သမ္မတဟောင်း၏သားဖြစ်သူကို ဒေါ်လာ (၁)ဘီလျံ ရလိုမှုဖြင့် တရားစွဲမည်ဟု အမေရိကန်သမ္မတကတော် ခြိမ်းခြောက်

972

Pika (NP News) - သြဂုတ်လ ၁၇
အမေရိကန် သမ္မတကတော်ဖြစ်သည့် မီလာနီယာ ထရမ့်သည် အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်၏ သားဖြစ်သူဟန်တာဘိုင်ဒန်ကို အမေရိကန်ဒေါ်လာ (၁)ဘီလျံ ရလိုမှုဖြင့်တရားစွဲသွားမည် ဖြစ်ကြောင်း ခြိမ်းခြောက် လိုက်သည်။ ဟန်တာ ဘိုင်ဒန်က အမေရိကန်သမ္မတကတော်သည် ဂုဏ်သိက္ခာမဲ့သော ငွေကြေးအမှုကိစ္စများအပြင် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့သူ ဂျက်ဖရီ အက်စတိန်း နှင့်လည်း ဆက်နွှယ်နေသူဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက မှတ်ချက်စကားပြောဆိုခဲ့ခြင်းကြောင့် အမေရိကန်သမ္မတကတော်က တရားစွဲရန် စီစဉ်နေခြင်းဖြစ်သည်ဟုသိရသည်။ အမေရိကန်သမ္မတဟောင်း၏သားဖြစ်သူသည် ဩဂုတ်လအစောပိုင်းက Channel 5 ယူကျုချန်နယ်မှ အစီအစဉ် တင်ဆက်သူနှင့် အင်တာ ဗျူးအစီအစဉ်တွင်သမ္မတကတော် မီလာနီယာထရမ့်ကို စွပ်စွဲပြောဆိုခဲ့ခြင်းဖြစ်သည်။
ဟန်တာဘိုင်ဒန်က “လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားသူနဲ့ သမ္မတကတော်ကြား ရင်းနှီးနက်နဲတဲ့ဆက်ဆံရေး တွေရှိနေပါတယ်”ဟုပြောသည်။ သမ္မတကတော်၏ ရှေ့နေဖြစ်သူ ဘရီတိုသည် လက်ရှိအချိန်တွင် ဟန်တာဘိုင်ဒန်ထံ အမေရိကန် ဒေါ်လာ (၁)ဘီလျံ ရလိုမှုဖြင့်တရားစွဲမည့်ကိစ္စကို စာပို့ထားကြောင်းသိရသည်။ ၎င်းက “ဟန်တာ ဘိုင်ဒန်ရဲ့ ပြောဆိုချက်တွေဟာ မှားယွင်းတယ်။ ကျွန်မကို အသရေဖျက်တာမျိုးဖြစ်တယ်။ ကျွန်မကို ထိခိုက်နစ်နာအောင်လုပ် ဆောင်မှုတွေအတွက် ပြန်တုံ့ပြန်မယ်။ ကျွန်မရဲ့ဂုဏ်သိက္ခာ ပြန်အဖတ်ဆယ်ဖို့ တရားစွဲဖို့ လိုအပ်တယ်” ဟုပြောသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း ဟန်တာ ဘိုင်ဒန်ကို တရားစွဲမည့် ဇနီးဖြစ်သူ၏ လုပ်ရပ်များကို အားပေးထောက်ခံထားကြောင်းသိရသည်။ လက်ရှိအချိန်တွင်ဟန်တာဘိုင်ဒန်ကို ၎င်း၏မှတ်ချက်စကားများနှင့်ပတ် သက်ပြီး ပြန်လည် တောင်းပန်ရန် တိုက်တွန်းတောင်းဆိုမှုများရှိနေ သော်လည်း ၎င်းက ငြင်းဆန်ပယ်ချထားကြောင်း သိရသည်။
လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မိသားစုနှင့် သမ္မတဟောင်း ဂျိုးဘိုင်ဒန်မိသားစု တို့သည် ခါးသီးသော ဆက်ဆံရေးများရှိခဲ့ကြောင်း သိရသည်။ ဂျိုးဘိုင်ဒန်သည် ၎င်းသမ္မတအဖြစ် တာဝန်ယူချိန်က ဒေါ်နယ်ထရမ့်ကို စွဲချက် အမျိုးမျိုး တင်ကာ တရားစွဲမှုများလုပ်ဆောင်ခဲ့ဖူးရာ ၎င်းတို့ နှစ်ဦးကြား ဆက်ဆံရေးကအဆိုးရွားဆုံးအခြေအနေ မျိုးရှိခဲ့ သည်။
