ပြင်ပမီဒီယာ(၈)ခု၏သတင်းထုတ်လွှင့်မှုအပေါ် သုံးသပ်တင်ပြချက်

 230

NP News - နိုဝင်ဘာ ၁၄

သတင်းအရင်းအမြစ်ခိုင်မာမှုနှင့် အချက်အလက်ခိုင်မာမှုမရှိဘဲ သတင်းတု၊ သတင်းမှားများကို အွန်လိုင်း မီဒီယာများတွင် အဆက်မပြတ်လွှင့်တင် လျက်ရှိသည့် ပြည်ပအခြေစိုက်သတင်းမီဒီယာဌာန များအနက် သတင်းတု၊ သတင်းမှား အများဆုံးလွှင့် တင်နေသော သတင်းဌာန (၈)ခုဖြစ်သည့် BBC, VOA, RFA, DVB, The Irrawaddy, Mizzima, Myanmar Now နှင့် Khit Thit Media တို့၏ သတင်းလွှင့်တင်မှုများကို အောက်ပါအတိုင်းအကြောင်း အရာခွဲခြားပြီး နေ့စဉ် မှတ်တမ်း ရယူ ဆောင်ရွက်လျက်ရှိသည်။
(က) အချက်အလက်ခိုင်မာမှုမရှိဘဲ ဖော်ပြမှု၊
(ခ) ပဋိပက္ခအားပေးလှုံ့ဆော်မှု၊
(ဂ) NUG/PDF သတင်း အသားပေးဖော်ပြမှုနှင့်
(ဃ) အခြားသာမန်သတင်း။
သတင်းလွှင့်တင်ထားရှိမှုအခြေအနေ

၁။ BBC မီဒီယာသည် တစ်ရက်လျှင်ပျမ်းမျှ (၁၂) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၃၆၂) ပုဒ်လွှင့်တင်ထားပြီး ပဋိပက္ခ အားပေးလှုံ့ဆော်မှုသတင်း (၄၀%)၊ NUG/PDF သတင်းအသားပေးဖော်ပြမှု (၁၀%)၊ အချက်အလက် မခိုင်မာသည့် သတင်း (၁၁%)၊ တခြား သာမန်သတင်း (၃၈%)လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။

၂။ VOA Burmese မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၇)ပုဒ်နှုန်းဖြင့် စုစုပေါင်း (၂၁၁)ပုဒ်လွှင့်တင် ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း (၂၅%)၊ အချက်အလက်မခိုင်မာသည့်သတင်း (၆ %)၊ NUG/PDF သတင်းအသား ပေးဖော်ပြမှု (၉%)၊ အချက် အလက်မခိုင်မာသည့်သတင်း (၁၁%)၊ အခြားသာမန် သတင်း (၆၇%) လွှင့်တင်ထားကြောင်း အချက်အ လက်မှတ်တမ်းများအရ တွေ့ရှိရသည်။

၃။ RFA Burmese မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၂၄) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၇၂၃)ပုဒ်လွှင့် တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း (၆၂%)၊ NUG/PDF သတင်း အသားပေးဖော်ပြမှု (၄%)၊ အချက်အလက်မခိုင်မာ သည့်သတင်း (၃%)၊ အခြားသာမန်သတင်း (၃၀%) လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရ သည်။

၄။ DVB မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၂၄) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၇၂၃)ပုဒ်လွှင့်တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း (၅၈%)၊ NUG/PDF သတင်း အသားပေးဖော်ပြမှု (၅%)၊ အချက်အလက် မခိုင်မာ သည့်သတင်း (၈%)၊ အခြားသာမန် သတင်း (၂၉%)လွှင့်တင်ထားကြောင်း အချက်အ လက်မှတ်တမ်းများအရ တွေ့ရှိရသည်။

၅။ The Irrawaddy မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၇)ပုဒ်နှုန်းဖြင့် စုစုပေါင်း (၁၉၇)ပုဒ်လွှင့်တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း (၃၁%)၊ NUG/PDF သတင်း အသားပေးဖော်ပြမှု (၄%)၊ အချက်အလက်မခိုင်မာ သည့်သတင်း (၅%)၊ အခြားသာမန်သတင်း (၄၆%)လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။

