အမ်းတိုက်ပွဲတွင် အထိနာနေသော AA တို့ “အကြံကုန် ဂဠုန်ဆားချက်” လုပ်လာ
212
သုတကျော် (NP News) - နိုဝင်ဘာ ၁၈
အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရရှိရေးအတွက် အား ကုန်သုံးတိုက်နေသော်လည်း တပ်မတော်ဘက်မှ ခုခံမှုကောင်းသည့် အတွက် သေဆုံးမှုများနေသော AA ဘက်တွင် ‘‘အကြံကုန် ဂဠုန်ဆားချက်” လုပ်လာနေ သည်ကို တွေ့ရကြောင်း တပ်မတော်နှင့်နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းတွင် AA က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တိုက်ခိုက်ရန်အတွက် လူအင်အား အားကုန်သုံး၍ ထိုးစစ်ဆင် တိုက်ကွက် ဖော်ခဲ့ခြင်းဖြစ်ပြီး AA က အမ်းအတွက် လူကို အစွမ်းကုန်သုံးခဲ့ သောကြောင့် တပ်မတော်ဘက်မှ နေရာအချို့ကို လက်လွတ်ခဲ့ရသည်။
“အင်အားတော့ မရှိတော့ဘူး။ မရှိတော့ဘူး ဆိုတာက လက်ရှိ တိုက်နေတဲ့ အင်အားကုန်ရင် သူတို့ ဘက်မှာ ဆက်ဖြည့်နိုင်မယ် မထင်တော့ဘူး။ အခုဟာက ဘာထပ်ဖြစ်လဲဆိုတော့ အမ်းမှာက ရပ်ကွက်ကြီး (၃)တို့ (၅)တို့ ရှိတယ်ဗျ။ အဲဒီက လူတွေကိုခေါ် လိုက်တယ် ငါတို့ကို ရိက္ခာပေး၊ ဆက် ကြေးပေးပေါ့။ ဟိုကလည်း သူတို့ကို ကြောက်လို့ သွားပို့တယ်ဗျ။ တချို့က အမျိုးသမီးတွေ၊ တချို့ကလေးတွေက သွားပို့တယ်ဆိုရင် ကလေးဆိုလည်း ကလေးကို ခေါ်ထားတယ်။ အကုန်ခေါ်ထားလိုက်တယ်။ လူသစ်စုတာ တောင် မဟုတ်တော့ဘူးဗျ။ သေနတ်ဆိုတာ ဒီလိုပစ် ရတယ် ဘာညာ ဆိုပြီးတော့ ချက်ချင်းပဲ စစ်မြေပြင်ကို ဝင်ခိုင်းတာပဲ”ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
တပ်မတော်မှ ရန်သူ့အလောင်းများ ရရှိရာတွင် ကျန်းမာရေးအခြေအ နေအရ စစ်တိုက်ရန် မသင့်သော အမျိုးသမီးအလောင်း၊ ကလေးစစ်သား အလောင်းနှင့် သက်ကြီးရွယ်အို အလောင်းများကိုလည်း AA စစ်သားများအဖြစ် တွေ့ရကြောင်း ၎င်းက ဆိုသည်။
‘‘အမျိုးသမီးတွေကအစ သေနတ်ပစ်ကို လက်ပူတိုက်သင်ပေးပြီးတော့ ချက်ချင်းစစ်မြေပြင်ကို လွှတ်တယ်ဆိုတော့ သူ့မှာအင်အားကတော့ အတန်အသင့် ရှိနေဆဲပဲ။ သို့သော် ဒီအင်အားကုန်သွားရင် သူတို့ဘာနဲ့ဆက် တိုက်မလဲ။ ဒီအင်အား မကုန်အောင်ထားပါတော့ လူ(၁၀ဝ)နဲ့ တိုက်မယ်ဆိုရင် သူတို့ပတ်ကား(၃၀) နဲ့ ခုနက ကလေးတို့၊ အမျိုးသမီးတို့ အရပ်သား လက်ပူတိုက် (၇၀)လောက်နဲ့ တိုက်မှာပေါ့။ အဓိကတော့ သေနတ်အသံ မြည်ဖို့ပဲ။ သေနတ်အသံမြည်ရင် ဒီဘက်က လူတွေကဆုတ်ရင် စခန်း ရမှာလေ။ ပစ်အားက ရှိနေသေးတယ်။ နောက်ဆုံးဗျာ သူတို့စုထားတဲ့ လူတွေကို (၁၀+၁)တပ်စိတ် တစ်စိတ်ဖွဲ့ပြီး တကယ်နားလည်တဲ့ကောင်က ဦးဆောင်ပြီး ဟိုနေရာပစ်၊ ဒီနေရာပစ်ဆိုလည်း ရနေတာပဲ။ အဲဒါတွေတော့ ရှိတယ်” ဟု ၎င်းက ရှင်းပြသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွက် အရေးကြီးသော နေရာ တစ်နေရာကို နိုဝင်ဘာ (၁၄) ရက် တွင် AA က တိုက်ခိုက်သော်လည်း အရာရှိ တစ်ဦး ဦးဆောင်ကာ ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။
zawgyi version
အမ္းတိုက္ပြဲတြင္ အထိနာေနေသာ AA တို႔ “အႀကံကုန္ ဂဠဳန္ဆားခ်က္” လုပ္လာ
