ဗဟိုဘဏ်က အကောင်အထည်ဖော်နေသည့် MyanmarPay ကို ဒီဇင်ဘာလတွင် အများ ပြည်သူစတင် အသုံးပြုနိုင်ရန်လျာထား

 1559

ယွန်း (NP News) - အောက်တိုဘာ ၂ဝ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောင် အထည်ဖော်နေသည့် Myanmar Pay ကို လာမည့် ဒီဇင်ဘာလတွင် အများပြည်သူ စတင်အသုံးပြုနိုင်ရန် လျာထားကြောင်း ဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်း အသိပေးပြောဆိုထားသည်။ MyanmarPay (Digital Payment Switch) Project ကို ပြီးခဲ့သည့် (၂၀၂၁) ခုနှစ်က စတင်ပြင်ဆင်ခဲ့ပြီး ဆောင်ရွက်ရ မည့် Business Model များ၊ Infrastr­ucture များ ညှိနှိုင်းပြင်ဆင်ခဲ့ရာ (၂၀၂၃)ခုနှစ်မှသာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့အကောင်အထည်ဖော်ရာ၌ Pay Plus Co,Ltd. ကို အော်ပရေတာအဖြစ်လည်း ကောင်း၊ နည်းပညာပိုင်းဆိုင်ရာကို Andaman Capital Partners ကိုလည်းကောင်း တာဝန်ပေးထားပြီး Myanmar Pay သည် National Level Project ဖြစ်သည့်အတွက် ပြည်တွင်းသာမက ပြည်ပနှင့်ပါ QR Payment များ ချိတ်ဆက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ‘‘ပလက်ဖောင်းတစ်ခု တည်းဖြစ်လာရင် ပိုကောင်းတာပေါ့နော်။ အခုဆိုရင် AYA Pay ဆို AYA Pay ထည့်ရပြန်ပြီ။ UAB Pay ဆို့ UAB Pay ထည့်ရတာ ထက်စာရင် အားလုံးကို ခြုံပြီးတော့ Pay တစ်ခု လုပ်ထားရင်တော့ ပိုပြီးတော့ အဆင်ပြေ မယ်လို့ထင်တာပေါ့။ Digital Payment တွေများလာတာတော့ ကောင်းပါတယ်။ နိုင်ငံတကာမှာလည်း သုံးနေပြီ။ အခုလိုမျိုး လုံခြုံရေးသိပ်လည်းမကောင်းတဲ့အချိန်မှာ ပိုက်ဆံထုပ်တွေကိုင်ပြီး သွားနေတာထက်စာရင် ဖုန်းလေးနဲ့ ပေးလို့ ရတာတော့ ပိုကောင်းတာပေါ့။ အဓိကကတော့ အဲဒါတွေသုံးမယ် ဆိုရင်တော့ လိုင်းတွေလည်း ကောင်းဖို့တော့ လိုတာပေါ့။ ပြီးရင် လိုင်းကျတာနဲ့ Payment နှစ်ခါဖြစ်တာတို့လည်း ရှိတယ်။ အဲဒီတော့ အင်တာနက်တွေ ကောင်းဖို့ လိုတယ်။ ပြီးရင် Security တွေလည်း ကောင်းဖို့လိုတယ်။ Payment တွေ အတွက်က Security ကောင်းဖို့ကလည်း အရေးကြီးတယ်” ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News သို့ သုံးသပ်ထားသည်။

Myanmar Pay အသုံးပြုမှုကို စတင်နိုင်ရန်အတွက် အစီအစဉ်များကို Production Testing ကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ပထမ အဆင့်တွင် Dummy Merchant များ၊ ဒုတိယအဆင့်တွင် Friendly Merchant များဖြင့် စမ်းသပ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တတိယအဆင့်အနေဖြင့် အများပြည်သူ စတင်အသုံးပြုနိုင်ရေး (Go-Live) ကို ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါ Go-Live ကို လာမည့် ဒီဇင်ဘာလတွင် လျာထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေးထားသည်။

MyanmarPay QR ကို အကောင်အထည်ဖော်ပြီးပါက ဘဏ်နှင့်မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း များ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများ အသုံးပြုသူများအကြား ငွေပေးချေမှုကို မတူညီသည့် Payment Platform များနှင့် Model များကို Switching တစ်ခုတည်ဆောက်ပြီး အပြန်အလှန်ပေး ချေမှုများ ပေးချေနိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဗဟိုဘဏ္က အေကာင္အထည္ေဖာ္ေနသည့္ MyanmarPay ကို ဒီဇင္ဘာလတြင္ အမ်ား ျပည္သူစတင္ အသုံးျပဳႏိုင္ရန္ လ်ာထား
ယြန္း (NP News) - ေအာက္တိုဘာ ၂ဝ

