ကျော်နုနှင့် မိတ်ဆွေများ၏ တိုင်းကျိုးပြည်ပြုအလွတ်သဘောဆွေးနွေးခန်း (အပိုင်း-၂ )
585
စော ရေးသားသည်
NP News - နိုဝင်ဘာ ၃ဝ
ဆွေးနွေးဖော် - အခုကတော့ ခုနကပြောသလိုပေါ့။ အားလုံးကတော့ အမှန်တိုင်းပြောရင်တော့ အခုပယ်တို့၊ ဝေတို့ ကိုးကန့်ဒေသမှာ အကုန်ဇာတ်သိမ်းသွားတယ်။ အခု ဖုန်က တစ်စခန်းထလာတယ်။ တစ်စခန်း ထလာတဲ့ဖုန်က ကိုယ်နဲ့တန်ရာတန် ရာကိုမသိဘဲ ခြေလွန်လက်လွန်သွားလုပ်တဲ့အတွက် ကြောင့်မို့လို့ သူလည်း ခုနကပြောသလို ဇာတ်သိမ်းမလှဘူးဖြစ်သွားနိုင်တယ်ပေါ့။ အားလုံးက ဘဝတစ်သက်တာလုံးမှာလေ ဆင်းဆင်းရဲရဲနဲ့ပဲဖြတ်ဖြတ်၊ မွဲမွဲတေတေနဲ့ပဲ ဖြတ်ဖြတ် ကြိုက်သလို ဖြတ်သန်းလို့ရတယ်။ ဒါပေမဲ့ တကယ်တမ်းပြောရင်တော့ ဇာတ်သိမ်းတော့အရေးကြီးတယ်။ ဇာတ်သိမ်း မှာအရေးကြီးဆုံးပဲ။ ဇာတ်အစမှာ ဘယ်သူ ကငိုပြီးတော့ ထွက်လာခဲ့ ထွက်လာခဲ့။ အော်ပြီးတော့ ထွက် လာခဲ့ ထွက်လာခဲ့ ဒါပေမဲ့ ဇာတ်သိမ်းလှဖို့တော့ လိုတယ်။ မွေးဖွားလာတဲ့လူတွေအကုန်လုံးက ငိုပြီး တော့ထွက်လာကြတဲ့လူတွေချည်းပဲ။ ဒါပေမဲ့ ပြန်တဲ့ အချိန်မှာ ပြုံးပြီးတော့ပြန်နိုင်ဖို့ လိုတာပေါ့။ အဲဒီကျ တော့ လူ့ဘဝတစ်သက်တာလိုပဲ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ဖြစ်၊ အစိုးရတစ်ခုပဲဖြစ်ဖြစ်လုပ်ပြီဆိုရင် တက် တာကတော့ ကမူးရှူးထိုးနဲ့တက်လာလို့ရတယ်။ အဆင်း တတ်ဖို့ပဲလိုတာ။ အဆင်းမဆင်းတတ်ရင် ပိုဒုက္ခ ရောက်မယ်။ သူတို့ ကိုယ့်ဘာသာကိုယ် တန်လားမ တန်လားမတွေးဘဲနဲ့ ဇွတ်လျှောက်လုပ်တာ။ အမှန်က သူတို့ လောက်ကိုင်တို့ ချင်းရွှေဟော်တို့ သိမ်းတယ်ဆိုတာတောင် တော်တော်လွန်လှပြီ။ ဒီရမခ ကိုသိမ်းတာက လက်လွန်ခြေလွန် ဖြစ်သွားတယ်လို့စိတ်ထဲမှာ တွေးမိသွားတယ်။ ကျော်နု- ဒီရမခ ကို သိမ်းတာကလည်း တပ်က တမင်ကို လုပ်လိုက်တယ်လို့ပဲ မြင်သွားတယ်။ အရင်တုန်းကတော့ အဲဒီလို မမြင်ဘူး။ အခုတော့မြင်သွားပြီ။ ဆွေးနွေးဖော် - ရမခကို လက်လွှတ်လိုက်ပြီ။ လက်လွှတ်လိုက်ချိန် ရောက်ပြီဆိုရင် တရုတ်ကို အထိနာမှ ဇာတ်နာသွားမှာဖြစ်မှာလေ။ တရုတ်ကလည်း ရမခကို သိမ်းလိုက် ရင် ဥပမာ တပ်ကပိုင်တာနဲ့ EAO ပိုင်တာ နဲ့ သူ့အတွက် ဘာအကျိုးရှိမလဲဆိုတာ ချင့်ချိန်လို့ရမှာ ပေါ့။ လက်တွေ့ တပ်ကပိုင်တာက G to G ဆက်ဆံ လို့ရတယ်လေ။ ဟို EAO နဲ့ပိုင်သွားပြီတဲ့ “ဝ” ကို။ သူ့ လက်အောက်မှာ မွေးတပည့်ထားတယ်။ ကိုးကန့် တစ်ဝက် မြောက်သုံးကောင်က တပည့်မွေးလိုက် တယ်။ မြောက်သုံးကောင်က တရားဝင်အစိုးရမှမ ဟုတ်တာ။ “ဝ” က တရားဝင်အစိုးရမှမဟုတ်တာ။ government မှမဟုတ်တာ။ government မဟုတ်တော့ တရုတ်ကထိပြီလေ။ တရုတ်က နှစ်ချက်ကွမ်း ထိပြီ။ အကျိုးစီးပွားလည်းထိပြီ။ Geopolitic အရ လည်းထိပြီလေ။ အခု တရုတ်က အချိန်မီလာ သွား တာ ကောင်းတာ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စိတ်ပေါက်ပေါက်နဲ့ အမေရိကန်နဲ့တွဲပစ်လိုက်ရင် တရုတ် က ငါးပါးမှောက်သွားမယ်။ ကိုကိုးကျွန်းကို အမေရိ ကန်စစ်သား ငါးရာ၊ တစ်ထောင် ချထားပေး လိုက်ရင် တရုတ်နဲ့အိန္ဒိယမှာလေ သူကမ္ဘာတည်သရွေ့ အိပ်မပျော်တော့ဘူးနော်။ မြန်မာနိုင်ငံကနိုင်ငံ ရေးကစား လိုက်လို့ရတယ်။ ကျန်တာမလုပ်ဘူး။ မြန်မာပြည်ထဲကို အမေရိကန်စစ်သားတွေမသွင်းဘူး။ အမေရိကန် စစ်လေယာဉ်တွေမသွင်းဘူး။ ကိုကိုးကျွန်းကိုပဲ စာချုပ်ချုပ်ပြီးတော့အပ်လိုက်မယ်။ အနှစ် ငါးဆယ် စာချုပ်၊ အနှစ်တစ်ရာ စာချုပ် ပြီးတော့ ကိုကိုးကျွန်းကို အပ်လိုက်မယ်လေ။ အပ်လိုက်တာနဲ့ တစ်ပြိုင်နက် တရုတ် နဲ့အိန္ဒိယကတော့ ကျွမ်းပစ်ဖို့သာပြင်ပေတော့။ နိုင်ငံရေးက တစ်ချက်လုပ်လိုက်လို့ ရတယ်။ အဲဒီတစ်ကွက်ကို တရုတ်ကလည်း လည်တယ်။ ဒီဟာကို အဝင်မခံနိုင်ဘူးလေ။ ဒါကြောင့် မြန်မာနိုင်ငံအရေးကို နိုင်ငံခြားအဝင်မခံနိုင်ဘူး၊ နိုင်ငံခြားအဝင်မခံနိုင်ဘူးပြောနေတာ။ သူလည်းနိုင်ငံခြား ပဲလေ။ အဲဒီတော့ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ် ဇွတ်တိုးဝင်ရတယ်။ တရုတ်က တပ်မတော်အစိုးရကို တော့ ခုနက အချက်သုံးချက်ကိုကြည့်ချင်တော့ သူကောင်းကောင်း ထောက်ပံ့လိမ့်မယ်။ တည်ငြိမ် အေးချမ်းရေးကို သူ ထောက်ခံမယ်။ ရွေးကောက်ပွဲလည်း တရုတ်က ထောက်ခံတယ်ဆိုရင်တော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ ရွေးကောက်ပွဲ ဖြစ်မြောက် သွားမှာပဲ။ ဖြစ်မြောက်သွားရင် ဗိုလ်ချုပ်မှူးကြီးက သမ္မတ ဖြစ်သွားမှာပဲ။ သမ္မတ ဖြစ်တာနဲ့ သူ့ကို နိုင်ငံတကာက သမ္မတအနေနဲ့ ဆက်ကိုဆက်ဆံရမှာပဲ။ သူ့ကို ဘယ်သူမှ ဖယ်ကြဉ်ထားလို့ မရတော့ ဘူးလေ။ အဲဒီတော့ ဒါက ဗိုလ်ချုပ်မှူးကြီးက လည်း ဒီဟာကို ရအောင်သွားရမှာ။ ရအောင်မသွားရင် ဒီအတိုင်းပဲ (၆)လ (၆)လ ထိန်းပြီးရင်လည်း သူက အစိုး ရလို့ အပီအပြင်ပြောလို့မရဘူးလေ။ ရွေး ကောက်ခံ အစိုးရလို့ပြောလို့မရဘူးလေ။ ရွေးကောက်ခံအစိုးရ ဖြစ်အောင်လုပ်ရမှာ။ နောက်တစ်ခုက တည်ငြိမ်အေးချမ်းရေးကို တရုတ်ကထောက်ခံတယ်ဆိုရင် မြောက် သုံးကောင်ကိုထိန်းလိုက်တာနဲ့ ကျန်တဲ့ကိစ္စက တော်တော်အဆင်ပြေသွားမှာ။
