအုံ အများအပြား မီးလောင်ကျွမ်းခဲ့သည်။ ထို့ပြင် လေကြောင်းခရီးစဉ်အများစုကိုလည်း ယာယီရပ်ဆိုင်းခဲ့ရသည်။ လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားက ဒရုန်း (၄၆)စင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။

နှစ်ဖက်စလုံးမှ ဒရုန်းတိုက်ခိုက်မှုများကို ကြည့်ခြင်းအားဖြင့် ဒရုန်းစစ်ဆင်ရေးသည် ယူကရိန်း စစ်ပွဲကို အဆုံးအဖြတ်ပေးနိုင်သည့်အခန်းကဏ္ဍမှ ပါဝင်နေခဲ့သည်မှာ အငြင်းပွားစရာမရှိကြောင်း မီးမောင်း ထိုးပြနေသည်။ ဒရုန်းများ သို့မဟုတ် မောင်းသူမဲ့ ဝေဟင်သုံးယာဉ်များ(UAV )သည် ပစ်မှတ် များကိုရှာဖွေရန်၊ စောင့်ကြည့်ရန်နှင့် တိုက်ခိုက်ရန် အသုံးပြုလာနိုင်သည်။ ၉/၁၁ ဖြစ်စဉ်နောက်ပိုင်း အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု တုံ့ပြန်ရေးမစ်ရှင်များတွင် UAV များကို သိသိသာသာ တိုးချဲ့အသုံးပြုလာခဲ့သည်။ ဒရုန်းများသည် လူလိုက်ပါ မောင်းနှင်သောယာဉ်များထက် အားသာချက် များရှိနေသည်။ ၎င်းတို့သည် F-16 ကဲ့သို့ လူလိုက်ပါ စီးနင်းသည့်ယာဉ်များနှင့်နှိုင်းယှဉ်ပါက လေထဲတွင် (၁၄)နာရီကျော်ကြာပျံသန်းနိုင်ပြီး ပစ်မှတ်ကို စဉ်ဆက်မပြတ် စောင့်ကြည့်နိုင်သည်။ ထို့ပြင် ပစ်မှတ်ကို လည်း စက္ကန့်ပိုင်းအတွင်း ထိထိရောက်ရောက်တိုက်ခိုက်နိုင်သည်မှာ ဒရုန်းများ၏ အားသာချက်ဖြစ်နေသည်။

ယခုနောက်ပိုင်းတွင် အမေရိကန်ကာကွယ်ရေးယန္တရား၌ပင် ဒရုန်းများထည့်သွင်း အသုံးပြုလာ ခြင်း နှင့်ပတ်သက်၍ မည်သို့သော မူဝါဒများ၊ စစ်ရေးဗျူဟာများကို ယှဉ်တွဲအသုံးပြုလာသည်ကိုအကျယ် တဝင့် ဆွေးနွေးလာကြသည်။ မရိန်းတပ်ဖွဲ့တက္ကသိုလ်၏ အဆိုအရ ဒရုန်းတိုက်ခိုက်မှု၏ ထိရောက်မှုကို တွက်ချက်ရန်အတွက် နည်းဗျူဟာမြောက်ထိရောက်မှု (TME) ၊ စစ်ဆင်ရေးအရ ထိရောက်မှု (OME) နှင့် မဟာဗျူဟာမြောက်ထိရောက်မှု (SME) အပါအဝင် အချက်များစွာကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ TME သည် ပစ်မှတ်ကို မည်မျှအထိ တိကျအောင် ပစ်နိုင်စွမ်းရှိသည်ကို အကဲဖြတ်သည်။ OME သည် တပ်ဖွဲ့ဝင်များ၏လှုပ်ရှားမှု သို့မဟုတ် စစ်ဆင်ရေး ပေါင်းစပ်ညှိနှိုင်းခြင်းကဲ့သို့သော စစ်ဆင်ရေးဆိုင်ရာ အကျိုးသက်ရောက်မှုများအပေါ် အကဲဖြတ်သည်။ SME မှာမူ ဒရုန်းစစ်ဆင်ရေး၏ ရေရှည်အကျိုးဆက် များ ဥပမာ ရန်သူ၏ခေါင်းဆောင်နိုင်မှု အနေအထား၊ လူထုသဘောထားနှင့် နိုင်ငံတကာဆက်ဆံရေးအပေါ် ဒရုန်းတိုက်ခိုက်မှုများ၏ သက်ရောက်မှုများကို သုံးသပ်သည်။ ဒရုန်းတိုက်ခိုက်မှုများသည် ရေတိုနှင့် ရေရှည်စစ်ရေးဆိုင်ရာ ရည်မှန်းချက်နှစ်ခုလုံးနှင့် ကိုက်ညီကြောင်း သေချာအောင် ချိန်ညှိရန်လိုအပ်သည်။

နာဂိုနို-ကာရာဘတ်ဒေသနှင့်ပတ်သက်၍ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့အကြားဆင်နွှဲသော တိုက်ပွဲများတွင် ဒရုန်းများသည် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သလို ရုရှား-ယူကရိန်းပဋိပက္ခတွင်လည်း ဒရုန်းအများအပြားကို ဖြန့်ကြက်ချထားခဲ့သည်။ ထို့ပြင် ဒရုန်းများသည် မြန်မာပြည်တွင်းစစ်နှင့် အရှေ့ အလယ်ပိုင်း ဒေသပဋိပက္ခများတွင် ပို၍ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။ ပင်တဂွန်အပါ အဝင် အဆင့်မြင့်စစ်တပ်များသည် ၎င်းတို့၏ ကိုယ်ပိုင်ဒရုန်းဗျူဟာများကို ပြန်လည်ပြင်ဆင်မွမ်းမံရန် အတွက် အဆိုပါပဋိပက္ခအခင်းအကျင်းများကို အနီးကပ်စောင့်ကြည့်နေကြသည်။ ဥပမာအနေဖြင့် အမေ ရိကန်သည် မကြာသေးမီက ထိုင်ဝမ်ကို ကာကွယ်ရေးအတွက် “ ဒရုန်းများနှင့် ငရဲခန်းဗျူဟာ ” ကို ထုတ် ပြန်ခဲ့သည်။ သို့သော် ကမ္ဘာ့အဆင့်မြင့်ဆုံး စစ်ဘက် များတွင်ပင် ဒရုန်းစစ်ဆင်ရေးအတွက် တိကျသေချာ သောတုံ့ပြန်မှုကို ရှာဖွေနိုင်ခြင်းမရှိသေးပေ။ ထို့ကြောင့် ခေတ်မီစစ်တပ်များကိုပိုင်ဆိုင်ထားသော နိုင်ငံ ကြီးများသည် အခြားနိုင်ငံများတွင် ဖြစ်ပွားနေသော ပဋိပက္ခများတွင် သူပုန်များကို ၎င်းတို့၏ဒရုန်းနည်း ပညာများကို ထောက်ပံ့ခြင်း၊ ရောင်းချပေးခြင်းဖြင့် ဒရုန်း၏ စွမ်းဆောင်နိုင်စွမ်းကို လေ့လာလျက်ရှိနေကြသည်။