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၁၈
အမ္းၿမိဳ႕ရွိ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ကို ရရွိေရးအတြက္ အား ကုန္သုံးတိုက္ေနေသာ္လည္း တပ္မေတာ္ဘက္မွ ခုခံမႈေကာင္းသည့္ အတြက္ ေသဆုံးမႈမ်ားေနေသာ AA ဘက္တြင္ ‘‘အႀကံကုန္ ဂဠဳန္ဆားခ်က္” လုပ္လာေန သည္ကို ေတြ႕ရေၾကာင္း တပ္မေတာ္ႏွင့္နီးစပ္ေသာ သတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာၾကားခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ စက္တင္ဘာလေႏွာင္းပိုင္းတြင္ AA က အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ကို တိုက္ခိုက္ရန္အတြက္ လူအင္အား အားကုန္သုံး၍ ထိုးစစ္ဆင္ တိုက္ကြက္ ေဖာ္ခဲ့ျခင္းျဖစ္ၿပီး AA က အမ္းအတြက္ လူကို အစြမ္းကုန္သုံးခဲ့ ေသာေၾကာင့္ တပ္မေတာ္ဘက္မွ ေနရာအခ်ိဳ႕ကို လက္လြတ္ခဲ့ရသည္။
“အင္အားေတာ့ မရွိေတာ့ဘူး။ မရွိေတာ့ဘူး ဆိုတာက လက္ရွိ တိုက္ေနတဲ့ အင္အားကုန္ရင္ သူတို႔ ဘက္မွာ ဆက္ျဖည့္ႏိုင္မယ္ မထင္ေတာ့ဘူး။ အခုဟာက ဘာထပ္ျဖစ္လဲဆိုေတာ့ အမ္းမွာက ရပ္ကြက္ႀကီး (၃)တို႔ (၅)တို႔ ရွိတယ္ဗ်။ အဲဒီက လူေတြကိုေခၚ လိုက္တယ္ ငါတို႔ကို ရိကၡာေပး၊ ဆက္ ေၾကးေပးေပါ့။ ဟိုကလည္း သူတို႔ကို ေၾကာက္လို႔ သြားပို႔တယ္ဗ်။ တခ်ိဳ႕က အမ်ိဳးသမီးေတြ၊ တခ်ိဳ႕ကေလးေတြက သြားပို႔တယ္ဆိုရင္ ကေလးဆိုလည္း ကေလးကို ေခၚထားတယ္။ အကုန္ေခၚထားလိုက္တယ္။ လူသစ္စုတာ ေတာင္ မဟုတ္ေတာ့ဘူးဗ်။ ေသနတ္ဆိုတာ ဒီလိုပစ္ ရတယ္ ဘာညာ ဆိုၿပီးေတာ့ ခ်က္ခ်င္းပဲ စစ္ေျမျပင္ကို ဝင္ခိုင္းတာပဲ”ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
တပ္မေတာ္မွ ရန္သူ႔အေလာင္းမ်ား ရရွိရာတြင္ က်န္းမာေရးအေျခအ ေနအရ စစ္တိုက္ရန္ မသင့္ေသာ အမ်ိဳးသမီးအေလာင္း၊ ကေလးစစ္သား အေလာင္းႏွင့္ သက္ႀကီး႐ြယ္အို အေလာင္းမ်ားကိုလည္း AA စစ္သားမ်ားအျဖစ္ ေတြ႕ရေၾကာင္း ၎က ဆိုသည္။
‘‘အမ်ိဳးသမီးေတြကအစ ေသနတ္ပစ္ကို လက္ပူတိုက္သင္ေပးၿပီးေတာ့ ခ်က္ခ်င္းစစ္ေျမျပင္ကို လႊတ္တယ္ဆိုေတာ့ သူ႔မွာအင္အားကေတာ့ အတန္အသင့္ ရွိေနဆဲပဲ။ သို႔ေသာ္ ဒီအင္အားကုန္သြားရင္ သူတို႔ဘာနဲ႔ဆက္ တိုက္မလဲ။ ဒီအင္အား မကုန္ေအာင္ထားပါေတာ့ လူ(၁၀ဝ)နဲ႔ တိုက္မယ္ဆိုရင္ သူတို႔ပတ္ကား(၃၀) နဲ႔ ခုနက ကေလးတို႔၊ အမ်ိဳးသမီးတို႔ အရပ္သား လက္ပူတိုက္ (၇၀)ေလာက္နဲ႔ တိုက္မွာေပါ့။ အဓိကေတာ့ ေသနတ္အသံ ျမည္ဖို႔ပဲ။ ေသနတ္အသံျမည္ရင္ ဒီဘက္က လူေတြကဆုတ္ရင္ စခန္း ရမွာေလ။ ပစ္အားက ရွိေနေသးတယ္။ ေနာက္ဆုံးဗ်ာ သူတို႔စုထားတဲ့ လူေတြကို (၁၀+၁)တပ္စိတ္ တစ္စိတ္ဖြဲ႕ၿပီး တကယ္နားလည္တဲ့ေကာင္က ဦးေဆာင္ၿပီး ဟိုေနရာပစ္၊ ဒီေနရာပစ္ဆိုလည္း ရေနတာပဲ။ အဲဒါေတြေတာ့ ရွိတယ္” ဟု ၎က ရွင္းျပသည္။
အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္အတြက္ အေရးႀကီးေသာ ေနရာ တစ္ေနရာကို ႏိုဝင္ဘာ (၁၄) ရက္ တြင္ AA က တိုက္ခိုက္ေသာ္လည္း အရာရွိ တစ္ဦး ဦးေဆာင္ကာ ေခ်မႈန္းႏိုင္ခဲ့ေၾကာင္း သိရသည္။