ရုရှားအစိုးရက ကုန်တင်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ဟူသီလက်နက်ကိုင်အဖွဲ့ကို ဂြိုလ်တုဒေတာတွေ ထောက်ပံ့ပေးခဲ့ဟုဆို

 476

Pika (NP News) - အောက်တိုဘာ ၂၆

ရုရှားအစိုးရဟာ ပင်လယ်နီအတွင်းသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ယီမင် အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့ကို ကူညီဖို့အတွက် ဂြိုလ်တုဒေတာအချက်အလက်တွေကို ယခုနှစ်အစောပိုင်း မှာ ထောက်ပံ့ပေးခဲ့တယ်လို့ Wall Street Journal က အောက်တိုဘာလ(၂၄)ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီဒေတာတွေကို အီရန်ကကြားခံအနေနဲ့ ပေးပို့ပေးခဲ့ပြီး ပင်လယ်နီအတွင်း သွားလာနေတဲ့ ကုန်တင်သင်္ဘောတွေ ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ရာမှာ အသုံးပြုခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဥရောပ ကာကွယ်ရေးအရာရှိနှစ်ဦးရဲ့ပြောကြားချက်ကို ကိုးကားပြီး WSJ က ရေးသားဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၇)ရက်မှာ အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ဟူသီလက်နက်ကိုင် အဖွဲ့ဟာ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကို ထောက်ခံတဲ့အနေနဲ့ ပင်လယ်နီအတွင်းမှာသွားလာနေတဲ့ ကုန်တင် သင်္ဘောတွေနဲ့ စစ်ဘက်ဆိုင်ရာသင်္ဘောတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ စတင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ပြင် ဟူသီလက်နက်ကိုင်အဖွဲ့ဟာ အမေရိကန် ဒါမှမဟုတ် အစ္စရေးတို့နဲ့ ဆက်နွယ်နေတဲ့ သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဟာ နိုင်ငံပေါင်းစုံပါဝင်တဲ့ ညွန့်ပေါင်းရေတပ်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့လည်း သိရပါတယ်။

ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကြောင့် သင်္ဘောကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့သင်္ဘောတွေကို ရှည်လျားတဲ့ ရေကြောင်းလမ်းဖြစ်တဲ့ အာဖရိကတောင်ပိုင်းတစ်ဝိုက်ကို လမ်းကြောင်းပြောင်းခိုင်းခဲ့ပြီး ပို့ဆောင်ခမြင့်မားခြင်းနဲ့ ပို့ဆောင်မှုနှောင့်နှေးခြင်းတို့ကြောင့် ကမ္ဘာ့ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့လည်း သိရပါတယ်။ ဘရာဇီး၊ တရုတ်၊ အီဂျစ်၊ အီသီယိုးပီးယား၊ အိန္ဒိယ၊ အီရန်၊ ရုရှား၊ ဆော်ဒီအာရေးဗီးယား၊ တောင်အာဖရိက နဲ့ယူအေအီးတို့ ပါဝင်တဲ့ BRICS အဖွဲ့ရဲ့ထိပ်သီးအစည်းအဝေးကို ရုရှားနိုင်ငံ ကာဇန်မြို့မှာ ကျင်းပပြီးနောက် ယခုလို အစီရင်ခံစာထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version;
႐ုရွားအစိုးရက ကုန္တင္သေဘၤာေတြကို ပစ္မွတ္ထားတိုက္ခိုက္ေနတဲ့ ဟူသီလက္နက္ကိုင္အဖြဲ႕ကို ၿဂိဳလ္တုေဒတာ ေတြ ေထာက္ပံ့ေပးခဲ့ဟုဆို
Pika (NP News) - ေအာက္တိုဘာ ၂၆