မြန်မာ့ပြည်တွင်းစစ်အတွင်း ကျယ်ပြန့်စွာအသုံးပြုလာသော လက်လုပ်နှင့် လုပ်ငန်းသုံးဒရုန်းများ
မြန်မာ့ပြည်တွင်းစစ်အတွင်း ဒရုန်းဖြင့် တိုက်ခိုက်မှုများ မြင့်မားလာကြောင်း အမေရိကန်ကျော ထောက်နောက်ခံအဖွဲ့တစ်ခုဖြစ်သည့် Free Burma Rangers က ဖော်ပြထားသည်။ မြန်မာ့ပြည်တွင်းစစ် အတွင်း PDF လက်နက်ကိုင်များသည် ကိုယ်ပိုင် ဒရုန်းများကို တီထွင်အသုံးပြုလာကြသည်။ ဥပမာအနေ ဖြင့် PDF များသည် ကယားပြည်နယ်၊ လွိုင်ကော် တိုက်ပွဲအတွင်း ဒရုန်း(၁၂၅)စင်းအသုံးပြု၍ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြီးခဲ့သည့်နှစ်က ဒရုန်းအစင်း (၈၀)ခန့်ဖြင့်တိုက်ခိုက်မှုကို ၎င်းတို့ ဆောင် ရွက်ခဲ့ကြောင်း ဖော်ပြခဲ့ပြီး ယင်းတိုက်ခိုက်မှုများအတွင်း စစ်သည် (၈၀)မှ(၁၀ဝ) အကြား သေဆုံး ခဲ့ ကြောင်း သိရသည်။ PDF များသည် ကိုယ်ပိုင် ဒရုန်းများကို ထုတ်လုပ်ခြင်း သို့မဟုတ် ဖြန့်ကြက်နိုင်သော ဖောက်ခွဲရေး ပစ္စည်းများ ပေါင်းထည့်ခြင်းဖြင့် အရပ်သား မော်ဒယ်များကို ပြန်လည်ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျက် ရှိသည်။ ယင်းဒရုန်းများသည် ဈေးမကြီးသကဲ့သို့ အလွယ်တကူရရှိနိုင်ပြီး ထိရောက်မှု လည်း မြင့်မားသည်။ အဆိုပါ ကိရိယာများသည် (၄၀) မှ (၆၀) မီလီ မီတာအထိအရှည်ရှိပြီး ဖောက်ခွဲရေး ပစ္စည်းများနှင့် ဗုံးဆန် (၂ ဒသမ ၅)ကီလိုဂရမ်အထိ သယ်ဆောင်နိုင်ကာ ကွင်းပြင်ကျယ်တွင် မီတာ (၁၀ဝ) အချင်းဝက်အတွင်းရှိ မည်သူ့ကိုမဆို သေဆုံးအောင် သို့မဟုတ် ဒဏ်ရာရအောင် တိုက်ခိုက်နိုင် သည်။

PDF အဖွဲ့များသည် တရုတ်နိုင်ငံထုတ် လုပ်ငန်းသုံး DJI အမှတ်တံဆိပ်ဒရုန်းများကို နာမည်ကြီး ဈေးဝယ်ဝက်ဘ်ဆိုက်များဖြစ်သော Lazada နှင့် Shopee တို့မှတစ်ဆင့် အွန်လိုင်းမှ ဝယ်ယူနေကြသည်။ လုပ်ငန်းသုံးဒရုန်းများဖြစ်သည့်အတွက် အစစ်အဆေးမရှိ အလွယ်တကူဝယ်ယူနိုင်ကြသည်။ လုပ်ငန်းသုံး ဒရုန်းများသည် အရွယ်အစားနှင့် လုပ်ဆောင်နိုင်စွမ်းပေါ်မူတည်၍ အမေရိကန်ဒေါ်လာ (၁၀ဝဝ) မှ (၃၀ဝဝ)ဝန်းကျင် ကျသင့်သည်။ ယင်းလုပ်ငန်းသုံး ဒရုန်းများကို ပြန်လည်ဆန်းသစ်ခြင်းဖြင့် PDFအဖွဲ့ များက အစိုးရကိုဆန့်ကျင်ရေးလှုပ်ရှားမှုများကို အကျယ်အပြန့် ဆောင်ရွက်လာကြခြင်းဖြစ်သည်။

တီထွင်ဖန်တီးသောဒရုန်းများ၏ စွမ်းဆောင်ရည်
လက်လုပ်နှင့်ပြုပြင်ထားသောဒရုန်းများအပြင် တီထွင်ဖန်တီးထားသော first-person view (FPV) ဒရုန်းများသည် တစ်စင်းလျှင် အမေရိကန် ဒေါ်လာ(၅၀ဝ)ခန့်ကျသင့်ပြီး အဆင့်မြင့် ကင်မရာများ တပ်ဆင်ထားသော ကင်းထောက်ဒရုန်းများမှာမူ ထောင်ပေါင်းများစွာအထိ ကျသင့်နိုင်သည်။ ယူကရိန်း သည် အဆိုပါဒရုန်းများကို တစ်လလျှင် အစင်းရေ (၁၀ဝဝဝ၀) နှုန်းဖြင့်ဖြန့်ကြက်နေပြီး (၂၀၂၄) ခုနှစ် တွင် FPV ဒရုန်းတစ်သန်းထုတ်လုပ်ရန် စီစဉ်ထားသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ပဋိပက္ခအတွင်း ဒရုန်းသည် ယူကရိန်းအတွက် မည်မျှအရေးပါကြောင်း သိရှိနိုင်သည်။

