ကြိုးဆွဲရုပ်သေးပညာရပ်နှင့်ပတ်သက်၍ စိတ်ဝင်စားမှုလျော့နည်းလာပြီး ပျောက်ကွယ်နိုင်သည့် အန္တရာယ်ရှိနေ
57
စော (NP News) - အောက်တိုဘာ ၃၁
ကြိုးဆွဲရုပ်သေးပညာရပ်နှင့်ပတ်သက်၍ စိတ်ဝင်စားမှုလျော့နည်းလာပြီး ပျောက်ကွယ်နိုင်သည့် အန္တရာယ်ရှိနေကြောင်းသိရသည်။ ရုပ်သေးဆိုသည်မှာ ခေါင်း၊ ခြေ၊ လက် စသော ကိုယ်အင်္ဂါအစိတ်အပိုင်း တို့ကိုလှုပ်ရှား၍ လူ့သဏ္ဌာန်ဟန်အမူအရာနှင့် ကပြနိုင်စေရန် စီမံပြုလုပ်ထားသောအရုပ်များဖြင့် ခင်းကျင်းကပြခြင်းဖြစ်သည်။
"ဒီပညာကို သင်ပေမယ့်လို့ အပြင်လောကမှာကျတော့ ပွဲရှိမှဆွဲရတာ၊ ပွဲဖန်တီး ပေးတော့မှသာ သူတို့အနေနဲ့ ဆွဲတတ်တဲ့လူ မရှိဘူး လားဆိုတော့ရှိတယ်။ မျိုးဆက်သစ်တွေရှိတယ်၊ ဒါပေမဲ့ ပွဲမရှိတဲ့အတွက်ကြောင့်မို့လို့ မဆွဲရတာ။ ပွဲ လမ်းသဘင်ရှိရင်တောင်မှ ဒီရုပ်သေးယဉ်ကျေးမှုအ ဖွဲ့ကိုခေါ်ပြီးတော့ ဒီဘုရားပွဲတို့၊ ကျောင်းပွဲတို့မှာ ဆွဲ ခိုင်းတယ်ဆိုရင်တော့ မပျောက်ကွယ်နိုင်ပါဘူး။ လက် ရှိအနေအထားဆိုရင်တော့ လူကတဲ့ဇာတ်သဘင် အဲဒီလိုမျိုးကို အားထားတဲ့အတွက်ကြောင့်မို့လို့ ပျောက်ကွယ်နိုင်တဲ့အန္တရာယ်ရှိပါတယ်"ဟု မြန်မာမှုလုပ်ငန်း လုပ်ကိုင်သူ မြတ်သိင်္ခငယ်က NP News ကိုပြောသည်။
ကြိုးဆွဲရုပ်သေးဆိုသည်မှာ အရုပ်ကို သစ်သားဖြင့်ပြုလုပ်၍ တောက်ပြောင်သော ဖဲကတ္တီပါစများဖြင့် ဝတ်ဆင်ပေးထားတတ်ပြီး ခြေဆစ်၊ လက်ဆစ်၊ ခါးဆစ် စသည်တို့တွင် ပတ္တာ ဆက် တပ်ဆင်ထားသည့်အတွက် အဆစ်တို့ကို လိုသလိုချိုး နိုင်ကြောင်းသိရသည်။ ထို့ပြင် မျက်နှာ၊ ခြေလက် စ သည်တို့ကို ဆေးခြယ်ရပြီး ခြေကြိုး၊ လက်ကြိုး၊ ခါး ကြိုး စသည်တို့ကို ဒလက်တွင်ချည်ကာ ကျွမ်းကျင်စွာ ကပြအသုံးတော်ခံနိုင်သော်လည်း ကျွမ်းကျင်မှုကို လွယ်လင့်တကူ မရရှိနိုင်ကြောင်းသိရသည်။
