အင်ဒိုနီးရှားမှာ iPhone 16 အပြင် Google Pixel ဖုန်းတွေပါ ပိတ်ပင်ထား
1380
ရောင်နီ (NP News) - (NP News) - နိုဝင်ဘာ ၂
နည်းပညာကုမ္ပဏီကြီး Google ရဲ့ ရင်းနှီးမြှုပ်နှံမှုစည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံ ဟာ Google Pixel ဖုန်းတွေ ရောင်းချခြင်းကို ပိတ်ပင်လိုက်တယ်လို့ စက်မှုဝန်ကြီးဌာနက ပြောပါတယ်။ ဒီသတင်း ဟာ Apple ရဲ့ Iphone 16 ရောင်းချမှုကို နိုင်ငံအတွင်း ပိတ်ပင်လိုက်ပြီးနောက် ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာ ခြင်းဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ဖုန်းတွေကို တင်းကျပ်တဲ့ ကန့်သတ်ချက်တွေနဲ့ နိုင်ငံခြားနည်းပညာကုမ္ပဏီကြီးတွေဆီက ရင်းနှီးမြှုပ်နှံမှုတွေမြှင့်တင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အင်ဒိုနီးရှားရဲ့ကန့်သတ်ချက်ကတော့ ဖုန်းတွေမှာ အင်ဒိုနီးရှားရဲ့ source ၄၀ ရာခိုင်နှုန်း ပါဝင်ရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။
"ထုတ်ကုန်တွေက ကျွန်တော်တို့လိုအပ်တဲ့ အစီအစဉ်နဲ့မကိုက်ညီသရွေ့ အင်ဒိုနီးရှားမှာ ရောင်းချလို့ မရပါဘူး" လို့ စက်မှုဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဖီဘရီဟန်ဒရီအန်တိုနီအာရစ်က ကြာသပတေးနေ့ (အောက်တိုဘာ ၃၁ ရက်) မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားရဲ့စမတ်ဖုန်းစျေးကွက်မှာ ယခုနှစ် ဒုတိယသုံးလပတ်အတွင်း တရုတ်ကုမ္ပဏီ Xiaomi၊ Oppo နဲ့ Vivo ၊ တောင်ကိုရီးယား ကုမ္ပဏီ Samsung တို့က လွှမ်းမိုးထားတယ်လို့ Counterpoint Research အရ သိရပါတယ်။ ရောင်းဝယ်မှုကနေ ပိတ်ပင်ခံထားရတဲ့ဖုန်းတွေကို နိုင်ငံထဲမှာ ရောင်းဝယ်ခွင့်မပြုပေမယ့် သယ်ဆောင်လာလို့တော့ ရတယ်လို့ ဝန်ကြီးဌာနက ပြီးခဲ့တဲ့သီတင်းပတ်က ပြောကြားခဲ့ပါတယ်။
Apple ဟာ အင်ဒိုနီးရှားမှာ တရားဝင် စတိုးဆိုင် မရှိပေမယ့် အမှုဆောင်အရာရှိချုပ် တင်ကွခ်ကတော့ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံဖို့ နည်းလမ်းတွေကို ရှာဖွေနေပြီး ပြီးခဲ့တဲ့ ဧပြီလကလည်း နိုင်ငံကို လာရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version;
အင္ဒိုနီးရွားမွာ iPhone 16 အျပင္ Google Pixel ဖုန္းေတြပါ ပိတ္ပင္ထား
ေရာင္နီ (NP News) - (NP News) - ႏိုဝင္ဘာ ၂
နည္းပညာကုမၸဏီႀကီး Google ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈစည္းမ်ဥ္းေတြကို လိုက္နာဖို႔ ပ်က္ကြက္မႈေၾကာင့္ အင္ဒိုနီးရွားႏိုင္ငံ ဟာ Google Pixel ဖုန္းေတြ ေရာင္းခ်ျခင္းကို ပိတ္ပင္လိုက္တယ္လို႔ စက္မႈဝန္ႀကီးဌာနက ေျပာပါတယ္။ ဒီသတင္း ဟာ Apple ရဲ႕ Iphone 16 ေရာင္းခ်မႈကို ႏိုင္ငံအတြင္း ပိတ္ပင္လိုက္ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ထြက္ေပၚလာ ျခင္းျဖစ္ပါတယ္။
အင္ဒိုနီးရွားႏိုင္ငံမွာ ဖုန္းေတြကို တင္းက်ပ္တဲ့ ကန႔္သတ္ခ်က္ေတြနဲ႔ ႏိုင္ငံျခားနည္းပညာကုမၸဏီႀကီးေတြဆီက ရင္းႏွီးျမႇဳပ္ႏွံမႈေတြျမႇင့္တင္ႏိုင္ဖို႔ ႀကိဳးပမ္းေနပါတယ္။ အင္ဒိုနီးရွားရဲ႕ကန႔္သတ္ခ်က္ကေတာ့ ဖုန္းေတြမွာ အင္ဒိုနီးရွားရဲ႕ source ၄၀ ရာခိုင္ႏႈန္း ပါဝင္ရမယ္ဆိုတဲ့အခ်က္ျဖစ္ပါတယ္။
"ထုတ္ကုန္ေတြက ကြၽန္ေတာ္တို႔လိုအပ္တဲ့ အစီအစဥ္နဲ႔မကိုက္ညီသေ႐ြ႕ အင္ဒိုနီးရွားမွာ ေရာင္းခ်လို႔ မရပါဘူး" လို႔ စက္မႈဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ ဖီဘရီဟန္ဒရီအန္တိုနီအာရစ္က ၾကာသပေတးေန႔ (ေအာက္တိုဘာ ၃၁ ရက္) မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။
အင္ဒိုနီးရွားရဲ႕စမတ္ဖုန္းေစ်းကြက္မွာ ယခုႏွစ္ ဒုတိယသုံးလပတ္အတြင္း တ႐ုတ္ကုမၸဏီ Xiaomi၊ Oppo နဲ႔ Vivo ၊ ေတာင္ကိုရီးယား ကုမၸဏီ Samsung တို႔က လႊမ္းမိုးထားတယ္လို႔ Counterpoint Research အရ သိရပါတယ္။ ေရာင္းဝယ္မႈကေန ပိတ္ပင္ခံထားရတဲ့ဖုန္းေတြကို ႏိုင္ငံထဲမွာ ေရာင္းဝယ္ခြင့္မျပဳေပမယ့္ သယ္ေဆာင္လာလို႔ေတာ့ ရတယ္လို႔ ဝန္ႀကီးဌာနက ၿပီးခဲ့တဲ့သီတင္းပတ္က ေျပာၾကားခဲ့ပါတယ္။
Apple ဟာ အင္ဒိုနီးရွားမွာ တရားဝင္ စတိုးဆိုင္ မရွိေပမယ့္ အမႈေဆာင္အရာရွိခ်ဳပ္ တင္ကြခ္ကေတာ့ ႏိုင္ငံအတြင္း ရင္းႏွီးျမႇဳပ္ႏွံဖို႔ နည္းလမ္းေတြကို ရွာေဖြေနၿပီး ၿပီးခဲ့တဲ့ ဧၿပီလကလည္း ႏိုင္ငံကို လာေရာက္လည္ပတ္ခဲ့တယ္လို႔ သိရပါတယ္။