နန်းတော်တွေအပြင် ခရီးသွားဆွဲဆောင်မှုနေရာပေါင်းများစွာရှိတဲ့ ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင် အကြောင်း

 192

Pika (NP News) - နိုဝင်ဘာ ၈

ဒိန်းမတ်နိုင်ငံ၏ မြို့တော်ဖြစ်သော ကိုပင်ဟေဂင်မြို့သည် နိုင်ငံတွင်းတွင် လူဦးရေ အများဆုံး မြို့တစ်မြို့ဖြစ်ပြီး မြို့ပြဧရိယာတွင် နေထိုင်သူမှာ (၁ ဒသမ ၄) သန်းခန့်ရှိကာ ခရီးသွား ဆွဲဆောင်မှု နေရာအများအပြားနှင့်အတူ နာမည် ကျော်ကြားသည့်မြို့တစ်မြို့ဖြစ်သည်။ ကိုပင်ဟေဂင်မြို့သည် Øresund ရေလက်ကြားတွင် ဆွီဒင်နိုင်ငံ Malmö မြို့မှ ခွဲထွက်ထားသော Zealand နှင့် Amager ကျွန်းများပေါ်တွင် တည်ရှိသည့်မြို့တစ်မြို့လည်းဖြစ်သည်။ (၁၀)ရာစုတွင် ဗိုက်ကင်း တံငါရွာအဖြစ် တည်ထောင်ခဲ့သော ကိုပင်ဟေဂင်မြို့သည် (၁၅)ရာစုအစောပိုင်းတွင် ဒိန်းမတ်နိုင်ငံ၏ မြို့တော်ဖြစ် လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (၁၆) ရာစုအတွင်း ကိုပင်ဟေဂင်မြို့သည် ဆွီဒင်၊ နော် ဝေးနိုင်ငံတို့နှင့် အတူ ဒိန်းမတ်အဖွဲ့ချုပ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခေတ်သစ်နော်ဒစ်ဒေသကို အုပ်ချုပ်ခဲ့သော ကယ်လ် မာပြည်ထောင်စု၏ မြို့တော် နှင့် ပြည်ထောင်စု၏ ဘုရင်စနစ်ပလ္လင်နေရာအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကိုပင်ဟေဂင်မြို့သည် Renaissance ခေတ် အတွင်း Scandinavia ဒေသ၏ ယဉ်ကျေးမှုနှင့် စီးပွားရေး အချက်အချာ နေရာတစ်ခုဖြစ်ခဲ့ပြီး (၁၇) ရာစုတွင် ဒိန်းမတ်အစိုးရ နှင့်စစ်တပ်၏ အချက်အချာ နေရာအဖြစ် ဆောင် ရွက်ခဲ့ကာ ဒေသဆိုင်ရာ အာဏာ၏ ဗဟိုချက်နေရာ ဖြစ်လာခဲ့ကြောင်းသိရသည်။ (၁၈)ရာစုအတွင်း ကိုပင်ဟေဂင်မြို့သည် ဆိုးရွားသောပုလိပ်ရောဂါဖြစ်ပွားမှုနှင့် မြို့ပြပြိုကွဲမှု ဘေးဒဏ် ကိုခံခဲ့ရပြီး Frederiksstaden ခရိုင်ကို တည်ဆောက်ခြင်း၊တော်ဝင်ပြဇာတ်ရုံနှင့်တော်ဝင် အကယ်ဒမီတို့ ကဲ့ သို့သော ယဉ်ကျေးမှုဆိုင်ရာအဆောက်အအုံများကို တည်ထောင်ခြင်းအပါအဝင် ကြီးမားသည့် ပြန် လည်ပြင်ဆင်ရေးကြိုးပမ်းမှုများစွာကို လုပ်ဆောင်ခဲ့ရကြောင်းသိရသည်။ အဆိုပါကာလအတွင်း ကိုပင် ဟေဂင်မြို့သည် ဒိန်းမတ်ကျွန်ကုန်သွယ်မှု၏ အချက် အချာနေရာတစ်ခုဖြစ် လာခဲ့ကြောင်း လည်းသိရ သည်။ (၁၈၀၇)ခုနှစ်တွင် နပိုလီယံစစ်ပွဲများအတွင်း ကိုပင်ဟေဂင်မြို့သည် ဗြိတိသျှရေတပ်၏ ဗုံးကြဲ တိုက်ခိုက်မှုများကို ခံခဲ့ရကြောင်းလည်းသိရသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် Finger Plan မြို့ပြ အစီအစဉ်သည် ကိုပင်ဟေဂင်မြို့လယ်ကောင်မှ ထွက်လာသော မြို့တွင်းမီးရထားလမ်း ကြောင်း(၅)ခု တစ်လျှောက်တွင် အိမ်ရာနှင့်စီးပွားရေးလုပ်ငန်းများ ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။ သို့သော်လည်း (၂၁)ရာစုမှစတင်ပြီး ကိုပင်ဟေဂင်မြို့သည် ၎င်း၏အဖွဲ့အစည်းများနှင့် အခြေခံအဆောက်အအုံများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် အတူ ခိုင်မာသောမြို့ပြနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုး တက်မှုများကို တွေ့မြင်ခဲ့ရသည်။ ထို့နောက် ကိုပင် ဟေဂင်မြို့သည် ဒိန်းမတ်နိုင်ငံ၏ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် အစိုးရဆိုင်ရာ အချက်အချာ နေရာ တစ်ခုဖြစ်လာခဲ့သလို ကိုပင်ဟေဂင်စတော့ အိတ် ချိန်းနှင့်အတူ ဥရောပမြောက်ပိုင်း၏ အဓိကဘဏ္ဍာရေးအချက်အချာနေရာများထဲမှ တစ်ခုဖြစ်လာခဲ့ သည်။

