ကျန်းမာရေးဝန်ဆောင်မှုတိုက်ခိုက်ခံရခြင်းက မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်အပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်စေခဲ့ဟုဆို

 344

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၈

မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ဆောင်မှု တိုက်ခိုက်ခံရခြင်းသည် နိုင်ငံကျန်းမာရေးစနစ်အပေါ် ကြီးမားသောသက်ရောက်မှုများဖြစ်လာစေခဲ့ကြောင်း ပဋိပက္ခအတွင်းကျန်းမာရေးကဏ္ဍကို တိုက်ခိုက်ခံရခြင်းမှ ကာကွယ်စောင့်ရှောင်ရေးညွန့်ပေါင်းအဖွဲ့ SHCC အဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ နိုင်ငံရေးအာဏာအငြင်းပွားမှုမဖြစ်ပွားခင်အချိန်တည်းက မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်က အားနည်းခဲ့ပြီး ကျန်းမာရေးစနစ်တွင်
ကာလရှည်စွာရင်းနှီးမြှုပ်နှံမှုအားနည်းခြင်းကို ခံခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ်မတိုင်ခင်က မြန်မာနိုင်ငံတွင် လူဦးရေ(၁၀၀၀)လျှင် သမားတော်တစ်ယောက်နှုန်းသာရှိခဲ့ပြီးအရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံများထဲတွင် အနည်းဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့ကြောင်း
SHCC အဖွဲ့က ဖော်ပြထားသည်။

၂၀၀၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်ကာလအတွင်း ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု ဂျီဒီပီ၏
ပျမ်းမျှတန်ဖိုး (၃ ဒသမ ၁၅)ရာခိုင်နှုန်းကိုသာ ကျန်းမာရေးအတွက် အသုံးပြုခဲ့ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ဆေးကုသမှုခံယူရန် လိုအပ်ချက် ပိုမိုတိုးတက်လာခဲ့သော်လည်း ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်းတွင် အစိုးရ၏ကျန်းမာရေးအသုံးစရိတ်က (၃၆)ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း SHCC အဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတိုက်ခိုက်ခံရမှုသည် ယခင်ရှိနှင့်ပြီးသား ကျန်းမာ ရေးစနစ်ကို ပိုမိုဆိုးရွားလာစေပြီး ဆေးဝါးကုသမှုခံယူရန်လိုအပ်သောပြည်သူများအတွက်ဆေးကုသမှုများကို လက်လှမ်းမီရန် ဆိုးရွားသောအတားအဆီးများကို ဖန်တီးပေးသလိုဖြစ်ခဲ့ကြောင်း ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးအာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ထိုင်း နှင့် မြန်မာနယ်စပ်ဒေသဖြစ်သော ကရင်နီပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားရာနေရာများတွင် ငှက်ဖျားအတည်ပြုလူနာအရေအတွက် (၁၀၀၀)ရာခိုင်နှုန်းတိုးလာနေပြီး ငှက်ဖျား ရောဂါကုသဆေးရရှိရန် လိုအပ်ချက်ကလည်း တိုးပွားလာနေကြောင်း SHCC အဖွဲ့ကပြောသည်။ ငှက်ဖျားရောဂါကုသဆေး လက်လှမ်းမီသောနေရာများတွင်လည်း ၂၀၂၂-၂၃ ခုနှစ်ငွေကြေးဖောင်းပွမှုနှုန်း (၂၀)ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းကြောင့် ဆေးဝါးများလက်လှမ်းမီရန် စီးပွားရေးအရ အတားအဆီးများဖြစ်စေခဲ့ကြောင်း သိရသည်။ တီဘီရောဂါ၊ ဆီးချို ရောဂါ၊ HIV ရောဂါအတွက် အေအာတီးဆေးတို့အပါအဝင် ရောဂါများအတွက် ဆေးဝါးရရှိရန်ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

zawgyi version
က်န္းမာေရးဝန္ေဆာင္မႈတိုက္ခိုက္ခံရျခင္းက ျမန္မာႏိုင္ငံ၏က်န္းမာေရးစနစ္အေပၚ ႀကီးမားေသာ သက္ေရာက္မႈမ်ားျဖစ္ေစခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၈