၆။ Mizzima မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၁၈)ပုဒ်နှုန်းဖြင့် စုစုပေါင်း (၅၆၂)ပုဒ် လွှင့်တင်ထား ပြီး NUG/PDF သတင်းအသားပေးဖော်ပြမှု (၂၀%)၊ ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း (၃၃%)၊ အချက်အလက်မခိုင်မာသည့် သတင်း(၁၇%)၊ အခြားသာမန်သတင်း (၃၁%) လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။

၇။ ခေတ်သစ်မီဒီယာသည် တစ်ရက်လျှင်ပျမ်းမျှ (၃၄)ပုဒ်နှုန်းဖြင့် စုစုပေါင်း (၁၀၂၂)ပုဒ်လွှင့်တင်ထားပြီး ပဋိပက္ခ အားပေးလှုံ့ဆော်မှုသတင်း (၂၀%)၊ အချက်အလက်ခိုင်မာမှုမရှိသည့်သတင်း (၄၆%)၊ NUG/PDF သတင်းအသား ပေးဖော်ပြမှု (၂၉%)နှင့် အခြားသာမန်သတင်း (၅ %) လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။

၈။ Myanmar Now မီဒီယာအနေဖြင့် တစ်ရက်လျှင် ပျမ်းမျှသတင်း (၅)ပုဒ်နှုန်းဖြင့် စုစုပေါင်း (၁၅၇) ပုဒ်လွှင့်တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှု သတင်း (၅၁%)၊ NUG/PDF သတင်း အသားပေး ဖော်ပြမှု (၅၆%)၊ အခြားသာမန်သတင်း (၇%) ကို လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။

၉။ သတင်းဌာန (၈) ခုမှ သတင်းထုတ်လွှင့်ဖော်ပြမှုများကို ခြုံငုံသုံးသပ်ကြည့်ပါက တိုင်းရင်းသားလက် နက်ကိုင် များနှင့် PDF များ၏ အင်အားကြီးထွားလာမှုနှင့် နယ်မြေသိမ်းပိုက်ရယူနိုင်မှု၊ တပ်မတော်အနေဖြင့် သဘာဝ ဘေးအကြောင်းပြု၍ နိုင်ငံတကာကူညီ ထောက်ပံ့ပေးမှုများကိုရယူပြီး နိုင်ငံရေး အမြတ်ထုတ်မှုနှင့် ရေဘေးကူညီ ဆောင်ရွက်သည့် ပရဟိတအဖွဲ့ များကို ဖမ်းဆီးအရေးယူမှုများ၊ ရေဘေးသင့်ဒေသများတွင် လေကြောင်းမှ ဗုံးကြဲမှုများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးထိခိုက်စေနိုင်သည့် စစ်ကောင်စီ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးအကျပ်အတည်းကို တရုတ်ဝင်ကူရန် စဉ်းစားနေသည်ဟူသော ထင်မြင် သုံးသပ်ချက်များ၊ ဘုတလင်မြို့နယ် စီပါကျေးရွာကို တပ်မတော်က မီးရှို့ဖျက်ဆီးသည့်အတွက် ဒေသခံပြည်သူများထွက်ပြေးနေရကြောင်း ပုံစံမျိုးစုံဖြင့်ရေး သားမှုများ၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရွေးကောက်ပွဲဆောင်ရွက်ရန်အတွက် သန်းခေါင်စာရင်း ကောက်ယူရေးဆောင်ရွက်သည့် ဝန်ထမ်းများ ကို နယ်မြေခံအကြမ်းဖက်အဖွဲ့များက ပြင်းထန်စွာ အရေးယူ မည်ဖြစ်ကြောင်း သတိပေးချက်များနှင့် ဖမ်းဆီးတိုက် ခိုက်မှုများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်များပြည်ပထွက်ခွာမှုနှင့် PV ပတ်စပို့ဖြင့် ပြည်ပထွက် ခွာခွင့် ထပ်မံပိတ်ပင်ကန့်သတ်လိုက်ကြောင်း ဝေဖန်သည့်သတင်းများ၊ အကြမ်းဖက် NUG အဖွဲ့ကို အနောက်နိုင်ငံက အားပေးထောက်ခံနေသယောင် အလေးပေးရေးသားမှုများကို ဦးစားပေးဖော်ပြထား ကြောင်းတွေ့ရှိရသည်။

