ရွှေနိုင်ငံစာပေနှင့်ပိုစတာဖြန့်ချိရေးမှ ထုတ်ဝေသူကို လုပ်ငန်းအသိအမှတ်ပြု လက်မှတ်ရုပ်သိမ်း
6456
စော (NP News) - နိုဝင်ဘာ ၁၄
ရွှေနိုင်ငံစာပေနှင့်ပိုစတာဖြန့်ချိရေးမှ ထုတ်ဝေသူကို ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လိုက်နာရန် ပျက်ကွက်သည့်အတွက် ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရုပ်သိမ်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန၏ အချက်အလက်များအရ သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ထုတ်ဝေသူ ဦးမောင်မောင်လှ (ရွှေနိုင်ငံစာပေနှင့်ပိုစတာဖြန့်ချိရေး) သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၁၁ (ခ)နှင့် ပုဒ်မ ၁၈ တို့ကိုလိုက်နာရန် ပျက်ကွက်ကြောင်းတွေ့ရှိရကြောင်း သိရသည်။
ထို့ကြောင့် ၄င်းအားထုတ်ပေးထားသည့် ထုတ်ဝေခြင်းလုပ်ငန်း အသိ အမှတ်ပြုလက်မှတ်ကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ယင်းထုတ်ဝေခြင်းလုပ်ငန်းသည် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကိုအသုံးပြု၍ဖြစ်စေ မည်သည့်ထုတ်ဝေစာကိုမျှ ထုတ်ဝေဖြန့်ချိဆောင်ရွက်ခြင်းမပြုရန်လည်း ပြန်ကြားရေးဝန်ကြီး ဌာနက အသိပေးထားသည်။
ထို့ပြင် အများပြည်သူရုံးပိတ်ရက်များကို မှားယွင်းဖော်ပြခဲ့သည့်အတွက် ရွှေနိုင်ငံပိုစတာနှင့် စာပေဖြန့်ချိရေးမှ ထုတ်ဝေခဲ့သူ ဦးမောင်မောင်လှကို အများပြည်သူတို့၏ ရုံးပိတ်ရက်များကို မှန်ကန်စွာ ဖော်ပြထုတ်ဝေရန် ခေါ်ယူသတိပေးမှတ်တမ်းတင်၍ ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်က အသိပေးထုတ်ပြန်ထားသည်။
zawgyi version
ေ႐ႊႏိုင္ငံစာေပႏွင့္ပိုစတာျဖန႔္ခ်ိေရးမွ ထုတ္ေဝသူကို လုပ္ငန္းအသိအမွတ္ ျပဳ လက္မွတ္႐ုပ္သိမ္း
ေစာ(NP News)-ႏိုဝင္ဘာ ၁၄
ေ႐ႊႏိုင္ငံစာေပႏွင့္ပိုစတာျဖန႔္ခ်ိေရးမွ ထုတ္ေဝသူကို ပုံႏွိပ္ျခင္းႏွင့္ ထုတ္ေဝျခင္းလုပ္ငန္းဥပေဒကို လိုက္နာရန္ ပ်က္ကြက္သည့္အတြက္ ထုတ္ေဝျခင္းလုပ္ငန္းအသိအမွတ္ျပဳလက္မွတ္႐ုပ္သိမ္းခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီး ဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ျပန္ၾကားေရးဝန္ႀကီးဌာနအေနျဖင့္ ပုံႏွိပ္ျခင္းႏွင့္ထုတ္ေဝျခင္းလုပ္ငန္းဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ ပုံႏွိပ္ျခင္းလုပ္ငန္း၊ ထုတ္ေဝျခင္းလုပ္ငန္းမ်ားကို ႀကီးၾကပ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။ ထိုသို႔ေဆာင္႐ြက္လ်က္ရွိရာတြင္ ထုတ္ေဝသူ ဦးေမာင္ေမာင္လွ (ေ႐ႊႏိုင္ငံစာေပႏွင့္ပိုစတာျဖန႔္ခ်ိေရး) သည္ ပုံႏွိပ္ျခင္းႏွင့္ထုတ္ေဝျခင္းလုပ္ငန္းဥပေဒပုဒ္မ ၁၁ (ခ)ႏွင့္ ပုဒ္မ ၁၈ တို႔ကိုလိုက္နာရန္ ပ်က္ကြက္ေၾကာင္းေတြ႕ရွိရေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၄င္းအားထုတ္ေပးထားသည့္ ထုတ္ေဝျခင္းလုပ္ငန္း အသိ အမွတ္ျပဳလက္မွတ္ကို ႏိုဝင္ဘာလ ၁၃ ရက္ေန႔တြင္ ျပန္လည္႐ုပ္သိမ္းလိုက္ေၾကာင္း သိရသည္။
ယင္းထုတ္ေဝျခင္းလုပ္ငန္းသည္ မီဒီယာအမ်ိဳးအစားတစ္ခုခုကို အသုံးျပဳ၍ ျဖစ္ေစ၊ နည္းပညာတစ္ရပ္ရပ္ကိုအသုံးျပဳ၍ျဖစ္ေစ မည္သည့္ထုတ္ေဝစာကိုမွ် ထုတ္ေဝျဖန႔္ခ်ိေဆာင္႐ြက္ျခင္းမျပဳရန္လည္း ျပန္ၾကားေရးဝန္ႀကီး ဌာနက အသိေပးထားသည္။
ထို႔ျပင္ အမ်ားျပည္သူ႐ုံးပိတ္ရက္မ်ားကို မွားယြင္းေဖာ္ျပခဲ့သည့္အတြက္ ေ႐ႊႏိုင္ငံပိုစတာႏွင့္ စာေပျဖန႔္ခ်ိေရးမွ ထုတ္ေဝခဲ့သူ ဦးေမာင္ေမာင္လွကို အမ်ားျပည္သူတို႔၏ ႐ုံးပိတ္ရက္မ်ားကို မွန္ကန္စြာ ေဖာ္ျပထုတ္ေဝရန္ ေခၚယူသတိေပးမွတ္တမ္းတင္၍ ဝန္ခံကတိျပဳလက္မွတ္ေရးထိုးေစခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၁၀ ရက္က အသိေပးထုတ္ျပန္ထားသည္။