မန္တလေးမြို့ရှိ ဟိုတယ်တစ်ခုတွင် သေဆုံးနေသော တရုတ်နိုင်ငံသားရုပ်အလောင်းကို (၂)ရက်ခန့်အကြာတွင် ပုပ်ပွလျက်တွေ့ရှိ

 878

ချယ်ရီ (NP News) - နိုဝင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် သေဆုံးနေသော တရုတ်နိုင်ငံသားရုပ်အလောင်းကို ပုပ်ပွလျက် တွေ့ရှိခဲ့ကြောင်း မဏိစလ လူမှုကူညီရေးအသင်း (မန္တလေး)မှ တာဝန်ရှိသူက NP News ကို ပြောသည်။
အဆိုပါရုပ်အလောင်းကို ယမန်နေ့( နိုဝင်ဘာလ ၁၆ ရက်)၊ နံနက် ၉ နာရီဝန်းကျင် ချမ်းအေးသာစံမြို့နယ်၊ အချိန်ခန့်က ၈၄လမ်း၊ ၃၃ လမ်းနှင့် ၃၂ ကြားရှိ Hotel တစ်ခုတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ အလောင်းက တစ်ရက်ကျော် (၂)ရက်လောက်တော့ ရှိလောက်ပြီ။ အလောင်းက ပုပ်တာတော့ ပုပ်နေပြီ။ သူ့ရဲ့မျက်နှာနဲ့ လက်တွေခြေထောက်တွေက အသားတွေတင်းပြီး ညိုမဲစွဲနေတဲ့ ပုံစံအထိဖြစ်နေတယ်။ အဲဒီလိုပုပ်ပြီး ပွလာတဲ့ အနေအထားတစ်ခုမှာ အသက်တောင် ခန့်မှန်းရင်တောင် မရနိုင်ဘူး” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
သေဆုံးသူမှာ အသက် (၄၃)နှစ်အရွယ်ရှိသော Mr. MO ZHI JUN ဖြစ်ပြီး တရုတ်နိုင်ငံသားတစ်ဦးလည်းဖြစ် ကြောင်း သိရသည်။

“သူက အဲဒီဟိုတယ်မှာ တည်းတာကြာပြီ။ နှစ်နဲ့တောင် ချီနေပြီလို့ပြောတယ်။ သူတို့တွေက ဒီမှာ စီးပွားရေးလာလုပ် တော့ နှစ်ပြတ်ငှားတဲ့တရုတ်တွေတို့၊ လပြတ်ငှားတဲ့တရုတ်တွေတို့ ရှိတယ်” ဟု ၎င်းက ဆိုသည်။
၎င်း၏ရုပ်အလောင်းကို မဏီစလလူမှုကူညီရေးအသင်း(မန္တလေး)မှ မန္တလေးပြည်သူ့ဆေးရုံကြီး၊ ရင်ခွဲရုံဌာနသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့်(နိုဝင်ဘာလ ၁၁ ရက်) က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ တည်းခိုခန်း တစ်ခုတွင် ညိုမည်းဒဏ်ရာများဖြင့် သေဆုံးနေသည့်အမျိုးသမီးငယ်တစ်ဦးရုပ်အလောင်းကို တွေ့ရှိခဲ့ရသည့် ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့က ဆက်လက်စုံစမ်း ရှာဖွေလျက်ရှိ ကြောင်း သိရသည်။

Related news

© 2021. All rights reserved.