FPV ဒရုန်းများသည် ၎င်းတို့၏အရွယ်အစား၊ ဘက်ထရီနှင့် ဝန်အားပေါ်မူတည်၍ (၅)ကီလို မီတာမှ (၂၀) ကီလိုမီတာကြား ပျံသန်းနိုင်သည်။ ယင်းဒရုန်း များကို နားကြပ်အသုံးပြု၍ စစ်သားတစ်ဦး က ထိန်းချုပ်နိုင်ပြီး တက်ဘလက်ပေါ်ရှိ မြေပုံများမှတစ်ဆင့်လည်း လမ်းညွှန်မှုပေးနိုင်သည်။ အဆိုပါ ဒရုန်းများကို တင့်ကားခေါင်းပေါက်များ သို့မဟုတ် အင်ဂျင်များကဲ့သို့ အားနည်းချက်ရှိသောနေရာများကို ပစ်မှတ်ထားရန် မကြာခဏအသုံးပြုလေ့ရှိသည်။ VR ဂိမ်းကစားခြင်းနှင့်ဆင်တူပြီး မျက်မှန်များ သို့ မဟုတ် နားကြပ် များမှတစ်ဆင့် တိုက်ရိုက်ဗီဒီယိုဖိုင်ကိုကြည့်ရှု၍ ထိန်းချုပ်နိုင်သည်။ အထူးသဖြင့် မြို့ပြစစ်ပွဲ သို့မဟုတ် ရှုပ်ထွေးသောပတ်ဝန်းကျင်များတွင် တိကျသော ထိန်းချုပ်မှုကိုပေးနိုင်သည့် အတွက် အသုံးများသည်။ FPV ဒရုန်းများသည် ကင်းထောက်ခြင်း၊ ပစ်မှတ်ထား သောတိုက်ခိုက်မှုများနှင့် အသေခံဗုံးခွဲခြင်းများကိုပင် ထိရောက်စွာဆောင်ရွက်နိုင်ပြီး ၎င်းတို့သည် ဖောက်ခွဲ ရေးပစ္စည်းများကို သယ်ဆောင်ကာ ပစ်မှတ်သို့ရောက်အောင် တိုက်ရိုက်ပျံသန်းနိုင်သည်။ လေယာဉ်များ သို့မဟုတ် ရဟတ် ယာဉ်များနှင့်မတူဘဲ ၎င်းတို့ကို လေကြောင်းရန်ကာစနစ်များကပင် ဟန့်တားနိုင်ခြင်း မရှိပါ။ ဒေါ်လာ (၅၀ဝ)တန် FPV ဒရုန်းတစ်စင်းသည် ဒေါ်လာသန်းပေါင်းများစွာတန်သော ရုရှားတင့်ကား၏ အပေါက်ကို ပစ်မှတ်ထားတိုက်ခိုက်နိုင်ခြင်းက ခေတ်သစ်စစ်ပွဲတွင် ၎င်းတို့၏ ကုန်ကျစရိတ်သက်သာမှုနှင့် ထိရောက်မှုကို မီးမောင်းထိုးပြနေသည်။

ဒရုန်းများကို ဟန့်တားခြင်းနည်းဗျူဟာ
ဒရုန်းစစ်ဆင်ရေးကို စစ်မြေပြင်တွင် အသုံးပြုမှု ပို၍များပြားလာသည်နှင့်အမျှ ဒရုန်းများကို ဟန့်တားနိုင်သည့်နည်းပညာများ လိုအပ်လာသည်။ ဒရုန်းဟန့်တားသည့် Jammer များသည် ဒေါ်လာ (၂၄၀ဝ) ခန့်မှစ၍ ဝယ်ယူရရှိနိုင်သည်။ သို့သော် ဈေးပေါပြီး လုပ်ငန်းသုံးမော်ဒယ်များသည် ဒီဇိုင်း ချို့ယွင်းချက် များရှိသောကြောင့် အသုံးမဝင်ပေ။ အချို့သော ကင်းထောက်တိုင်များမှာ အပေါ်ဘက်သို့ ထောင်၍ အသေ တပ်ဆင်ထားပြီး ဘေးဘီဝဲယာမှ ဒရုန်းအန္တရာယ်များကို ထောက်လှမ်းနိုင်ခြင်းမရှိပေ။ ထို့ပြင် အသုံးပြုပြီးပါက သင့်လျော်သော အအေးခံခြင်းမရှိလျှင် အပူလွန်ကဲစွာထုတ်နိုင်သည်။ ထိုကဲ့သို့ ချွတ်ယွင်းမှုများကြောင့် ကြမ်းတမ်းသော ပထဝီအနေအထားရှိသည့် အရှေ့အလယ်ပိုင်းမှ သဲကန္တာရ များနှင့် စိုစွတ်လွန်းသည့်တောတောင်များတွင် ၎င်းတို့၏ ထိရောက်နိုင်စွမ်းအပေါ် စိုးရိမ်မှုများ တိုးလာစေသည်။

