ဂျပန်နိုင်ငံက ကမ္ဘာ့ပထမဆုံး သစ်သားဂြိုလ်တု တီထွင်
537
ရောင်နီ (NP News) - နိုဝင်ဘာ ၆
ဂျပန်နိုင်ငံက သုတေသီတွေ တီထွင်ဖန်တီးထားတဲ့ ကမ္ဘာ့ပထမဆုံး သစ်သားဂြိုလ်တုကို လနဲ့ အင်္ဂါဂြိုဟ် စူးစမ်း လေ့လာရေးအတွက် အစောပိုင်း စမ်းသပ်မှုတစ်ခု အနေနဲ့ နိုဝင်ဘာ ၅ ရက်က အာကာသထဲ လွှတ်တင်ခဲ့ပါတယ်။
Kyoto University and homebuilder Sumitomo Forestry မှ တီထွင်ဖန်တီးထားတဲ့ LignoSat အမည်ရှိ သစ်သားဂြိုလ်တုဟာ SpaceX မစ်ရှင်နဲ့ နိုင်ငံတကာ အာကာသစခန်းကို ပျံသန်းမှာဖြစ်ပြီး ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၄၀၀ ခန့်အကွာထိ လွှတ်တင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
LignoSat သစ်သားဂြိုလ်တုကို အာကာသထဲလူသားတွေ နေထိုင်နိုင်မယ့် နေရာကို စူးစမ်းလေ့လာဖို့၊ စကြာဝဠာ ဆိုင်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အလားအလာကို ရှာဖွေဖို့အတွက် အသုံးချမှာ ဖြစ်တယ်လို့ သိရပါတယ်။ လနဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ သစ်ပင်တွေ စိုက်ပျိုးဖို့၊ သစ်သားအိမ်တွေ တည်ဆောက်ဖို့အတွက် သစ်သားဟာ အာကာသ အဆင့် ပစ္စည်းဖြစ်တယ်ဆိုတာကို သက်သေပြဖို့ Nasa အသိအမှတ်ပြု သစ်သားဂြိုလ်တုကို တီထွင်ဖို့ ဆုံးဖြတ်ခဲ့ တာဖြစ်တယ်လို့ ပရောဂျက်မှာ ပါဝင်တဲ့ သုတေသီ မူရာတာက ဆိုပါတယ်။
သစ်သားဟာ ရေ (သို့မဟုတ်) အောက်ဆီဂျင်မရှိတာကြောင့် ကမ္ဘာမြေထက် အာကာသထဲမှာ ပိုကြာရှည်နေနိုင် တယ်လို့ ပါမောက္ခ မူရာတာ က ပြောပါတယ်။ ဒါအပြင် သစ်သားဂြိုလ်တုဟာ သူ့ရဲ့ သက်တမ်းကုန်ဆုံးချိန်မှာလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။
အဆိုပါသစ်သားဂြိုလ်တုကို ဂျပန်နိုင်ငံမှာ ပေါက်ဖွားတဲ့ မက်နိုလီးယားပင်တစ်မျိုးနဲ့ အသုံးပြုပြီး ထုတ်လုပ် ထားတာဖြစ်ပြီး ဝက်အူ သို့မဟုတ် ကော်မပါဘဲ ဂျပန်ရိုးရာလက်မှုပညာ နည်းပညာကိုပဲ အသုံးပြု ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Zawgyi Version;
ဂ်ပန္ႏိုင္ငံက ကမာၻ႔ပထမဆုံး သစ္သားၿဂိဳလ္တု တီထြင္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၆
ဂ်ပန္ႏိုင္ငံက သုေတသီေတြ တီထြင္ဖန္တီးထားတဲ့ ကမာၻ႔ပထမဆုံး သစ္သားၿဂိဳလ္တုကို လနဲ႔ အဂၤါၿဂိဳဟ္ စူးစမ္း ေလ့လာေရးအတြက္ အေစာပိုင္း စမ္းသပ္မႈတစ္ခု အေနနဲ႔ ႏိုဝင္ဘာ ၅ ရက္က အာကာသထဲ လႊတ္တင္ခဲ့ပါတယ္။
Kyoto University and homebuilder Sumitomo Forestry မွ တီထြင္ဖန္တီးထားတဲ့ LignoSat အမည္ရွိ သစ္သားၿဂိဳလ္တုဟာ SpaceX မစ္ရွင္နဲ႔ ႏိုင္ငံတကာ အာကာသစခန္းကို ပ်ံသန္းမွာျဖစ္ၿပီး ကမာၻေျမျပင္အထက္ ကီလိုမီတာ ၄၀၀ ခန႔္အကြာထိ လႊတ္တင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။
LignoSat သစ္သားၿဂိဳလ္တုကို အာကာသထဲလူသားေတြ ေနထိုင္ႏိုင္မယ့္ ေနရာကို စူးစမ္းေလ့လာဖို႔၊ စၾကာဝဠာ ဆိုင္ရာ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ အလားအလာကို ရွာေဖြဖို႔အတြက္ အသုံးခ်မွာ ျဖစ္တယ္လို႔ သိရပါတယ္။ လနဲ႔ အဂၤါၿဂိဳဟ္ေပၚမွာ သစ္ပင္ေတြ စိုက္ပ်ိဳးဖို႔၊ သစ္သားအိမ္ေတြ တည္ေဆာက္ဖို႔အတြက္ သစ္သားဟာ အာကာသ အဆင့္ ပစၥည္းျဖစ္တယ္ဆိုတာကို သက္ေသျပဖို႔ Nasa အသိအမွတ္ျပဳ သစ္သားၿဂိဳလ္တုကို တီထြင္ဖို႔ ဆုံးျဖတ္ခဲ့ တာျဖစ္တယ္လို႔ ပေရာဂ်က္မွာ ပါဝင္တဲ့ သုေတသီ မူရာတာက ဆိုပါတယ္။
သစ္သားဟာ ေရ (သို႔မဟုတ္) ေအာက္ဆီဂ်င္မရွိတာေၾကာင့္ ကမာၻေျမထက္ အာကာသထဲမွာ ပိုၾကာရွည္ေနႏိုင္ တယ္လို႔ ပါေမာကၡ မူရာတာ က ေျပာပါတယ္။ ဒါအျပင္ သစ္သားၿဂိဳလ္တုဟာ သူ႔ရဲ႕ သက္တမ္းကုန္ဆုံးခ်ိန္မွာလည္း သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈကို ေလ်ာ့နည္းေစတယ္လို႔ ဆိုပါတယ္။
အဆိုပါသစ္သားၿဂိဳလ္တုကို ဂ်ပန္ႏိုင္ငံမွာ ေပါက္ဖြားတဲ့ မက္ႏိုလီးယားပင္တစ္မ်ိဳးနဲ႔ အသုံးျပဳၿပီး ထုတ္လုပ္ ထားတာျဖစ္ၿပီး ဝက္အူ သို႔မဟုတ္ ေကာ္မပါဘဲ ဂ်ပန္႐ိုးရာလက္မႈပညာ နည္းပညာကိုပဲ အသုံးျပဳ ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။