ကိုပင်ဟေဂင်မြို့၏ စီးပွားရေးသည် အထူးသဖြင့် နည်းပညာ၊ ဆေးဝါးများနှင့် သန့်ရှင်း သော နည်းပညာများတွင် အစပျိုးလုပ်ဆောင်မှုများမှ တစ်ဆင့် ဝန်ဆောင်မှုကဏ္ဍတွင် လျင်မြန်စွာဖွံ့ဖြိုးတိုး တက်လာခဲ့ကြောင်းသိရသည်။ Øresund တံတား တည်ဆောက်ပြီးစီးချိန်မှစတင်ပြီး ကိုပင်ဟေဂင်မြို့ သည် ဆွီဒင်ပြည်နယ် Scania နှင့် ၎င်း၏အကြီးဆုံး မြို့ Malmö တို့နှင့် ပေါင်းစပ်ခဲ့ပြီး Øresund ဒေသ ကိုဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ခရိုင်အသီးသီး ကိုဆက်သွယ်ထားသော တံတားများစွာနှင့်အတူ ကိုပင်ဟေဂင် မြို့ရှုခင်းကို ပန်းခြံများ၊ ပင်လယ်ကမ်းခြေ စင်္ကြံများ၊ ကမ်းနားစပ်တို့ဖြင့် ပုံဖော်ထား ကြောင်းလည်းသိရသည်။ Tivoli ဥယျာဉ်၊ Little Mermaid ရုပ်တု၊ Amalienborg နှင့် Christiansborg နန်းတော်များ၊ Rosenborg ရဲတိုက်၊ Frederi ခရစ် ယာန်ဘုရားကျောင်း၊ Børsen သမိုင်းဝင်အဆောက် အအုံနှင့်ပြတိုက်များ၊ စားသောက်ဆိုင်များနှင့်နိုက်ကလပ်များသည် ကိုပင်ဟေဂင်မြို့ရှိ သိသာထင်ရှား သောခရီးသွားဆွဲဆောင်မှုနေရာများဖြစ်သည်။ ထို့ပြင် ကိုပင်ဟေဂင်မြို့သည် ကိုပင်ဟေဂင်တက္ကသိုလ်၊ ဒိန်းမတ်နည်းပညာတက္ကသိုလ်၊ ကိုပင်ဟေဂင်စီးပွား ရေးကျောင်းနှင့်ကိုပင်ဟေဂင်အိုင်တီတက္ကသိုလ်တို့ ၏ နေအိမ်လည်းဖြစ်သည်။ (၁၄၇၉)ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ကိုပင်ဟေဂင်တက္ကသိုလ် သည် ဒိန်းမတ်နိုင်ငံတွင် ရှေးအကျဆုံးတက္ကသိုလ် တစ်ခုလည်းဖြစ်သည်။ ကိုပင်ဟေဂင်မြို့သည် F.C. Copenhagen နှင့် Brøndby IF ဘောလုံးအသင်း များ၏ နေအိမ်လည်းဖြစ်ပြီး နှစ်စဉ်ကိုပင်ဟေဂင်မာရသွန်ပြိုင်ပွဲကို (၁၉၈၀) ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ ကြောင်းလည်းသိရသည်။

အဆိုပါမြို့သည် ကမ္ဘာပေါ်တွင် စက်ဘီးစီး ရန်အသင့်တော်ဆုံးမြို့များထဲမှ တစ်မြို့ဖြစ်ကြောင်း လည်း သိရသည်။ (၂၀ဝ၂)ခုနှစ်တွင် စတင်ခဲ့သော ကိုပင်ဟေဂင်မြေအောက်မီးရထားစနစ်သည် မြို့ လယ်ရှိနေရာအများအပြားကို ဝန်ဆောင်မှုပေးလျက် ရှိပြီး ကိုပင်ဟေဂင် S-ရထား၊ Lokaltog (ပုဂ္ဂလိက မီးရထား) နှင့် Coast Line ကွန်ရက်တို့သည် မြို့၏အစွန်အဖျားဒေသများသို့ ဝန်ဆောင်မှုများပေးလျက် ရှိကြောင်းသိရသည်။ တစ်လလျှင် ခရီးသွား (၂ ဒသမ ၅) သန်းကို ဝန်ဆောင်မှုပေးနေသော ကိုပင်ဟေဂင် လေဆိပ် Kastrup သည် နော်ဒစ်နိုင်ငံများထဲတွင် အလုပ်အများဆုံးလေဆိပ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