"ရုပ်သေးအဖွဲ့တွေက နည်းလည်းနည်းသွားတယ်။ အဓိကကတော့ ပြည်သူလူထုနဲ့ ထိတွေ့မှု များတဲ့ပွဲတွေပေါ့။ ဘုရားပွဲတို့၊ အငြိမ့်ပွဲတို့ အလှူပွဲ တွေမှာ တတ်နိုင်သလောက်လေး ရုပ်သေးကဏ္ဍကို ထည့်သွင်းပြီး ကပြခိုင်းမယ်ဆိုရင်တော့ စိတ်ဝင်စား မယ်။ လူတွေစိတ်ဝင်စားမှုနည်းတယ်ဆိုတာက သူတို့နဲ့သိပ်မထိတွေ့ဘူးပေါ့နော်။ သိပ်မကြည့်ရလို့သာ ဒီလိုမျိုး စိတ်မဝင်စားကြတာ။ အမြဲကြည့်ရမယ်ဆိုရင်တော့ စိတ်ဝင်စားမယ်ထင်ပါတယ်"ဟု မြတ်သိင်္ခငယ်က ဆက်လက်ပြောသည်။
"ရုပ်သေးနဲ့ Professional ကျကျပေါ့။ အသက်မွေးဝမ်းကျောင်းပြုဖို့က တော်တော် ခဲယဉ်း တယ်။ ရုပ်သေးပညာရှင်အနေနဲ့ပေါ့။ အဓိကçက စားဝတ် နေရေးပေါ့။ သူတို့ ဒီရုပ်သေးပညာနဲ့အသက်မွေးဖို့ ကျတော့ ရေရှည်မှာ တော်တော်ခက်ခဲတယ်။ အဲဒါ ကြောင့်မို့လို့ ပညာရှင်တော်တော်များများ ပျောက်ကုန် ကြတာ။ ဒါပေမဲ့ ရန်ကုန်နဲ့မန္တလေးမှာ အမျိုးသားယဉ် ကျေးမှုနဲ့အနုပညာတက္ကသိုလ်တွေရှိတယ်။ သူတို့က ကျောင်းတွေကိုတော့ ဃသာစကျူသမပ ပေါ့။ ကျောင်း သားကျောင်းသူတွေကို မသင်မနေရ ဘာသာရပ်အ နေနဲ့ ရုပ်သေးကို သင်တာပေါ့။ အခုတော့ နည်းနည်း လေး လူငယ်ကြားမှာ ပြန်ပျံ့လာတာပေါ့" ဟု သာသ နာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက NP News ကိုပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် (၁၉၉၃)ခုနှစ်မှစတင်ကာ မြန်မာ့ယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများတွင် ရုပ်သေးနှင့်ပတ်သက်သည့် ဇာတ်တော်ကြီးပြိုင်ပွဲနှင့် ကြိုးဆွဲရုပ်သေးပြိုင်ပွဲများကို ထည့်သွင်းကျင်းပပေး လျက်ရှိကြောင်း သိရသည်။ "ကျွန်တော်အကြံပြုချင် တာကတော့ စာသင်ကျောင်းမှာ ရုပ်သေးဝါသနာပါ တဲ့ကလေးတွေရှိရင် အနုပညာဦးစီးဌာနက ဝန်ထမ်း တွေအနေနဲ့ သွားသင်ပေးသင့်တာပေါ့။ ကျောင်းအားတဲ့အချိန်တွေမှာ သွားသင်ပေးရင်တော့ စိတ်ဝင်စားလာမှာပေါ့"ဟု ၎င်းကဆက်လက်ပြောသည်။
