နှစ်ရက်အတွင်း ငွေကျပ်(၁)ဘီလျံတန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများ သိမ်းဆည်းရမိ

 349

ယွန်း (NP News) - နိုဝင်ဘာ ၃

နှစ်ရက်အတွင်း ငွေကျပ်(၁)ဘီလျံတန်ဖိုးရှိ တရားမဝင် ကုန်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီထံမှ သိရသည်။

အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ(၃၀)ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁၆)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ခန့်မှန်းတန်ဖိုးငွေကျပ်(၈၅၈၄၉၅၁၂၀) တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်းလေးမျိုးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရွာသာကြီး Dry Port ၌ တာချီလိတ်မြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသည့် ယာဥ်တစ်စီးပေါ်မှာ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ခန့်မှန်းတန်ဖိုးငွေကျပ် (၁၆၀၀၀၀၀၀)ရှိသည့် ယာဥ်အပိုပစ္စည်းတစ်မျိုးနှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ (၁) ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Express Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အဆိုပါနေ့၌ ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရဲသာယာယီယာဉ်စစ်ကွင်း၌ ယာဉ်တစ်စီးပေါ်မှ လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး၊ လူသုံးကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Ranger Truk တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးမြို့ အင်းဝင်(၂)လမ်း နန်းတော်ရာ ရပ်ကွက်အနီး၌ ရပ်တန့်ထားသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် သုည ဒသမ ၆၀၆ တန်၊ သစ်မာ ၄ ဒသမ ၃၅၇ တန်၊ အခြားသစ် ၁ ဒသမ ၀၀၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၃၉၈၉၅)ကို သစ်တောဥပဒေအရလည်းကောင်း သိမ်းဆည်း အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် အောက်တိုဘာ (၃၀) ရက်နှင့် နိုဝင်ဘာ (၁) ရက်တို့တွင် စုစုပေါင်းမှာ အမှုတွဲ (၁၆) မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၈၄၃၅၀၁၅) ကို သိမ်းဆည်းရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီထံမှ သိရသည်။

Zawgyi Version;
ႏွစ္ရက္အတြင္း ေငြက်ပ္(၁)ဘီလ်ံတန္ဖိုးရွိ တရားမဝင္ကုန္ပစၥည္းမ်ား သိမ္းဆည္းရမိ
ယြန္း (NP News) - ႏိုဝင္ဘာ ၃

ႏွစ္ရက္အတြင္း ေငြက်ပ္(၁)ဘီလ်ံတန္ဖိုးရွိ တရားမဝင္ ကုန္ပစၥည္းမ်ားကို သိမ္းဆည္းရမိခဲ့ေၾကာင္း တရားမဝင္ ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီထံမွ သိရသည္။

အေကာက္ခြန္ဦးစီးဌာန၏ စီမံခန႔္ခြဲမႈျဖင့္ ပူးေပါင္းအဖြဲ႕မ်ားက စစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ရာ ေအာက္တိုဘာ(၃၀)ရက္တြင္ ေအးရွားေဝါလ္ကုန္ေသတၱာစစ္ေဆးေရးစခန္း၌ ကုန္ေသတၱာ(၁၆)လုံးအတြင္းမွ တရားဝင္စာ႐ြက္စာတမ္းအေထာက္အထားတင္ျပႏိုင္ျခင္းမရွိသည့္ ခန႔္မွန္းတန္ဖိုးေငြက်ပ္(၈၅၈၄၉၅၁၂၀) တန္ဖိုးရွိ လုပ္ငန္းသုံးပစၥည္းေလးမ်ိဳးကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ႐ြာသာႀကီး Dry Port ၌ တာခ်ီလိတ္ၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ေမာင္းႏွင္လာသည့္ ယာဥ္တစ္စီးေပၚမွာ တရားဝင္စာ႐ြက္စာတမ္းအေထာက္အထား တင္ျပႏိုင္ျခင္းမရွိသည့္ ခန႔္မွန္းတန္ဖိုးေငြက်ပ္ (၁၆၀၀၀၀၀၀)ရွိသည့္ ယာဥ္အပိုပစၥည္းတစ္မ်ိဳးႏွင့္ အဆိုပါပစၥည္းမ်ား တင္ေဆာင္လာသည့္ Hino Profia Truck တစ္စီး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၃၀၀၀၀၀၀၀)တို႔ကိုသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

