မုန်းမြို့တွင် KNU၊PDF ပူးပေါင်းအဖွဲ့ထောင်ထားသည့်မိုင်း နင်းမိ၍ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ
281
နာမူ (NP News) - နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တွင် KNU၊ PDF ပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၃ ရက်၊ မွန်းလွဲ ၁၂ နာရီအချိန်ခန့်က ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ အမှတ်(၄) ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါရပ်ကွက်နေထိုင်သည့် အသက်(၁၉)နှစ်အရွယ် မောင်ခက်စိုးဦးသည် ရပ်ကွက်အနီး ရာဘာခြံတွင် အလုပ်လုပ်ကိုင်နေစဉ် KNU၊ PDF ပူးပေါင်းအဖွဲ့က ထောင်ထားသည့် နင်းမိုင်းတစ်လုံးအာ နင်းမိကာ မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရရှိသူအမျိုးသားအား ဆေးကုသမှုခံယူနိုင်ရေး ဖြူးမြို့နယ်ပြည်သူဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၁၃ ရက်၊ ညနေ ၄ နာရီခန့်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အုတ်ရှစ်ကန်ကျေးရွာအနီးတွင် အသက်(၂၆)နှစ်အရွယ် ကိုပြည့်ဖြိုးကျော်သည် နွားကျောင်းနေစဉ် PDF အဖွဲ့က ထောင်ထားသည့်လက်လုပ်တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့ရာ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်းလည်း သိရသည်။
ထို့ကြောင် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Zawgyi Version;