zawgyi version
ႀကိဳးဆြဲ႐ုပ္ေသးပညာရပ္ႏွင့္ပတ္သက္၍ စိတ္ဝင္စားမႈေလ်ာ့နည္းလာၿပီး ေပ်ာက္ကြယ္ႏိုင္သည့္ အႏၲရာယ္ရွိေန
ေစာ (NP News) - ေအာက္တိုဘာ ၃၁
ႀကိဳးဆြဲ႐ုပ္ေသးပညာရပ္ႏွင့္ပတ္သက္၍ စိတ္ဝင္စားမႈေလ်ာ့နည္းလာၿပီး ေပ်ာက္ကြယ္ႏိုင္သည့္ အႏၲရာယ္ရွိေနေၾကာင္းသိရသည္။ ႐ုပ္ေသးဆိုသည္မွာ ေခါင္း၊ ေျခ၊ လက္ စေသာ ကိုယ္အဂၤါအစိတ္အပိုင္း တို႔ကိုလႈပ္ရွား၍ လူ႔သဏၭာန္ဟန္အမူအရာႏွင့္ ကျပႏိုင္ေစရန္ စီမံျပဳလုပ္ထားေသာအ႐ုပ္မ်ားျဖင့္ ခင္းက်င္းကျပျခင္းျဖစ္သည္။
"ဒီပညာကို သင္ေပမယ့္လို႔ အျပင္ေလာကမွာက်ေတာ့ ပြဲရွိမွဆြဲရတာ၊ ပြဲဖန္တီး ေပးေတာ့မွသာ သူတို႔အေနနဲ႔ ဆြဲတတ္တဲ့လူ မရွိဘူး လားဆိုေတာ့ရွိတယ္။ မ်ိဳးဆက္သစ္ေတြရွိတယ္၊ ဒါေပမဲ့ ပြဲမရွိတဲ့အတြက္ေၾကာင့္မို႔လို႔ မဆြဲရတာ။ ပြဲ လမ္းသဘင္ရွိရင္ေတာင္မွ ဒီ႐ုပ္ေသးယဥ္ေက်းမႈအ ဖြဲ႕ကိုေခၚၿပီးေတာ့ ဒီဘုရားပြဲတို႔၊ ေက်ာင္းပြဲတို႔မွာ ဆြဲ ခိုင္းတယ္ဆိုရင္ေတာ့ မေပ်ာက္ကြယ္ႏိုင္ပါဘူး။ လက္ ရွိအေနအထားဆိုရင္ေတာ့ လူကတဲ့ဇာတ္သဘင္ အဲဒီလိုမ်ိဳးကို အားထားတဲ့အတြက္ေၾကာင့္မို႔လို႔ ေပ်ာက္ကြယ္ႏိုင္တဲ့အႏၲရာယ္ရွိပါတယ္"ဟု ျမန္မာမႈလုပ္ငန္း လုပ္ကိုင္သူ ျမတ္သိခၤငယ္က NP News ကိုေျပာသည္။
ႀကိဳးဆြဲ႐ုပ္ေသးဆိုသည္မွာ အ႐ုပ္ကို သစ္သားျဖင့္ျပဳလုပ္၍ ေတာက္ေျပာင္ေသာ ဖဲကတၱီပါစမ်ားျဖင့္ ဝတ္ဆင္ေပးထားတတ္ၿပီး ေျခဆစ္၊ လက္ဆစ္၊ ခါးဆစ္ စသည္တို႔တြင္ ပတၱာ ဆက္ တပ္ဆင္ထားသည့္အတြက္ အဆစ္တို႔ကို လိုသလိုခ်ိဳး ႏိုင္ေၾကာင္းသိရသည္။ ထို႔ျပင္ မ်က္ႏွာ၊ ေျခလက္ စ သည္တို႔ကို ေဆးျခယ္ရၿပီး ေျခႀကိဳး၊ လက္ႀကိဳး၊ ခါး ႀကိဳး စသည္တို႔ကို ဒလက္တြင္ခ်ည္ကာ ကြၽမ္းက်င္စြာ ကျပအသုံးေတာ္ခံႏိုင္ေသာ္လည္း ကြၽမ္းက်င္မႈကို လြယ္လင့္တကူ မရရွိႏိုင္ေၾကာင္းသိရသည္။