zawgyiversion
သမၼတေဟာင္း၏သားျဖစ္သူကို ေဒၚလာ (၁)ဘီလ်ံ ရလိုမႈျဖင့္ တရားစြဲမည္ဟု အေမရိကန္သမၼတကေတာ္ ၿခိမ္းေျခာက္
Pika (NP News) - ၾသဂုတ္လ ၁၇
အေမရိကန္ သမၼတကေတာ္ျဖစ္သည့္ မီလာနီယာ ထရမ့္သည္ အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္၏ သားျဖစ္သူဟန္တာဘိုင္ဒန္ကို အေမရိကန္ေဒၚလာ (၁)ဘီလ်ံ ရလိုမႈျဖင့္တရားစြဲသြားမည္ ျဖစ္ေၾကာင္း ၿခိမ္းေျခာက္ လိုက္သည္။ ဟန္တာ ဘိုင္ဒန္က အေမရိကန္သမၼတကေတာ္သည္ ဂုဏ္သိကၡာမဲ့ေသာ ေငြေၾကးအမႈကိစၥမ်ားအျပင္ လိင္ပိုင္းဆိုင္ရာ ျပစ္မႈက်ဴးလြန္ခဲ့သူ ဂ်က္ဖရီ အက္စတိန္း ႏွင့္လည္း ဆက္ႏႊယ္ေနသူျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ရက္ပိုင္းက မွတ္ခ်က္စကားေျပာဆိုခဲ့ျခင္းေၾကာင့္ အေမရိကန္သမၼတကေတာ္က တရားစြဲရန္ စီစဥ္ေနျခင္းျဖစ္သည္ဟုသိရသည္။ အေမရိကန္သမၼတေဟာင္း၏သားျဖစ္သူသည္ ဩဂုတ္လအေစာပိုင္းက Channel 5 ယူက်ဳခ်န္နယ္မွ အစီအစဥ္ တင္ဆက္သူႏွင့္ အင္တာ ဗ်ဴးအစီအစဥ္တြင္သမၼတကေတာ္ မီလာနီယာထရမ့္ကို စြပ္စြဲေျပာဆိုခဲ့ျခင္းျဖစ္သည္။
ဟန္တာဘိုင္ဒန္က “လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ေစာ္ကားသူနဲ႔ သမၼတကေတာ္ၾကား ရင္းႏွီးနက္နဲတဲ့ဆက္ဆံေရး ေတြရွိေနပါတယ္”ဟုေျပာသည္။ သမၼတကေတာ္၏ ေရွ႕ေနျဖစ္သူ ဘရီတိုသည္ လက္ရွိအခ်ိန္တြင္ ဟန္တာဘိုင္ဒန္ထံ အေမရိကန္ ေဒၚလာ (၁)ဘီလ်ံ ရလိုမႈျဖင့္တရားစြဲမည့္ကိစၥကို စာပို႔ထားေၾကာင္းသိရသည္။ ၎က “ဟန္တာ ဘိုင္ဒန္ရဲ႕ ေျပာဆိုခ်က္ေတြဟာ မွားယြင္းတယ္။ ကြၽန္မကို အသေရဖ်က္တာမ်ိဳးျဖစ္တယ္။ ကြၽန္မကို ထိခိုက္နစ္နာေအာင္လုပ္ ေဆာင္မႈေတြအတြက္ ျပန္တုံ႔ျပန္မယ္။ ကြၽန္မရဲ႕ဂုဏ္သိကၡာ ျပန္အဖတ္ဆယ္ဖို႔ တရားစြဲဖို႔ လိုအပ္တယ္” ဟုေျပာသည္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္ကလည္း ဟန္တာ ဘိုင္ဒန္ကို တရားစြဲမည့္ ဇနီးျဖစ္သူ၏ လုပ္ရပ္မ်ားကို အားေပးေထာက္ခံထားေၾကာင္းသိရသည္။ လက္ရွိအခ်ိန္တြင္ဟန္တာဘိုင္ဒန္ကို ၎၏မွတ္ခ်က္စကားမ်ားႏွင့္ပတ္ သက္ၿပီး ျပန္လည္ ေတာင္းပန္ရန္ တိုက္တြန္းေတာင္းဆိုမႈမ်ားရွိေန ေသာ္လည္း ၎က ျငင္းဆန္ပယ္ခ်ထားေၾကာင္း သိရသည္။
လက္ရွိအေမရိကန္သမၼတ ေဒၚနယ္ထရမ့္ မိသားစုႏွင့္ သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္မိသားစု တို႔သည္ ခါးသီးေသာ ဆက္ဆံေရးမ်ားရွိခဲ့ေၾကာင္း သိရသည္။ ဂ်ိဳးဘိုင္ဒန္သည္ ၎သမၼတအျဖစ္ တာဝန္ယူခ်ိန္က ေဒၚနယ္ထရမ့္ကို စြဲခ်က္ အမ်ိဳးမ်ိဳး တင္ကာ တရားစြဲမႈမ်ားလုပ္ေဆာင္ခဲ့ဖူးရာ ၎တို႔ ႏွစ္ဦးၾကား ဆက္ဆံေရးကအဆိုး႐ြားဆုံးအေျခအေန မ်ိဳးရွိခဲ့ သည္။