ထို့ပြင် အီလက်ထရွန်နစ် Jammer များသည် တိကျသောကြိမ်နှုန်းများပေါ်တွင်သာ အလုပ်ဖြစ် သောကြောင့် ထိရောက်မှုနည်းသည်။ ထို့ကြောင့် အိတ်ဆောင်အရွယ် “ tenchies ” နှင့် ကျောပိုးအိတ် အီလက်ထရွန်နစ်စစ်ပွဲသုံးစနစ်များ (EW) ကဲ့သို့ နည်းပညာအသစ်များထွက်ပေါ်လာပြီး ပိုမိုကျယ်ပြန့် သော ၇၂၀- ၁၀၅၀ MHz အကွာအဝေးအတွင်း အချက်ပြ ဟန့်တားမှုများကို လုပ်ဆောင်နိုင်သောကြောင့် ပိုမိုထိရောက်မှုရှိလာသည်။ အဆိုပါ Jammer များကို ယူကရိန်းတွင် ဖြန့်ကြက်ထားသော်လည်း ရုရှားက Orlan-10 ကဲ့သို့ ဒရုန်းစနစ်များကို ပစ်မှတ်ထောက်လှမ်းရန်နှင့် တိုက်ခိုက်မှုအတွက် Lancet ဒရုန်းများ နှင့် ဒုံးကျည်များတပ်ဆင်အသုံးပြုနိုင်သော Orion ဒရုန်းများကိုအသုံးပြုလာခြင်းကြောင့် ယူကရိန်း၏ ဒရုန်းကာကွယ်ရေးစနစ်များအပေါ် ဆက်လက်စိန်ခေါ်မှုများရှိနေသည်။

နည်းပညာများ တစ်နေ့ထက်တစ်နေ့ မြင့်မားလာသည်နှင့် အမျှ ဒရုန်း၏စွမ်းဆောင်ရည်နှင့် တိုက်ခိုက်နိုင်စွမ်းကလည်း မြင့်မားလာမည်ဖြစ်သည်။ ထို့ပြင် စစ်မြေပြင်တွင် ၎င်းတို့ကို ဖြန့်ကြက် အသုံးပြုမှုများလာခြင်းက တစ်ဖက်တွင် စစ်သည်အင်အား အရင်းအမြစ်ဆုံးရှုံးမှုကို လျော့ကျနိုင်သော် လည်း အခြားတစ်ဖက်တွင်မူ ၎င်းကိုဟန့်တားကာကွယ်ရန်နည်းလမ်း နည်းပါးသည်နှင့်အမျှ ဒရုန်း အန္တရာယ်ကလည်း မြင့်မားလာခဲ့သည်။ ထိုကဲ့သို့ အဖျက်စွမ်းအားရှိ ဒရုန်းများ အလျင်အမြန် တိုးတက် မြင့်မားလာခြင်းက ခေတ်သစ် ပဋိပက္ခများကို ပိုမိုကျယ်ပြန့်လာစေနိုင်သကဲ့သို့ နိုင်ငံတော်နှင့် အရပ် သားပြည်သူများအတွက် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုအသစ်များကို တိုးပွားလာစေကြောင်း ရေးသား လိုက်ရပါသည်။

zawgyi version
ေခတ္သစ္စစ္ပြဲမ်ားတြင္ မင္းမူလာေသာ ဒ႐ုန္း၏ စြမ္းပကား
တင္ဇာ (NP News) - ေအာက္တိုဘာ ၁၇

ယေန႔ေခတ္စစ္ပြဲမ်ားအတြင္း ဒ႐ုန္းမ်ား၏ အႏၲရာယ္ႏွင့္ ၎တို႔ကိုတည္ေဆာက္ပုံက စစ္ပြဲအ ခင္းအက်င္းမ်ားအေပၚ သိသိသာသာ လႊမ္းမိုးလာသည္။ အခ်ိဳ႕ဒ႐ုန္းမ်ားကို တပ္ဖြဲ႕ဝင္မ်ား၏ လႈပ္ရွားမႈ မ်ားကို ေထာက္လွမ္းရန္ ကင္းေထာက္ကိရိယာအျဖစ္ အသုံးျပဳၾကၿပီး အခ်ိဳ႕ကိုမူ ရန္သူ႔တည္ေနရာ အေပၚမွ လက္ပစ္ဗုံးမ်ားႏွင့္ ဗုံးသီးမ်ားပစ္ခ်ရန္အတြက္ တပ္ဆင္အသုံးျပဳလာၾကသည္။ ထို႔ေၾကာင့္ အ ေသးစားစီးပြားျဖစ္သုံးဒ႐ုန္းမ်ားသည္ ေခတ္သစ္စစ္ပြဲမ်ား၌ တြင္တြင္က်ယ္က်ယ္ အေရးပါလာၾကသည္။

ေခတ္သစ္စစ္ပြဲမ်ားအတြင္း ဒ႐ုန္းကို စတင္အသုံးျပဳလာၾကျခင္း
ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားသည္ စက္တင္ဘာ (၁၀)ရက္က ႐ုရွားကို ဒ႐ုန္း (၁၄၄)စင္းျဖင့္ ပစ္မွတ္ ထားတိုက္ခိုက္ခဲ့ရာ ယင္းမွာ ယူကရိန္း၏ အႀကီးမားဆုံး ဒ႐ုန္းတိုက္ခိုက္မႈ ျဖစ္လာခဲ့သည္။ တိုက္ခိုက္ မႈအတြင္း ႐ုရွားက ဒ႐ုန္းအစင္း(၂၀)ကို ပစ္ခ် ႏိုင္ခဲ့ေသာ္လည္း ေမာ္စကိုၿမိဳ႕အနီးရွိ လူေနအထပ္ျမင့္ အေဆာက္အအုံ အမ်ားအျပား မီးေလာင္ကြၽမ္းခဲ့သည္။ ထို႔ျပင္ ေလေၾကာင္းခရီးစဥ္အမ်ားစုကိုလည္း ယာယီရပ္ဆိုင္းခဲ့ရသည္။ လက္တုံ႔ျပန္သည့္အေနျဖင့္ ႐ုရွားက ဒ႐ုန္း (၄၆)စင္းျဖင့္ ျပန္လည္တိုက္ခိုက္ခဲ့သည္။