ျမန္မာႏိုင္ငံတြင္ က်န္းမာေရးဝန္ေဆာင္မႈ တိုက္ခိုက္ခံရျခင္းသည္ ႏိုင္ငံက်န္းမာေရးစနစ္အေပၚ ႀကီးမားေသာသက္ေရာက္မႈမ်ားျဖစ္လာေစခဲ့ေၾကာင္း ပဋိပကၡအတြင္းက်န္းမာေရးက႑ကို တိုက္ခိုက္ခံရျခင္းမွ ကာကြယ္ေစာင့္ေရွာင္ေရးၫြန္႔ေပါင္းအဖြဲ႕ SHCC အဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။ ႏိုင္ငံေရးအာဏာအျငင္းပြားမႈမျဖစ္ပြားခင္အခ်ိန္တည္းက ျမန္မာႏိုင္ငံ၏ က်န္းမာေရးစနစ္က အားနည္းခဲ့ၿပီး က်န္းမာေရးစနစ္တြင္
ကာလရွည္စြာရင္းႏွီးျမႇဳပ္ႏွံမႈအားနည္းျခင္းကို ခံခဲ့ရေၾကာင္း၊ ၂၀၂၁ ခုႏွစ္မတိုင္ခင္က ျမန္မာႏိုင္ငံတြင္ လူဦးေရ(၁၀၀၀)လွ်င္ သမားေတာ္တစ္ေယာက္ႏႈန္းသာရွိခဲ့ၿပီးအေရွ႕ေတာင္အာရွေဒသအတြင္းရွိ ႏိုင္ငံမ်ားထဲတြင္ အနည္းဆုံးႏိုင္ငံတစ္ခုျဖစ္ခဲ့ေၾကာင္း
SHCC အဖြဲ႕က ေဖာ္ျပထားသည္။

၂၀၀၀ ခုႏွစ္မွ ၂၀၂၀ ခုႏွစ္ကာလအတြင္း ျပည္တြင္းအသားတင္ကုန္ထုတ္လုပ္မႈ ဂ်ီဒီပီ၏
ပ်မ္းမွ်တန္ဖိုး (၃ ဒသမ ၁၅)ရာခိုင္ႏႈန္းကိုသာ က်န္းမာေရးအတြက္ အသုံးျပဳခဲ့ေၾကာင္း၊ လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ ေဆးကုသမႈခံယူရန္ လိုအပ္ခ်က္ ပိုမိုတိုးတက္လာခဲ့ေသာ္လည္း ၂၀၂၂ ခုႏွစ္ႏွင့္ ၂၀၂၃ ခုႏွစ္အတြင္းတြင္ အစိုးရ၏က်န္းမာေရးအသုံးစရိတ္က (၃၆)ရာခိုင္ႏႈန္းေလ်ာ့နည္းခဲ့ေၾကာင္း SHCC အဖြဲ႕၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားတိုက္ခိုက္ခံရမႈသည္ ယခင္ရွိႏွင့္ၿပီးသား က်န္းမာ ေရးစနစ္ကို ပိုမိုဆိုး႐ြားလာေစၿပီး ေဆးဝါးကုသမႈခံယူရန္လိုအပ္ေသာျပည္သူမ်ားအတြက္ေဆးကုသမႈမ်ားကို လက္လွမ္းမီရန္ ဆိုး႐ြားေသာအတားအဆီးမ်ားကို ဖန္တီးေပးသလိုျဖစ္ခဲ့ေၾကာင္း ဆိုသည္။

ျမန္မာႏိုင္ငံတြင္ ၂၀၂၁ ခုႏွစ္က ႏိုင္ငံေရးအာဏာအျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ထိုင္း ႏွင့္ ျမန္မာနယ္စပ္ေဒသျဖစ္ေသာ ကရင္နီျပည္နယ္ရွိ ပဋိပကၡျဖစ္ပြားရာေနရာမ်ားတြင္ ငွက္ဖ်ားအတည္ျပဳလူနာအေရအတြက္ (၁၀၀၀)ရာခိုင္ႏႈန္းတိုးလာေနၿပီး ငွက္ဖ်ား ေရာဂါကုသေဆးရရွိရန္ လိုအပ္ခ်က္ကလည္း တိုးပြားလာေနေၾကာင္း SHCC အဖြဲ႕ကေျပာသည္။ ငွက္ဖ်ားေရာဂါကုသေဆး လက္လွမ္းမီေသာေနရာမ်ားတြင္လည္း ၂၀၂၂-၂၃ ခုႏွစ္ေငြေၾကးေဖာင္းပြမႈႏႈန္း (၂၀)ရာခိုင္ႏႈန္းျမင့္တက္ခဲ့ျခင္းေၾကာင့္ ေဆးဝါးမ်ားလက္လွမ္းမီရန္ စီးပြားေရးအရ အတားအဆီးမ်ားျဖစ္ေစခဲ့ေၾကာင္း သိရသည္။ တီဘီေရာဂါ၊ ဆီးခ်ိဳ ေရာဂါ၊ HIV ေရာဂါအတြက္ ေအအာတီးေဆးတို႔အပါအဝင္ ေရာဂါမ်ားအတြက္ ေဆးဝါးရရွိရန္ခက္ခဲေနဆဲျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.