PDF လက်နက်ကိုင်အဖွဲ့ အများဆုံးရှိသည့် မြန်မာပြည်အလယ်ပိုင်းဒေသတွင် အုပ်ချုပ်ရေးမှူးများ အကြမ်းဖက်သတ်ဖြတ်ခံရမှုတိုးလာ
712
သန့်ဇင် (NP News) - နိုဝင်ဘာ ၁၆
မြန်မာပြည်အလယ်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း နှင့် မကွေးတိုင်းတို့တွင် နယ်မြေခံ PDF လက်နက်ကိုင်အဖွဲ့များစွာရှိနေပြီး အုပ်ချုပ်ရေးမှူးများ အကြမ်းဖက်သတ်ဖြတ်ခံရမှု ယခင်ထက်တိုးလာကြောင်း NP News က ရရှိထားသည့် သတင်းအချက်အလက်များအရ သိရသည်။
အဆိုပါဒေသများတွင် အကြမ်းဖက်သတ်ဖြတ်မှုများကို နယ်မြေခံလက်နက်ကိုင် (PDF) အဖွဲ့များက အများဆုံး ကျူးလွန်နေခြင်းဖြစ်ပြီး အထက်ပါနေရာဒေသများတွင် ၎င်းလက်နက်ကိုင်အဖွဲ့များက အာဏာရှိကြောင်း ပြသရန် အတွက် သတ်ဖြတ်နေခြင်းများဖြစ်ကြောင်း သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ဆိုသည်။
“တရားဝင်အစိုးရသည် အရေးမပါဘူး။ သူတို့သာ အရေးပါသူဆိုတာ ပြရအောင်လုပ်ကြတာ။ သူတို့က တော်လှန်ရေးလို့ အော်နေကြပြီး တော်လှန်ရေးဆိုပေမယ့် အကြမ်းဖက်ကို အရမ်းနွယ်တယ်။ ဒီအတိုင်းဆက်သွား နေရင် အကြမ်းဖက်ပုံစံပဲ ဆက်တိုက်ရောက်သွားလိမ့်မယ်။ အခုလည်း ဒီအတိုင်းပါပဲ။ အခုက ခေတ်ကာလတစ်ခု လည်းကြာသွားပြီ။ သူတို့အရင်ကပြောထားတဲ့ ကြီးကြီးကျယ်ကျယ်ရည်ရွယ်ချက်တွေက ပေါက်မြောက်အောင် မြင်လာတာမရှိဘူး။ ဒီနေရာမှာ ဆက်လက်အာဏာတည်မြဲနေကြောင်း ပြဖို့အတွက်ကတော့ ရပ်ကျေးအုပ်ချုပ်ရေး မှူးတို့ အပြစ်မဲ့ပြည်သူတို့ သူတို့က ပစ်မှတ်တွေဖြစ်ကုန်တာ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် နိုဝင်ဘာလ ၁ ရက်မှ လက်ရှိအချိန်ထိ မကွေးတိုင်းဒေသကြီးတွင် PDF လက်နက်ကိုင်အဖွဲ့များ၏ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူ (၆)ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင်လည်း ၁၀ရက်ကျော်ကာလအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အပြစ်မဲ့ပြည်သူ (၃)ဦး ထက်မနည်း သတ်ဖြတ်ခံခဲ့ရကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို နယ်တို့မှ ရပ်ကျေးအုပ်ချုပ်ရေးမှူး(၂)ဦးအား PDF အဖွဲ့(၄)ဖွဲ့က ပူးပေါင်းသတ်ဖြတ်ခဲ့ကြောင်းကို ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ဝန်ခံချက်ထုတ်ပြန်ထားခဲ့ဖူးသည်။
ထိုသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား PDF လက်နက်ကိုင်အဖွဲ့များက ပစ်မှတ်ထား သတ်ဖြတ်နေခြင်းသည် နစကအစိုးရ၏ အမှူထမ်းများအပေါ် ရန်သူဟု သတ်မှတ်ကာ အကြမ်းဖြတ်မှုများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီမှ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေး က ဆိုသည်။