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က အေကာင္ အထည္ေဖာ္ေနသည့္ Myanmar Pay ကို လာမည့္ ဒီဇင္ဘာလတြင္ အမ်ားျပည္သူ စတင္အသုံးျပဳႏိုင္ရန္ လ်ာထားေၾကာင္း ဗဟိုဘဏ္က ယခုရက္ပိုင္းအတြင္း အသိေပးေျပာဆိုထားသည္။ MyanmarPay (Digital Payment Switch) Project ကို ၿပီးခဲ့သည့္ (၂၀၂၁) ခုႏွစ္က စတင္ျပင္ဆင္ခဲ့ၿပီး ေဆာင္႐ြက္ရ မည့္ Business Model မ်ား၊ Infrastr­ucture မ်ား ညႇိႏႈိင္းျပင္ဆင္ခဲ့ရာ (၂၀၂၃)ခုႏွစ္မွသာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔အေကာင္အထည္ေဖာ္ရာ၌ Pay Plus Co,Ltd. ကို ေအာ္ပေရတာအျဖစ္လည္း ေကာင္း၊ နည္းပညာပိုင္းဆိုင္ရာကို Andaman Capital Partners ကိုလည္းေကာင္း တာဝန္ေပးထားၿပီး Myanmar Pay သည္ National Level Project ျဖစ္သည့္အတြက္ ျပည္တြင္းသာမက ျပည္ပႏွင့္ပါ QR Payment မ်ား ခ်ိတ္ဆက္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။ ‘‘ပလက္ေဖာင္းတစ္ခု တည္းျဖစ္လာရင္ ပိုေကာင္းတာေပါ့ေနာ္။ အခုဆိုရင္ AYA Pay ဆို AYA Pay ထည့္ရျပန္ၿပီ။ UAB Pay ဆို႔ UAB Pay ထည့္ရတာ ထက္စာရင္ အားလုံးကို ၿခဳံၿပီးေတာ့ Pay တစ္ခု လုပ္ထားရင္ေတာ့ ပိုၿပီးေတာ့ အဆင္ေျပ မယ္လို႔ထင္တာေပါ့။ Digital Payment ေတြမ်ားလာတာေတာ့ ေကာင္းပါတယ္။ ႏိုင္ငံတကာမွာလည္း သုံးေနၿပီ။ အခုလိုမ်ိဳး လုံၿခဳံေရးသိပ္လည္းမေကာင္းတဲ့အခ်ိန္မွာ ပိုက္ဆံထုပ္ေတြကိုင္ၿပီး သြားေနတာထက္စာရင္ ဖုန္းေလးနဲ႔ ေပးလို႔ ရတာေတာ့ ပိုေကာင္းတာေပါ့။ အဓိကကေတာ့ အဲဒါေတြသုံးမယ္ ဆိုရင္ေတာ့ လိုင္းေတြလည္း ေကာင္းဖို႔ေတာ့ လိုတာေပါ့။ ၿပီးရင္ လိုင္းက်တာနဲ႔ Payment ႏွစ္ခါျဖစ္တာတို႔လည္း ရွိတယ္။ အဲဒီေတာ့ အင္တာနက္ေတြ ေကာင္းဖို႔ လိုတယ္။ ၿပီးရင္ Security ေတြလည္း ေကာင္းဖို႔လိုတယ္။ Payment ေတြ အတြက္က Security ေကာင္းဖို႔ကလည္း အေရးႀကီးတယ္” ဟု ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News သို႔ သုံးသပ္ထားသည္။

Myanmar Pay အသုံးျပဳမႈကို စတင္ႏိုင္ရန္အတြက္ အစီအစဥ္မ်ားကို Production Testing ကို အဆင့္သုံးဆင့္ျဖင့္ ေဆာင္႐ြက္မည္ျဖစ္ၿပီး ပထမ အဆင့္တြင္ Dummy Merchant မ်ား၊ ဒုတိယအဆင့္တြင္ Friendly Merchant မ်ားျဖင့္ စမ္းသပ္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ တတိယအဆင့္အေနျဖင့္ အမ်ားျပည္သူ စတင္အသုံးျပဳႏိုင္ေရး (Go-Live) ကို ေဆာင္႐ြက္မည္ျဖစ္ၿပီး အဆိုပါ Go-Live ကို လာမည့္ ဒီဇင္ဘာလတြင္ လ်ာထားေၾကာင္း ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က အသိေပးထားသည္။

MyanmarPay QR ကို အေကာင္အထည္ေဖာ္ၿပီးပါက ဘဏ္ႏွင့္မိုဘိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈလုပ္ငန္း မ်ား၊ ေရာင္းခ်သူကိုယ္စား ေငြေကာက္ခံရွင္းလင္းသည့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ား အသုံးျပဳသူမ်ားအၾကား ေငြေပးေခ်မႈကို မတူညီသည့္ Payment Platform မ်ားႏွင့္ Model မ်ားကို Switching တစ္ခုတည္ေဆာက္ၿပီး အျပန္အလွန္ေပး ေခ်မႈမ်ား ေပးေခ်ႏိုင္ရန္ ေဆာင္႐ြက္ရျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.