မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ပေးအပ်

 95

NP News - နိုဝင်ဘာ ၁၈

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းရာသီစိုက်ပျိုးရေးစရိတ်ချေးငွေအဖြစ် စုစုပေါင်းချေးငွေကျပ် (၁၄၀)ဘီလျံအထိ တောင်သူများအား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း ချေးငွေများကို တိုင်းဒေသကြီး နှင့် ပြည်နယ်(၁၄)ခုရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်အထိ သတ်မှတ်ကာလ (၄)လအတွင်း၌ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆောင်းရာသီစိုက်ပျိုးရေးစရိတ်ချေးငွေ စတင်ထုတ်ချေးပေးသည့် အောက်တိုဘာလ တစ်လအတွင်း၌ နိုင်ငံတစ်ဝန်းလုံးတွင် ငွေကျပ်(၃၁၂၁)သန်းကျော်ကို ထုတ်ချေးပေးထားပြီးဖြစ် ကြောင်းသိရသည်။

ချေးငွေရယူလိုသည့် တောင်သူများအနေဖြင့် စပါးသီးနှံတစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံဖြစ်ပါကတစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ချေးယူနိုင်ကြောင်းနှင့် ချေးငွေအတွက် တစ်နှစ်လျှင်အတိုးနှုန်း (၅) ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီချေးငွေအဖြစ်လည်း ၂၀၂၄ ခုနှစ် မိုးရာသီ သီးနှံစိုက်ပျိုးမှုအတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်ဘဏ်ခွဲပေါင်း(၁၇၂)ခုမှ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၅,၈၇၁)အုပ်စုရှိ တောင်သူပေါင်း (၅၀၅,၈၄၃)ဦး၏ စိုက်ပျိုးဧကပေါင်း (၃ ဒသမ ၄၂၃)သန်းကျော်အတွက်လည်း ချေးငွေကျပ် (၄၈၉ ဒသမ ၃၂၁)ဘီလျံကိုလည်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

zawgyi version
ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္မွ ေဆာင္းရာသီစိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား စတင္ေပးအပ္
NP News - ႏိုဝင္ဘာ ၁၈

ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္မွ ေဆာင္းရာသီစိုက္ပ်ိဳးေရးစရိတ္ေခ်းေငြအျဖစ္ စုစုေပါင္းေခ်းေငြက်ပ္ (၁၄၀)ဘီလ်ံအထိ ေတာင္သူမ်ားအား ထုတ္ေခ်းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ယင္း ေခ်းေငြမ်ားကို တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္(၁၄)ခုရွိ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ခြဲမ်ားတြင္ ၂၀၂၄ ခုႏွစ္ ေအာက္တိုဘာလမွ လာမည့္ ၂၀၂၅ ခုႏွစ္ ဇန္နဝါရီလကုန္အထိ သတ္မွတ္ကာလ (၄)လအတြင္း၌ ထုတ္ေခ်းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။ ေဆာင္းရာသီစိုက္ပ်ိဳးေရးစရိတ္ေခ်းေငြ စတင္ထုတ္ေခ်းေပးသည့္ ေအာက္တိုဘာလ တစ္လအတြင္း၌ ႏိုင္ငံတစ္ဝန္းလုံးတြင္ ေငြက်ပ္(၃၁၂၁)သန္းေက်ာ္ကို ထုတ္ေခ်းေပးထားၿပီးျဖစ္ ေၾကာင္းသိရသည္။

ေခ်းေငြရယူလိုသည့္ ေတာင္သူမ်ားအေနျဖင့္ စပါးသီးႏွံတစ္ဧကလွ်င္ ေငြက်ပ္ တစ္သိန္းခြဲႏႈန္း၊ အျခားသီးႏွံျဖစ္ပါကတစ္ဧကလွ်င္ ေငြက်ပ္ တစ္သိန္းႏႈန္းျဖင့္ ေခ်းယူႏိုင္ေၾကာင္းႏွင့္ ေခ်းေငြအတြက္ တစ္ႏွစ္လွ်င္အတိုးႏႈန္း (၅) ရာခိုင္ႏႈန္း ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္မွ မိုးရာသီေခ်းေငြအျဖစ္လည္း ၂၀၂၄ ခုႏွစ္ မိုးရာသီ သီးႏွံစိုက္ပ်ိဳးမႈအတြက္ ေနျပည္ေတာ္အပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ ခ႐ိုင္၊ ၿမိဳ႕နယ္ဘဏ္ခြဲေပါင္း(၁၇၂)ခုမွ ရပ္ကြက္/ေက်း႐ြာအုပ္စုေပါင္း (၅,၈၇၁)အုပ္စုရွိ ေတာင္သူေပါင္း (၅၀၅,၈၄၃)ဦး၏ စိုက္ပ်ိဳးဧကေပါင္း (၃ ဒသမ ၄၂၃)သန္းေက်ာ္အတြက္လည္း ေခ်းေငြက်ပ္ (၄၈၉ ဒသမ ၃၂၁)ဘီလ်ံကိုလည္း ထုတ္ေခ်းေပးခဲ့ေၾကာင္း သိရသည္။

© 2021. All rights reserved.