အိန္ဒိယက တရုတ်ကျောထောက်နောက်ခံပြု ကုန်သွယ်ရေးအစုအဖွဲ့တွင် ပါဝင်သင့်ကြောင်း အစိုးရအဖွဲ့အရာရှိတစ်ဦးပြော

 336

Pika (NP News) - နိုဝင်ဘာ ၉

အိန္ဒိယနိုင်ငံသည် အဖွဲ့ဝင်(၁၅)နိုင်ငံ ပါဝင်သော ဒေသဆိုင်ရာဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP)တွင် ပါဝင်ရန် စဉ်းစားသင့်ကြောင်း အိန္ဒိယအစိုးရအကြံပေးအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက နိုဝင်ဘာလ(၇)ရက် တွင် အကြံပြုပြောခဲ့သည်။ တရုတ်နိုင်ငံက (RCEP) ၏ အဓိကကျောထောက်နောက်ခံဖြစ်နေမှုနှင့်အတူ ကုန်သွယ်ရေး မညီမျှမှုအန္တရာယ်ကို ကိုးကားပြီး အိန္ဒိယနိုင်ငံသည် (၂၀၁၉)ခုနှစ်တွင် RCEP ကုန်သွယ်ရေး သဘောတူညီချက်မှ နှုတ်ထွက်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် RCEP အပြင် အခြားသော ဒေသတွင်းကုန်သွယ်ရေးသဘောတူစာချုပ်ဖြစ်သည့် ပစိဖိတ် ဖြတ်ကျော်မိတ်ဖက်ဆက်ဆံရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်နှင့် တိုးတက်သော သဘောတူညီချက်(CPTPP) တွင် ပါဝင်ရန် စဉ်းစားသင့်ကြောင်း NITI Aayog public policy think tank အဖွဲ့၏ စီအီးအိုဖြစ်သူ B.V.R. Subrahmanyam က အကြံပြုခဲ့သည်။ အဆိုပါသဘောတူညီချက်ကို အမေရိကန်က အစောပိုင်းတွင် ကျောထောက်နောက်ခံပြုခဲ့သော်လည်း (၂၀၁၇)ခုနှစ်တွင် နှုတ်ထွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကုန်သွယ်ရေးအစုအဖွဲ့များတွင် ပါဝင်ခြင်းသည် အိန္ဒိယ၏ ကုန်ထုတ်လုပ်မှုကဏ္ဍကို သိသိသာသာ မြှင့်တင် နိုင်ပြီး နိုင်ငံ၏စုစုပေါင်းတင်ပို့မှု၏(၄၀)ရာခိုင်နှုန်းရှိသည့် အသေးစားနှင့်အလတ်စားလုပ်ငန်းများမှ ပို့ကုန်များ တိုးလာနိုင်သည်ဟု B.V.R. Subrahmanyam က ပြောကြားခဲ့သည်။
ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်အဖြစ် သတ်မှတ်ခံထားရသော RCEP သည် လက်ရှိ အချိန်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ(၁၀)နိုင်ငံအပြင် ဩစတြေးလျ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန် နှင့် နယူးဇီလန် တို့ဖြင့် ဖွဲ့စည်းထားသည်။ RCEPအတွက် ဆွေးနွေးမှုများကို (၂၀၁၂)ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပသည့် (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် စတင်လုပ်ဆောင်ခဲ့ပြီး (၂၀၂၂) ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

RCEP သဘောတူညီချက်သည် နှစ်ပေါင်း(၂၀)အတွင်း အဖွဲ့ဝင်နိုင်ငံများကြား ကုန်သွယ်မှုအနည်းဆုံး (၉၀) ရာခိုင်နှုန်းအပေါ် အခွန်ကောက်ယူမှုကို ဖယ်ရှားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ CPTPP သည် သြစတြေးလျ၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန် နှင့် စင်္ကာပူ အပါအဝင် နိုင်ငံ (၁၁) နိုင်ငံ ပါဝင်သည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ဖြစ်သည်။ CPTPP သဘောတူညီချက်ကို (၂၀၁၈) ခုနှစ် မတ်လတွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဒီဇင်ဘာလတွင် အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
အိႏၵိယက တ႐ုတ္ေက်ာေထာက္ေနာက္ခံျပဳ ကုန္သြယ္ေရးအစုအဖြဲ႕တြင္ ပါဝင္သင့္ေၾကာင္း အစိုးရအဖြဲ႕အရာရွိ တစ္ဦးေျပာ
Pika (NP News) - ႏိုဝင္ဘာ ၉