အလားတူ ႏိုဝင္ဘာ (၁) ရက္တြင္ မရမ္းေခ်ာင္အၿမဲတမ္းစစ္ေဆးေရးစခန္း၌ ေမာ္လၿမိဳင္ၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ ေမာင္းႏွင္လာသည့္ ယာဥ္တစ္စီးေပၚမွ စားေသာက္ကုန္ပစၥည္းတစ္မ်ိဳး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၆၀၀၀၀၀၀)ႏွင့္ အဆိုပါပစၥည္းမ်ား တင္ေဆာင္လာသည့္ Scania Express Bus တစ္စီး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၇၀၀၀၀၀၀၀) ကို သိမ္းဆည္းရမိခဲ့ၿပီး အေကာက္ခြန္လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ အဆိုပါေန႔၌ ကရင္ျပည္နယ္တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးအထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ ပူးေပါင္းအဖြဲ႕က စစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ရာ ရဲသာယာယီယာဥ္စစ္ကြင္း၌ ယာဥ္တစ္စီးေပၚမွ လုပ္ငန္းသုံးပစၥည္းႏွစ္မ်ိဳး၊ လူသုံးကုန္ပစၥည္း တစ္မ်ိဳး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၉၇၀၀၀၀၀) ႏွင့္ အဆိုပါပစၥည္းမ်ား တင္ေဆာင္လာသည့္ Hino Ranger Truk တစ္စီး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၂၅၀၀၀၀၀၀)ကို သိမ္းဆည္းရမိခဲ့ၿပီး အေကာက္ခြန္ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ ပဲခူးတိုင္းေဒသႀကီး တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးအထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ပူးေပါင္းအဖြဲ႕မ်ားက စစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ရာ ပဲခူးၿမိဳ႕ အင္းဝင္(၂)လမ္း နန္းေတာ္ရာ ရပ္ကြက္အနီး၌ ရပ္တန႔္ထားေသာ ယာဥ္တစ္စီးေပၚမွ တရားဝင္စာ႐ြက္ စာတမ္းအေထာက္အထား တင္ျပႏိုင္ျခင္းမရွိသည့္ စားေသာက္ကုန္ပစၥည္းတစ္မ်ိဳး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၀၀၀၀၀၀၀) ႏွင့္ အဆိုပါ ပစၥည္းမ်ား တင္ေဆာင္လာသည့္ Mitsubishi Canter Truck တစ္စီး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၃၀၀၀၀၀၀၀)ကိုလည္းေကာင္း၊ ပဲခူးခ႐ိုင္၊ ေညာင္ေလးပင္ခ႐ိုင္ႏွင့္ သာယာဝတီခ႐ိုင္တို႔အတြင္း၌ တရားမဝင္ ကြၽန္းသစ္ သုည ဒသမ ၆၀၆ တန္၊ သစ္မာ ၄ ဒသမ ၃၅၇ တန္၊ အျခားသစ္ ၁ ဒသမ ၀၀၄ တန္ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၃၂၃၉၈၉၅)ကို သစ္ေတာဥပေဒအရလည္းေကာင္း သိမ္းဆည္း အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေအာက္တိုဘာ (၃၀) ရက္ႏွင့္ ႏိုဝင္ဘာ (၁) ရက္တို႔တြင္ စုစုေပါင္းမွာ အမႈတြဲ (၁၆) မႈ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၀၅၈၄၃၅၀၁၅) ကို သိမ္းဆည္းရမိခဲ့ေၾကာင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးဦးေဆာင္ေကာ္မတီထံမွ သိရသည္။

Related news

© 2021. All rights reserved.