စီးပွားရေး
ကိုပင်ဟေဂင်မြို့သည် ဒိန်းမတ်နိုင်ငံ၏ အဓိကဘဏ္ဍာရေးနှင့်စီးပွားရေးဗဟိုချက်နေရာ တစ်ခု ဖြစ်သည်။ ကိုပင်ဟေဂင်မြို့၏စီးပွားရေးသည် ဝန်ဆောင်မှုများနှင့်ကူးသန်းရောင်းဝယ်ရေးအပေါ် အဓိက အခြေခံထားပြီး (၂၀၁၀)ပြည့်နှစ်တွင် ထုတ်ပြန် ခဲ့သောကိန်းဂဏန်းများအရ ကိုပင်ဟေဂင်မြို့ရှိ အလုပ် သမား(၃၅၀ဝဝဝ)၏ အများစုသည် ဝန်ဆောင် မှုကဏ္ဍ အထူးသဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ဆက် သွယ်ရေး၊ ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် အလုပ်ခန့်ထားပြီး အလုပ်သမား(၁)သောင်းဝန်းကျင် သည် ကုန်ထုတ်လုပ်ငန်းများတွင် အလုပ်လုပ်ကိုင် နေကြကြောင်းသိရသည်။ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုအပါအဝင် ပြည်သူ့ကဏ္ဍ လုပ်သား အင်အားမှာ (၁၁၀ဝဝဝ)ဝန်းကျင်ရှိကြောင်းလည်း သိရသည်။ (၂၀ဝ၆) ခုနှစ်မှ(၂၀၁၁)ခုနှစ်အထိ ကိုပင်ဟေဂင်မြို့၏စီးပွားရေးသည် (၂ ဒသမ ၅) ရာခိုင်နှုန်း ကြီးထွားလာခဲ့သော်လည်း ဒိန်းမတ်နိုင်ငံ၏စီးပွားရေးမှာ (၄)ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ကြောင်း သိရ သည်။ (၂၀၁၇)ခုနှစ်တွင် ကိုပင်ဟေဂင်မြို့၏ ဂျီဒီပီသည် ယူရို(၁၂၀)ဘီလျံထိရှိခဲ့ပြီး ဥရောပ သမဂ္ဂတွင် တစ်ဦးချင်းဂျီဒီပီအရ (၁၅)ခုမြောက် အကြီးဆုံးဖြစ်ခဲ့ကြောင်းသိရသည်။ London School of Economics and Political Science rS jyKvkyfaom Copenhagen Green Economy Leader အစီရင်ခံစာ အရ ကိုပင်ဟေဂင်သည် ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်စီးပွားရေးတွင် ဦး ဆောင်သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု ခံထားရကြောင်းသိရသည်။ ကိုပင်ဟေဂင်ဒေသသည် ဒိန်းမတ် တစ် နိုင်ငံလုံး စုစုပေါင်းထုတ်လုပ်မှု၏(၄၀) ရာခိုင်နှုန်းနီးပါးရှိပြီး ရေရှည်တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုများ ရှိခဲ့သည်။ ထို့ပြင် နိုင်ငံအဆင့်နှင့်နှိုင်း ယှဉ်မည်ဆိုပါက ဒိန်းမတ်နိုင်ငံ၏ တစ်ဦးချင်း ဂျီဒီပီသည် ကမ္ဘာ့ ထိပ်တန်း(၁၀)နိုင်ငံစာရင်းတွင် ပါဝင်ခဲ့ကြောင်းလည်းသိရသည်။

Alm အာမခံအေဂျင်စီ၊ Danske ဘဏ်၊ Nykredit ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ၊ Nordea ဘဏ်အပါအဝင် ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ဘဏ်အများအပြားသည် ကိုပင်ဟေဂင်မြို့တွင် ရုံးချုပ် များရှိကြသည်။ ထို့ပြင် ကိုပင်ဟေဂင်မြို့သည် A.P. Møller-Mærsk, Novo Nordisk, Carls berg နှင့် Novozymes ကုမ္ပဏီတို့အပါအဝင် နိုင်ငံတကာကုမ္ပဏီအများအပြား၏ နေအိမ်လည်း ဖြစ်သည်။ ကိုပင်ဟေဂင်မြို့အာဏာပိုင်များသည် သတင်းအချက်အလက်နည်းပညာ၊ ဇီဝနည်းပညာ၊ ဆေးဝါးများ၊ သန့်ရှင်းသောနည်းပညာနှင့် စမတ်မြို့တော်ဖြေရှင်းနည်းများအပါအဝင် ဆန်းသစ်တီထွင်သည့်ကဏ္ဍ များစွာတွင်စီးပွားရေးအစုအဖွဲ့များဖွံ့ဖြိုးတိုးတက်ရေးကိုအားပေးတိုက်တွန်းထားကြောင်း လည်း သိရ သည်။ သက်ရှိသိပ္ပံပညာသည်ကျယ်ပြန့်သော သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ် ဆောင်ချက် များပါရှိသော အဓိကကဏ္ဍတစ်ခုဖြစ်ပြီး Medicon Valley သည် Øresund ဒေသကို လွှမ်းခြုံထားသော ဥရောပရှိ ထိပ်တန်းနိုင်ငံတကာ အသက်သိပ္ပံပညာအစုအဝေးနေရာတစ်ခုလည်း ဖြစ်သည်။ ကိုပင်ဟေ ဂင် သည် ဇီဝနည်းပညာနယ် ပယ်အတွင်း သုတေသနနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို အာရုံစိုက်သည့် ကုမ္ပဏီ များနှင့် အဖွဲ့အစည်း အများ အပြားရှိသည့်နေရာတစ်ခုဖြစ်ပြီး Medicon Valley သည် အဆိုပါရပ်တည် ချက်ကို ပိုမိုအားကောင်းလာ စေရန်အပြင် ကုမ္ပဏီများနှင့် ပညာရှင်များအကြား ပူးပေါင်း ဆောင်ရွက်မှု ကို မြှင့်တင်ရန် ရည်ရွယ်ထား ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးဆေးဝါးနှင့် ဇီဝနည်းပညာ ကုမ္ပဏီ(၅၀)တွင် ပါဝင်သော Novo Nordisk နှင့် Lundbeck တို့ ကဲ့သို့သော အဓိက ဒိန်းမတ်ကုမ္ပဏီ များသည် ကိုပင်ဟေဂင်မြို့စီးပွား ရေးအစုအဖွဲ့အတွင်း တည်ရှိကြောင်းလည်းသိရသည်။

