အမ်းမြို့ ၃၇၁ တပ်ရင်း ကို လာတိုက်သော AA များ အလောင်း ၁၅ လောင်း နှင့် သေနတ် ၁၅ လက် ထားခဲ့ကာ အကျအဆုံးများစွာဖြင့် ထွက်ပြေး

 5575

သုတကျော် (NP News) - နိုဝင်ဘာ ၉

ရခိုင်ပြည်နယ်၊ အမ်းမြို့ ၃၇၁ တပ်ရင်း ကို လာတိုက်သော AAများ အလောင်း ၁၅ လောင်း နှင့် သေနတ် ၁၅ လက် ထားခဲ့ကာ အကျအဆုံး များစွာဖြင့် ထွက်ပြေးသွားခဲ့ကြောင်း စစ်ဘက်ဆိုင်ရာအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ယနေ့(နိုဝင်ဘာလ ၉ ရက်)၊ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က အမ်းမြို့ရှိ (၃၇၁)တပ်ရင်းကို AA လက်နက်ကိုင် အဖွဲ့က အင်အား(၁၅၀)ခန့်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“(၃၇၁)ကို ရန်သူက လာတိုက်တာ။ ကျွန်တော်တို့ ဘက်က Drone တွေ ဘာတွေညာတွေနဲ့ အကုန်ပြန်ပြီး နှိပ်ကွက် လိုက်တဲ့အခါမှာ သူတို့ (၁၅)လောင်းနဲ့ (၁၅)လက် ထားခဲ့တယ်။ဘယ်သူမဆို စစ်တိုက်ပြီ ပြေးရတော့မယ်ဆိုရင် ဒဏ်ရာရတဲ့ လူတွေ အလောင်းတွေကို နိုင်သလောက်တော့ ကောက်တာပဲ။ ကျွန်တော်တို့ဆီမှာ (၁၅)လောင်းနဲ့ (၁၅)လက်တောင် ရတယ်ဆိုတော့ သူက အနည်းဆုံး မထိခိုက်ဘူးဆိုရင် (၇၀)လောက်တော့ ထိခိုက်မှာပဲ။ (၇၀)ဆိုတာက ဒဏ်ရာရတာနဲ့ ကျတာနဲ့ ပေါင်းတာပေါ့။ ဒီကောင်တွေ ဒရောသော ပါးပြေးသွားတဲ့အခြေအနေပေါ့။ မိုးကလည်းရွာ တယ်လေ။ မိုးလည်းရွာနိုင်တော့ မြူတွေလည်း ရှိနေနိုင်တယ်။ အဲဒါကို အခွင့်ကောင်းယူပြီးတော့ လုပ်တာ” ဟု အထက်ပါသတင်းရင်းမြစ်က NP News ကို ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ နှောင်းပိုင်းတွင် AA က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တိုက်ခိုက်ရန်အတွက် လူအင်အား အားကုန်သုံးပြီး ထိုးစစ်ဆင် တိုက်ကွက် ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ တိုက်ခိုက်နေသော AA များဘက်တွင် သေဆုံးသူ ပမာဏ အလွန် များပြားနေသဖြင့် အရပ်သားများကိုပင် ချက်ချင်း လက်နက်တပ်ဆင်ကာ တိုက်ခိုင်းနေကြောင်းလည်း သိရသည်။

Zawgyi Version;
အမ္းၿမိဳ႕ ၃၇၁ တပ္ရင္း ကို လာတိုက္ေသာ AA မ်ား အေလာင္း ၁၅ ေလာင္း ႏွင့္ ေသနတ္ ၁၅ လက္ ထားခဲ့ကာ အက်အဆုံးမ်ားစြာျဖင့္ ထြက္ေျပး
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၉

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕ ၃၇၁ တပ္ရင္း ကို လာတိုက္ေသာ AAမ်ား အေလာင္း ၁၅ ေလာင္း ႏွင့္ ေသနတ္ ၁၅ လက္ ထားခဲ့ကာ အက်အဆုံး မ်ားစြာျဖင့္ ထြက္ေျပးသြားခဲ့ေၾကာင္း စစ္ဘက္ဆိုင္ရာအသိုင္းအဝိုင္းႏွင့္ နီးစပ္သူတစ္ဦးထံမွ သိရသည္။
ယေန႔(ႏိုဝင္ဘာလ ၉ ရက္)၊ နံနက္ ၆ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္က အမ္းၿမိဳ႕ရွိ (၃၇၁)တပ္ရင္းကို AA လက္နက္ကိုင္ အဖြဲ႕က အင္အား(၁၅၀)ခန႔္ျဖင့္ လာေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“(၃၇၁)ကို ရန္သူက လာတိုက္တာ။ ကြၽန္ေတာ္တို႔ ဘက္က Drone ေတြ ဘာေတြညာေတြနဲ႔ အကုန္ျပန္ၿပီး ႏွိပ္ကြက္ လိုက္တဲ့အခါမွာ သူတို႔ (၁၅)ေလာင္းနဲ႔ (၁၅)လက္ ထားခဲ့တယ္။ဘယ္သူမဆို စစ္တိုက္ၿပီ ေျပးရေတာ့မယ္ဆိုရင္ ဒဏ္ရာရတဲ့ လူေတြ အေလာင္းေတြကို ႏိုင္သေလာက္ေတာ့ ေကာက္တာပဲ။ ကြၽန္ေတာ္တို႔ဆီမွာ (၁၅)ေလာင္းနဲ႔ (၁၅)လက္ေတာင္ ရတယ္ဆိုေတာ့ သူက အနည္းဆုံး မထိခိုက္ဘူးဆိုရင္ (၇၀)ေလာက္ေတာ့ ထိခိုက္မွာပဲ။ (၇၀)ဆိုတာက ဒဏ္ရာရတာနဲ႔ က်တာနဲ႔ ေပါင္းတာေပါ့။ ဒီေကာင္ေတြ ဒေရာေသာ ပါးေျပးသြားတဲ့အေျခအေနေပါ့။ မိုးကလည္း႐ြာ တယ္ေလ။ မိုးလည္း႐ြာႏိုင္ေတာ့ ျမဴေတြလည္း ရွိေနႏိုင္တယ္။ အဲဒါကို အခြင့္ေကာင္းယူၿပီးေတာ့ လုပ္တာ” ဟု အထက္ပါသတင္းရင္းျမစ္က NP News ကို ေျပာသည္။
ၿပီးခဲ့သည့္ စက္တင္ဘာလ ေႏွာင္းပိုင္းတြင္ AA က အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ကို တိုက္ခိုက္ရန္အတြက္ လူအင္အား အားကုန္သုံးၿပီး ထိုးစစ္ဆင္ တိုက္ကြက္ ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္သို႔ တိုက္ခိုက္ေနေသာ AA မ်ားဘက္တြင္ ေသဆုံးသူ ပမာဏ အလြန္ မ်ားျပားေနသျဖင့္ အရပ္သားမ်ားကိုပင္ ခ်က္ခ်င္း လက္နက္တပ္ဆင္ကာ တိုက္ခိုင္းေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.