တရုတ်နိုင်ငံ ကောလိပ်တစ်ခုမှာ ဓားနဲ့တိုက်ခိုက်မှုကြောင့် လူရှစ်ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရ
39
ရောင်နီ (NP News) - နိုဝင်ဘာ ၁၈
တရုတ်နိုင်ငံ အရှေ့ပိုင်း အသက်မွေးဝမ်းကျောင်း ကောလိပ်တစ်ခုမှာ နိုဝင်ဘာ ၁၆ ရက်က ကျောင်းသားဟောင်းတစ်ဦး ဓားကိုင် သောင်းကျန်းမှုဖြစ်ပွားခဲ့ပြီး လူ ရှစ်ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီအမှုအပါအဝင် နိုင်ငံမှာ ဆယ်စုနှစ်တစ်ခုအတွင်း လူအသေအပျောက် အများဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂ ခုဆက်တိုက်ဖြစ်လာခြင်းကြောင့် တရုတ်နိုင်ငံ လူ့အဖွဲ့အစည်းကို တုန်လှုပ်စေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
ဖြစ်စဉ်ကတော့ ဂျန်စု ပြည်နယ်၊ ရီရှင်မြို့ရှိ Wuxi အသက်မွေးဝမ်းကျောင်း အနုပညာနဲ့ နည်းပညာတက္ကသိုလ်မှာ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာပဲ သံသယရှိသူကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ သံသယရှိသူကလည်း သူ့ရဲ့လုပ်ရပ်အတွက် ဝန်ခံခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သံသယရှိသူဟာ ၂၀၂၄ ခုနှစ်အတွက် ဘွဲ့ယူဖို့ ရည်မှန်းထားတဲ့ အသက် ၂၁ နှစ်အရွယ် ကျောင်းသားဟောင်းတစ်ဦးဖြစ်ပေမယ့် စာမေးပွဲ မအောင်မြင်တာကြောင့် ဘွဲ့နဲ့လွဲချော်ခဲ့သူ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။ ပဏာမ စုံစမ်းစစ်ဆေးမှုတွေအရ သံသယရှိသူ ဖြစ်တဲ့ မျိုးရိုးအမည် ရူ(အသက် ၂၁ နှစ်) ဟာ ၂၀၂၄ ခုနှစ် ကောလိပ်ဘွဲ့အတွက် စာမေးပွဲကျရှုံးပြီး ဘွဲ့ရ လက်မှတ်မရရှိခဲ့တဲ့အပြင် အခြားလူတွေကိုပါ မကျေနပ်တာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရီရှင် ပြည်သူ့လုံခြုံရေး ဗျူရို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေနတ်ကိုင်ဆောင်မှု တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတဲ့ တရုတ်နိုင်ငံမှာ အကြမ်းဖက် ဓားရာဇ၀တ်မှုတွေ ဖြစ်ပွား လေ့ရှိတာ မဆန်းပေမယ့် လူသေဆုံးမှုများတဲ့ တိုက်ခိုက်မှုမျိုးကတော့ အတော်လေး ရှားပါတယ်။ ယခုသီတင်းပတ် အစောပိုင်းကလည်း တောင်ပိုင်းဇူဟိုင်းမြို့မှာ လူအုပ်ကို ကားနဲ့ဝင်တိုက်ခြင်းကြောင့် လူ ၃၅ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version;
တ႐ုတ္ႏိုင္ငံ ေကာလိပ္တစ္ခုမွာ ဓားနဲ႔တိုက္ခိုက္မႈေၾကာင့္ လူရွစ္ဦး ေသဆုံးၿပီး ၁၇ ဦး ဒဏ္ရာရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၈
တ႐ုတ္ႏိုင္ငံ အေရွ႕ပိုင္း အသက္ေမြးဝမ္းေက်ာင္း ေကာလိပ္တစ္ခုမွာ ႏိုဝင္ဘာ ၁၆ ရက္က ေက်ာင္းသားေဟာင္းတစ္ဦး ဓားကိုင္ ေသာင္းက်န္းမႈျဖစ္ပြားခဲ့ၿပီး လူ ရွစ္ဦး ေသဆုံးကာ ၁၇ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။
ဒီအမႈအပါအဝင္ ႏိုင္ငံမွာ ဆယ္စုႏွစ္တစ္ခုအတြင္း လူအေသအေပ်ာက္ အမ်ားဆုံး အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မႈ ၂ ခုဆက္တိုက္ျဖစ္လာျခင္းေၾကာင့္ တ႐ုတ္ႏိုင္ငံ လူ႔အဖြဲ႕အစည္းကို တုန္လႈပ္ေစခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။
ျဖစ္စဥ္ကေတာ့ ဂ်န္စု ျပည္နယ္၊ ရီရွင္ၿမိဳ႕ရွိ Wuxi အသက္ေမြးဝမ္းေက်ာင္း အႏုပညာနဲ႔ နည္းပညာတကၠသိုလ္မွာ ႏိုဝင္ဘာ ၁၆ ရက္ ညေနပိုင္းက ျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။ အခင္းျဖစ္ပြားရာေနရာမွာပဲ သံသယရွိသူကို ဖမ္းဆီးရမိခဲ့ၿပီး အဆိုပါ သံသယရွိသူကလည္း သူ႔ရဲ႕လုပ္ရပ္အတြက္ ဝန္ခံခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ သံသယရွိသူဟာ ၂၀၂၄ ခုႏွစ္အတြက္ ဘြဲ႕ယူဖို႔ ရည္မွန္းထားတဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ ေက်ာင္းသားေဟာင္းတစ္ဦးျဖစ္ေပမယ့္ စာေမးပြဲ မေအာင္ျမင္တာေၾကာင့္ ဘြဲ႕နဲ႔လြဲေခ်ာ္ခဲ့သူ ျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။ ပဏာမ စုံစမ္းစစ္ေဆးမႈေတြအရ သံသယရွိသူ ျဖစ္တဲ့ မ်ိဳး႐ိုးအမည္ ႐ူ(အသက္ ၂၁ ႏွစ္) ဟာ ၂၀၂၄ ခုႏွစ္ ေကာလိပ္ဘြဲ႕အတြက္ စာေမးပြဲက်ရႈံးၿပီး ဘြဲ႕ရ လက္မွတ္မရရွိခဲ့တဲ့အျပင္ အျခားလူေတြကိုပါ မေက်နပ္တာေၾကာင့္ တိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ ရီရွင္ ျပည္သူ႔လုံၿခဳံေရး ဗ်ဴ႐ို ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ေသနတ္ကိုင္ေဆာင္မႈ တင္းတင္းၾကပ္ၾကပ္ ထိန္းခ်ဳပ္ထားတဲ့ တ႐ုတ္ႏိုင္ငံမွာ အၾကမ္းဖက္ ဓားရာဇ၀တ္မႈေတြ ျဖစ္ပြား ေလ့ရွိတာ မဆန္းေပမယ့္ လူေသဆုံးမႈမ်ားတဲ့ တိုက္ခိုက္မႈမ်ိဳးကေတာ့ အေတာ္ေလး ရွားပါတယ္။ ယခုသီတင္းပတ္ အေစာပိုင္းကလည္း ေတာင္ပိုင္းဇူဟိုင္းၿမိဳ႕မွာ လူအုပ္ကို ကားနဲ႔ဝင္တိုက္ျခင္းေၾကာင့္ လူ ၃၅ ဦး ေသဆုံးၿပီး ၄၃ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။