ခရီးသွား
ခရီးသွားလုပ်ငန်းသည် ကိုပင်ဟေဂင် မြို့၏စီးပွားရေးအတွက် အဓိကပံ့ပိုးကူညီမှုများလုပ် ဆောင်ပေးသည့်လုပ်ငန်းတစ်ခုဖြစ်ပြီး ၎င်း၏ဆိပ်ကမ်းများ၊ ယဉ်ကျေးမှုဆွဲဆောင်မှုနေရာများနှင့် ဆုရစားသောက်ဆိုင်များနှင့်အတူ ခရီးသွားအများ အပြားကို ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။ (၂၀ဝ၉)ခုနှစ်မှစတင်ပြီး ကိုပင်ဟေဂင်မြို့သည် ဥရောပတွင်အလျင်မြန်ဆုံးကြီးထွားလာသော မြို့ပြ နေရာများထဲမှတစ်ခုဖြစ်ခဲ့ပြီး မြို့တွင်းတွင် ဟိုတယ်များလည်း သိသိသာသာတိုးလာနေကြောင်း သိရသည်။ (၂၀ဝ၉)ခုနှစ်မှ(၂၀၁၃)ခုနှစ်အထိ ကိုပင်ဟေဂင်မြို့သည် ညအိပ်ကမ္ဘာလှည့်ခရီးသွား များ စုစုပေါင်းအရေအတွက်တွင် (၄၂)ရာခိုင်နှုန်းတိုး လာခဲ့ပြီး တရုတ်ခရီးသွားများလာရောက်လည်ပတ်မှုမှာ (၇၀)ရာခိုင်နှုန်းနီးပါး တိုးလာခဲ့ကြောင်း သိရ သည်။ (၂၀၁၃)ခုနှစ်တွင် ကိုပင်ဟေဂင်ဒေသမှာ ကမ္ဘာ့လှည့် ခရီးသွားများ ညအိပ်မှုစုစုပေါင်းသည် (၉)သန်းကျော်အထိရှိခဲ့ကြောင်းလည်းသိရသည်။ (၂၀၁၀)ပြည့်နှစ် သည် ကိုပင်ဟေဂင်မြို့၏ ခရီးသွား လုပ်ငန်းအတွက် ထူးခြားသောနှစ်တစ်နှစ်ဖြစ်ခဲ့ပြီး တစ်နှစ်အတွင်း ခရီးသွားလာရောက်လည်ပတ်မှုမှာ (၂၉)ရာခိုင်နှုန်းတိုးလာခဲ့သည်။ (၂၀၁၉)ခုနှစ်တွင် ကိုပင်ဟေဂင်မြို့ သည် Lonely Planet ကုမ္ပဏီက ထုတ်ပြန်ထားသော လာရောက်လည်ပတ်ရန် အသင့်တော်ဆုံး ထိပ်တန်းမြို့(၁၀)မြို့တွင် ပထမနေရာ ၌ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။(၂၀၂၁)ခုနှစ် အောက်တိုဘာ လတွင် ကိုပင်ဟေဂင်မြို့သည် ဥရောပကော်မရှင်၏ 2022 European Capital of Smart Tourism ဆု အတွက် ဆန်ခါတင်စာရင်း ဝင်ခဲ့ကြောင်း လည်းသိရသည်။

zawgyi version
နန္းေတာ္ေတြအျပင္ ခရီးသြားဆြဲေဆာင္မႈေနရာေပါင္းမ်ားစြာရွိတဲ့ ဒိန္းမတ္ၿမိဳ႕ေတာ္ ကိုပင္ေဟဂင္ အေၾကာင္း
Pika (NP News) - ႏိုဝင္ဘာ ၈