အိႏၵိယႏိုင္ငံသည္ အဖြဲ႕ဝင္(၁၅)ႏိုင္ငံ ပါဝင္ေသာ ေဒသဆိုင္ရာဘက္စုံစီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ(RCEP)တြင္ ပါဝင္ရန္ စဥ္းစားသင့္ေၾကာင္း အိႏၵိယအစိုးရအႀကံေပးအဖြဲ႕မွ အႀကီးတန္းအရာရွိတစ္ဦးက ႏိုဝင္ဘာလ(၇)ရက္ တြင္ အႀကံျပဳေျပာခဲ့သည္။ တ႐ုတ္ႏိုင္ငံက (RCEP) ၏ အဓိကေက်ာေထာက္ေနာက္ခံျဖစ္ေနမႈႏွင့္အတူ ကုန္သြယ္ေရး မညီမွ်မႈအႏၲရာယ္ကို ကိုးကားၿပီး အိႏၵိယႏိုင္ငံသည္ (၂၀၁၉)ခုႏွစ္တြင္ RCEP ကုန္သြယ္ေရး သေဘာတူညီခ်က္မွ ႏႈတ္ထြက္ခဲ့ေၾကာင္း သိရသည္။

အိႏၵိယႏိုင္ငံသည္ RCEP အျပင္ အျခားေသာ ေဒသတြင္းကုန္သြယ္ေရးသေဘာတူစာခ်ဳပ္ျဖစ္သည့္ ပစိဖိတ္ ျဖတ္ေက်ာ္မိတ္ဖက္ဆက္ဆံေရးအတြက္ က်ယ္က်ယ္ျပန႔္ျပန႔္ႏွင့္ တိုးတက္ေသာ သေဘာတူညီခ်က္(CPTPP) တြင္ ပါဝင္ရန္ စဥ္းစားသင့္ေၾကာင္း NITI Aayog public policy think tank အဖြဲ႕၏ စီအီးအိုျဖစ္သူ B.V.R. Subrahmanyam က အႀကံျပဳခဲ့သည္။ အဆိုပါသေဘာတူညီခ်က္ကို အေမရိကန္က အေစာပိုင္းတြင္ ေက်ာေထာက္ေနာက္ခံျပဳခဲ့ေသာ္လည္း (၂၀၁၇)ခုႏွစ္တြင္ ႏႈတ္ထြက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါကုန္သြယ္ေရးအစုအဖြဲ႕မ်ားတြင္ ပါဝင္ျခင္းသည္ အိႏၵိယ၏ ကုန္ထုတ္လုပ္မႈက႑ကို သိသိသာသာ ျမႇင့္တင္ ႏိုင္ၿပီး ႏိုင္ငံ၏စုစုေပါင္းတင္ပို႔မႈ၏(၄၀)ရာခိုင္ႏႈန္းရွိသည့္ အေသးစားႏွင့္အလတ္စားလုပ္ငန္းမ်ားမွ ပို႔ကုန္မ်ား တိုးလာႏိုင္သည္ဟု B.V.R. Subrahmanyam က ေျပာၾကားခဲ့သည္။
ကမာၻ႔အႀကီးဆုံး လြတ္လပ္ေသာကုန္သြယ္မႈသေဘာတူညီခ်က္အျဖစ္ သတ္မွတ္ခံထားရေသာ RCEP သည္ လက္ရွိ အခ်ိန္တြင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံ(၁၀)ႏိုင္ငံအျပင္ ဩစေၾတးလ်၊ တ႐ုတ္၊ ေတာင္ကိုရီးယား၊ ဂ်ပန္ ႏွင့္ နယူးဇီလန္ တို႔ျဖင့္ ဖြဲ႕စည္းထားသည္။ RCEPအတြက္ ေဆြးေႏြးမႈမ်ားကို (၂၀၁၂)ခုႏွစ္ ႏိုဝင္ဘာလတြင္ ကေမာၻဒီးယားႏိုင္ငံမွာ က်င္းပသည့္ (၂၁)ႀကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေဝးတြင္ စတင္လုပ္ေဆာင္ခဲ့ၿပီး (၂၀၂၂) ခုႏွစ္တြင္ လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း သိရသည္။

RCEP သေဘာတူညီခ်က္သည္ ႏွစ္ေပါင္း(၂၀)အတြင္း အဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား ကုန္သြယ္မႈအနည္းဆုံး (၉၀) ရာခိုင္ႏႈန္းအေပၚ အခြန္ေကာက္ယူမႈကို ဖယ္ရွားရန္ ရည္႐ြယ္ထားျခင္းျဖစ္သည္။ CPTPP သည္ ၾသစေၾတးလ်၊ ကေနဒါ၊ ခ်ီလီ၊ ဂ်ပန္၊ မေလးရွား၊ မကၠဆီကို၊ နယူးဇီလန္ ႏွင့္ စကၤာပူ အပါအဝင္ ႏိုင္ငံ (၁၁) ႏိုင္ငံ ပါဝင္သည့္ လြတ္လပ္ေသာကုန္သြယ္မႈသေဘာတူညီခ်က္ျဖစ္သည္။ CPTPP သေဘာတူညီခ်က္ကို (၂၀၁၈) ခုႏွစ္ မတ္လတြင္ လက္မွတ္ေရးထိုးခဲ့ၿပီးေနာက္ ဒီဇင္ဘာလတြင္ အေကာင္အထည္ေဖာ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.