ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော

 538

Pika (NP News) - အောက်တိုဘာ ၁၉

လာမယ့် နိုဝင်ဘာလမှာ ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင်က ယနေ့ (အောက်တိုဘာလ ၁၉ ရက်)မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)ရဲ့ ဖမ်းဝရမ်းကြောင့် ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို မတက်ရောက်တာမျိုးလည်းမဟုတ်ဘူးလို့ ပူတင်က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ICC ရဲ့ ဖမ်းဝရမ်းလိုမျိုး စီရင်ချက်တွေကို လွယ်လွယ်ကူကူပဲ ရှောင်ရှားဖို့ဆောင်ရွက်နိုင်တယ်လို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံ မော်စကိုမြို့မှာကျင်းပမယ့် BRICS ထိပ်သီးအစည်းအဝေးမတိုင်မီ ပူတင်က ယခုလိုအတည်ပြုပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ပူတင်က "ဒီလို G20 ထိပ်သီးအစည်းအဝေးကို ကျွန်တော်က ဘာကြောင့်တက်ရမှာလဲ။ကျွန်တော်တက်ရောက်ခဲ့မယ်ဆိုရင်တောင် ပြောဆိုမယ့် အကြောင်းအရာတွေက ဒီအ ကြောင်းအရာတွေပဲဖြစ်နေမှာပါ။ ဘရာဇီးနိုင်ငံမှာ ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုပေးနိုင်မယ့် တစ်စုံတစ်ဦးကို ရုရှားမှာကျွန်တော်တို့ရှာလို့ရပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် နိုင်ငံတကာရာဇဝတ်တရားရုံး ICC ဟာ ၂၀၂၃ ခုနှစ် မတ်လမှာ ပူတင်ကို ဖမ်းဝရမ်းထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ရုရှားအစိုးရဟာ စစ်ရာဇဝတ်မှုကျူးလွန်တာမျိုးမရှိကြောင်းနဲ့ (ICC)ရဲ့ ဖမ်းဝရမ်းဟာ တရားမဝင်ဘူးလို့ ရုရှားအစိုးရဘက်က အကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ဘရာဇီးနိုင်ငံကို သွားရောက်ခဲ့မယ်ဆိုရင် ဖမ်းဆီးခံရမယ်ဆိုတဲ့ ပြောဆိုချက်တွေကို ပူတင်က ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ ပူတင်က "ရုရှားနဲ့ဘရာဇီးက နွေးထွးပြီးကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိပါတယ်။ ဒါကြောင့်မလို့ ဒီလိုခက်ခဲတဲ့အခြေအနေမျိုးကို ဘယ်သူကမှ လုပ်ဆောင်မှာမဟုတ်ပါဘူး"လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
ဘရာဇီးမွာက်င္းပမယ့္ G20 ထိပ္သီးအစည္းအေဝးကို တက္ေရာက္မွာမဟုတ္ဘူးလို႔ ႐ုရွားသမၼတပူတင္ ေျပာ
Pika (NP News) - ေအာက္တိုဘာ ၁၉

လာမယ့္ ႏိုဝင္ဘာလမွာ ဘရာဇီးႏိုင္ငံမွာ က်င္းပမယ့္ G20 ထိပ္သီးအစည္းအေဝးကို တက္ေရာက္မွာမဟုတ္ဘူးလို႔ ႐ုရွားသမၼတပူတင္က ယေန႔ (ေအာက္တိုဘာလ ၁၉ ရက္)မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ႏိုင္ငံတကာရာဇဝတ္တရား႐ုံး(ICC)ရဲ႕ ဖမ္းဝရမ္းေၾကာင့္ ဘရာဇီးႏိုင္ငံမွာ က်င္းပမယ့္ G20 ထိပ္သီးအစည္းအေဝးကို မတက္ေရာက္တာမ်ိဳးလည္းမဟုတ္ဘူးလို႔ ပူတင္က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ICC ရဲ႕ ဖမ္းဝရမ္းလိုမ်ိဳး စီရင္ခ်က္ေတြကို လြယ္လြယ္ကူကူပဲ ေရွာင္ရွားဖို႔ေဆာင္႐ြက္ႏိုင္တယ္လို႔လည္း ပူတင္က ေျပာၾကားခဲ့ပါတယ္။ ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕မွာက်င္းပမယ့္ BRICS ထိပ္သီးအစည္းအေဝးမတိုင္မီ ပူတင္က ယခုလိုအတည္ျပဳေျပာၾကားခဲ့တာလည္း ျဖစ္ပါတယ္။

ပူတင္က "ဒီလို G20 ထိပ္သီးအစည္းအေဝးကို ကြၽန္ေတာ္က ဘာေၾကာင့္တက္ရမွာလဲ။ကြၽန္ေတာ္တက္ေရာက္ခဲ့မယ္ဆိုရင္ေတာင္ ေျပာဆိုမယ့္ အေၾကာင္းအရာေတြက ဒီအ ေၾကာင္းအရာေတြပဲျဖစ္ေနမွာပါ။ ဘရာဇီးႏိုင္ငံမွာ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ အက်ိဳးစီးပြားကို ကိုယ္စားျပဳေပးႏိုင္မယ့္ တစ္စုံတစ္ဦးကို ႐ုရွားမွာကြၽန္ေတာ္တို႔ရွာလို႔ရပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ၿပီးေနာက္ ႏိုင္ငံတကာရာဇဝတ္တရား႐ုံး ICC ဟာ ၂၀၂၃ ခုႏွစ္ မတ္လမွာ ပူတင္ကို ဖမ္းဝရမ္းထုတ္ခဲ့တာလည္း ျဖစ္ပါတယ္။

ဒါေပမဲ့လည္း ႐ုရွားအစိုးရဟာ စစ္ရာဇဝတ္မႈက်ဴးလြန္တာမ်ိဳးမရွိေၾကာင္းနဲ႔ (ICC)ရဲ႕ ဖမ္းဝရမ္းဟာ တရားမဝင္ဘူးလို႔ ႐ုရွားအစိုးရဘက္က အႀကိမ္ႀကိမ္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ဘရာဇီးႏိုင္ငံကို သြားေရာက္ခဲ့မယ္ဆိုရင္ ဖမ္းဆီးခံရမယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြကို ပူတင္က ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ ပူတင္က "႐ုရွားနဲ႔ဘရာဇီးက ေႏြးထြးၿပီးေကာင္းမြန္တဲ့ ဆက္ဆံေရးေတြရွိပါတယ္။ ဒါေၾကာင့္မလို႔ ဒီလိုခက္ခဲတဲ့အေျခအေနမ်ိဳးကို ဘယ္သူကမွ လုပ္ေဆာင္မွာမဟုတ္ပါဘူး"လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.