ဒိန္းမတ္ႏိုင္ငံ၏ ၿမိဳ႕ေတာ္ျဖစ္ေသာ ကိုပင္ေဟဂင္ၿမိဳ႕သည္ ႏိုင္ငံတြင္းတြင္ လူဦးေရ အမ်ားဆုံး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ၿမိဳ႕ျပဧရိယာတြင္ ေနထိုင္သူမွာ (၁ ဒသမ ၄) သန္းခန႔္ရွိကာ ခရီးသြား ဆြဲေဆာင္မႈ ေနရာအမ်ားအျပားႏွင့္အတူ နာမည္ ေက်ာ္ၾကားသည့္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ ကိုပင္ေဟဂင္ၿမိဳ႕သည္ Øresund ေရလက္ၾကားတြင္ ဆြီဒင္ႏိုင္ငံ Malmö ၿမိဳ႕မွ ခြဲထြက္ထားေသာ Zealand ႏွင့္ Amager ကြၽန္းမ်ားေပၚတြင္ တည္ရွိသည့္ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ (၁၀)ရာစုတြင္ ဗိုက္ကင္း တံငါ႐ြာအျဖစ္ တည္ေထာင္ခဲ့ေသာ ကိုပင္ေဟဂင္ၿမိဳ႕သည္ (၁၅)ရာစုအေစာပိုင္းတြင္ ဒိန္းမတ္ႏိုင္ငံ၏ ၿမိဳ႕ေတာ္ျဖစ္ လာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ (၁၆) ရာစုအတြင္း ကိုပင္ေဟဂင္ၿမိဳ႕သည္ ဆြီဒင္၊ ေနာ္ ေဝးႏိုင္ငံတို႔ႏွင့္ အတူ ဒိန္းမတ္အဖြဲ႕ခ်ဳပ္၏ တစ္စိတ္တစ္ပိုင္းအျဖစ္ ေခတ္သစ္ေနာ္ဒစ္ေဒသကို အုပ္ခ်ဳပ္ခဲ့ေသာ ကယ္လ္ မာျပည္ေထာင္စု၏ ၿမိဳ႕ေတာ္ ႏွင့္ ျပည္ေထာင္စု၏ ဘုရင္စနစ္ပလႅင္ေနရာအျဖစ္ ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။ ကိုပင္ေဟဂင္ၿမိဳ႕သည္ Renaissance ေခတ္ အတြင္း Scandinavia ေဒသ၏ ယဥ္ေက်းမႈႏွင့္ စီးပြားေရး အခ်က္အခ်ာ ေနရာတစ္ခုျဖစ္ခဲ့ၿပီး (၁၇) ရာစုတြင္ ဒိန္းမတ္အစိုးရ ႏွင့္စစ္တပ္၏ အခ်က္အခ်ာ ေနရာအျဖစ္ ေဆာင္ ႐ြက္ခဲ့ကာ ေဒသဆိုင္ရာ အာဏာ၏ ဗဟိုခ်က္ေနရာ ျဖစ္လာခဲ့ေၾကာင္းသိရသည္။ (၁၈)ရာစုအတြင္း ကိုပင္ေဟဂင္ၿမိဳ႕သည္ ဆိုး႐ြားေသာပုလိပ္ေရာဂါျဖစ္ပြားမႈႏွင့္ ၿမိဳ႕ျပၿပိဳကြဲမႈ ေဘးဒဏ္ ကိုခံခဲ့ရၿပီး Frederiksstaden ခ႐ိုင္ကို တည္ေဆာက္ျခင္း၊ေတာ္ဝင္ျပဇာတ္႐ုံႏွင့္ေတာ္ဝင္ အကယ္ဒမီတို႔ ကဲ့ သို႔ေသာ ယဥ္ေက်းမႈဆိုင္ရာအေဆာက္အအုံမ်ားကို တည္ေထာင္ျခင္းအပါအဝင္ ႀကီးမားသည့္ ျပန္ လည္ျပင္ဆင္ေရးႀကိဳးပမ္းမႈမ်ားစြာကို လုပ္ေဆာင္ခဲ့ရေၾကာင္းသိရသည္။ အဆိုပါကာလအတြင္း ကိုပင္ ေဟဂင္ၿမိဳ႕သည္ ဒိန္းမတ္ကြၽန္ကုန္သြယ္မႈ၏ အခ်က္ အခ်ာေနရာတစ္ခုျဖစ္ လာခဲ့ေၾကာင္း လည္းသိရ သည္။ (၁၈၀၇)ခုႏွစ္တြင္ နပိုလီယံစစ္ပြဲမ်ားအတြင္း ကိုပင္ေဟဂင္ၿမိဳ႕သည္ ၿဗိတိသွ်ေရတပ္၏ ဗုံးႀကဲ တိုက္ခိုက္မႈမ်ားကို ခံခဲ့ရေၾကာင္းလည္းသိရသည္။ ဒုတိယကမာၻစစ္အၿပီးတြင္ Finger Plan ၿမိဳ႕ျပ အစီအစဥ္သည္ ကိုပင္ေဟဂင္ၿမိဳ႕လယ္ေကာင္မွ ထြက္လာေသာ ၿမိဳ႕တြင္းမီးရထားလမ္း ေၾကာင္း(၅)ခု တစ္ေလွ်ာက္တြင္ အိမ္ရာႏွင့္စီးပြားေရးလုပ္ငန္းမ်ား ကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္လုပ္ေဆာင္ခဲ့ ေၾကာင္း သိရသည္။ သို႔ေသာ္လည္း (၂၁)ရာစုမွစတင္ၿပီး ကိုပင္ေဟဂင္ၿမိဳ႕သည္ ၎၏အဖြဲ႕အစည္းမ်ားႏွင့္ အေျခခံအေဆာက္အအုံမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ အတူ ခိုင္မာေသာၿမိဳ႕ျပႏွင့္ယဥ္ေက်းမႈဖြံ႕ၿဖိဳးတိုး တက္မႈမ်ားကို ေတြ႕ျမင္ခဲ့ရသည္။ ထို႔ေနာက္ ကိုပင္ ေဟဂင္ၿမိဳ႕သည္ ဒိန္းမတ္ႏိုင္ငံ၏ ယဥ္ေက်းမႈ၊ စီးပြားေရးႏွင့္ အစိုးရဆိုင္ရာ အခ်က္အခ်ာ ေနရာ တစ္ခုျဖစ္လာခဲ့သလို ကိုပင္ေဟဂင္စေတာ့ အိတ္ ခ်ိန္းႏွင့္အတူ ဥေရာပေျမာက္ပိုင္း၏ အဓိကဘ႑ာေရးအခ်က္အခ်ာေနရာမ်ားထဲမွ တစ္ခုျဖစ္လာခဲ့ သည္။

