ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်များနှင့်အတူ ပုပ်ရဟန်းမင်းကြီးကို တွေ့ဆုံရန်အတွက် IBEC ဆရာတော် ယခုလအတွင်း ဗာတီကန်သွားမည်
1866
သုတကျော် (NP News) - နိုဝင်ဘာ ၁၃
ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များနှင့်အတူ ပုပ်ရဟန်းမင်းကြီးကို တွေ့ဆုံရန်အတွက် ယခုလ အတွင်း ဗာတီကန်သို့ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတကာငြိမ်းချမ်းရေးသံတမန် IBEC ဆရာတော် ဦးသောဘိတက NP News သို့ မိန့် ကြားသည်။
ပြီးခဲ့သည့်လကလည်း တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့အခြေစိုက် Private Public Diplomatic Organization - Korea World Peace Committe (WPC) မှ IBEC ဆရာတော်ဘုရားက 4th World Peace Conference (WPC)ဖြစ်သည့် လေးကြိမ်မြောက် နိုင်ငံတကာငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သေးသည်။ "၂၃ ရက်နေ့ Rome (ရောမမြို့)ကို ရောက်ပြီးရင် (၂၅) ရက်နေ့ တွေ့ဖို့အတွက် ချိန်းဆိုထားပါတယ်" ဟု ဆရာတော်က မိန့်ကြားသည်။
ထိုသို့ တွေ့ဆုံရန် အတွက် Universal Peace Council က စီစဉ်ခြင်းဖြစ်ကာ တွေ့ဆုံပွဲတွင် အရှေ့အလယ်ပိုင်းဒေသ အရေး၊ မြန်မာ့အရေး အပါအဝင် ကမ္ဘာ့အရေးကိစ္စများကို ပုပ်ရ ဟန်းမင်းကြီးနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဆရာတော်က မိန့်သည်။
"Santion တွေက လူထုကို ဒုက္ခရောက်စေ တယ်ဆိုတာပေါ့။ ကမ္ဘာကြီးက ပြဿနာကို ဖြေရှင်း တဲ့အခါ ဘယ်သူ မှားတယ်၊ မှန်တယ် ဆိုတာထက် ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ပူးပေါင်းပါဝင် ဖို့၊ မြေပြင်နဲ့ကင်းကွာပြီး ဆိုရှယ်မီဒီယာတွေရဲ့ ဖိအားတွေက အလုပ်မဖြစ်ဘူးဆိုတာ ဒါတွေတော့ ပြောမှာပေါ့" ဟု ဆရာတော်က ရှင်းပြသည်။
သတင်းအမှားများကို လက်မခံရန် နှင့် ကမ္ဘာကြီးတွင် ပြဿနာများ ငြိမ်းချမ်းစေရန်အတွက်လည်း တိုက်တွန်းသွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။
" ဗာတီကန်နိုင်ငံရဲ့ ခေါင်းဆောင်လည်းဖြစ်တယ်။ ပုပ်ရဟန်းမင်းကြီးလည်း ဖြစ်တယ်။ ဘာသာ ရေးခေါင်းဆောင်လည်းဖြစ်တဲ့အတွက် သူ့ရဲ့ ဩဇာ တိက္ကမနဲ့ ကမ္ဘာကြီးကို ဒါတွေပြောပြ၊ ရှင်းပြနိုင်ဖို့ တိုက်တွန်းပေးမှာပေါ့" ဟု ဆရာတော်က မိန့်ကြားသည်။
