နေပြည်တော်ကို တိုက်ခိုက်ရန် ဦးတည်လာသည့် Fixed Wing (၃)စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့
4712
နာမူ (NP News) - နိုဝင်ဘာ ၆
နေပြည်တော်ကို တိုက်ခိုက်ရန် ဦးတည်လာသည့် Fixed Wing (၃)စင်းကို ကြားဖြတ်ဟန့် တားနိုင်ခဲ့ကြောင်း နစက ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ အကြမ်းဖက်သမားများသည် အရေးကြီးအဆောက်အအုံများနှင့် နေရာဌာနများအား အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ရန် နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် နေပြည် တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းသို့ ဒေသန္တရလုပ် Fixed Wing အချို့ကို လွှတ်တင်ခဲ့ကြောင်း သိရသည်။ သို့သော် နယ်မြေတွင်း လေကြောင်းလုံခြုံရေးတာဝန်များထမ်းဆောင်နေသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက လေကြောင်းရန်ကာ ကွယ်ရေးစနစ်များဖြင့် ကြိုတင်ထောက်လှမ်းနိုင်ခဲ့သဖြင့် လက်ဦးမှုရယူကာ Fixed Wing (၃)စင်းကို လမ်းခရီးတွင် ပစ်ချဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပျက်စီးသွားသည့် Fixed Wing များ ကျရောက်ရာနေရာများကို ပြည်သူများ၏ သတင်းပေးပို့မှုဖြင့် သွားရောက်စစ်ဆေးခဲ့ရာ လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာအနီးတွင် (၁)စင်း၊ ကြံခင်းစုကျေးရွာအနီးတွင် (၁)စင်း ၊ နနွင်းအိုင်ကျေးရွာတွင် (၁)စင်းတို့ကို ဗုံးသီးများနှင့်အတူရှာဖွေတွေ့ရှိခဲ့ပြီး ပြည်သူများ အန္တရာယ်မဖြစ်စေရေး ဗုံးသီးများအား စနစ် တကျ ဖောက်ခွဲဖျက်စီးခဲ့ကြောင်း သိရသည်။ ထို့ပြင် Fixed Wing များစတင်ပစ်လွှတ်ခဲ့သည့် နေရာများကို နည်းပညာအကူအညီဖြင့် ရှာဖွေဖော်ထုတ်နိုင်ခဲ့ကာ အဆိုပါနေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါဖြစ်စဉ်အတွင်းတွင် လူနှင့်အဆောက်အအုံ ထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း နယ်မြေတွင်းလိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
zawgyi version
ေနျပည္ေတာ္ကို တိုက္ခိုက္ရန္ ဦးတည္လာသည့္ Fixed Wing (၃)စင္းကို ၾကားျဖတ္ဟန႔္တားႏိုင္ခဲ့
နာမူ (NP News) - ႏိုဝင္ဘာ ၆
ေနျပည္ေတာ္ကို တိုက္ခိုက္ရန္ ဦးတည္လာသည့္ Fixed Wing (၃)စင္းကို ၾကားျဖတ္ဟန႔္ တားႏိုင္ခဲ့ေၾကာင္း နစက ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ အၾကမ္းဖက္သမားမ်ားသည္ အေရးႀကီးအေဆာက္အအုံမ်ားႏွင့္ ေနရာဌာနမ်ားအား အၾကမ္းဖက္ေဖာက္ခြဲမႈမ်ားျပဳလုပ္ရန္ ႏိုဝင္ဘာလ ၅ ရက္ နံနက္ပိုင္းတြင္ ေနျပည္ ေတာ္ေကာင္စီနယ္ေျမ၊ လယ္ေဝးၿမိဳ႕နယ္အတြင္းသို႔ ေဒသႏၲရလုပ္ Fixed Wing အခ်ိဳ႕ကို လႊတ္တင္ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ နယ္ေျမတြင္း ေလေၾကာင္းလုံၿခဳံေရးတာဝန္မ်ားထမ္းေဆာင္ေနသည့္ ေလေၾကာင္းရန္ကာကြယ္ေရးတပ္ဖြဲ႕မ်ားက ေလေၾကာင္းရန္ကာ ကြယ္ေရးစနစ္မ်ားျဖင့္ ႀကိဳတင္ေထာက္လွမ္းႏိုင္ခဲ့သျဖင့္ လက္ဦးမႈရယူကာ Fixed Wing (၃)စင္းကို လမ္းခရီးတြင္ ပစ္ခ်ဟန႔္တားႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ပ်က္စီးသြားသည့္ Fixed Wing မ်ား က်ေရာက္ရာေနရာမ်ားကို ျပည္သူမ်ား၏ သတင္းေပးပို႔မႈျဖင့္ သြားေရာက္စစ္ေဆးခဲ့ရာ လယ္ေဝးၿမိဳ႕နယ္၊ ေၾကာင္ေရေက်း႐ြာအနီးတြင္ (၁)စင္း၊ ႀကံခင္းစုေက်း႐ြာအနီးတြင္ (၁)စင္း ၊ နႏြင္းအိုင္ေက်း႐ြာတြင္ (၁)စင္းတို႔ကို ဗုံးသီးမ်ားႏွင့္အတူရွာေဖြေတြ႕ရွိခဲ့ၿပီး ျပည္သူမ်ား အႏၲရာယ္မျဖစ္ေစေရး ဗုံးသီးမ်ားအား စနစ္ တက် ေဖာက္ခြဲဖ်က္စီးခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ Fixed Wing မ်ားစတင္ပစ္လႊတ္ခဲ့သည့္ ေနရာမ်ားကို နည္းပညာအကူအညီျဖင့္ ရွာေဖြေဖာ္ထုတ္ႏိုင္ခဲ့ကာ အဆိုပါေနရာမ်ားကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ အလ်င္အျမန္တုံ႔ျပန္ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။
အဆိုပါျဖစ္စဥ္အတြင္းတြင္ လူႏွင့္အေဆာက္အအုံ ထိခိုက္ပ်က္စီးမႈတစ္စုံတစ္ရာမရွိခဲ့ေၾကာင္း ႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္လည္း နယ္ေျမတြင္းလိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။