ကိုပင္ေဟဂင္ၿမိဳ႕၏ စီးပြားေရးသည္ အထူးသျဖင့္ နည္းပညာ၊ ေဆးဝါးမ်ားႏွင့္ သန႔္ရွင္း ေသာ နည္းပညာမ်ားတြင္ အစပ်ိဳးလုပ္ေဆာင္မႈမ်ားမွ တစ္ဆင့္ ဝန္ေဆာင္မႈက႑တြင္ လ်င္ျမန္စြာဖြံ႕ၿဖိဳးတိုး တက္လာခဲ့ေၾကာင္းသိရသည္။ Øresund တံတား တည္ေဆာက္ၿပီးစီးခ်ိန္မွစတင္ၿပီး ကိုပင္ေဟဂင္ၿမိဳ႕ သည္ ဆြီဒင္ျပည္နယ္ Scania ႏွင့္ ၎၏အႀကီးဆုံး ၿမိဳ႕ Malmö တို႔ႏွင့္ ေပါင္းစပ္ခဲ့ၿပီး Øresund ေဒသ ကိုဖြဲ႕စည္းခဲ့ေၾကာင္းသိရသည္။ ခ႐ိုင္အသီးသီး ကိုဆက္သြယ္ထားေသာ တံတားမ်ားစြာႏွင့္အတူ ကိုပင္ေဟဂင္ ၿမိဳ႕ရႈခင္းကို ပန္းၿခံမ်ား၊ ပင္လယ္ကမ္းေျခ စႀကႍမ်ား၊ ကမ္းနားစပ္တို႔ျဖင့္ ပုံေဖာ္ထား ေၾကာင္းလည္းသိရသည္။ Tivoli ဥယ်ာဥ္၊ Little Mermaid ႐ုပ္တု၊ Amalienborg ႏွင့္ Christiansborg နန္းေတာ္မ်ား၊ Rosenborg ရဲတိုက္၊ Frederi ခရစ္ ယာန္ဘုရားေက်ာင္း၊ Børsen သမိုင္းဝင္အေဆာက္ အအုံႏွင့္ျပတိုက္မ်ား၊ စားေသာက္ဆိုင္မ်ားႏွင့္ႏိုက္ကလပ္မ်ားသည္ ကိုပင္ေဟဂင္ၿမိဳ႕ရွိ သိသာထင္ရွား ေသာခရီးသြားဆြဲေဆာင္မႈေနရာမ်ားျဖစ္သည္။ ထို႔ျပင္ ကိုပင္ေဟဂင္ၿမိဳ႕သည္ ကိုပင္ေဟဂင္တကၠသိုလ္၊ ဒိန္းမတ္နည္းပညာတကၠသိုလ္၊ ကိုပင္ေဟဂင္စီးပြား ေရးေက်ာင္းႏွင့္ကိုပင္ေဟဂင္အိုင္တီတကၠသိုလ္တို႔ ၏ ေနအိမ္လည္းျဖစ္သည္။ (၁၄၇၉)ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ေသာ ကိုပင္ေဟဂင္တကၠသိုလ္ သည္ ဒိန္းမတ္ႏိုင္ငံတြင္ ေရွးအက်ဆုံးတကၠသိုလ္ တစ္ခုလည္းျဖစ္သည္။ ကိုပင္ေဟဂင္ၿမိဳ႕သည္ F.C. Copenhagen ႏွင့္ Brøndby IF ေဘာလုံးအသင္း မ်ား၏ ေနအိမ္လည္းျဖစ္ၿပီး ႏွစ္စဥ္ကိုပင္ေဟဂင္မာရသြန္ၿပိဳင္ပြဲကို (၁၉၈၀) ျပည့္ႏွစ္တြင္ စတင္က်င္းပခဲ့ ေၾကာင္းလည္းသိရသည္။

အဆိုပါၿမိဳ႕သည္ ကမာၻေပၚတြင္ စက္ဘီးစီး ရန္အသင့္ေတာ္ဆုံးၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕ျဖစ္ေၾကာင္း လည္း သိရသည္။ (၂၀ဝ၂)ခုႏွစ္တြင္ စတင္ခဲ့ေသာ ကိုပင္ေဟဂင္ေျမေအာက္မီးရထားစနစ္သည္ ၿမိဳ႕ လယ္ရွိေနရာအမ်ားအျပားကို ဝန္ေဆာင္မႈေပးလ်က္ ရွိၿပီး ကိုပင္ေဟဂင္ S-ရထား၊ Lokaltog (ပုဂၢလိက မီးရထား) ႏွင့္ Coast Line ကြန္ရက္တို႔သည္ ၿမိဳ႕၏အစြန္အဖ်ားေဒသမ်ားသို႔ ဝန္ေဆာင္မႈမ်ားေပးလ်က္ ရွိေၾကာင္းသိရသည္။ တစ္လလွ်င္ ခရီးသြား (၂ ဒသမ ၅) သန္းကို ဝန္ေဆာင္မႈေပးေနေသာ ကိုပင္ေဟဂင္ ေလဆိပ္ Kastrup သည္ ေနာ္ဒစ္ႏိုင္ငံမ်ားထဲတြင္ အလုပ္အမ်ားဆုံးေလဆိပ္တစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။

