ဂျပန်ရွေးကောက်ပွဲတွင် အာဏာရပါတီ အရေးနိမ့်ပြီး ဂျပန်နိုင်ငံရေးအနာဂတ် မရေမရာဖြစ်လာနေဟုဆို

 1098

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၈

ဂျပန်အာဏာရပါတီဖြစ်သောလစ်ဘရယ်ဒီမိုကရက်တစ် LDP ပါတီသည် အောက်တိုဘာ ၂၇ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရာ ဂျပန်နိုင်ငံ၏ နိုင်ငံရေးအနာဂတ် မရေမရာဖြစ်နေကြောင်း သိရသည်။ အောက်တိုဘာ ၂၇ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် LDP ပါတီ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ ရှုံးနိမ့်မှုက ၁ဝ နှစ်အတွင်း အဆိုးရွားဆုံး ရှုံးနိမ့်မှုဖြစ်သလို ၂၀၀၉ ခုနှစ်နောက်ပိုင်း လွှတ်တော်နေရာအများအပြားကို ပထမဆုံး အကြိမ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် အိုင်ရှီဘာသည် ယခုလအစောပိုင်းတွင် ကျင်းပသော LDP ပါတီခေါင်းဆောင်ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ဂျပန်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သူဖြစ်လာခဲ့ရာ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်း ကြောင့် အိုင်ရှီဘာ၏ ဝန်ကြီးချုပ်အနာဂတ်လည်း မရေမရာဖြစ်နေသည်။ LDP ပါတီ နှင့် မဟာမိတ်ပါတီများသည် လွတ်တော်နေရာ ၂၁၅ နေရာရရှိခဲ့ပြီး နိုင်ငံကို အုပ်ချုပ်ခွင့်ရရန် သတ်မှတ်ထားသည့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်မျိုး မရခဲ့ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ်က မဲရလဒ်များကို လက်ခံကြောင်းရွေးကောက်ပွဲ ရှုံးနိမ့်ခြင်းအတွက် တာဝန်ယူခြင်း၊ တာဝန်ခံခြင်း လုပ်ဆောင်ရမည်ဖြစ်ပြီး ပါတီ၏ နိုင်ငံရေး နှင့် ငွေကြေးမူဝါဒများကို ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ကြောင်း အိုင်ရှီဘာက ပြောသည်။
ဂျပန်လွတ်တော်ကို ရက်ပေါင်း ၃ဝ အတွင်း ကျင်းပမည်ဖြစ်ပြီးဝန်ကြီးချုပ်အသစ် ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။ ဂျပန်အတိုက်ခံပါတီများကြား ညီညွတ်ခြင်းမရှိသည့်အတွက် ညွှန်ပေါင်းအစိုးရဖွဲ့စည်းရန် အခက်အခဲဖြစ်လာဖွယ်ရှိနေသလို နိုင်ငံ၏ နိုင်ငံရေး အနာဂတ်မရေမရာဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။

LDP ပါတီသည် ၂၀၀၉ ခုနှစ်နောက်ပိုင်း လွှတ်တော်နေရာအများအပြားကို ပထမဆုံး အကြိမ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အိုင်ရှိဘာက ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ဝန်ကြီးချုပ်အဖြစ် ဆက်ရှိမည်ဖြစ်ကြောင်း ပြောဆိုထားသည်။ ဂျပန်နိုင်ငံကို အုပ်ချုပ်ရန် လွှတ်တော်ကိုယ်စားလှယ် ၄၅၆ ဦး ရှိနေသည့် အောက်လွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်ဦးရေ အနည်းဆုံး ၂၃၃ ဦး ရရှိရမည်ဖြစ်ရာ LDP ပါတီက အဆိုပါအရေအတွက်ကို မရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဂ်ပန္ေ႐ြးေကာက္ပြဲတြင္ အာဏာရပါတီ အေရးနိမ့္ၿပီး ဂ်ပန္ႏိုင္ငံေရးအနာဂတ္ မေရမရာျဖစ္လာေနဟုဆို
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၈

