နစကဥက္ကဋ္ဌ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်

 2715

စော(NP News)-နိုဝင်ဘာ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က အတည်ပြုထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ကြောင်း နစက က ယနေ့ (နိုဝင်ဘာလ ၄ရက်)တွင် အတည်ပြုထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။
အဆိုပါ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် နိုဝင်ဘာလ ၆ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေး (GMS)ကို တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် (၁၀)ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီး အစည်းအဝေး (ACMECS)နှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး(CLMV)တို့ကို တက်ရောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ တရုတ်နိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက် သွားမည်ဖြစ်ပြီး နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ခိုင်မာစေရန် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ဝမ်ယိလာတုန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးပွဲမှာ ပြောသွားတဲ့စကားတစ်ခုရှိတယ်။ တရုတ်ဝန်ကြီးချုပ် လီချန်းက အဆွေ‌တော်ဝန်ကြီးချုပ်ကို နှုတ်ခွန်းဆက်သလိုက်ပါတယ်ဆိုတဲ့ စကား၊ အဲဒီစကားက တရုတ်ကို ဗိုလ်ချုပ်မှူးကြီး လာလည်ဖို့ ဖိတ်ကြားမှုရဲ့ အစလို့ ပြောလို့ရသလို ဝန်ကြီးချုပ်လီချန်းနဲ့ ဗိုလ်ချုပ်မှူးကြီးတို့ သီးသန့်တွေ့ဆုံဖို့ အလားအလာရှိတယ်ဆိုတာကို ပြသလိုက်တာပါ။ ဒါကြောင့် ဒီခရီးဖြစ်လာတယ်လို့ပဲ မှတ်ရမှာပါ”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက NP Newsကို သုံးသပ်ပြောကြားသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ‌တွေဆုံခဲ့ပြီး ဝမ်ယိက မြန်မာရွေးကောက်ပွဲကို ထောက်ခံကြောင်းနှင့် ရှမ်းမြောက်တိုက်ပွဲများထဲမှ EAOs များ၏လုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

Zawgyi Version
နစကဥကၠ႒ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္မည္ျဖစ္ေၾကာင္း အတည္ျပဳ ထုတ္ျပန္

ေစာ(NP News)-ႏိုဝင္ဘာ ၄
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္မည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေကာင္စီ၏ သတင္းထုတ္ျပန္ေရးအဖြဲ႕က အတည္ျပဳထုတ္ျပန္ထားသည္။
တ႐ုတ္ႏိုင္ငံ၏ ဖိတ္ၾကားခ်က္အရ မၾကာမီရက္ပိုင္းအတြင္း သြားေရာက္မည္ျဖစ္ေၾကာင္း နစက က ယေန႔ (ႏိုဝင္ဘာလ ၄ရက္)တြင္ အတည္ျပဳထုတ္ျပန္ေၾကညာထားျခင္း ျဖစ္သည္။
အဆိုပါ ခရီးစဥ္အတြင္း တ႐ုတ္ႏိုင္ငံ၊ ကူမင္းၿမိဳ႕တြင္ ႏိုဝင္ဘာလ ၆ ရက္မွ ၇ ရက္အထိ က်င္းပျပဳလုပ္မည့္ အ႒မအႀကိမ္ေျမာက္ မဟာမဲေခါင္ေဒသခြဲ ထိပ္သီး အစည္းအေဝး (GMS)ကို တက္ေရာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ (၁၀)ႀကိမ္ေျမာက္ ဧရာဝတီ- ေက်ာက္ဖရား- မဲေခါင္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈမဟာဗ်ဴဟာ ထိပ္သီး အစည္းအေဝး (ACMECS)ႏွင့္ (၁၁)ႀကိမ္ေျမာက္ ကေမာၻဒီးယား-လာအို-ျမန္မာ- ဗီယက္နမ္ ပူးေပါင္းေဆာင္႐ြက္မႈ ထိပ္သီးအစည္းအေဝး(CLMV)တို႔ကို တက္ေရာက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အလားတူ တ႐ုတ္ႏိုင္ငံ အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းမ်ားကို ေဆာင္႐ြက္ သြားမည္ျဖစ္ၿပီး ႏွစ္ႏိုင္ငံ အစိုးရႏွင့္ ျပည္သူမ်ားအၾကား ခ်စ္ၾကည္ေရး၊ စီးပြားေရးႏွင့္ က႑ေပါင္းစုံတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုတိုးတက္ ခိုင္မာေစရန္ ေဆြးေႏြးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစက၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ “ဝမ္ယိလာတုန္းက ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ေဆြးေႏြးပြဲမွာ ေျပာသြားတဲ့စကားတစ္ခုရွိတယ္။ တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခ်န္းက အေဆြ‌ေတာ္ဝန္ႀကီးခ်ဳပ္ကို ႏႈတ္ခြန္းဆက္သလိုက္ပါတယ္ဆိုတဲ့ စကား၊ အဲဒီစကားက တ႐ုတ္ကို ဗိုလ္ခ်ဳပ္မႉးႀကီး လာလည္ဖို႔ ဖိတ္ၾကားမႈရဲ႕ အစလို႔ ေျပာလို႔ရသလို ဝန္ႀကီးခ်ဳပ္လီခ်န္းနဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးတို႔ သီးသန႔္ေတြ႕ဆုံဖို႔ အလားအလာရွိတယ္ဆိုတာကို ျပသလိုက္တာပါ။ ဒါေၾကာင့္ ဒီခရီးျဖစ္လာတယ္လို႔ပဲ မွတ္ရမွာပါ”ဟု ႏိုင္ငံေရးေလ့လာသုံးသပ္သူတစ္ဦးက NP Newsကို သုံးသပ္ေျပာၾကားသည္။
ၿပီးခဲ့သည့္ ဩဂုတ္လအတြင္းက တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာ ဝမ္ယိက ျမန္မာႏိုင္ငံသို႔ လာေရာက္ခဲ့ရာ နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ‌ေတြဆုံခဲ့ၿပီး ဝမ္ယိက ျမန္မာေ႐ြးေကာက္ပြဲကို ေထာက္ခံေၾကာင္းႏွင့္ ရွမ္းေျမာက္တိုက္ပြဲမ်ားထဲမွ EAOs မ်ား၏လုပ္ရပ္ကို ဆန႔္က်င္ရႈတ္ခ်ေၾကာင္း ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.