“ဒီလူတွေသတ်ဖြတ်ခံနေရတာကို ကျွန်တော်တို့ဘေးအမြင်နဲ့ပြောရမယ်ဆိုရင် လုံခြုံရေးတာဝန်ယူပေးမှု အားနည်း လို့။ လုံခြုံရေးအား နည်းတဲ့အပေါ်မှာ ဖြစ်ပေါ်လာတဲ့ အနေအထားလို့ပဲ ကျွန်တော်တို့က သုံးသပ်ရမှာပဲလေ။ နယ်မြေအမျိုးမျိုးရှိတာပေါ့လေ။ နယ်မြေ အမျိုးမျိုးမှာကလည်း လက်လှမ်းမမှီတော့တဲ့လုံခြုံရေးကို ပြည့်ပြည့်ဝဝ မပေးနိုင်တော့တဲ့နယ်မြေတွေလည်း ရှိနေတာဖြစ်တယ်။ အဲဒီနယ်မြေတွေမှာရှိနေတဲ့အစိုးရနဲ့ တာဝန်ယူ ဆောင်ရွက်နေတဲ့လူတွေကလည်း ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ဖို့လိုတာပေါ့နော်။ နေတာထိုင်တာ။ သွားတာလာ တာကစ။ မိမိနေထိုင်နေတဲ့ဘဝဟာ လုံခြုံသလားမလုံခြုံသလားဆိုတာကို တွေးရမှာပေါ့။ မလုံခြုံရင်လည်း လုံခြုံအောင် ဘယ်လိုနေရမလဲဆိုတဲ့အနေအထားမျိုးကို သူတို့ကိုယ်တိုင်ကလည်း တွေးဖို့လိုအပ်တယ်” ဟု ၎င်းက ဆိုသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်း၌ အုပ်ချုပ်ရေးမှူးများ အကြမ်းဖက် သတ်ဖြတ်ခံရသူ (၈၀၀)ကျော်ထိ ရှိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
Zawgyi Version;
PDF လက္နက္ကိုင္အဖြဲ႕ အမ်ားဆုံးရွိသည့္ ျမန္မာျပည္အလယ္ပိုင္းေဒသတြင္ အုပ္ခ်ဳပ္ေရးမႉးမ်ား အၾကမ္းဖက္ သတ္ျဖတ္ခံရမႈတိုးလာ
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၆
ျမန္မာျပည္အလယ္ပိုင္းေဒသမ်ားျဖစ္သည့္ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း ႏွင့္ မေကြးတိုင္းတို႔တြင္ နယ္ေျမခံ PDF လက္နက္ကိုင္အဖြဲ႕မ်ားစြာရွိေနၿပီး အုပ္ခ်ဳပ္ေရးမႉးမ်ား အၾကမ္းဖက္သတ္ျဖတ္ခံရမႈ ယခင္ထက္တိုးလာေၾကာင္း NP News က ရရွိထားသည့္ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါေဒသမ်ားတြင္ အၾကမ္းဖက္သတ္ျဖတ္မႈမ်ားကို နယ္ေျမခံလက္နက္ကိုင္ (PDF) အဖြဲ႕မ်ားက အမ်ားဆုံး က်ဴးလြန္ေနျခင္းျဖစ္ၿပီး အထက္ပါေနရာေဒသမ်ားတြင္ ၎လက္နက္ကိုင္အဖြဲ႕မ်ားက အာဏာရွိေၾကာင္း ျပသရန္ အတြက္ သတ္ျဖတ္ေနျခင္းမ်ားျဖစ္ေၾကာင္း ေသနဂၤဗ်ဴဟာေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက ဆိုသည္။
“တရားဝင္အစိုးရသည္ အေရးမပါဘူး။ သူတို႔သာ အေရးပါသူဆိုတာ ျပရေအာင္လုပ္ၾကတာ။ သူတို႔က ေတာ္လွန္ေရးလို႔ ေအာ္ေနၾကၿပီး ေတာ္လွန္ေရးဆိုေပမယ့္ အၾကမ္းဖက္ကို အရမ္းႏြယ္တယ္။ ဒီအတိုင္းဆက္သြား ေနရင္ အၾကမ္းဖက္ပုံစံပဲ ဆက္တိုက္ေရာက္သြားလိမ့္မယ္။ အခုလည္း ဒီအတိုင္းပါပဲ။ အခုက ေခတ္ကာလတစ္ခု လည္းၾကာသြားၿပီ။ သူတို႔အရင္ကေျပာထားတဲ့ ႀကီးႀကီးက်ယ္က်ယ္ရည္႐ြယ္ခ်က္ေတြက ေပါက္ေျမာက္ေအာင္ ျမင္လာတာမရွိဘူး။ ဒီေနရာမွာ ဆက္လက္အာဏာတည္ၿမဲေနေၾကာင္း ျပဖို႔အတြက္ကေတာ့ ရပ္ေက်းအုပ္ခ်ဳပ္ေရး မႉးတို႔ အျပစ္မဲ့ျပည္သူတို႔ သူတို႔က ပစ္မွတ္ေတြျဖစ္ကုန္တာ” ဟု ၎က ဆိုသည္။
