စင်ကာပူမှာ ECDA က နောက်ထပ် ၅ နှစ်အတွင်း ကလေးထိန်းနေရာ ၄၀,၀၀၀ တိုးချဲ့ဖွင့်လှစ်နိုင်မယ်လို့ပြော

 113

ရောင်နီ (NP News) - နိုဝင်ဘာ ၄

ရှေးဦးကလေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (ECDA) ဟာ ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ စင်္ကာပူမှာ မွေးကင်းစ ကလေးနဲ့ ကလေးထိန်းနေရာအသစ် ၄၀,၀၀၀ နီးပါး ဖွင့်လှစ်မယ်လို့ ဆိုပါတယ်။
အဲဒီနေရာသစ် ၄၀,၀၀၀ မှာ မွေးကင်းစကလေးစောင့်ရှောက်ရေးနေရာအသစ် ၆,၀၀၀ ခန့် ပါဝင်မှာဖြစ်ပြီး ၎င်းဟာ စင်ကာပူမှာ အရည်အသွေးမီ မူကြိုတွေ လက်လှမ်းမီနိုင်မှုကို မြှင့်တင်ဖို့ ကြိုးပမ်းမှုရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒီအစီအစဉ်နဲ့ပတ်သက်ပြီး စနေနေ့ (နိုဝင်ဘာ ၂ ရက်) က ကျင်းပတဲ့ Early Childhood Celebrations အခမ်းအနား မှာ လူမှုနဲ့ မိသားစုဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး မိုဆာဂိုစ်ဇူလ်ဖေးက အစိုးရ ပံ့ပိုးပေးထားတဲ့ မူကြိုကျောင်းတွေမှာ မူကြိုကလေး ၈၀ ရာခိုင်နှုန်းအထိ တက်ရောက်နိုင်ဖို့ သေချာစေမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီအစီအစဉ်ဟာ တစ်နေကုန် ကလေးထိန်းခနှုန်းထားကို စင်ကာပူ ဒေါ်လာ ၅၀ မှ စင်ကာပူဒေါ်လာ ၆၄၀ နဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက် မှ စ စင်ကာပူဒေါ်လာ ၆၈၀ ထိ အသီးသီး လျှော့ချပေးနိုင်မှာဖြစ်ပါပါတယ်။

ဒါဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်ကစ ဝင်ငွေနည်းတဲ့ မိသားစုအားလုံး၊ လစဉ် စုစုပေါင်းအိမ်ထောင်စုဝင်ငွေ စင်ကာပူဒေါ်လာ ၆,၀၀၀ နဲ့ အောက်ရှိတဲ့ ဝင်ငွေအဆင့်တွေအတွက် အများဆုံး ကလေးထိန်းထောက်ပံ့မှုတွေ လက်လှမ်းမီနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူမွာ ECDA က ေနာက္ထပ္ ၅ ႏွစ္အတြင္း ကေလးထိန္းေနရာ ၄၀,၀၀၀ တိုးခ်ဲ႕ဖြင့္လွစ္ႏိုင္မယ္လို႔ေျပာ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၄

ေရွးဦးကေလးဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးေအဂ်င္စီ (ECDA) ဟာ ၂၀၂၅ ခုႏွစ္မွ ၂၀၂၉ ခုႏွစ္အထိ စကၤာပူမွာ ေမြးကင္းစ ကေလးနဲ႔ ကေလးထိန္းေနရာအသစ္ ၄၀,၀၀၀ နီးပါး ဖြင့္လွစ္မယ္လို႔ ဆိုပါတယ္။
အဲဒီေနရာသစ္ ၄၀,၀၀၀ မွာ ေမြးကင္းစကေလးေစာင့္ေရွာက္ေရးေနရာအသစ္ ၆,၀၀၀ ခန႔္ ပါဝင္မွာျဖစ္ၿပီး ၎ဟာ စင္ကာပူမွာ အရည္အေသြးမီ မူႀကိဳေတြ လက္လွမ္းမီႏိုင္မႈကို ျမႇင့္တင္ဖို႔ ႀကိဳးပမ္းမႈရဲ႕တစ္စိတ္တစ္ပိုင္း ျဖစ္တယ္လို႔ သိရပါတယ္။
ဒီအစီအစဥ္နဲ႔ပတ္သက္ၿပီး စေနေန႔ (ႏိုဝင္ဘာ ၂ ရက္) က က်င္းပတဲ့ Early Childhood Celebrations အခမ္းအနား မွာ လူမႈနဲ႔ မိသားစုဖြံ႕ၿဖိဳးတိုးတက္ေရး ၀န္ႀကီး မိုဆာဂိုစ္ဇူလ္ေဖးက အစိုးရ ပံ့ပိုးေပးထားတဲ့ မူႀကိဳေက်ာင္းေတြမွာ မူႀကိဳကေလး ၈၀ ရာခိုင္ႏႈန္းအထိ တက္ေရာက္ႏိုင္ဖို႔ ေသခ်ာေစမယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ဒီအစီအစဥ္ဟာ တစ္ေနကုန္ ကေလးထိန္းခႏႈန္းထားကို စင္ကာပူ ေဒၚလာ ၅၀ မွ စင္ကာပူေဒၚလာ ၆၄၀ နဲ႔ ၂၀၂၅ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ မွ စ စင္ကာပူေဒၚလာ ၆၈၀ ထိ အသီးသီး ေလွ်ာ့ခ်ေပးႏိုင္မွာျဖစ္ပါပါတယ္။

ဒါဟာ ၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာ ၉ ရက္ကစ ဝင္ေငြနည္းတဲ့ မိသားစုအားလုံး၊ လစဥ္ စုစုေပါင္းအိမ္ေထာင္စုဝင္ေငြ စင္ကာပူေဒၚလာ ၆,၀၀၀ နဲ႔ ေအာက္ရွိတဲ့ ဝင္ေငြအဆင့္ေတြအတြက္ အမ်ားဆုံး ကေလးထိန္းေထာက္ပံ့မႈေတြ လက္လွမ္းမီႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.