ႏွစ္ဖက္စလုံးမွ ဒ႐ုန္းတိုက္ခိုက္မႈမ်ားကို ၾကည့္ျခင္းအားျဖင့္ ဒ႐ုန္းစစ္ဆင္ေရးသည္ ယူကရိန္း စစ္ပြဲကို အဆုံးအျဖတ္ေပးႏိုင္သည့္အခန္းက႑မွ ပါဝင္ေနခဲ့သည္မွာ အျငင္းပြားစရာမရွိေၾကာင္း မီးေမာင္း ထိုးျပေနသည္။ ဒ႐ုန္းမ်ား သို႔မဟုတ္ ေမာင္းသူမဲ့ ေဝဟင္သုံးယာဥ္မ်ား(UAV )သည္ ပစ္မွတ္ မ်ားကိုရွာေဖြရန္၊ ေစာင့္ၾကည့္ရန္ႏွင့္ တိုက္ခိုက္ရန္ အသုံးျပဳလာႏိုင္သည္။ ၉/၁၁ ျဖစ္စဥ္ေနာက္ပိုင္း အေမရိကန္သည္ ကမာၻလုံးဆိုင္ရာ အၾကမ္းဖက္မႈ တုံ႔ျပန္ေရးမစ္ရွင္မ်ားတြင္ UAV မ်ားကို သိသိသာသာ တိုးခ်ဲ႕အသုံးျပဳလာခဲ့သည္။ ဒ႐ုန္းမ်ားသည္ လူလိုက္ပါ ေမာင္းႏွင္ေသာယာဥ္မ်ားထက္ အားသာခ်က္ မ်ားရွိေနသည္။ ၎တို႔သည္ F-16 ကဲ့သို႔ လူလိုက္ပါ စီးနင္းသည့္ယာဥ္မ်ားႏွင့္ႏႈိင္းယွဥ္ပါက ေလထဲတြင္ (၁၄)နာရီေက်ာ္ၾကာပ်ံသန္းႏိုင္ၿပီး ပစ္မွတ္ကို စဥ္ဆက္မျပတ္ ေစာင့္ၾကည့္ႏိုင္သည္။ ထို႔ျပင္ ပစ္မွတ္ကို လည္း စကၠန႔္ပိုင္းအတြင္း ထိထိေရာက္ေရာက္တိုက္ခိုက္ႏိုင္သည္မွာ ဒ႐ုန္းမ်ား၏ အားသာခ်က္ျဖစ္ေနသည္။

ယခုေနာက္ပိုင္းတြင္ အေမရိကန္ကာကြယ္ေရးယႏၲရား၌ပင္ ဒ႐ုန္းမ်ားထည့္သြင္း အသုံးျပဳလာ ျခင္း ႏွင့္ပတ္သက္၍ မည္သို႔ေသာ မူဝါဒမ်ား၊ စစ္ေရးဗ်ဴဟာမ်ားကို ယွဥ္တြဲအသုံးျပဳလာသည္ကိုအက်ယ္ တဝင့္ ေဆြးေႏြးလာၾကသည္။ မရိန္းတပ္ဖြဲ႕တကၠသိုလ္၏ အဆိုအရ ဒ႐ုန္းတိုက္ခိုက္မႈ၏ ထိေရာက္မႈကို တြက္ခ်က္ရန္အတြက္ နည္းဗ်ဴဟာေျမာက္ထိေရာက္မႈ (TME) ၊ စစ္ဆင္ေရးအရ ထိေရာက္မႈ (OME) ႏွင့္ မဟာဗ်ဴဟာေျမာက္ထိေရာက္မႈ (SME) အပါအဝင္ အခ်က္မ်ားစြာကို ထည့္သြင္းစဥ္းစားရမည္ျဖစ္သည္။ TME သည္ ပစ္မွတ္ကို မည္မွ်အထိ တိက်ေအာင္ ပစ္ႏိုင္စြမ္းရွိသည္ကို အကဲျဖတ္သည္။ OME သည္ တပ္ဖြဲ႕ဝင္မ်ား၏လႈပ္ရွားမႈ သို႔မဟုတ္ စစ္ဆင္ေရး ေပါင္းစပ္ညႇိႏႈိင္းျခင္းကဲ့သို႔ေသာ စစ္ဆင္ေရးဆိုင္ရာ အက်ိဳးသက္ေရာက္မႈမ်ားအေပၚ အကဲျဖတ္သည္။ SME မွာမူ ဒ႐ုန္းစစ္ဆင္ေရး၏ ေရရွည္အက်ိဳးဆက္ မ်ား ဥပမာ ရန္သူ၏ေခါင္းေဆာင္ႏိုင္မႈ အေနအထား၊ လူထုသေဘာထားႏွင့္ ႏိုင္ငံတကာဆက္ဆံေရးအေပၚ ဒ႐ုန္းတိုက္ခိုက္မႈမ်ား၏ သက္ေရာက္မႈမ်ားကို သုံးသပ္သည္။ ဒ႐ုန္းတိုက္ခိုက္မႈမ်ားသည္ ေရတိုႏွင့္ ေရရွည္စစ္ေရးဆိုင္ရာ ရည္မွန္းခ်က္ႏွစ္ခုလုံးႏွင့္ ကိုက္ညီေၾကာင္း ေသခ်ာေအာင္ ခ်ိန္ညႇိရန္လိုအပ္သည္။

