လှိုင်မြို့နယ်တွင် ရွှေထည်ပစ္စည်းအစုံ(၅)ပိဿာကျော် နှင့် ငွေကျပ်သိန်း(၅၀)ခန့်အား သေနတ်ပြခြိမ်းခြောက် လုယက်ခဲ့သူများမှာ PDF သင်တန်းဆင်းများ ဖြစ်နေ

 1577

နာမူ (NP News) - အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ရွှေထည်ပစ္စည်းစုံ(၅)ပိဿာကျော်နှင့် ငွေကျပ် သိန်း(၅၀)ခန့်အား သေနတ်ပြခြိမ်းခြောက် လုယက်ခဲ့သူများမှာ PDF အကြမ်းဖက် သင် တန်းဆင်းများ ဖြစ်နေကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

လုယက်သည့်ဖြစ်စဉ်မှာ အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်မြို့နယ်ရှိ “မြရွှေယုံ” ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါရွှေဆိုင်မှ ယာဉ်မောင်းသည် ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနှင့် ဆင်ရေတွင်းလမ်းထောင့်ရှိ မြရွှေယုံရွှေဆိုင်မှ ရွှေထည်ပစ္စည်းအစုံ (၅)ပိဿာ (၂၉) ကျပ်သားနှင့် ငွေကျပ် သိန်း (၅၀)တို့ကို သံသေတ္တာ(၃)လုံးဖြင့် သိမ်းဆည်းကာ လှိုင်မြို့နယ်ရှိ ရွှေဆိုင်ပိုင်ရှင်၏နေအိမ်သို့ တစ်ဦးတည်း မောင်းနှင်လာခဲ့ကြောင်း သိရသည်။ ထို့နောက် နေအိမ်ရှေ့သို့အရောက်တွင် အခြားမော်တော်ယာဉ်တစ်စီးဖြင့် အမျိုးသား(၄)ဦး ရောက်ရှိလာကာ သေနတ်တစ်ချက်ပစ်ဖောက်ခြိမ်းခြောက်ပြီး ယာဉ်မောင်းကို ရိုက်နှက်ကာ ကားပေါ်ရှိ ရွှေထည်ပစ္စည်းနှင့် ငွေများထည့်ထားသည့် သံသေတ္တာ(၃)လုံးတို့ကို လုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လှိုင်မြို့နယ်၊ ပိတောက်ချောင်းနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ကာ တရားခံများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ (၂၃) ရက်တွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ပါရမီလမ်းနှင့် သုမင်္ဂလာလမ်းဆုံ၌ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်တွင် နေထိုင်သော အသက်(၃၇)နှစ်အရွယ် မသက်ထားခိုင်(ခ)ရည်မွန်အေးကို မသင်္ကာသဖြင့် စစ်ဆေးရာ ၎င်း၏ဘေးလွယ်အိတ်အ တွင်းမှ လုယက်မှုတွင် ပါသွားခဲ့သော ပလက်တီနမ်ရွှေဖြူဆွဲကြိုး(၈)ကုံးနှင့်ငွေကျပ် (၁၀) သိန်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၎င်း၏ ထွက်ဆိုချက်အရ ပလက်တီနမ်ရွှေဖြူဆွဲကြိုး(၁၀)ကုံးမှာ ၎င်း၏ခင်ပွန်းဖြစ်သူ ထက်အောင်ခိုင်မှ ရောင်းချခိုင်းလိုက်ကြောင်းသိရသဖြင့် ဆက်လက်စစ်ဆေးရာမှ လုယက်မှုတရားခံ ထက်အောင်ခိုင်(၃၆) နှစ်ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ထို့နောက် ထက်အောင်ခိုင်အား ဆက်လက်စစ်ဆေးရာမှ လုယက်မှုတွင် အသုံးပြုခဲ့သည့် ဒဿမ ၃၂ ဗို့ ခြောက်လုံးပြူးသေနတ် (၁) လက်၊ S&WL ကျည် (၉) တောင့်၊ ၎င်းကျည်ခွံ (၁) ခု၊ ငွေစက္ကူ ၁၈ သိန်းနှင့် လုယက်မှုမှရရှိခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ (စိစစ်ဆဲ) တို့အား ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထိုမှတစ်ဆင့် ဆက်လက်စစ်ဆေးစုံစမ်းခဲ့ရာ လုယက်မှုကျူးလွန်ရာတွင် ပါဝင်သူများဖြစ်ကြသည့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပေါက်စုကျေးရွာနေ တရားခံ ကျော်ကြီး (ခ) ကျော်ဇင်ဟိန်း (၂၂) နှစ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အမှတ် (၈) ရပ်ကွက်နေ တရားခံ စောပိုင်ဇော်ဦး (ခ) ပိုင်ကြီး (၃၅) နှစ် တို့အား အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထွက်ဆိုချက်အရ ဖမ်းဆီးရမိတရားခံ ထက်အောင်ခိုင်၊ ကျော်ဇင်ဟိန်း (ခ) ကျော်ကြီးနှင့် ဝေကြီး (ဖမ်းဆီးရန်ကျန်) တို့ (၃) ဦးသည် KNU တပ်မဟာ(၇) ဝေ့ရှမ်း ကျေးရွာတွင်ဖွင့်လှစ်သော PDF အကြမ်းဖက်သင်တန်းအပတ်စဉ် (၅/၂၀၂၄) သင်တန်းဆင်းများဖြစ်ကာ သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း ထက်အောင်ခိုင်သည် သင်တန်း၌ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ ဦးမာမူ (စိစစ်ဆဲ) ထံမှ ဒဿမ ၃၂ ဗို့ခြောက်လုံးပြူးနှင့် ကျည်များအား ငွေကျပ် (၂၁) သိန်းဖြင့်ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လုယက်မှုကျူးလွန်ရာတွင် တရားခံ ထက်အောင်ခိုင်မှ Toyota Corolla အဖြူရောင်ယာဉ်အားမောင်းနှင်၍ အခင်းဖြစ်ခြံရှေ့တွင် ရွှေထည်ပစ္စည်းများသယ်ဆောင်လာသည့်ယာဉ်အား အနောက်မှကပ်လျက်ရပ်တန့်ကာ ယာဉ်မောင်းဖြစ်သူအား သေနတ်ဖြင့်ချိန်၍ တံခါးဖွင့်ခိုင်းခြင်း၊ တရားခံ ဝေကြီး (ဖမ်းဆီးရန်ကျန်) မှ ကားတံခါးအားတူဖြင့်ထုခြင်း၊ တရားခံထက်အောင်ခိုင်မှခြံ၏ အရပ် သား လုံခြုံရေးဝန်ထမ်း ဖြစ်သူအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ခြံဝင်းသံပန်းတံခါးအားထိမှန်ခဲ့ပြီး ကျော်ဇင်ဟိန်း (ခ) ကျော်ကြီးနှင့် စောပိုင်ဇော်ဦး (ခ) ပိုင်ကြီးတို့(၂)ဦးမှ မော်တော် ယာဉ်၏ နောက်ဖုံးတံခါးအားဖွင့်၍ ရွှေထည်ပစ္စည်းများထည့်ထားသည့် သံသေတ္တာ (၃) လုံးအား ၎င်းတို့စီးနင်းလာသည့်ကားပေါ်သို့ တင်ဆောင်ကာ မောင်းနှင်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖြစ်စဉ်တွင် ရွှေထည်ပစ္စည်းနှင့် ငွေများလုယက်မှုမှဖမ်းဆီးရမိသည့် တရားခံထက်အောင်ခိုင်၊ ကျော်ဇင်ဟိန်း (ခ) ကျော်ကြီး၊ စောပိုင်ဇော်ဦး (ခ) ပိုင်ကြီးနှင့် ထွက်ပြေးတိမ်းရှောင် တရားခံဝေကြီး (စိစစ်ဆဲ) အား ဥပဒေနှင့်အညီ ထိရောက်သောပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံဝေကြီးအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
