အရှည်ပေ (၂၅ဝ) ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဂျင်းဘောင်းဘီကို တရုတ်ကုမ္ပဏီတစ်ခု ထုတ်လုပ်
259
Pika (NP News) - နိုဝင်ဘာ ၁
တရုတ်နိုင်ငံမှ အထည်အလိပ်ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့အကြီးဆုံး ဂျင်းဘောင်းဘီအတွက် ဂင်းနစ်စံချိန်ကို ချိုးဖျက်ရန် အထည်အလိပ်ထုတ်လုပ်သည့် အလုပ်သမား(၃၀) ကျော်ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို စုစည်းခဲ့ကြောင်းသိရသည်။ ယူလင်မြို့တွင်ရှိသော Yixing Textile ကုမ္ပဏီနှင့်အတူ အထည်အလိပ်ထုတ်လုပ်သူများသည် အရှည်ပေ(၂၅၀)နှင့် (၆) လက်မ၊ ခါးဆိုဒ်(၁၉၀)ပေနှင့် (၁၀)လက်မရှိသော ကမ္ဘာ့အကြီးဆုံးဂျင်းဘောင်းဘီကို ဖန် တီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါဂျင်း ဘောင်းဘီတွင် denim ဂျင်းသား(၁၈၀ဝ၄)ပေ၊ ဘောင်းဘီဇစ်(၂၅)ပေနှင့်(၅၉) လက်မ၊ စတီးကြယ်သီး(၃)ပေနှင့်(၉၄)လက်မတို့ ပါဝင်ကြောင်းသိရသည်။
ကမ္ဘာ့အကြီးဆုံးဂျင်းဘောင်းဘီ၏ အလေးချိန်မှာ (၇၉၃၉ ဒသမ ၆၄)ပေါင်ရှိကြောင်းလည်း သိရသည်။ အဆိုပါ ဂင်းနစ်စံချိန်တင်ရန် ကြိုးပမ်းမှုကို ဂင်းနစ်စံချိန်အဖွဲ့မှတာဝန်ရှိသူတစ်ဦး လာရောက်ကြည့်ရှုခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံးဂျင်းဘောင်းဘီအဖြစ် အသိ အမှတ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအဖွဲ့က “ဒီလိုမျိုး ကမ္ဘာ့အကြီးဆုံး ဂျင်းဘောင်းဘီဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့အတွက် တကယ်ကို ဝမ်းသာမိပါတယ်။ ဒီဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ဖို့အတွက် တက်ညီလက်ညီပါဝင်လုပ်ဆောင်ပေးခဲ့ကြတဲ့ အဖွဲ့ သားတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
zawgyi version
အရွည္ေပ (၂၅ဝ) ရွိတဲ့ ကမာၻ႔အႀကီးဆုံး ဂ်င္းေဘာင္းဘီကို တ႐ုတ္ကုမၸဏီတစ္ခု ထုတ္လုပ္
Pika (NP News) - ႏိုဝင္ဘာ ၁
တ႐ုတ္ႏိုင္ငံမွ အထည္အလိပ္ကုမၸဏီတစ္ခုသည္ ကမာၻ႔အႀကီးဆုံး ဂ်င္းေဘာင္းဘီအတြက္ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ရန္ အထည္အလိပ္ထုတ္လုပ္သည့္ အလုပ္သမား(၃၀) ေက်ာ္ပါဝင္သည့္ အဖြဲ႕တစ္ဖြဲ႕ကို စုစည္းခဲ့ေၾကာင္းသိရသည္။ ယူလင္ၿမိဳ႕တြင္ရွိေသာ Yixing Textile ကုမၸဏီႏွင့္အတူ အထည္အလိပ္ထုတ္လုပ္သူမ်ားသည္ အရွည္ေပ(၂၅၀)ႏွင့္ (၆) လက္မ၊ ခါးဆိုဒ္(၁၉၀)ေပႏွင့္ (၁၀)လက္မရွိေသာ ကမာၻ႔အႀကီးဆုံးဂ်င္းေဘာင္းဘီကို ဖန္ တီးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အဆိုပါဂ်င္း ေဘာင္းဘီတြင္ denim ဂ်င္း သား(၁၈၀ဝ၄)ေပ၊ ေဘာင္းဘီဇစ္(၂၅)ေပႏွင့္(၅၉) လက္မ၊ စတီးၾကယ္သီး(၃)ေပႏွင့္(၉၄)လက္မတို႔ ပါဝင္ေၾကာင္းသိရသည္။
ကမာၻ႔အႀကီးဆုံးဂ်င္းေဘာင္းဘီ၏ အေလးခ်ိန္မွာ (၇၉၃၉ ဒသမ ၆၄)ေပါင္ရွိေၾကာင္းလည္း သိရသည္။ အဆိုပါ ဂင္းနစ္စံခ်ိန္တင္ရန္ ႀကိဳးပမ္းမႈကို ဂင္းနစ္စံခ်ိန္အဖြဲ႕မွတာဝန္ရွိသူတစ္ဦး လာေရာက္ၾကည့္ရႈခဲ့ၿပီးေနာက္ ကမာၻ႔အႀကီးဆုံးဂ်င္းေဘာင္းဘီအျဖစ္ အသိ အမွတ္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါအဖြဲ႕က “ဒီလိုမ်ိဳး ကမာၻ႔အႀကီးဆုံး ဂ်င္းေဘာင္းဘီဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့အတြက္ တကယ္ကို ဝမ္းသာမိပါတယ္။ ဒီဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖို႔အတြက္ တက္ညီလက္ညီပါဝင္လုပ္ေဆာင္ေပးခဲ့ၾကတဲ့ အဖြဲ႕ သားေတြအားလုံးကိုလည္း ေက်းဇူးတင္ပါတယ္” ဟု ေျပာသည္။