႐ုရွားအစိုးရဟာ ပင္လယ္နီအတြင္းသြားလာေနတဲ့ ကုန္တင္သေဘၤာေတြကို ပစ္မွတ္ထားတိုက္ခိုက္ေနတဲ့ ယီမင္ အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕ကို ကူညီဖို႔အတြက္ ၿဂိဳလ္တုေဒတာအခ်က္အလက္ေတြကို ယခုႏွစ္အေစာပိုင္း မွာ ေထာက္ပံ့ေပးခဲ့တယ္လို႔ Wall Street Journal က ေအာက္တိုဘာလ(၂၄)ရက္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။
အဲဒီေဒတာေတြကို အီရန္ကၾကားခံအေနနဲ႔ ေပးပို႔ေပးခဲ့ၿပီး ပင္လယ္နီအတြင္း သြားလာေနတဲ့ ကုန္တင္သေဘၤာေတြ ကို ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြနဲ႔ ပစ္မွတ္ထားတိုက္ခိုက္ရာမွာ အသုံးျပဳခဲ့တယ္လို႔ အမည္မေဖာ္လိုတဲ့ ဥေရာပ ကာကြယ္ေရးအရာရွိႏွစ္ဦးရဲ႕ေျပာၾကားခ်က္ကို ကိုးကားၿပီး WSJ က ေရးသားေဖာ္ျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ(၇)ရက္မွာ အစၥေရး-ဟားမတ္စ္စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ ဟူသီလက္နက္ကိုင္ အဖြဲ႕ဟာ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ကို ေထာက္ခံတဲ့အေနနဲ႔ ပင္လယ္နီအတြင္းမွာသြားလာေနတဲ့ ကုန္တင္ သေဘၤာေတြနဲ႔ စစ္ဘက္ဆိုင္ရာသေဘၤာေတြကို ဒ႐ုန္းေတြ၊ ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေတြ စတင္ လုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့ျပင္ ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ အေမရိကန္ ဒါမွမဟုတ္ အစၥေရးတို႔နဲ႔ ဆက္ႏြယ္ေနတဲ့ သေဘၤာေတြကို ပစ္ခတ္တိုက္ခိုက္မႈေတြ အႀကိမ္ေပါင္းမ်ားစြာ လုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္ဟာ ႏိုင္ငံေပါင္းစုံပါဝင္တဲ့ ၫြန႔္ေပါင္းေရတပ္တပ္ဖြဲ႕ကို ဖြဲ႕စည္းခဲ့တယ္လို႔လည္း သိရပါတယ္။

ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ သေဘၤာကုမၸဏီေတြဟာ ၎တို႔ရဲ႕သေဘၤာေတြကို ရွည္လ်ားတဲ့ ေရေၾကာင္းလမ္းျဖစ္တဲ့ အာဖရိကေတာင္ပိုင္းတစ္ဝိုက္ကို လမ္းေၾကာင္းေျပာင္းခိုင္းခဲ့ၿပီး ပို႔ေဆာင္ချမင့္မားျခင္းနဲ႔ ပို႔ေဆာင္မႈေႏွာင့္ေႏွးျခင္းတို႔ေၾကာင့္ ကမာၻ႔ကုန္သြယ္မႈကို အေႏွာင့္အယွက္ျဖစ္ေစခဲ့တယ္လို႔လည္း သိရပါတယ္။ ဘရာဇီး၊ တ႐ုတ္၊ အီဂ်စ္၊ အီသီယိုးပီးယား၊ အိႏၵိယ၊ အီရန္၊ ႐ုရွား၊ ေဆာ္ဒီအာေရးဗီးယား၊ ေတာင္အာဖရိက နဲ႔ယူေအအီးတို႔ ပါဝင္တဲ့ BRICS အဖြဲ႕ရဲ႕ထိပ္သီးအစည္းအေဝးကို ႐ုရွားႏိုင္ငံ ကာဇန္ၿမိဳ႕မွာ က်င္းပၿပီးေနာက္ ယခုလို အစီရင္ခံစာထြက္ေပၚလာတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.