၁၀။ VPN အခက်အခဲများကြောင့် သတင်းဌာန (၈) ခုအနက် သတင်းဌာန (၄)ခု၏ပို့စ်များကို Reaction ရရှိမှုအရေအတွက်မှာလည်း သိသိသာသာ ကျဆင်း သွားခဲ့သည်။ DVB သတင်းဌာန၏ ယခင်လ ပို့စ်အ များဆုံးသတင်း၏ Reaction ရရှိမှုသည် (၁၃,ဝ၂၈) ရှိရာမှ ယခုလတွင် (၁၁,၈၄၀) အထိ၊ Mizzima ယခင်လ ပို့စ်အများဆုံးသတင်း၏ Reaction ရရှိမှု သည် (၄၄,ဝဝဝ) ရှိရာမှ ယခုလတွင် (၁၃,ဝဝဝ)အထိ၊ The Irrawaddy သတင်းဌာန၏ ယခင်လ ပို့စ်အများဆုံးသတင်း၏ Reaction ရရှိမှုသည် (၄၄,ဝဝဝ) ရှိရာမှ ယခုလတွင် (၃၆,ဝဝဝ)အထိ၊ Khit Thit သတင်းဌာန၏ ယခင်လ ပို့စ်အများဆုံး သတင်း၏ Reaction ရရှိမှုသည် (၅၆,ဝဝဝ) ရှိရာမှ ယခုလတွင် (၅၃,ဝဝဝ) အထိ ကျဆင်းနေကြောင်း တွေ့ရှိရသည်။

zawgyi version
ျပင္ပမီဒီယာ(၈)ခု၏သတင္းထုတ္လႊင့္မႈအေပၚ သုံးသပ္တင္ျပခ်က္
NP News - ႏိုဝင္ဘာ ၁၄

သတင္းအရင္းအျမစ္ခိုင္မာမႈႏွင့္ အခ်က္အလက္ခိုင္မာမႈမရွိဘဲ သတင္းတု၊ သတင္းမွားမ်ားကို အြန္လိုင္း မီဒီယာမ်ားတြင္ အဆက္မျပတ္လႊင့္တင္ လ်က္ရွိသည့္ ျပည္ပအေျခစိုက္သတင္းမီဒီယာဌာန မ်ားအနက္ သတင္းတု၊ သတင္းမွား အမ်ားဆုံးလႊင့္ တင္ေနေသာ သတင္းဌာန (၈)ခုျဖစ္သည့္ BBC, VOA, RFA, DVB, The Irrawaddy, Mizzima, Myanmar Now ႏွင့္ Khit Thit Media တို႔၏ သတင္းလႊင့္တင္မႈမ်ားကို ေအာက္ပါအတိုင္းအေၾကာင္း အရာခြဲျခားၿပီး ေန႔စဥ္ မွတ္တမ္း ရယူ ေဆာင္႐ြက္လ်က္ရွိသည္။
(က) အခ်က္အလက္ခိုင္မာမႈမရွိဘဲ ေဖာ္ျပမႈ၊
(ခ) ပဋိပကၡအားေပးလႈံ႕ေဆာ္မႈ၊
(ဂ) NUG/PDF သတင္း အသားေပးေဖာ္ျပမႈႏွင့္
(ဃ) အျခားသာမန္သတင္း။
သတင္းလႊင့္တင္ထားရွိမႈအေျခအေန

၁။ BBC မီဒီယာသည္ တစ္ရက္လွ်င္ပ်မ္းမွ် (၁၂) ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၃၆၂) ပုဒ္လႊင့္တင္ထားၿပီး ပဋိပကၡ အားေပးလႈံ႕ေဆာ္မႈသတင္း (၄၀%)၊ NUG/PDF သတင္းအသားေပးေဖာ္ျပမႈ (၁၀%)၊ အခ်က္အလက္ မခိုင္မာသည့္ သတင္း (၁၁%)၊ တျခား သာမန္သတင္း (၃၈%)လႊင့္တင္ထားေၾကာင္း အခ်က္အလက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။

၂။ VOA Burmese မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ် (၇)ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၂၁၁)ပုဒ္လႊင့္တင္ ထားၿပီး ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း (၂၅%)၊ အခ်က္အလက္မခိုင္မာသည့္သတင္း (၆ %)၊ NUG/PDF သတင္းအသား ေပးေဖာ္ျပမႈ (၉%)၊ အခ်က္ အလက္မခိုင္မာသည့္သတင္း (၁၁%)၊ အျခားသာမန္ သတင္း (၆၇%) လႊင့္တင္ထားေၾကာင္း အခ်က္အ လက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။