နာဂိုႏို-ကာရာဘတ္ေဒသႏွင့္ပတ္သက္၍ အာေမးနီးယားႏွင့္ အဇာဘိုင္ဂ်န္တို႔အၾကားဆင္ႏႊဲေသာ တိုက္ပြဲမ်ားတြင္ ဒ႐ုန္းမ်ားသည္ အဓိကအခန္းက႑မွပါဝင္ခဲ့သလို ႐ုရွား-ယူကရိန္းပဋိပကၡတြင္လည္း ဒ႐ုန္းအမ်ားအျပားကို ျဖန႔္ၾကက္ခ်ထားခဲ့သည္။ ထို႔ျပင္ ဒ႐ုန္းမ်ားသည္ ျမန္မာျပည္တြင္းစစ္ႏွင့္ အေရွ႕ အလယ္ပိုင္း ေဒသပဋိပကၡမ်ားတြင္ ပို၍ အဓိကက်ေသာ အခန္းက႑မွ ပါဝင္လာခဲ့သည္။ ပင္တဂြန္အပါ အဝင္ အဆင့္ျမင့္စစ္တပ္မ်ားသည္ ၎တို႔၏ ကိုယ္ပိုင္ဒ႐ုန္းဗ်ဴဟာမ်ားကို ျပန္လည္ျပင္ဆင္မြမ္းမံရန္ အတြက္ အဆိုပါပဋိပကၡအခင္းအက်င္းမ်ားကို အနီးကပ္ေစာင့္ၾကည့္ေနၾကသည္။ ဥပမာအေနျဖင့္ အေမ ရိကန္သည္ မၾကာေသးမီက ထိုင္ဝမ္ကို ကာကြယ္ေရးအတြက္ “ ဒ႐ုန္းမ်ားႏွင့္ ငရဲခန္းဗ်ဴဟာ ” ကို ထုတ္ ျပန္ခဲ့သည္။ သို႔ေသာ္ ကမာၻ႔အဆင့္ျမင့္ဆုံး စစ္ဘက္ မ်ားတြင္ပင္ ဒ႐ုန္းစစ္ဆင္ေရးအတြက္ တိက်ေသခ်ာ ေသာတုံ႔ျပန္မႈကို ရွာေဖြႏိုင္ျခင္းမရွိေသးေပ။ ထို႔ေၾကာင့္ ေခတ္မီစစ္တပ္မ်ားကိုပိုင္ဆိုင္ထားေသာ ႏိုင္ငံ ႀကီးမ်ားသည္ အျခားႏိုင္ငံမ်ားတြင္ ျဖစ္ပြားေနေသာ ပဋိပကၡမ်ားတြင္ သူပုန္မ်ားကို ၎တို႔၏ဒ႐ုန္းနည္း ပညာမ်ားကို ေထာက္ပံ့ျခင္း၊ ေရာင္းခ်ေပးျခင္းျဖင့္ ဒ႐ုန္း၏ စြမ္းေဆာင္ႏိုင္စြမ္းကို ေလ့လာလ်က္ရွိေနၾကသည္။

ျမန္မာ့ျပည္တြင္းစစ္အတြင္း က်ယ္ျပန႔္စြာအသုံးျပဳလာေသာ လက္လုပ္ႏွင့္ လုပ္ငန္းသုံးဒ႐ုန္းမ်ား
ျမန္မာ့ျပည္တြင္းစစ္အတြင္း ဒ႐ုန္းျဖင့္ တိုက္ခိုက္မႈမ်ား ျမင့္မားလာေၾကာင္း အေမရိကန္ေက်ာ ေထာက္ေနာက္ခံအဖြဲ႕တစ္ခုျဖစ္သည့္ Free Burma Rangers က ေဖာ္ျပထားသည္။ ျမန္မာ့ျပည္တြင္းစစ္ အတြင္း PDF လက္နက္ကိုင္မ်ားသည္ ကိုယ္ပိုင္ ဒ႐ုန္းမ်ားကို တီထြင္အသုံးျပဳလာၾကသည္။ ဥပမာအေန ျဖင့္ PDF မ်ားသည္ ကယားျပည္နယ္၊ လြိဳင္ေကာ္ တိုက္ပြဲအတြင္း ဒ႐ုန္း(၁၂၅)စင္းအသုံးျပဳ၍ တိုက္ခိုက္ ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ၿပီးခဲ့သည့္ႏွစ္က ဒ႐ုန္းအစင္း (၈၀)ခန႔္ျဖင့္တိုက္ခိုက္မႈကို ၎တို႔ ေဆာင္ ႐ြက္ခဲ့ေၾကာင္း ေဖာ္ျပခဲ့ၿပီး ယင္းတိုက္ခိုက္မႈမ်ားအတြင္း စစ္သည္ (၈၀)မွ(၁၀ဝ) အၾကား ေသဆုံး ခဲ့ ေၾကာင္း သိရသည္။ PDF မ်ားသည္ ကိုယ္ပိုင္ ဒ႐ုန္းမ်ားကို ထုတ္လုပ္ျခင္း သို႔မဟုတ္ ျဖန႔္ၾကက္ႏိုင္ေသာ ေဖာက္ခြဲေရး ပစၥည္းမ်ား ေပါင္းထည့္ျခင္းျဖင့္ အရပ္သား ေမာ္ဒယ္မ်ားကို ျပန္လည္ဖန္တီးျခင္းတို႔ကို လုပ္ေဆာင္လ်က္ ရွိသည္။ ယင္းဒ႐ုန္းမ်ားသည္ ေဈးမႀကီးသကဲ့သို႔ အလြယ္တကူရရွိႏိုင္ၿပီး ထိေရာက္မႈ လည္း ျမင့္မားသည္။ အဆိုပါ ကိရိယာမ်ားသည္ (၄၀) မွ (၆၀) မီလီ မီတာအထိအရွည္ရွိၿပီး ေဖာက္ခြဲေရး ပစၥည္းမ်ားႏွင့္ ဗုံးဆန္ (၂ ဒသမ ၅)ကီလိုဂရမ္အထိ သယ္ေဆာင္ႏိုင္ကာ ကြင္းျပင္က်ယ္တြင္ မီတာ (၁၀ဝ) အခ်င္းဝက္အတြင္းရွိ မည္သူ႔ကိုမဆို ေသဆုံးေအာင္ သို႔မဟုတ္ ဒဏ္ရာရေအာင္ တိုက္ခိုက္ႏိုင္ သည္။