zawgyi version
ကမာၻ႔ဘာသာေရး ေခါင္းေဆာင္မ်ားႏွင့္အတူ ပုပ္ရဟန္းမင္းႀကီးကို ေတြ႕ဆုံရန္အတြက္ IBEC ဆရာေတာ္ ယခုလအတြင္း ဗာတီကန္သြားမည္
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၁၃
ကမာၻ႔ဘာသာေရးေခါင္းေဆာင္မ်ားႏွင့္အတူ ပုပ္ရဟန္းမင္းႀကီးကို ေတြ႕ဆုံရန္အတြက္ ယခုလ အတြင္း ဗာတီကန္သို႔ သြားေရာက္မည္ ျဖစ္ေၾကာင္း ႏိုင္ငံတကာၿငိမ္းခ်မ္းေရးသံတမန္ IBEC ဆရာေတာ္ ဦးေသာဘိတက NP News သို႔ မိန႔္ ၾကားသည္။
ၿပီးခဲ့သည့္လကလည္း ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕အေျခစိုက္ Private Public Diplomatic Organization - Korea World Peace Committe (WPC) မွ IBEC ဆရာေတာ္ဘုရားက 4th World Peace Conference (WPC)ျဖစ္သည့္ ေလးႀကိမ္ေျမာက္ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးညီလာခံသို႔ တက္ေရာက္ မိန႔္ခြန္းေျပာၾကားခဲ့ေသးသည္။ "၂၃ ရက္ေန႔ Rome (ေရာမၿမိဳ႕)ကို ေရာက္ၿပီးရင္ (၂၅) ရက္ေန႔ ေတြ႕ဖို႔အတြက္ ခ်ိန္းဆိုထားပါတယ္" ဟု ဆရာေတာ္က မိန႔္ၾကားသည္။
ထိုသို႔ ေတြ႕ဆုံရန္ အတြက္ Universal Peace Council က စီစဥ္ျခင္းျဖစ္ကာ ေတြ႕ဆုံပြဲတြင္ အေရွ႕အလယ္ပိုင္းေဒသ အေရး၊ ျမန္မာ့အေရး အပါအဝင္ ကမာၻ႔အေရးကိစၥမ်ားကို ပုပ္ရ ဟန္းမင္းႀကီးႏွင့္ ေဆြးေႏြးသြားမည္ ျဖစ္ေၾကာင္း ဆရာေတာ္က မိန႔္သည္။
"Santion ေတြက လူထုကို ဒုကၡေရာက္ေစ တယ္ဆိုတာေပါ့။ ကမာၻႀကီးက ျပႆနာကို ေျဖရွင္း တဲ့အခါ ဘယ္သူ မွားတယ္၊ မွန္တယ္ ဆိုတာထက္ ဘာသာေရးေခါင္းေဆာင္ေတြအေနနဲ႔ ပူးေပါင္းပါဝင္ ဖို႔၊ ေျမျပင္နဲ႔ကင္းကြာၿပီး ဆိုရွယ္မီဒီယာေတြရဲ႕ ဖိအားေတြက အလုပ္မျဖစ္ဘူးဆိုတာ ဒါေတြေတာ့ ေျပာမွာေပါ့" ဟု ဆရာေတာ္က ရွင္းျပသည္။
သတင္းအမွားမ်ားကို လက္မခံရန္ ႏွင့္ ကမာၻႀကီးတြင္ ျပႆနာမ်ား ၿငိမ္းခ်မ္းေစရန္အတြက္လည္း တိုက္တြန္းသြားမည္ျဖစ္ေၾကာင္း ဆရာေတာ္က မိန႔္ၾကားသည္။
" ဗာတီကန္ႏိုင္ငံရဲ႕ ေခါင္းေဆာင္လည္းျဖစ္တယ္။ ပုပ္ရဟန္းမင္းႀကီးလည္း ျဖစ္တယ္။ ဘာသာ ေရးေခါင္းေဆာင္လည္းျဖစ္တဲ့အတြက္ သူ႔ရဲ႕ ဩဇာ တိကၠမနဲ႔ ကမာၻႀကီးကို ဒါေတြေျပာျပ၊ ရွင္းျပႏိုင္ဖို႔ တိုက္တြန္းေပးမွာေပါ့" ဟု ဆရာေတာ္က မိန႔္ၾကားသည္။