စင်ကာပူမှာ သေနတ်အစစ်နဲ့ဆင်တူ အရုပ်သေနတ်များ တင်သွင်းတဲ့အမျိုးသား ထောင်ဒဏ် ၉ ရက် ချမှတ်ခံရ
302
ရောင်နီ (NP News) - နိုဝင်ဘာ ၁၇
စင်ကာပူမှာ သေနတ်အစစ်နဲ့ ဆင်တူတဲ့အရုပ်သေနတ်တွေ တရားမဝင် တင်သွင်းလာသူတစ်ဦးကို နိုဝင်ဘာ ၁၅ ရက်က ထောင်ဒဏ် ၉ ရက် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
လီယူဟူဂျန် အမည်ရှိ အမျိုးသားရဲ့နေအိမ်ကို ရဲနှစ်ဦးက ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာမှ အရုပ်သေနတ် ၁၅၀ ကျော် နဲ့အစိတ်အပိုင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၄၃ ရက်ကြာ ရုံးတင်စစ်ဆေးပြီးနောက် စင်္ကာပူနိုင်ငံသား လီယူဟူဂျန် (အသက် ၃၃ နှစ်) ကို နိုင်ငံအတွင်း အရုပ်သေနတ် တရားမဝင် တင်သွင်းမှုနဲ့ ထောင်ဒဏ် ချမှတ်ခဲ့ပါ တယ်။ အရုပ်သေနတ်နမူနာတွေကို ကျန်းမာရေးသိပ္ပံအာဏာပိုင် (HSA) အပါအဝင် အေဂျင်စီတွေဆီ ပေးပို့ခဲ့ပြီး စစ်ဆေးရာမှာ သေနတ်တွေကို ဂျယ်၊ ရာဘာ (သို့မဟုတ်) ပလတ်စတစ်အမှုန်၊ ဘက်ထရီတွေနဲ့ပြုလုပ်ထားတာ တွေ့ရပါတယ်။
တရားရုံးစာရွက်စာတမ်းတွေအရ လီယူဟာ အဲဒီအရုပ်သေနတ်တွေကို တရုတ်အခြေစိုက် လက်လီ ပလက်ဖောင်းဖြစ်တဲ့ Taobao မှ ဝယ်ယူပြီး ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီမှတစ်ဆင့် စင်ကာပူနေအိမ်ကို ပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။