၃။ RFA Burmese မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ် (၂၄) ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၇၂၃)ပုဒ္လႊင့္ တင္ထားၿပီး ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း (၆၂%)၊ NUG/PDF သတင္း အသားေပးေဖာ္ျပမႈ (၄%)၊ အခ်က္အလက္မခိုင္မာ သည့္သတင္း (၃%)၊ အျခားသာမန္သတင္း (၃၀%) လႊင့္တင္ထားေၾကာင္း အခ်က္အလက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရ သည္။

၄။ DVB မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ် (၂၄) ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၇၂၃)ပုဒ္လႊင့္တင္ထားၿပီး ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း (၅၈%)၊ NUG/PDF သတင္း အသားေပးေဖာ္ျပမႈ (၅%)၊ အခ်က္အလက္ မခိုင္မာ သည့္သတင္း (၈%)၊ အျခားသာမန္ သတင္း (၂၉%)လႊင့္တင္ထားေၾကာင္း အခ်က္အ လက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။

၅။ The Irrawaddy မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ် (၇)ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၁၉၇)ပုဒ္လႊင့္တင္ထားၿပီး ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း (၃၁%)၊ NUG/PDF သတင္း အသားေပးေဖာ္ျပမႈ (၄%)၊ အခ်က္အလက္မခိုင္မာ သည့္သတင္း (၅%)၊ အျခားသာမန္သတင္း (၄၆%)လႊင့္တင္ထားေၾကာင္း အခ်က္အလက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။

၆။ Mizzima မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ် (၁၈)ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၅၆၂)ပုဒ္ လႊင့္တင္ထား ၿပီး NUG/PDF သတင္းအသားေပးေဖာ္ျပမႈ (၂၀%)၊ ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း (၃၃%)၊ အခ်က္အလက္မခိုင္မာသည့္ သတင္း(၁၇%)၊ အျခားသာမန္သတင္း (၃၁%) လႊင့္တင္ထားေၾကာင္း အခ်က္အလက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။

၇။ ေခတ္သစ္မီဒီယာသည္ တစ္ရက္လွ်င္ပ်မ္းမွ် (၃၄)ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၁၀၂၂)ပုဒ္လႊင့္တင္ထားၿပီး ပဋိပကၡ အားေပးလႈံ႕ေဆာ္မႈသတင္း (၂၀%)၊ အခ်က္အလက္ခိုင္မာမႈမရွိသည့္သတင္း (၄၆%)၊ NUG/PDF သတင္းအသား ေပးေဖာ္ျပမႈ (၂၉%)ႏွင့္ အျခားသာမန္သတင္း (၅ %) လႊင့္တင္ထားေၾကာင္း အခ်က္အလက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။

၈။ Myanmar Now မီဒီယာအေနျဖင့္ တစ္ရက္လွ်င္ ပ်မ္းမွ်သတင္း (၅)ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၁၅၇) ပုဒ္လႊင့္တင္ထားၿပီး ပဋိပကၡအားေပးလႈံ႕ေဆာ္မႈ သတင္း (၅၁%)၊ NUG/PDF သတင္း အသားေပး ေဖာ္ျပမႈ (၅၆%)၊ အျခားသာမန္သတင္း (၇%) ကို လႊင့္တင္ထားေၾကာင္း အခ်က္အလက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။