ကျော်နု - တချို့ဇာတ်လမ်းလေးတွေကတော့ တဖြည်းဖြည်းနဲ့ ရေးရေးလေးပေါ်လာသလိုတော့ ခံစားရ ပါတယ်။ ရှေးခေတ်ဘုရင်တွေရဲ့စဉ်းစားပုံစဉ်းစား နည်းနဲ့စဉ်းစားတဲ့အခါကျတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ စဉ်းစားပုံကိုလည်း အကြမ်းဖျင်းမှန်းလို့ရမယ်လို့ ယူဆတယ်။
ဆွေးနွေးဖော် - ကျွန်တော်စဉ်းစားတဲ့ပုံစံက ဟိုတုန်းကဆိုရင် ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးနေဝင်းတို့ပေါ့။ ကျွန်တော်ကောင်းကောင်းမမီလိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရှိတဲ့အချိန်တုန်းက ဦးနေဝင်းတို့ရှိ တဲ့အချိန်တုန်းက ကျွန်တော်က အရမ်းငယ်သေးတယ်လေ။ ဒါပေမဲ့ အိမ်မှာဦးသန်းရွှေကစပြီးကောင်း ကောင်းမီလိုက်တော့ နောက်ဆုံး ကျွန်တော်ဘာစဉ်းစားလဲဆိုတော့ ဦးသန်းရွှေ ဗိုလ်ချုပ်မှူးကြီးလုပ်တဲ့ အချိန်မှာ ဦးသန်းရွှေ ဘာစဉ်းစားမလဲဆိုတာတော့ အမြဲတမ်း စဉ်းစားတယ်။ သူ့နေရာမှာကိုယ်ဆိုရင် ဘာလုပ်မလဲ ဆိုတာ စဉ်းစားတယ်။ ပြီးတော့ နောက်အရင်တုန်းက သူ စာဖတ်တယ်ဆိုတော့ ဘယ်စာကို ဖတ်ပြီးတော့မှ ဒီနိုင်ငံရေးကို ဘယ်နေရာကနေဘယ်လို စီမံခန့်ခွဲမလဲ၊ ဘယ်လိုအုပ်ချုပ်မလဲပေါ့။ နောက် ဆုံးတော့ နှစ်ငါးဆယ်ဟာကိုပဲ ကြည့်ကြည့်၊ နှစ်ငါးရာဟာကိုပဲ ကြည့်ကြည့် ဒါပဲပြန်ကိုးကားရတာပဲလေ။ အသစ်အဆန်းရယ်လို့တော့ သိပ်မထွက်ပါဘူး။ ကမ္ဘာကြီးမှာ မတ်သတ်တွေက အဟောင်းတွေချည်းပါပဲ။ အဲဒီမှာ ပုံစံ မျိုးစုံပြောင်းလုပ်ကြတယ်ပေါ့။ နောက် ဗိုလ်ချုပ်မှူး ကြီး ဦးသန်းရွှေပြီးသွားတော့ ဦးသိန်းစိန် လေ။ ဦးသိန်းစိန်ကျတော့ ဘာစဉ်းစားမလဲလို့ စဉ်းစားကြည့်တယ်။ နောက်တစ်ခါ ဒေါ်အောင်ဆန်းစု ကြည်။ ဒေါ်အောင်ဆန်းစုကြည် ဘာစဉ်းစားမလဲ စဉ်းစားမယ်။ သူတို့ဘာစဉ်းစားမလဲဆိုတာကို။ တချို့ကပြောတယ် ဘာဖြစ်မှန်းကို မသိပါဘူး။ လိုက်လို့ကိုမမီတော့ပါဘူး။ ပြောနေတဲ့ဟာမျိုး လိုက်လို့မမီတော့ဘူးဆိုတဲ့လူက မမီတော့ဘူးပဲ။ ကျွန်တော်တို့က စဉ်းစားတယ်။ လိုက် လို့မမီဘူး။ သူလုပ်စရာ သုံးခုပဲရှိတယ်။ ကိုယ်ဆိုရင် ဘာလုပ်မလဲ။ နံပါတ်တစ် ဘာလုပ်မလဲ။ နံပါတ်နှစ် ဘာလုပ်မလဲ။ နံပါတ်သုံး ဘာလုပ်မလဲ ကျွန်တော်က တွက်လို့ရတယ်။ သူလုပ်စရာ နှစ်ခုပဲရှိတယ်။ အဲဒီနှစ် ခုထဲက ဘာလုပ်မလဲ။ ဒါပဲ။