လႈိင္ၿမိဳ႕နယ္တြင္ ေ႐ႊထည္ပစၥည္းအစုံ(၅)ပိႆာေက်ာ္ ႏွင့္ ေငြက်ပ္သိန္း(၅၀)ခန႔္အား ေသနတ္ျပၿခိမ္းေျခာက္ လုယက္ခဲ့သူမ်ားမွာ PDF သင္တန္းဆင္းမ်ား ျဖစ္ေန
နာမူ (NP News) - ေအာက္တိုဘာ ၂၅

ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္တြင္ ေ႐ႊထည္ပစၥည္းစုံ(၅)ပိႆာေက်ာ္ႏွင့္ ေငြက်ပ္ သိန္း(၅၀)ခန႔္အား ေသနတ္ျပၿခိမ္းေျခာက္ လုယက္ခဲ့သူမ်ားမွာ PDF အၾကမ္းဖက္ သင္ တန္းဆင္းမ်ား ျဖစ္ေနေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

လုယက္သည့္ျဖစ္စဥ္မွာ ေအာက္တိုဘာ ၂၁ ရက္ ညေန ၆ နာရီခြဲခန႔္က ရန္ကုန္တိုင္းေဒသႀကီး ၊ လႈိင္ၿမိဳ႕နယ္ရွိ “ျမေ႐ႊယုံ” ေ႐ႊဆိုင္ပိုင္ရွင္၏ ေနအိမ္ေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး အဆိုပါေ႐ႊဆိုင္မွ ယာဥ္ေမာင္းသည္ ကမာ႐ြတ္ၿမိဳ႕နယ္၊ အင္းစိန္လမ္းႏွင့္ ဆင္ေရတြင္းလမ္းေထာင့္ရွိ ျမေ႐ႊယုံေ႐ႊဆိုင္မွ ေ႐ႊထည္ပစၥည္းအစုံ (၅)ပိႆာ (၂၉) က်ပ္သားႏွင့္ ေငြက်ပ္ သိန္း (၅၀)တို႔ကို သံေသတၱာ(၃)လုံးျဖင့္ သိမ္းဆည္းကာ လႈိင္ၿမိဳ႕နယ္ရွိ ေ႐ႊဆိုင္ပိုင္ရွင္၏ေနအိမ္သို႔ တစ္ဦးတည္း ေမာင္းႏွင္လာခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ ေနအိမ္ေရွ႕သို႔အေရာက္တြင္ အျခားေမာ္ေတာ္ယာဥ္တစ္စီးျဖင့္ အမ်ိဳးသား(၄)ဦး ေရာက္ရွိလာကာ ေသနတ္တစ္ခ်က္ပစ္ေဖာက္ၿခိမ္းေျခာက္ၿပီး ယာဥ္ေမာင္းကို ႐ိုက္ႏွက္ကာ ကားေပၚရွိ ေ႐ႊထည္ပစၥည္းႏွင့္ ေငြမ်ားထည့္ထားသည့္ သံေသတၱာ(၃)လုံးတို႔ကို လုယူထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ လႈိင္ၿမိဳ႕နယ္၊ ပိေတာက္ေခ်ာင္းနယ္ေျမရဲစခန္းမွ ရာဇသတ္ႀကီးပုဒ္မ ၃၉၄ ျဖင့္ အမႈဖြင့္ကာ တရားခံမ်ားအား ဖမ္းဆီးရမိေရးေဆာင္႐ြက္ခဲ့ရာ ေအာက္တိုဘာလ (၂၃) ရက္တြင္ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ အမွတ္ (၅) ရပ္ကြက္၊ ပါရမီလမ္းႏွင့္ သုမဂၤလာလမ္းဆုံ၌ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေျမနီကုန္းေျမာက္ရပ္ကြက္တြင္ ေနထိုင္ေသာ အသက္(၃၇)ႏွစ္အ႐ြယ္ မသက္ထားခိုင္(ခ)ရည္မြန္ေအးကို မသကၤာသျဖင့္ စစ္ေဆးရာ ၎၏ေဘးလြယ္အိတ္အ တြင္းမွ လုယက္မႈတြင္ ပါသြားခဲ့ေသာ ပလက္တီနမ္ေ႐ႊျဖဴဆြဲႀကိဳး(၈)ကုံးႏွင့္ေငြက်ပ္ (၁၀) သိန္းတို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ ၎၏ ထြက္ဆိုခ်က္အရ ပလက္တီနမ္ေ႐ႊျဖဴဆြဲႀကိဳး(၁၀)ကုံးမွာ ၎၏ခင္ပြန္းျဖစ္သူ ထက္ေအာင္ခိုင္မွ ေရာင္းခ်ခိုင္းလိုက္ေၾကာင္းသိရသျဖင့္ ဆက္လက္စစ္ေဆးရာမွ လုယက္မႈတရားခံ ထက္ေအာင္ခိုင္(၃၆) ႏွစ္ကို ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ ထက္ေအာင္ခိုင္အား ဆက္လက္စစ္ေဆးရာမွ လုယက္မႈတြင္ အသုံးျပဳခဲ့သည့္ ဒႆမ ၃၂ ဗို႔ ေျခာက္လုံးျပဴးေသနတ္ (၁) လက္၊ S&WL က်ည္ (၉) ေတာင့္၊ ၎က်ည္ခြံ (၁) ခု၊ ေငြစကၠဴ ၁၈ သိန္းႏွင့္ လုယက္မႈမွရရွိခဲ့သည့္ ေ႐ႊထည္ပစၥည္းမ်ိဳးစုံ (စိစစ္ဆဲ) တို႔အား ဆက္လက္သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။ ထိုမွတစ္ဆင့္ ဆက္လက္စစ္ေဆးစုံစမ္းခဲ့ရာ လုယက္မႈက်ဴးလြန္ရာတြင္ ပါဝင္သူမ်ားျဖစ္ၾကသည့္ မေကြးတိုင္းေဒသႀကီး၊ ပြင့္ျဖဴၿမိဳ႕နယ္၊ ေပါက္စုေက်း႐ြာေန တရားခံ ေက်ာ္ႀကီး (ခ) ေက်ာ္ဇင္ဟိန္း (၂၂) ႏွစ္ႏွင့္ ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕၊ ဥႆာၿမိဳ႕သစ္၊ အမွတ္ (၈) ရပ္ကြက္ေန တရားခံ ေစာပိုင္ေဇာ္ဦး (ခ) ပိုင္ႀကီး (၃၅) ႏွစ္ တို႔အား အသီးသီးဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထြက္ဆိုခ်က္အရ ဖမ္းဆီးရမိတရားခံ ထက္ေအာင္ခိုင္၊ ေက်ာ္ဇင္ဟိန္း (ခ) ေက်ာ္ႀကီးႏွင့္ ေဝႀကီး (ဖမ္းဆီးရန္က်န္) တို႔ (၃) ဦးသည္ KNU တပ္မဟာ(၇) ေဝ့ရွမ္း ေက်း႐ြာတြင္ဖြင့္လွစ္ေသာ PDF အၾကမ္းဖက္သင္တန္းအပတ္စဥ္ (၅/၂၀၂၄) သင္တန္းဆင္းမ်ားျဖစ္ကာ သင္တန္းတက္ေရာက္ေနစဥ္ ကာလအတြင္း ထက္ေအာင္ခိုင္သည္ သင္တန္း၌ေငြလႊဲလုပ္ငန္းလုပ္ကိုင္သူ ဦးမာမူ (စိစစ္ဆဲ) ထံမွ ဒႆမ ၃၂ ဗို႔ေျခာက္လုံးျပဴးႏွင့္ က်ည္မ်ားအား ေငြက်ပ္ (၂၁) သိန္းျဖင့္ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ လုယက္မႈက်ဴးလြန္ရာတြင္ တရားခံ ထက္ေအာင္ခိုင္မွ Toyota Corolla အျဖဴေရာင္ယာဥ္အားေမာင္းႏွင္၍ အခင္းျဖစ္ၿခံေရွ႕တြင္ ေ႐ႊထည္ပစၥည္းမ်ားသယ္ေဆာင္လာသည့္ယာဥ္အား အေနာက္မွကပ္လ်က္ရပ္တန႔္ကာ ယာဥ္ေမာင္းျဖစ္သူအား ေသနတ္ျဖင့္ခ်ိန္၍ တံခါးဖြင့္ခိုင္းျခင္း၊ တရားခံ ေဝႀကီး (ဖမ္းဆီးရန္က်န္) မွ ကားတံခါးအားတူျဖင့္ထုျခင္း၊ တရားခံထက္ေအာင္ခိုင္မွၿခံ၏ အရပ္ သား လုံၿခဳံေရးဝန္ထမ္း ျဖစ္သူအား ေသနတ္ျဖင့္ပစ္ခတ္ခဲ့ရာ ၿခံဝင္းသံပန္းတံခါးအားထိမွန္ခဲ့ၿပီး ေက်ာ္ဇင္ဟိန္း (ခ) ေက်ာ္ႀကီးႏွင့္ ေစာပိုင္ေဇာ္ဦး (ခ) ပိုင္ႀကီးတို႔(၂)ဦးမွ ေမာ္ေတာ္ ယာဥ္၏ ေနာက္ဖုံးတံခါးအားဖြင့္၍ ေ႐ႊထည္ပစၥည္းမ်ားထည့္ထားသည့္ သံေသတၱာ (၃) လုံးအား ၎တို႔စီးနင္းလာသည့္ကားေပၚသို႔ တင္ေဆာင္ကာ ေမာင္းႏွင္ထြက္ေျပးခဲ့ၾကျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္သိရွိရသည္။

ျဖစ္စဥ္တြင္ ေ႐ႊထည္ပစၥည္းႏွင့္ ေငြမ်ားလုယက္မႈမွဖမ္းဆီးရမိသည့္ တရားခံထက္ေအာင္ခိုင္၊ ေက်ာ္ဇင္ဟိန္း (ခ) ေက်ာ္ႀကီး၊ ေစာပိုင္ေဇာ္ဦး (ခ) ပိုင္ႀကီးႏွင့္ ထြက္ေျပးတိမ္းေရွာင္ တရားခံေဝႀကီး (စိစစ္ဆဲ) အား ဥပေဒႏွင့္အညီ ထိေရာက္ေသာျပစ္ဒဏ္ရရွိေရး ေဆာင္႐ြက္လ်က္ရွိၿပီး ထြက္ေျပးတိမ္းေရွာင္ေနေသာ တရားခံေဝႀကီးအား အျမန္ဆုံးဖမ္းဆီးရမိေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.