၉။ သတင္းဌာန (၈) ခုမွ သတင္းထုတ္လႊင့္ေဖာ္ျပမႈမ်ားကို ၿခဳံငုံသုံးသပ္ၾကည့္ပါက တိုင္းရင္းသားလက္ နက္ကိုင္ မ်ားႏွင့္ PDF မ်ား၏ အင္အားႀကီးထြားလာမႈႏွင့္ နယ္ေျမသိမ္းပိုက္ရယူႏိုင္မႈ၊ တပ္မေတာ္အေနျဖင့္ သဘာဝ ေဘးအေၾကာင္းျပဳ၍ ႏိုင္ငံတကာကူညီ ေထာက္ပံ့ေပးမႈမ်ားကိုရယူၿပီး ႏိုင္ငံေရး အျမတ္ထုတ္မႈႏွင့္ ေရေဘးကူညီ ေဆာင္႐ြက္သည့္ ပရဟိတအဖြဲ႕ မ်ားကို ဖမ္းဆီးအေရးယူမႈမ်ား၊ ေရေဘးသင့္ေဒသမ်ားတြင္ ေလေၾကာင္းမွ ဗုံးႀကဲမႈမ်ား၊ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံဆက္ဆံေရးထိခိုက္ေစႏိုင္သည့္ စစ္ေကာင္စီ၏ စီးပြားေရးႏွင့္ ဘ႑ာေရးအက်ပ္အတည္းကို တ႐ုတ္ဝင္ကူရန္ စဥ္းစားေနသည္ဟူေသာ ထင္ျမင္ သုံးသပ္ခ်က္မ်ား၊ ဘုတလင္ၿမိဳ႕နယ္ စီပါေက်း႐ြာကို တပ္မေတာ္က မီးရႈိ႕ဖ်က္ဆီးသည့္အတြက္ ေဒသခံျပည္သူမ်ားထြက္ေျပးေနရေၾကာင္း ပုံစံမ်ိဳးစုံျဖင့္ေရး သားမႈမ်ား၊ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳး တိုးတက္ေရးႏွင့္ ေ႐ြးေကာက္ပြဲေဆာင္႐ြက္ရန္အတြက္ သန္းေခါင္စာရင္း ေကာက္ယူေရးေဆာင္႐ြက္သည့္ ဝန္ထမ္းမ်ား ကို နယ္ေျမခံအၾကမ္းဖက္အဖြဲ႕မ်ားက ျပင္းထန္စြာ အေရးယူ မည္ျဖစ္ေၾကာင္း သတိေပးခ်က္မ်ားႏွင့္ ဖမ္းဆီးတိုက္ ခိုက္မႈမ်ား၊ ျပည္သူ႔စစ္မႈထမ္းဥပေဒေၾကာင့္ လူငယ္မ်ားျပည္ပထြက္ခြာမႈႏွင့္ PV ပတ္စပို႔ျဖင့္ ျပည္ပထြက္ ခြာခြင့္ ထပ္မံပိတ္ပင္ကန႔္သတ္လိုက္ေၾကာင္း ေဝဖန္သည့္သတင္းမ်ား၊ အၾကမ္းဖက္ NUG အဖြဲ႕ကို အေနာက္ႏိုင္ငံက အားေပးေထာက္ခံေနသေယာင္ အေလးေပးေရးသားမႈမ်ားကို ဦးစားေပးေဖာ္ျပထား ေၾကာင္းေတြ႕ရွိရသည္။

၁၀။ VPN အခက္အခဲမ်ားေၾကာင့္ သတင္းဌာန (၈) ခုအနက္ သတင္းဌာန (၄)ခု၏ပို႔စ္မ်ားကို Reaction ရရွိမႈအေရအတြက္မွာလည္း သိသိသာသာ က်ဆင္း သြားခဲ့သည္။ DVB သတင္းဌာန၏ ယခင္လ ပို႔စ္အ မ်ားဆုံးသတင္း၏ Reaction ရရွိမႈသည္ (၁၃,ဝ၂၈) ရွိရာမွ ယခုလတြင္ (၁၁,၈၄၀) အထိ၊ Mizzima ယခင္လ ပို႔စ္အမ်ားဆုံးသတင္း၏ Reaction ရရွိမႈ သည္ (၄၄,ဝဝဝ) ရွိရာမွ ယခုလတြင္ (၁၃,ဝဝဝ)အထိ၊ The Irrawaddy သတင္းဌာန၏ ယခင္လ ပို႔စ္အမ်ားဆုံးသတင္း၏ Reaction ရရွိမႈသည္ (၄၄,ဝဝဝ) ရွိရာမွ ယခုလတြင္ (၃၆,ဝဝဝ)အထိ၊ Khit Thit သတင္းဌာန၏ ယခင္လ ပို႔စ္အမ်ားဆုံး သတင္း၏ Reaction ရရွိမႈသည္ (၅၆,ဝဝဝ) ရွိရာမွ ယခုလတြင္ (၅၃,ဝဝဝ) အထိ က်ဆင္းေနေၾကာင္း ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.