ရွှေဘိုမြို့နယ်တွင် လက်ပစ်ဗုံး တစ်လုံးနှင့်အတူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိ

 330

နာမူ (NP News) - နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် လက်ပစ်ဗုံးတစ်လုံးနှင့်အတူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်၊ ည ၈ နာရီခွဲအချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွှေဘိုမြို့နယ်၊ အမှတ်(၈) ရပ်ကွက်ရှိ လက်ဝဲသုန္ဒရလမ်းပေါ်တွင် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးမှုများပြုလုပ်စဉ် လက်ဝဲသုန္ဒရလမ်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့သော်လည်း မောင်းနှင်ထွက်ပြေးခဲ့သဖြင့် သတိပေးခြောက်လှန့်ပစ်ခတ်ကာ ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ထို့နောက် ၎င်းတို့နှစ်ဦးထံမှ MG-1 လက်ပစ်ဗုံး တစ်လုံးနှင့်အတူ လေးခွ တစ်လက်နှင့် လောက်စာလုံး(၁၅)လုံးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ဆိုသည်။ ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် အသက်(၃၀) နှစ်နှင့် အသက်(၆၀) နှစ်ခန့်အရွယ်ရှိ အမျိုးသားနှစ်ဦးတွင် ကျည်ဆံထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

zawgyi version
ေ႐ႊဘိုၿမိဳ႕နယ္တြင္ လက္ပစ္ဗုံး တစ္လုံးႏွင့္အတူ အမ်ိဳးသားႏွစ္ဦးအား ဖမ္းဆီးရမိ
နာမူ (NP News) - ႏိုဝင္ဘာ ၁၈

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္တြင္ လက္ပစ္ဗုံး တစ္လုံးႏွင့္အတူ အမ်ိဳးသားႏွစ္ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၁၅ ရက္၊ ည ၈ နာရီခြဲအခ်ိန္၌ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေ႐ႊဘိုၿမိဳ႕နယ္၊ အမွတ္(၈) ရပ္ကြက္ရွိ လက္ဝဲသုႏၵရလမ္းေပၚတြင္ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ ထိုသို႔ စစ္ေဆးမႈမ်ားျပဳလုပ္စဥ္ လက္ဝဲသုႏၵရလမ္းအတိုင္း ေတာင္ဘက္မွ ေျမာက္ဘက္သို႔ အမ်ိဳးသားႏွစ္ဦး စီးနင္းလာသည့္ ဆိုင္ကယ္တစ္စီးအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးရန္ ရပ္တန႔္ခိုင္းခဲ့ေသာ္လည္း ေမာင္းႏွင္ထြက္ေျပးခဲ့သျဖင့္ သတိေပးေျခာက္လွန႔္ပစ္ခတ္ကာ ဖမ္းဆီးခဲ့ရေၾကာင္း သိရသည္။

ထို႔ေနာက္ ၎တို႔ႏွစ္ဦးထံမွ MG-1 လက္ပစ္ဗုံး တစ္လုံးႏွင့္အတူ ေလးခြ တစ္လက္ႏွင့္ ေလာက္စာလုံး(၁၅)လုံးတို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕က ဆိုသည္။ ထိုသို႔ပစ္ခတ္ခဲ့မႈေၾကာင့္ အသက္(၃၀) ႏွစ္ႏွင့္ အသက္(၆၀) ႏွစ္ခန႔္အ႐ြယ္ရွိ အမ်ိဳးသားႏွစ္ဦးတြင္ က်ည္ဆံထိမွန္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ေ႐ႊဘိုခ႐ိုင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ၿပီး ေဆးကုသမႈခံယူေနစဥ္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.