ဂ်ပန္အာဏာရပါတီျဖစ္ေသာလစ္ဘရယ္ဒီမိုကရက္တစ္ LDP ပါတီသည္ ေအာက္တိုဘာ ၂၇ ရက္က က်င္းပခဲ့ေသာ ေ႐ြးေကာက္ပြဲတြင္ ရႈံးနိမ့္ခဲ့ရာ ဂ်ပန္ႏိုင္ငံ၏ ႏိုင္ငံေရးအနာဂတ္ မေရမရာျဖစ္ေနေၾကာင္း သိရသည္။ ေအာက္တိုဘာ ၂၇ ရက္က က်င္းပခဲ့ေသာ ေ႐ြးေကာက္ပြဲတြင္ LDP ပါတီ ဦးေဆာင္ေသာ ၫြန႔္ေပါင္းအဖြဲ႕ ရႈံးနိမ့္မႈက ၁ဝ ႏွစ္အတြင္း အဆိုး႐ြားဆုံး ရႈံးနိမ့္မႈျဖစ္သလို ၂၀၀၉ ခုႏွစ္ေနာက္ပိုင္း လႊတ္ေတာ္ေနရာအမ်ားအျပားကို ပထမဆုံး အႀကိမ္ ရႈံးနိမ့္ခဲ့ျခင္းျဖစ္သည္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ အိုင္ရွီဘာသည္ ယခုလအေစာပိုင္းတြင္ က်င္းပေသာ LDP ပါတီေခါင္းေဆာင္ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရၿပီးေနာက္ ဂ်ပန္ဝန္ႀကီးခ်ဳပ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုခဲ့သူျဖစ္လာခဲ့ရာ ေ႐ြးေကာက္ပြဲတြင္ ရႈံးနိမ့္ခဲ့ျခင္း ေၾကာင့္ အိုင္ရွီဘာ၏ ဝန္ႀကီးခ်ဳပ္အနာဂတ္လည္း မေရမရာျဖစ္ေနသည္။ LDP ပါတီ ႏွင့္ မဟာမိတ္ပါတီမ်ားသည္ လြတ္ေတာ္ေနရာ ၂၁၅ ေနရာရရွိခဲ့ၿပီး ႏိုင္ငံကို အုပ္ခ်ဳပ္ခြင့္ရရန္ သတ္မွတ္ထားသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ အေရအတြက္မ်ိဳး မရခဲ့ေၾကာင္း သိရသည္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္က မဲရလဒ္မ်ားကို လက္ခံေၾကာင္းေ႐ြးေကာက္ပြဲ ရႈံးနိမ့္ျခင္းအတြက္ တာဝန္ယူျခင္း၊ တာဝန္ခံျခင္း လုပ္ေဆာင္ရမည္ျဖစ္ၿပီး ပါတီ၏ ႏိုင္ငံေရး ႏွင့္ ေငြေၾကးမူဝါဒမ်ားကို ျပဳျပင္ေျပာင္းလဲသြားမည္ျဖစ္ေၾကာင္း အိုင္ရွီဘာက ေျပာသည္။
ဂ်ပန္လြတ္ေတာ္ကို ရက္ေပါင္း ၃ဝ အတြင္း က်င္းပမည္ျဖစ္ၿပီးဝန္ႀကီးခ်ဳပ္အသစ္ ေ႐ြးခ်ယ္မည္ျဖစ္ေၾကာင္း သိရသည္။ ဂ်ပန္အတိုက္ခံပါတီမ်ားၾကား ညီၫြတ္ျခင္းမရွိသည့္အတြက္ ၫႊန္ေပါင္းအစိုးရဖြဲ႕စည္းရန္ အခက္အခဲျဖစ္လာဖြယ္ရွိေနသလို ႏိုင္ငံ၏ ႏိုင္ငံေရး အနာဂတ္မေရမရာျဖစ္လာဖြယ္ရွိေနေၾကာင္း သိရသည္။

LDP ပါတီသည္ ၂၀၀၉ ခုႏွစ္ေနာက္ပိုင္း လႊတ္ေတာ္ေနရာအမ်ားအျပားကို ပထမဆုံး အႀကိမ္ရႈံးနိမ့္ခဲ့ျခင္းျဖစ္သည္။ အိုင္ရွိဘာက ေ႐ြးေကာက္ပြဲတြင္ ရႈံးနိမ့္ခဲ့ေသာ္လည္း ဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္ရွိမည္ျဖစ္ေၾကာင္း ေျပာဆိုထားသည္။ ဂ်ပန္ႏိုင္ငံကို အုပ္ခ်ဳပ္ရန္ လႊတ္ေတာ္ကိုယ္စားလွယ္ ၄၅၆ ဦး ရွိေနသည့္ ေအာက္လႊတ္ေတာ္အတြင္း လႊတ္ေတာ္ကိုယ္စားလွယ္ဦးေရ အနည္းဆုံး ၂၃၃ ဦး ရရွိရမည္ျဖစ္ရာ LDP ပါတီက အဆိုပါအေရအတြက္ကို မရခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.