PDF အဖြဲ႕မ်ားသည္ တ႐ုတ္ႏိုင္ငံထုတ္ လုပ္ငန္းသုံး DJI အမွတ္တံဆိပ္ဒ႐ုန္းမ်ားကို နာမည္ႀကီး ေဈးဝယ္ဝက္ဘ္ဆိုက္မ်ားျဖစ္ေသာ Lazada ႏွင့္ Shopee တို႔မွတစ္ဆင့္ အြန္လိုင္းမွ ဝယ္ယူေနၾကသည္။ လုပ္ငန္းသုံးဒ႐ုန္းမ်ားျဖစ္သည့္အတြက္ အစစ္အေဆးမရွိ အလြယ္တကူဝယ္ယူႏိုင္ၾကသည္။ လုပ္ငန္းသုံး ဒ႐ုန္းမ်ားသည္ အ႐ြယ္အစားႏွင့္ လုပ္ေဆာင္ႏိုင္စြမ္းေပၚမူတည္၍ အေမရိကန္ေဒၚလာ (၁၀ဝဝ) မွ (၃၀ဝဝ)ဝန္းက်င္ က်သင့္သည္။ ယင္းလုပ္ငန္းသုံး ဒ႐ုန္းမ်ားကို ျပန္လည္ဆန္းသစ္ျခင္းျဖင့္ PDFအဖြဲ႕ မ်ားက အစိုးရကိုဆန႔္က်င္ေရးလႈပ္ရွားမႈမ်ားကို အက်ယ္အျပန႔္ ေဆာင္႐ြက္လာၾကျခင္းျဖစ္သည္။

တီထြင္ဖန္တီးေသာဒ႐ုန္းမ်ား၏ စြမ္းေဆာင္ရည္
လက္လုပ္ႏွင့္ျပဳျပင္ထားေသာဒ႐ုန္းမ်ားအျပင္ တီထြင္ဖန္တီးထားေသာ first-person view (FPV) ဒ႐ုန္းမ်ားသည္ တစ္စင္းလွ်င္ အေမရိကန္ ေဒၚလာ(၅၀ဝ)ခန႔္က်သင့္ၿပီး အဆင့္ျမင့္ ကင္မရာမ်ား တပ္ဆင္ထားေသာ ကင္းေထာက္ဒ႐ုန္းမ်ားမွာမူ ေထာင္ေပါင္းမ်ားစြာအထိ က်သင့္ႏိုင္သည္။ ယူကရိန္း သည္ အဆိုပါဒ႐ုန္းမ်ားကို တစ္လလွ်င္ အစင္းေရ (၁၀ဝဝဝ၀) ႏႈန္းျဖင့္ျဖန႔္ၾကက္ေနၿပီး (၂၀၂၄) ခုႏွစ္ တြင္ FPV ဒ႐ုန္းတစ္သန္းထုတ္လုပ္ရန္ စီစဥ္ထားသည္။ ဤသည္ကိုၾကည့္ျခင္းအားျဖင့္ ပဋိပကၡအတြင္း ဒ႐ုန္းသည္ ယူကရိန္းအတြက္ မည္မွ်အေရးပါေၾကာင္း သိရွိႏိုင္သည္။

FPV ဒ႐ုန္းမ်ားသည္ ၎တို႔၏အ႐ြယ္အစား၊ ဘက္ထရီႏွင့္ ဝန္အားေပၚမူတည္၍ (၅)ကီလို မီတာမွ (၂၀) ကီလိုမီတာၾကား ပ်ံသန္းႏိုင္သည္။ ယင္းဒ႐ုန္း မ်ားကို နားၾကပ္အသုံးျပဳ၍ စစ္သားတစ္ဦး က ထိန္းခ်ဳပ္ႏိုင္ၿပီး တက္ဘလက္ေပၚရွိ ေျမပုံမ်ားမွတစ္ဆင့္လည္း လမ္းၫႊန္မႈေပးႏိုင္သည္။ အဆိုပါ ဒ႐ုန္းမ်ားကို တင့္ကားေခါင္းေပါက္မ်ား သို႔မဟုတ္ အင္ဂ်င္မ်ားကဲ့သို႔ အားနည္းခ်က္ရွိေသာေနရာမ်ားကို ပစ္မွတ္ထားရန္ မၾကာခဏအသုံးျပဳေလ့ရွိသည္။ VR ဂိမ္းကစားျခင္းႏွင့္ဆင္တူၿပီး မ်က္မွန္မ်ား သို႔ မဟုတ္ နားၾကပ္ မ်ားမွတစ္ဆင့္ တိုက္႐ိုက္ဗီဒီယိုဖိုင္ကိုၾကည့္ရႈ၍ ထိန္းခ်ဳပ္ႏိုင္သည္။ အထူးသျဖင့္ ၿမိဳ႕ျပစစ္ပြဲ သို႔မဟုတ္ ရႈပ္ေထြးေသာပတ္ဝန္းက်င္မ်ားတြင္ တိက်ေသာ ထိန္းခ်ဳပ္မႈကိုေပးႏိုင္သည့္ အတြက္ အသုံးမ်ားသည္။ FPV ဒ႐ုန္းမ်ားသည္ ကင္းေထာက္ျခင္း၊ ပစ္မွတ္ထား ေသာတိုက္ခိုက္မႈမ်ားႏွင့္ အေသခံဗုံးခြဲျခင္းမ်ားကိုပင္ ထိေရာက္စြာေဆာင္႐ြက္ႏိုင္ၿပီး ၎တို႔သည္ ေဖာက္ခြဲ ေရးပစၥည္းမ်ားကို သယ္ေဆာင္ကာ ပစ္မွတ္သို႔ေရာက္ေအာင္ တိုက္႐ိုက္ပ်ံသန္းႏိုင္သည္။ ေလယာဥ္မ်ား သို႔မဟုတ္ ရဟတ္ ယာဥ္မ်ားႏွင့္မတူဘဲ ၎တို႔ကို ေလေၾကာင္းရန္ကာစနစ္မ်ားကပင္ ဟန႔္တားႏိုင္ျခင္း မရွိပါ။ ေဒၚလာ (၅၀ဝ)တန္ FPV ဒ႐ုန္းတစ္စင္းသည္ ေဒၚလာသန္းေပါင္းမ်ားစြာတန္ေသာ ႐ုရွားတင့္ကား၏ အေပါက္ကို ပစ္မွတ္ထားတိုက္ခိုက္ႏိုင္ျခင္းက ေခတ္သစ္စစ္ပြဲတြင္ ၎တို႔၏ ကုန္က်စရိတ္သက္သာမႈႏွင့္ ထိေရာက္မႈကို မီးေမာင္းထိုးျပေနသည္။

