မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များတွင် ရွှေဆွဲကြိုးလုယက်မှုများ ကျူးလွန်ခဲ့သည့်အမျိုးသား ၃ ဦးကို သက်သေခံ ရွှေထည်များနှင့်အတူ ဖမ်းဆီးရမိ

 535

ချယ်ရီ (NP News)- အောက်တိုဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာပြည်သူများထံမှ ရွှေဆွဲကြိုး ဖြတ်ယူလုယက်မှုများ ကျူးလွန်ခဲ့သည့် အမျိုးသား ၃ ဦးကို သက်သေခံ ရွှေထည်များနှင့်အတူ ဖမ်းဆီးရမိကြောင်း နစကမှ အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း ဖောက်ခွဲတိုက်ခိုက်မှုများ ကျူးလွန်ခြင်း၊ ဓားပြမှု၊ လုယက်မှုနှင့် ဒုစရိုက်မှုများ ကျူးလွန်ခြင်းတို့ မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိရာ မန္တ‌လေးမြို့ပေါ် ရပ်ကွက်များအတွင်း လုယက်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့သည့် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ကျူးကျော်တဲ၌ နေထိုင်သူ ဇော်လင်းအောင်(အသက် ၃၆ နှစ်)ကို အောက်တိုဘာ(၁၉)ရက်နေ့တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ထွန်းတောက်လင်း(၂၁)နှစ်ကို ပုသိမ်ကြီးမြို့နယ်၊ စည်သာယာရပ်ကွက်ရှိ ၎င်း၏ အဒေါ်ဖြစ်သူနေအိမ်၌ လည်းကောင်း၊ သိန်းဝင်းအောင်(၁၉)နှစ်ကို ၎င်း၏နေအိမ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်ချက်များအရ ဇော်လင်းအောင်နှင့် ထွန်းတောက်လင်းတို့မှ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း လုယက်မှု(၇)ကြိမ်၊ ဇူလိုင်လအတွင်း လုယက်မှု(၃)ကြိမ်၊ သြဂုတ်လအတွင်း၌ လုယက်မှု(၂)ကြိမ်၊ စက်တင်ဘာလအတွင်း၌ လုယက်မှု(၁)ကြိမ် စုစုပေါင်းလုယက်မှု(၁၃)ကြိမ်ကို ကျူးလွန်ခဲ့ပြီး ထွန်းတောက်လင်းမှ ဆိုင်ကယ်မောင်းနှင်ကာ ဇော်လင်းအောင်က နောက်မှထိုင်၍ လမ်းသွားလမ်းလာများထံမှ ဆွဲကြိုးဖြတ် လုယက်မှု ကျူးလွန်ခဲ့ကြောင်း သိရသည်။

အလားတူ သိန်းဝင်းအောင်နှင့် ထွန်းတောက်လင်းတို့မှ သြဂုတ်လအတွင်း လုယက်မှု(၁)ကြိမ်နှင့် စက်တင်ဘာလ အတွင်း လုယက်မှု(၂)ကြိမ် စုစုပေါင်းလုယက်မှု(၃)ကြိမ်အား ကျူးလွန်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ ဇော်လင်းအောင်၊ သိန်းဝင်းအောင်နှင့် ထွန်းတောက်လင်းတို့ ၃ ဦးသည် မန္တလေး မြို့ပေါ်ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာပြည်သူများထံမှ စုစုပေါင်းလုယက်မှု(၁၆)ကြိမ်ကျူးလွန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါလုယက်မှုများမှရရှိခဲ့သည့် သက်သေခံရွှေထည်ပစ္စည်းများအား ၎င်းတို့ထုခွဲရောင်းချခဲ့သည့် သက်ဆိုင်ရာနေရာအသီးသီးမှ သက်သေများနှင့်အတူ ရှာဖွေသိမ်းဆည်းခြင်းများကိုလည်း ဆက်လက်ဆောင်ရွက် နေကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version;
မႏၲေလးၿမိဳ႕ေပၚရွိ ရပ္ကြက္မ်ားတြင္ ေ႐ႊဆြဲႀကိဳးလုယက္မႈမ်ား က်ဴးလြန္ခဲ့သည့္အမ်ိဳးသား ၃ ဦးကို သက္ေသခံ ေ႐ႊထည္မ်ားႏွင့္အတူ ဖမ္းဆီးရမိ
ခ်ယ္ရီ (NP News)- ေအာက္တိုဘာ ၂၀

မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးၿမိဳ႕ေပၚရွိ ရပ္ကြက္မ်ားအတြင္း လမ္းသြားလမ္းလာျပည္သူမ်ားထံမွ ေ႐ႊဆြဲႀကိဳး ျဖတ္ယူလုယက္မႈမ်ား က်ဴးလြန္ခဲ့သည့္ အမ်ိဳးသား ၃ ဦးကို သက္ေသခံ ေ႐ႊထည္မ်ားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း နစကမွ ေအာက္တိုဘာ ၁၉ ရက္တြင္ ထုတ္ျပန္ထားသည္။

မႏၲေလးၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း ေဖာက္ခြဲတိုက္ခိုက္မႈမ်ား က်ဴးလြန္ျခင္း၊ ဓားျပမႈ၊ လုယက္မႈႏွင့္ ဒုစ႐ိုက္မႈမ်ား က်ဴးလြန္ျခင္းတို႔ မျဖစ္ေပၚေစေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေဆာင္႐ြက္လ်က္ရွိရာ မႏၲ‌ေလးၿမိဳ႕ေပၚ ရပ္ကြက္မ်ားအတြင္း လုယက္မႈအႀကိမ္ႀကိမ္က်ဴးလြန္ခဲ့သည့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ သင္ပန္းကုန္းရပ္ကြက္၊ က်ဴးေက်ာ္တဲ၌ ေနထိုင္သူ ေဇာ္လင္းေအာင္(အသက္ ၃၆ ႏွစ္)ကို ေအာက္တိုဘာ(၁၉)ရက္ေန႔တြင္ ၎၏ေနအိမ္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ထြန္းေတာက္လင္း(၂၁)ႏွစ္ကို ပုသိမ္ႀကီးၿမိဳ႕နယ္၊ စည္သာယာရပ္ကြက္ရွိ ၎၏ အေဒၚျဖစ္သူေနအိမ္၌ လည္းေကာင္း၊ သိန္းဝင္းေအာင္(၁၉)ႏွစ္ကို ၎၏ေနအိမ္၌လည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ဖမ္းဆီးရမိသူမ်ားအား စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ ေဇာ္လင္းေအာင္ႏွင့္ ထြန္းေတာက္လင္းတို႔မွ ၂၀၂၄ ခုႏွစ္၊ ဇြန္လအတြင္း လုယက္မႈ(၇)ႀကိမ္၊ ဇူလိုင္လအတြင္း လုယက္မႈ(၃)ႀကိမ္၊ ၾသဂုတ္လအတြင္း၌ လုယက္မႈ(၂)ႀကိမ္၊ စက္တင္ဘာလအတြင္း၌ လုယက္မႈ(၁)ႀကိမ္ စုစုေပါင္းလုယက္မႈ(၁၃)ႀကိမ္ကို က်ဴးလြန္ခဲ့ၿပီး ထြန္းေတာက္လင္းမွ ဆိုင္ကယ္ေမာင္းႏွင္ကာ ေဇာ္လင္းေအာင္က ေနာက္မွထိုင္၍ လမ္းသြားလမ္းလာမ်ားထံမွ ဆြဲႀကိဳးျဖတ္ လုယက္မႈ က်ဴးလြန္ခဲ့ေၾကာင္း သိရသည္။

အလားတူ သိန္းဝင္းေအာင္ႏွင့္ ထြန္းေတာက္လင္းတို႔မွ ၾသဂုတ္လအတြင္း လုယက္မႈ(၁)ႀကိမ္ႏွင့္ စက္တင္ဘာလ အတြင္း လုယက္မႈ(၂)ႀကိမ္ စုစုေပါင္းလုယက္မႈ(၃)ႀကိမ္အား က်ဴးလြန္ခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ ေဇာ္လင္းေအာင္၊ သိန္းဝင္းေအာင္ႏွင့္ ထြန္းေတာက္လင္းတို႔ ၃ ဦးသည္ မႏၲေလး ၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း လမ္းသြားလမ္းလာျပည္သူမ်ားထံမွ စုစုေပါင္းလုယက္မႈ(၁၆)ႀကိမ္က်ဴးလြန္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အဆိုပါလုယက္မႈမ်ားမွရရွိခဲ့သည့္ သက္ေသခံေ႐ႊထည္ပစၥည္းမ်ားအား ၎တို႔ထုခြဲေရာင္းခ်ခဲ့သည့္ သက္ဆိုင္ရာေနရာအသီးသီးမွ သက္ေသမ်ားႏွင့္အတူ ရွာေဖြသိမ္းဆည္းျခင္းမ်ားကိုလည္း ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.