စီးပြားေရး
ကိုပင္ေဟဂင္ၿမိဳ႕သည္ ဒိန္းမတ္ႏိုင္ငံ၏ အဓိကဘ႑ာေရးႏွင့္စီးပြားေရးဗဟိုခ်က္ေနရာ တစ္ခု ျဖစ္သည္။ ကိုပင္ေဟဂင္ၿမိဳ႕၏စီးပြားေရးသည္ ဝန္ေဆာင္မႈမ်ားႏွင့္ကူးသန္းေရာင္းဝယ္ေရးအေပၚ အဓိက အေျခခံထားၿပီး (၂၀၁၀)ျပည့္ႏွစ္တြင္ ထုတ္ျပန္ ခဲ့ေသာကိန္းဂဏန္းမ်ားအရ ကိုပင္ေဟဂင္ၿမိဳ႕ရွိ အလုပ္ သမား(၃၅၀ဝဝဝ)၏ အမ်ားစုသည္ ဝန္ေဆာင္ မႈက႑ အထူးသျဖင့္ သယ္ယူပို႔ေဆာင္ေရးႏွင့္ ဆက္ သြယ္ေရး၊ ကုန္သြယ္မႈႏွင့္ ဘ႑ာေရးက႑မ်ားတြင္ အလုပ္ခန႔္ထားၿပီး အလုပ္သမား(၁)ေသာင္းဝန္းက်င္ သည္ ကုန္ထုတ္လုပ္ငန္းမ်ားတြင္ အလုပ္လုပ္ကိုင္ ေနၾကေၾကာင္းသိရသည္။ ပညာေရးႏွင့္ က်န္းမာေရး ေစာင့္ေရွာက္မႈအပါအဝင္ ျပည္သူ႔က႑ လုပ္သား အင္အားမွာ (၁၁၀ဝဝဝ)ဝန္းက်င္ရွိေၾကာင္းလည္း သိရသည္။ (၂၀ဝ၆) ခုႏွစ္မွ(၂၀၁၁)ခုႏွစ္အထိ ကိုပင္ေဟဂင္ၿမိဳ႕၏စီးပြားေရးသည္ (၂ ဒသမ ၅) ရာခိုင္ႏႈန္း ႀကီးထြားလာခဲ့ေသာ္လည္း ဒိန္းမတ္ႏိုင္ငံ၏စီးပြားေရးမွာ (၄)ရာခိုင္ႏႈန္းခန႔္ က်ဆင္းသြားခဲ့ေၾကာင္း သိရ သည္။ (၂၀၁၇)ခုႏွစ္တြင္ ကိုပင္ေဟဂင္ၿမိဳ႕၏ ဂ်ီဒီပီသည္ ယူ႐ို(၁၂၀)ဘီလ်ံထိရွိခဲ့ၿပီး ဥေရာပ သမဂၢတြင္ တစ္ဦးခ်င္းဂ်ီဒီပီအရ (၁၅)ခုေျမာက္ အႀကီးဆုံးျဖစ္ခဲ့ေၾကာင္းသိရသည္။ London School of Economics and Political Science rS jyKvkyfaom Copenhagen Green Economy Leader အစီရင္ခံစာ အရ ကိုပင္ေဟဂင္သည္ ကမာၻလုံးဆိုင္ရာ အစိမ္းေရာင္စီးပြားေရးတြင္ ဦး ေဆာင္သူအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ အသိအမွတ္ျပဳ ခံထားရေၾကာင္းသိရသည္။ ကိုပင္ေဟဂင္ေဒသသည္ ဒိန္းမတ္ တစ္ ႏိုင္ငံလုံး စုစုေပါင္းထုတ္လုပ္မႈ၏(၄၀) ရာခိုင္ႏႈန္းနီးပါးရွိၿပီး ေရရွည္တည္ၿငိမ္ေသာ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ား ရွိခဲ့သည္။ ထို႔ျပင္ ႏိုင္ငံအဆင့္ႏွင့္ႏႈိင္း ယွဥ္မည္ဆိုပါက ဒိန္းမတ္ႏိုင္ငံ၏ တစ္ဦးခ်င္း ဂ်ီဒီပီသည္ ကမာၻ႔ ထိပ္တန္း(၁၀)ႏိုင္ငံစာရင္းတြင္ ပါဝင္ခဲ့ေၾကာင္းလည္းသိရသည္။

Alm အာမခံေအဂ်င္စီ၊ Danske ဘဏ္၊ Nykredit ဘ႑ာေရးဝန္ေဆာင္မႈကုမၸဏီ၊ Nordea ဘဏ္အပါအဝင္ ဘ႑ာေရးအဖြဲ႕အစည္းမ်ားႏွင့္ ဘဏ္အမ်ားအျပားသည္ ကိုပင္ေဟဂင္ၿမိဳ႕တြင္ ႐ုံးခ်ဳပ္ မ်ားရွိၾကသည္။ ထို႔ျပင္ ကိုပင္ေဟဂင္ၿမိဳ႕သည္ A.P. Møller-Mærsk, Novo Nordisk, Carls berg ႏွင့္ Novozymes ကုမၸဏီတို႔အပါအဝင္ ႏိုင္ငံတကာကုမၸဏီအမ်ားအျပား၏ ေနအိမ္လည္း ျဖစ္သည္။ ကိုပင္ေဟဂင္ၿမိဳ႕အာဏာပိုင္မ်ားသည္ သတင္းအခ်က္အလက္နည္းပညာ၊ ဇီဝနည္းပညာ၊ ေဆးဝါးမ်ား၊ သန႔္ရွင္းေသာနည္းပညာႏွင့္ စမတ္ၿမိဳ႕ေတာ္ေျဖရွင္းနည္းမ်ားအပါအဝင္ ဆန္းသစ္တီထြင္သည့္က႑ မ်ားစြာတြင္စီးပြားေရးအစုအဖြဲ႕မ်ားဖြံ႕ၿဖိဳးတိုးတက္ေရးကိုအားေပးတိုက္တြန္းထားေၾကာင္း လည္း သိရ သည္။ သက္ရွိသိပၸံပညာသည္က်ယ္ျပန႔္ေသာ သုေတသနႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာလုပ္ ေဆာင္ခ်က္ မ်ားပါရွိေသာ အဓိကက႑တစ္ခုျဖစ္ၿပီး Medicon Valley သည္ Øresund ေဒသကို လႊမ္းၿခဳံထားေသာ ဥေရာပရွိ ထိပ္တန္းႏိုင္ငံတကာ အသက္သိပၸံပညာအစုအေဝးေနရာတစ္ခုလည္း ျဖစ္သည္။ ကိုပင္ေဟ ဂင္ သည္ ဇီဝနည္းပညာနယ္ ပယ္အတြင္း သုေတသနႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ ေရးကို အာ႐ုံစိုက္သည့္ ကုမၸဏီ မ်ားႏွင့္ အဖြဲ႕အစည္း အမ်ား အျပားရွိသည့္ေနရာတစ္ခုျဖစ္ၿပီး Medicon Valley သည္ အဆိုပါရပ္တည္ ခ်က္ကို ပိုမိုအားေကာင္းလာ ေစရန္အျပင္ ကုမၸဏီမ်ားႏွင့္ ပညာရွင္မ်ားအၾကား ပူးေပါင္း ေဆာင္႐ြက္မႈ ကို ျမႇင့္တင္ရန္ ရည္႐ြယ္ထား ျခင္းျဖစ္သည္။ ကမာၻေပၚတြင္ အႀကီးဆုံးေဆးဝါးႏွင့္ ဇီဝနည္းပညာ ကုမၸဏီ(၅၀)တြင္ ပါဝင္ေသာ Novo Nordisk ႏွင့္ Lundbeck တို႔ ကဲ့သို႔ေသာ အဓိက ဒိန္းမတ္ကုမၸဏီ မ်ားသည္ ကိုပင္ေဟဂင္ၿမိဳ႕စီးပြား ေရးအစုအဖြဲ႕အတြင္း တည္ရွိေၾကာင္းလည္းသိရသည္။