"႐ုပ္ေသးအဖြဲ႕ေတြက နည္းလည္းနည္းသြားတယ္။ အဓိကကေတာ့ ျပည္သူလူထုနဲ႔ ထိေတြ႕မႈ မ်ားတဲ့ပြဲေတြေပါ့။ ဘုရားပြဲတို႔၊ အၿငိမ့္ပြဲတို႔ အလႉပြဲ ေတြမွာ တတ္ႏိုင္သေလာက္ေလး ႐ုပ္ေသးက႑ကို ထည့္သြင္းၿပီး ကျပခိုင္းမယ္ဆိုရင္ေတာ့ စိတ္ဝင္စား မယ္။ လူေတြစိတ္ဝင္စားမႈနည္းတယ္ဆိုတာက သူတို႔နဲ႔သိပ္မထိေတြ႕ဘူးေပါ့ေနာ္။ သိပ္မၾကည့္ရလို႔သာ ဒီလိုမ်ိဳး စိတ္မဝင္စားၾကတာ။ အၿမဲၾကည့္ရမယ္ဆိုရင္ေတာ့ စိတ္ဝင္စားမယ္ထင္ပါတယ္"ဟု ျမတ္သိခၤငယ္က ဆက္လက္ေျပာသည္။
"႐ုပ္ေသးနဲ႔ Professional က်က်ေပါ့။ အသက္ေမြးဝမ္းေက်ာင္းျပဳဖို႔က ေတာ္ေတာ္ ခဲယဥ္း တယ္။ ႐ုပ္ေသးပညာရွင္အေနနဲ႔ေပါ့။ အဓိကçက စားဝတ္ ေနေရးေပါ့။ သူတို႔ ဒီ႐ုပ္ေသးပညာနဲ႔အသက္ေမြးဖို႔ က်ေတာ့ ေရရွည္မွာ ေတာ္ေတာ္ခက္ခဲတယ္။ အဲဒါ ေၾကာင့္မို႔လို႔ ပညာရွင္ေတာ္ေတာ္မ်ားမ်ား ေပ်ာက္ကုန္ ၾကတာ။ ဒါေပမဲ့ ရန္ကုန္နဲ႔မႏၲေလးမွာ အမ်ိဳးသားယဥ္ ေက်းမႈနဲ႔အႏုပညာတကၠသိုလ္ေတြရွိတယ္။ သူတို႔က ေက်ာင္းေတြကိုေတာ့ ဃသာစက်ဴသမပ ေပါ့။ ေက်ာင္း သားေက်ာင္းသူေတြကို မသင္မေနရ ဘာသာရပ္အ ေနနဲ႔ ႐ုပ္ေသးကို သင္တာေပါ့။ အခုေတာ့ နည္းနည္း ေလး လူငယ္ၾကားမွာ ျပန္ပ်ံ႕လာတာေပါ့" ဟု သာသ နာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနမွ တာဝန္ရွိသူ တစ္ဦးက NP News ကိုေျပာသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ (၁၉၉၃)ခုႏွစ္မွစတင္ကာ ျမန္မာ့ယဥ္ေက်းမႈ ဆို၊ က၊ ေရး၊ တီး ၿပိဳင္ပြဲမ်ားတြင္ ႐ုပ္ေသးႏွင့္ပတ္သက္သည့္ ဇာတ္ေတာ္ႀကီးၿပိဳင္ပြဲႏွင့္ ႀကိဳးဆြဲ႐ုပ္ေသးၿပိဳင္ပြဲမ်ားကို ထည့္သြင္းက်င္းပေပး လ်က္ရွိေၾကာင္း သိရသည္။ "ကြၽန္ေတာ္အႀကံျပဳခ်င္ တာကေတာ့ စာသင္ေက်ာင္းမွာ ႐ုပ္ေသးဝါသနာပါ တဲ့ကေလးေတြရွိရင္ အႏုပညာဦးစီးဌာနက ဝန္ထမ္း ေတြအေနနဲ႔ သြားသင္ေပးသင့္တာေပါ့။ ေက်ာင္းအားတဲ့အခ်ိန္ေတြမွာ သြားသင္ေပးရင္ေတာ့ စိတ္ဝင္စားလာမွာေပါ့"ဟု ၎ကဆက္လက္ေျပာသည္။