ရန်ကုန် ရွှေဈေးနှင့်အမေရိကန်ဒေါ်လာဈေး အကျပိုင်းဖြင့်ဈေးကွက်အေးနေ
605
NP News - နိုဝင်ဘာ ၁၈
ရန်ကုန်မြို့ရွှေဈေးကွက်အတွင်း ရွှေဈေး ဆက်တိုက်ကျဆင်းပြီး အရောင်း အဝယ်အေးနေကြောင်း ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။
ကမ္ဘာ့ရွှေဈေးတွင် ရွှေတစ်အောင်စလျှင် ၂၅၇၁ ဒေါ်လာသို့ရောက်ရှိနေသော်လည်း ပြည်တွင်းရွှေဈေးကွက်အတွင်း၌ အရောင်းအဝယ် နည်းပါးနေခြင်းဖြစ်သည်။ “အခေါက်ရွှေကိုအဓိကပြောချင်တာပါ၊ အမေရိကန်ဒေါ်လာဈေးလည်း ကျတယ်။ ကမ္ဘာ့ရွှေဈေးကလည်း အကျပိုင်းမှာ ရှိနေတယ်။ ပုံမှန်ဆို ရွှေဝယ်တဲ့သူတွေအကြိုက် ဈေးကွက်ပါ၊ ဒါပေမဲ့ ဝယ်တဲ့သူနည်းနေတယ် ၊ ၁၅ ပဲရည်အထည်ဈေးကွက်ကတော့ ပုံမှန်ဘဲရှိပါတယ်"ဟု ရန်ကုန်မြို့ ရွှေဘုံသာလမ်းရှိ ရွှေကုန်သည်တစ်ဦးက ပြောသည်။
ပြည်တွင်း ပြင်ပငွေလဲဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၃၅၀ ကျပ် ပေါက်ဈေးရှိနေပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် (၅၉)သိန်း(၃) သောင်းမှ သိန်း (၆၀)ဝန်းကျင်ဖြင့် ဈေးကွက်ပေါက်ဈေးရှိနေသည်။ နိုဝင် ဘာ(၁၈)ရက် ပြင်ပပေါက်ဈေးများသည် ယခင် သီတင်းပတ်နေ့ရက်များကထက် ကျဆင်းလာခြင်းဖြစ်သော်လည်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)ကမူ အခေါက်ရွှေတစ်ကျပ်သားလျှင် (၅၂)သိန်းကျော်ဖြင့် ရည် ညွှန်းသတ်မှတ်ဈေး ထုတ်ပြန်ထားသည်။
ပြည်တွင်း ပို့ကုန်/သွင်းကုန်လုပ်ငန်းများ ကျဆင်းနေခြင်းကြောင့် ပြင်ပ အမေရိကန်ဒေါ်လာဈေးကွက်နှင့်ရွှေဈေးကွက်အတွင်း၌ အရောင်းအဝယ် နည်းပါးနေခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ခန့်မှန်းထားကြသည်။
zawgyi version
ရန္ကုန္ ေ႐ႊေဈးႏွင့္အေမရိကန္ေဒၚလာေဈး အက်ပိုင္းျဖင့္ေဈးကြက္ေအးေန
NP News - ႏိုဝင္ဘာ ၁၈
ရန္ကုန္ၿမိဳ႕ေ႐ႊေဈးကြက္အတြင္း ေ႐ႊေဈး ဆက္တိုက္က်ဆင္းၿပီး အေရာင္း အဝယ္ေအးေနေၾကာင္း ေ႐ႊလုပ္ငန္းရွင္ အသိုင္းအဝိုင္းမွ သိရသည္။
ကမာၻ႔ေ႐ႊေဈးတြင္ ေ႐ႊတစ္ေအာင္စလွ်င္ ၂၅၇၁ ေဒၚလာသို႔ေရာက္ရွိေနေသာ္လည္း ျပည္တြင္းေ႐ႊေဈးကြက္အတြင္း၌ အေရာင္းအဝယ္ နည္းပါးေနျခင္းျဖစ္သည္။ “အေခါက္ေ႐ႊကိုအဓိကေျပာခ်င္တာပါ၊ အေမရိကန္ေဒၚလာေဈးလည္း က်တယ္။ ကမာၻ႔ေ႐ႊေဈးကလည္း အက်ပိုင္းမွာ ရွိေနတယ္။ ပုံမွန္ဆို ေ႐ႊဝယ္တဲ့သူေတြအႀကိဳက္ ေဈးကြက္ပါ၊ ဒါေပမဲ့ ဝယ္တဲ့သူနည္းေနတယ္ ၊ ၁၅ ပဲရည္အထည္ေဈးကြက္ကေတာ့ ပုံမွန္ဘဲရွိပါတယ္"ဟု ရန္ကုန္ၿမိဳ႕ ေ႐ႊဘုံသာလမ္းရွိ ေ႐ႊကုန္သည္တစ္ဦးက ေျပာသည္။
ျပည္တြင္း ျပင္ပေငြလဲေဈးကြက္တြင္ အေမရိကန္တစ္ေဒၚလာလွ်င္ ၄၃၅၀ က်ပ္ ေပါက္ေဈးရွိေနၿပီး အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၅၉)သိန္း(၃) ေသာင္းမွ သိန္း (၆၀)ဝန္းက်င္ျဖင့္ ေဈးကြက္ေပါက္ေဈးရွိေနသည္။ ႏိုဝင္ ဘာ(၁၈)ရက္ ျပင္ပေပါက္ေဈးမ်ားသည္ ယခင္ သီတင္းပတ္ေန႔ရက္မ်ားကထက္ က်ဆင္းလာျခင္းျဖစ္ေသာ္လည္း ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA)ကမူ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၅၂)သိန္းေက်ာ္ျဖင့္ ရည္ ၫႊန္းသတ္မွတ္ေဈး ထုတ္ျပန္ထားသည္။
ျပည္တြင္း ပို႔ကုန္/သြင္းကုန္လုပ္ငန္းမ်ား က်ဆင္းေနျခင္းေၾကာင့္ ျပင္ပ အေမရိကန္ေဒၚလာေဈးကြက္ႏွင့္ေ႐ႊေဈးကြက္အတြင္း၌ အေရာင္းအဝယ္ နည္းပါးေနျခင္းျဖစ္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္မ်ားက သုံးသပ္ခန႔္မွန္းထားၾကသည္။