ခရီးသြား
ခရီးသြားလုပ္ငန္းသည္ ကိုပင္ေဟဂင္ ၿမိဳ႕၏စီးပြားေရးအတြက္ အဓိကပံ့ပိုးကူညီမႈမ်ားလုပ္ ေဆာင္ေပးသည့္လုပ္ငန္းတစ္ခုျဖစ္ၿပီး ၎၏ဆိပ္ကမ္းမ်ား၊ ယဥ္ေက်းမႈဆြဲေဆာင္မႈေနရာမ်ားႏွင့္ ဆုရစားေသာက္ဆိုင္မ်ားႏွင့္အတူ ခရီးသြားအမ်ား အျပားကို ဆြဲေဆာင္လ်က္ရွိေၾကာင္း သိရသည္။ (၂၀ဝ၉)ခုႏွစ္မွစတင္ၿပီး ကိုပင္ေဟဂင္ၿမိဳ႕သည္ ဥေရာပတြင္အလ်င္ျမန္ဆုံးႀကီးထြားလာေသာ ၿမိဳ႕ျပ ေနရာမ်ားထဲမွတစ္ခုျဖစ္ခဲ့ၿပီး ၿမိဳ႕တြင္းတြင္ ဟိုတယ္မ်ားလည္း သိသိသာသာတိုးလာေနေၾကာင္း သိရသည္။ (၂၀ဝ၉)ခုႏွစ္မွ(၂၀၁၃)ခုႏွစ္အထိ ကိုပင္ေဟဂင္ၿမိဳ႕သည္ ညအိပ္ကမာၻလွည့္ခရီးသြား မ်ား စုစုေပါင္းအေရအတြက္တြင္ (၄၂)ရာခိုင္ႏႈန္းတိုး လာခဲ့ၿပီး တ႐ုတ္ခရီးသြားမ်ားလာေရာက္လည္ပတ္မႈမွာ (၇၀)ရာခိုင္ႏႈန္းနီးပါး တိုးလာခဲ့ေၾကာင္း သိရ သည္။ (၂၀၁၃)ခုႏွစ္တြင္ ကိုပင္ေဟဂင္ေဒသမွာ ကမာၻ႔လွည့္ ခရီးသြားမ်ား ညအိပ္မႈစုစုေပါင္းသည္ (၉)သန္းေက်ာ္အထိရွိခဲ့ေၾကာင္းလည္းသိရသည္။ (၂၀၁၀)ျပည့္ႏွစ္ သည္ ကိုပင္ေဟဂင္ၿမိဳ႕၏ ခရီးသြား လုပ္ငန္းအတြက္ ထူးျခားေသာႏွစ္တစ္ႏွစ္ျဖစ္ခဲ့ၿပီး တစ္ႏွစ္အတြင္း ခရီးသြားလာေရာက္လည္ပတ္မႈမွာ (၂၉)ရာခိုင္ႏႈန္းတိုးလာခဲ့သည္။ (၂၀၁၉)ခုႏွစ္တြင္ ကိုပင္ေဟဂင္ၿမိဳ႕ သည္ Lonely Planet ကုမၸဏီက ထုတ္ျပန္ထားေသာ လာေရာက္လည္ပတ္ရန္ အသင့္ေတာ္ဆုံး ထိပ္တန္းၿမိဳ႕(၁၀)ၿမိဳ႕တြင္ ပထမေနရာ ၌ရပ္တည္ႏိုင္ခဲ့ေၾကာင္း သိရသည္။(၂၀၂၁)ခုႏွစ္ ေအာက္တိုဘာ လတြင္ ကိုပင္ေဟဂင္ၿမိဳ႕သည္ ဥေရာပေကာ္မရွင္၏ 2022 European Capital of Smart Tourism ဆု အတြက္ ဆန္ခါတင္စာရင္း ဝင္ခဲ့ေၾကာင္း လည္းသိရသည္။

Related news

© 2021. All rights reserved.