မြောက်ဥက္ကလာပမြို့နယ်ရှိ ကားဂိတ်တွင် ငွေကျပ် သိန်း(၃၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
7183
နာမူ (NP News) - နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကားဂိတ်တွင် ငွေကျပ် သိန်း(၃၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၀ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ သုဓမ္မာလမ်းရှိ ကားဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကားဂိတ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အောင်မြင့်ဦး(ခ)အောင်ကြီး၊ မစိုးစိုးလှိုင် (ခ)မစိုးတို့ထံမှ ငွေကျပ်သိန်း(၃၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၃) သိန်းခန့်နှင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၁၁ ရက်၊ ညနေ ၃ နာရီခွဲအချိန်တွင် အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်း ဝယ်ရာ၌ ပူးပေါင်းပါဝင်သူ မသီသီဆင့်(ခ)မဆင့်ကို ဒိုက်ဦးမြို့နယ်၊ ကျွဲတဲအင်းကျေးရွာအနီးတွင်လည်းကောင်း၊ ည ၈ နာရီခွဲအချိန်ခန့်တွင် မောင်စိန်ညွန့်(ခ)ဆရာ(ခ)ကိုရခိုင်အား အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်တွင် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၄)ဦးအား မြောက်ဥက္ကလာပမြို့မရဲစခန်းက မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အ ရေးယူထားပြီး ကွင်းဆက်ကျုးလွန်သူများကိုလည်း ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ(၁၀)ရက်၊ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်ခန့်ကလည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် စိုင်းသူရ(ခ) ရာဇာမြင့်မောင်းနှင်ကာ မစိမ်းမြနှင့် မမျိုးသူဇာလှိုင်(ခ)သူဇာတို့လိုက်ပါလာသော သုံးဘီးဆိုင်ကယ်ပေါ်မှ ငွေကျပ် သိန်း(၁၁၀၀)တန်ဖိုးရှိ ဘိန်းဖြူ အလေးချိန် ၄ ဒသမ ၄ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၁၁ ရက်၊ နံနက် ၉ နာရီတွင် ဂမ်ဒီး(ခ) ဂမ်အောင်ကို မိုးညှင်းမြို့၊အောင်သပြေ (၁) ရပ်ကွက်ရှိ ၎င်း၏ နေအိမ်၌ ငွေကျပ်သိန်း (၅၇၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၂၈၅၀၀) ပြားနှင့် TOYOTA HILUX SURF မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား သက်ဆိုင်ရာ မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေး ယူထားလျက်ရှိကြောင်းနှင့် ကွင်းဆက်များအားလည်း ဆက်လက်ဖော် ထုတ်လျက်ရှိကြောင်း သိရသည်။
zawgyi version
ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ကားဂိတ္တြင္ ေငြက်ပ္ သိန္း(၃၀၀၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ
နာမူ (NP News) - ႏိုဝင္ဘာ ၁၄
ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ကားဂိတ္တြင္ ေငြက်ပ္ သိန္း(၃၀၀၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ႏိုဝင္ဘာလ ၁၀ ရက္၊ ညေန ၄ နာရီအခ်ိန္ခန႔္တြင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ဈ)ရပ္ကြက္၊ သုဓမၼာလမ္းရွိ ကားဂိတ္တြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ကားဂိတ္ကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္းအဖြဲ႕က သတင္းအရ ဝင္ေရာက္ရွာေဖြခဲ့ရာ ေအာင္ျမင့္ဦး(ခ)ေအာင္ႀကီး၊ မစိုးစိုးလႈိင္ (ခ)မစိုးတို႔ထံမွ ေငြက်ပ္သိန္း(၃၀၀၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၃) သိန္းခန႔္ႏွင့္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ႏိုဝင္ဘာလ ၁၁ ရက္၊ ညေန ၃ နာရီခြဲအခ်ိန္တြင္ အဆိုပါစိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား သယ္ေဆာင္ေရာင္း ဝယ္ရာ၌ ပူးေပါင္းပါဝင္သူ မသီသီဆင့္(ခ)မဆင့္ကို ဒိုက္ဦးၿမိဳ႕နယ္၊ ကြၽဲတဲအင္းေက်း႐ြာအနီးတြင္လည္းေကာင္း၊ ည ၈ နာရီခြဲအခ်ိန္ခန႔္တြင္ ေမာင္စိန္ၫြန႔္(ခ)ဆရာ(ခ)ကိုရခိုင္အား အင္းစိန္ၿမိဳ႕နယ္၊ ေဖာ့ကန္ရပ္ကြက္တြင္ လည္းေကာင္း ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔(၄)ဦးအား ေျမာက္ဥကၠလာပၿမိဳ႕မရဲစခန္းက မူးယစ္ေဆး ဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အ ေရးယူထားၿပီး ကြင္းဆက္က်ဳးလြန္သူမ်ားကိုလည္း ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ ႏိုဝင္ဘာလ(၁၀)ရက္၊ ညေန ၅ နာရီ ၅၅ မိနစ္အခ်ိန္ခန႔္ကလည္း ကချင်ပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္၊ နန႔္စီးေအာင္ေက်း႐ြာအနီးတြင္ စိုင္းသူရ(ခ) ရာဇာျမင့္ေမာင္းႏွင္ကာ မစိမ္းျမႏွင့္ မမ်ိဳးသူဇာလႈိင္(ခ)သူဇာတို႔လိုက္ပါလာေသာ သုံးဘီးဆိုင္ကယ္ေပၚမွ ေငြက်ပ္ သိန္း(၁၁၀၀)တန္ဖိုးရွိ ဘိန္းျဖဴ အေလးခ်ိန္ ၄ ဒသမ ၄ ကီလိုအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ကြင္းဆက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ ႏိုဝင္ဘာလ ၁၁ ရက္၊ နံနက္ ၉ နာရီတြင္ ဂမ္ဒီး(ခ) ဂမ္ေအာင္ကို မိုးညႇင္းၿမိဳ႕၊ေအာင္သေျပ (၁) ရပ္ကြက္ရွိ ၎၏ ေနအိမ္၌ ေငြက်ပ္သိန္း (၅၇၀) တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂၈၅၀၀) ျပားႏွင့္ TOYOTA HILUX SURF ေမာ္ေတာ္ယာဥ္တစ္စီး ဖမ္းဆီးရမိခဲ့ေၾကာင္းလည္း သိရသည္။
လက္ရွိတြင္ ၎တို႔အား သက္ဆိုင္ရာ ၿမိဳ႕မရဲစခန္းက မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အေရး ယူထားလ်က္ရွိေၾကာင္းႏွင့္ ကြင္းဆက္မ်ားအားလည္း ဆက္လက္ေဖာ္ ထုတ္လ်က္ရွိေၾကာင္း သိရသည္။