ထို႔ျပင္ ႏိုဝင္ဘာလ ၁ ရက္မွ လက္ရွိအခ်ိန္ထိ မေကြးတိုင္းေဒသႀကီးတြင္ PDF လက္နက္ကိုင္အဖြဲ႕မ်ား၏ လုပ္ႀကံ သတ္ျဖတ္မႈေၾကာင့္ ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉးႏွင့္ ေဒသခံျပည္သူ (၆)ဦးထက္မနည္း ေသဆုံးခဲ့ရေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
မႏၲေလးတိုင္းေဒသႀကီးတြင္လည္း ၁၀ရက္ေက်ာ္ကာလအတြင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ႏွင့္ အျပစ္မဲ့ျပည္သူ (၃)ဦး ထက္မနည္း သတ္ျဖတ္ခံခဲ့ရကာ ထိခိုက္ဒဏ္ရာရရွိသူမ်ားလည္း ရွိခဲ့ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၁၂ ရက္ကလည္း မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးႏွင့္ ေက်ာက္ပန္းေတာင္းၿမိဳ နယ္တို႔မွ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉး(၂)ဦးအား PDF အဖြဲ႕(၄)ဖြဲ႕က ပူးေပါင္းသတ္ျဖတ္ခဲ့ေၾကာင္းကို ၎တို႔၏ လူမႈကြန္ယက္စာမ်က္ႏွာမ်ားထက္တြင္ ဝန္ခံခ်က္ထုတ္ျပန္ထားခဲ့ဖူးသည္။
ထိုသို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားအား PDF လက္နက္ကိုင္အဖြဲ႕မ်ားက ပစ္မွတ္ထား သတ္ျဖတ္ေနျခင္းသည္ နစကအစိုးရ၏ အမႉထမ္းမ်ားအေပၚ ရန္သူဟု သတ္မွတ္ကာ အၾကမ္းျဖတ္မႈမ်ားလုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ျပည္သူ႔ပါတီမွ ရန္ကုန္တိုင္းေဒသႀကီးဥကၠ႒ ဦးလွေဌး က ဆိုသည္။
“ဒီလူေတြသတ္ျဖတ္ခံေနရတာကို ကြၽန္ေတာ္တို႔ေဘးအျမင္နဲ႔ေျပာရမယ္ဆိုရင္ လုံၿခဳံေရးတာဝန္ယူေပးမႈ အားနည္း လို႔။ လုံၿခဳံေရးအား နည္းတဲ့အေပၚမွာ ျဖစ္ေပၚလာတဲ့ အေနအထားလို႔ပဲ ကြၽန္ေတာ္တို႔က သုံးသပ္ရမွာပဲေလ။ နယ္ေျမအမ်ိဳးမ်ိဳးရွိတာေပါ့ေလ။ နယ္ေျမ အမ်ိဳးမ်ိဳးမွာကလည္း လက္လွမ္းမမွီေတာ့တဲ့လုံၿခဳံေရးကို ျပည့္ျပည့္ဝဝ မေပးႏိုင္ေတာ့တဲ့နယ္ေျမေတြလည္း ရွိေနတာျဖစ္တယ္။ အဲဒီနယ္ေျမေတြမွာရွိေနတဲ့အစိုးရနဲ႔ တာဝန္ယူ ေဆာင္႐ြက္ေနတဲ့လူေတြကလည္း ကိုယ့္ကိုကိုယ္လည္း ဂ႐ုစိုက္ဖို႔လိုတာေပါ့ေနာ္။ ေနတာထိုင္တာ။ သြားတာလာ တာကစ။ မိမိေနထိုင္ေနတဲ့ဘဝဟာ လုံၿခဳံသလားမလုံၿခဳံသလားဆိုတာကို ေတြးရမွာေပါ့။ မလုံၿခဳံရင္လည္း လုံၿခဳံေအာင္ ဘယ္လိုေနရမလဲဆိုတဲ့အေနအထားမ်ိဳးကို သူတို႔ကိုယ္တိုင္ကလည္း ေတြးဖို႔လိုအပ္တယ္” ဟု ၎က ဆိုသည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွ စတင္ကာ လက္ရွိအခ်ိန္ထိ ႏိုင္ငံတစ္ဝန္း၌ အုပ္ခ်ဳပ္ေရးမႉးမ်ား အၾကမ္းဖက္ သတ္ျဖတ္ခံရသူ (၈၀၀)ေက်ာ္ထိ ရွိခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။