ဒ႐ုန္းမ်ားကို ဟန႔္တားျခင္းနည္းဗ်ဴဟာ
ဒ႐ုန္းစစ္ဆင္ေရးကို စစ္ေျမျပင္တြင္ အသုံးျပဳမႈ ပို၍မ်ားျပားလာသည္ႏွင့္အမွ် ဒ႐ုန္းမ်ားကို ဟန႔္တားႏိုင္သည့္နည္းပညာမ်ား လိုအပ္လာသည္။ ဒ႐ုန္းဟန႔္တားသည့္ Jammer မ်ားသည္ ေဒၚလာ (၂၄၀ဝ) ခန႔္မွစ၍ ဝယ္ယူရရွိႏိုင္သည္။ သို႔ေသာ္ ေဈးေပါၿပီး လုပ္ငန္းသုံးေမာ္ဒယ္မ်ားသည္ ဒီဇိုင္း ခ်ိဳ႕ယြင္းခ်က္ မ်ားရွိေသာေၾကာင့္ အသုံးမဝင္ေပ။ အခ်ိဳ႕ေသာ ကင္းေထာက္တိုင္မ်ားမွာ အေပၚဘက္သို႔ ေထာင္၍ အေသ တပ္ဆင္ထားၿပီး ေဘးဘီဝဲယာမွ ဒ႐ုန္းအႏၲရာယ္မ်ားကို ေထာက္လွမ္းႏိုင္ျခင္းမရွိေပ။ ထို႔ျပင္ အသုံးျပဳၿပီးပါက သင့္ေလ်ာ္ေသာ အေအးခံျခင္းမရွိလွ်င္ အပူလြန္ကဲစြာထုတ္ႏိုင္သည္။ ထိုကဲ့သို႔ ခြၽတ္ယြင္းမႈမ်ားေၾကာင့္ ၾကမ္းတမ္းေသာ ပထဝီအေနအထားရွိသည့္ အေရွ႕အလယ္ပိုင္းမွ သဲကႏၲာရ မ်ားႏွင့္ စိုစြတ္လြန္းသည့္ေတာေတာင္မ်ားတြင္ ၎တို႔၏ ထိေရာက္ႏိုင္စြမ္းအေပၚ စိုးရိမ္မႈမ်ား တိုးလာေစသည္။

ထို႔ျပင္ အီလက္ထ႐ြန္နစ္ Jammer မ်ားသည္ တိက်ေသာႀကိမ္ႏႈန္းမ်ားေပၚတြင္သာ အလုပ္ျဖစ္ ေသာေၾကာင့္ ထိေရာက္မႈနည္းသည္။ ထို႔ေၾကာင့္ အိတ္ေဆာင္အ႐ြယ္ “ tenchies ” ႏွင့္ ေက်ာပိုးအိတ္ အီလက္ထ႐ြန္နစ္စစ္ပြဲသုံးစနစ္မ်ား (EW) ကဲ့သို႔ နည္းပညာအသစ္မ်ားထြက္ေပၚလာၿပီး ပိုမိုက်ယ္ျပန႔္ ေသာ ၇၂၀- ၁၀၅၀ MHz အကြာအေဝးအတြင္း အခ်က္ျပ ဟန႔္တားမႈမ်ားကို လုပ္ေဆာင္ႏိုင္ေသာေၾကာင့္ ပိုမိုထိေရာက္မႈရွိလာသည္။ အဆိုပါ Jammer မ်ားကို ယူကရိန္းတြင္ ျဖန႔္ၾကက္ထားေသာ္လည္း ႐ုရွားက Orlan-10 ကဲ့သို႔ ဒ႐ုန္းစနစ္မ်ားကို ပစ္မွတ္ေထာက္လွမ္းရန္ႏွင့္ တိုက္ခိုက္မႈအတြက္ Lancet ဒ႐ုန္းမ်ား ႏွင့္ ဒုံးက်ည္မ်ားတပ္ဆင္အသုံးျပဳႏိုင္ေသာ Orion ဒ႐ုန္းမ်ားကိုအသုံးျပဳလာျခင္းေၾကာင့္ ယူကရိန္း၏ ဒ႐ုန္းကာကြယ္ေရးစနစ္မ်ားအေပၚ ဆက္လက္စိန္ေခၚမႈမ်ားရွိေနသည္။

နည္းပညာမ်ား တစ္ေန႔ထက္တစ္ေန႔ ျမင့္မားလာသည္ႏွင့္ အမွ် ဒ႐ုန္း၏စြမ္းေဆာင္ရည္ႏွင့္ တိုက္ခိုက္ႏိုင္စြမ္းကလည္း ျမင့္မားလာမည္ျဖစ္သည္။ ထို႔ျပင္ စစ္ေျမျပင္တြင္ ၎တို႔ကို ျဖန႔္ၾကက္ အသုံးျပဳမႈမ်ားလာျခင္းက တစ္ဖက္တြင္ စစ္သည္အင္အား အရင္းအျမစ္ဆုံးရႈံးမႈကို ေလ်ာ့က်ႏိုင္ေသာ္ လည္း အျခားတစ္ဖက္တြင္မူ ၎ကိုဟန႔္တားကာကြယ္ရန္နည္းလမ္း နည္းပါးသည္ႏွင့္အမွ် ဒ႐ုန္း အႏၲရာယ္ကလည္း ျမင့္မားလာခဲ့သည္။ ထိုကဲ့သို႔ အဖ်က္စြမ္းအားရွိ ဒ႐ုန္းမ်ား အလ်င္အျမန္ တိုးတက္ ျမင့္မားလာျခင္းက ေခတ္သစ္ ပဋိပကၡမ်ားကို ပိုမိုက်ယ္ျပန႔္လာေစႏိုင္သကဲ့သို႔ ႏိုင္ငံေတာ္ႏွင့္ အရပ္ သားျပည္သူမ်ားအတြက္ လုံၿခဳံေရးဆိုင္ရာ စိန္ေခၚမႈအသစ္မ်ားကို တိုးပြားလာေစေၾကာင္း ေရးသား လိုက္ရပါသည္။

Related news

© 2021. All rights reserved.