ကျော်နု -အဲဒီနှစ်ခုထဲမှာ နံပါတ်တစ်က သူက သူ့အာဏာတည်မြဲရေးက နံပါတ်တစ်မဟုတ်ဘူးလား။
ဆွေးနွေးဖော် - အာဏာတည်မှလည်း အုပ်ချုပ်လို့ ရမှာ။ နောက်တစ်ခါက ဘာလဲဆိုတော့ သမိုင်းမှာ အာ ဏာသိမ်းတယ်ပဲ ပြောပြော၊ ထိန်းတယ်ပဲပြောပြော သူ့လောက် သူစွန့်စားပြီးတော့မှပေါ့။ စွန့်လွှတ်ပြီး တော့မှထိန်းတဲ့လူက ရှားတယ်။ သူ့ဘာသာ မလုပ်ချင် ဘဲပဲ လုပ်လုပ်၊ လုပ်ချင်လို့ပဲလုပ်လုပ်ပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ သူအဲဒီလောက်ကြီးပေးဆပ်ထားတဲ့အတွက်ကြောင့်မို့လို့ ဘယ်သူ့ကိုမှလည်း လွှဲ ပြောင်းပေးမှာမဟုတ်ဘူး။ ဘယ်သူ့ကိုမှလည်း လွှဲ ပြောင်းမပေးဘူး။ ပြောရမယ်ဆိုရင် သူလျှောက်ခဲ့တဲ့ လမ်းကို ပြီးအောင်တော့လျှောက်မှာ ဒါပဲ။ အဲဒါကို တချို့လူတွေက ဟိုလူကဖျက်ပြီးအာဏာသိမ်းတယ်။ ဒါဘယ်သူမှ အာဏာသိမ်းလို့မရဘူး။ အားလုံးက သူ စဉ်းစားထားပြီးသား အကုန်လုံးလည်းစဉ်းစား ထားပြီးသား ဒါကြောင့်မို့လို့ ဘယ်လိုပြောမလဲဆိုတော့ ဒီအာ ဏာတည်မြဲရေးကို နောက်တစ်ခုက အခုက ဗိုလ်ချုပ်မှူးကြီးကို တစ်ခါတလေကျတော့ ပျော့တယ်။ မပြတ်ဘူးလို့ထင်ဖွယ်ရာရှိတယ်။ ဒါပေမဲ့ နိုင်ငံရေးပရိယာယ်ဆိုတာ အထွတ်အထိပ်မှာရှိတဲ့လူက သူ့ရဲ့ အမိန့်တစ်ချက်က အချိန်မရွေးပြတ်အောင် လုပ်လို့ရတယ်။ သူရဲ့အပျော့က အချိန်မရွေးမာအောင် လုပ်လို့ရတယ်။ ဒါပေမဲ့ ဘေးကကြည့်တဲ့လူတွေ က အားမလိုအားမရဖြစ်ပြီး ပျော့တယ်၊ မပြတ်ဘူး၊ ဘာဖြစ်တယ်၊ ညာဖြစ် တယ်ပေါ့နော်။ မဟုတ်ဘူး။ သူ့မှာလည်း သူ့အတွေးအခေါ်နဲ့ သူ့အိုင်ဒီယာနဲ့သူရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးသိန်းစိန်လက်ထက် မှာ အကုန်လုံးက လိုင်ဇာကို သွားချဖို့လုပ်ပြီးပြီ။ လိုင်ဇာကိုချဖို့လုပ်တဲ့ဟာမှာ အဲဒီရဲ့ဖြစ်စဉ်ကြီးကို ဖျက်ပစ်လိုက်ရတာလေ။ ဘာဖြစ် လို့လဲဆိုတော့ တရုတ်ကပဲ အဲဒီကိုလှမ်းပြီးတော့ ဖိအားပေးလိုက် တော့ အဲဒီလိုမျိုးဖျက်လိုက်တာ တ ကယ့်တကယ်တမ်းပြောရင် တစ်ခါတလေကျတော့ တိုက်ချင်တိုင်း လည်း တိုက်လို့မရဘူး။ ဒါပေမဲ့ တိုက်ချင်တဲ့အချိန်ရောက်ရင်လည်း တိုက်ရမှာပဲ။ အဲဒီတော့ ဒီခရီးစဉ် အပြီးမှာ အပြောင်းအလဲကတော့ ဖြစ်လာလိမ့်မယ်။ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲကလည်း ထရမ့်နိုင် သွားပြီ။ ထရမ့်မနိုင်ဘဲနဲ့ ဟားရစ်နိုင်သွားတယ်ဆိုရင် ဒါကသူတို့ရဲ့လုပ်ထုံးလုပ်နည်းအတိုင်း ဆက်သွား မှာလေ။ သူတို့က ဘယ်လိုပြောမလဲဆိုတော့ ဒီမိုကရက်တစ်အဖွဲ့က ကမ္ဘာကို နိုင်ငံရေးကစားမှာကိုး။ အကုန်လုံး နိုင်ငံရေးကစားမယ်။ အဲဒီလို စွက် ဖက်တာတွေရော၊ ကူညီတာတွေကိုရော၊ ထောက်ပံ့ တာ တွေရောပေါ့လေ။ အခု ထရမ့်ကနော် သူ့နိုင်ငံမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ တော်တော်ဒုက္ခဖြစ်လိမ့် မယ်နော်။ မှားတာနဲ့လုပ်မှာ၊ ပြန်ပို့မှာနော်။ ပြန်ပို့ရင် အဲဒီကနေပြီးတော့မှ အမေရိ ကန်သွားပြီးဟောင် နေတဲ့ ဟာတွေ ဒုက္ခရောက်ဦးမှာနော်။ အင်းစိန် တစ်ခါတည်း တန်းဝင်သွားမှာနော်။ အဲဒါပြဿနာရှိ တယ်နော်။ အဲဒါကြောင့်မို့လို့ ထရမ့်က မလုပ်ဘူးမထင်နဲ့။
ကျော်နု - ထရမ့်က ကိုယ့်နိုင်ငံကောင်းဖို့အတွက်ကို ဘယ်ကောင့်မှဂရုစိုက်မနေဘူး။
ဆွေးနွေးဖော် - ကင်ဂျုံအန်သွားပြီးတော့ လက်ဆွဲ နှုတ်ဆက်ရင်လည်း နှုတ်ဆက်နေတာပဲ။ အမေရိကန် ဘယ်သမ္မတမှ မလုပ်တဲ့ဟာတွေလေ။ နောက်ပြီး ပူတင်နဲ့ ဟိုဘက်ကစစ်ဖြစ်နေတဲ့အနေအထားတွေ နဲ့က ပူတင်နဲ့ဘယ်နိုင်ငံမှာသွားတွေ့ကြမယ်လုပ်ရင် လုပ်နေမှာ ။ မလုပ်ဘူးပြောလို့မရဘူးနော်။ သူက အဲဒီကျတော့ အဲဒါတွေက သူတို့ရဲ့စဉ်းစားချက်တစ်ခုဟာ အပြောင်းအလဲတွေအများကြီးဖြစ်သွားနိုင် တယ်။ ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲဟာ မြန်မာကိုလည်း လှုပ်ခတ်နိုင်တာပဲ။ မြန်မာ့နိုင်ငံရေးအပြောင်း အလဲဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း အများကြီးဆိုင်တယ်လေ။
ကျော်နု - အခုတရုတ်ခရီးစဉ်ကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့အချို့ကိစ္စတွေက အဖြေကထွက်သွား တယ်လို့ခံစားရတယ်။ နောက်တစ်ခုက နယ်စပ်လက် နက်ကိုင်အဖွဲ့အစည်းတွေတော်တော်များများက ဒီခ ရီးစဉ်ကိုကြည့်ပြီးတော့ အခုချိန်အထိ မစဉ်းစားမသုံး သပ်နိုင်ရင်တော့ အဲဒီအဖွဲ့အစည်းတွေ အကုန် လုံး ဘဝပျက်ပြီ။
ဆွေးနွေးဖော် - အဲဒါကရှင်းရှင်းလေးပဲ။ လှေကားကဆင်းခဲ့ရင် မင်းလက်နက်ကို အပေါ်မှာထားခဲ့လိုက် လူချည်းပဲဆင်းခဲ့လိုက် အဲဒါဆို ရှင်သန်ခွင့်ရမယ်။ လက်နက်နဲ့ အပေါ်ကနေပြီးတော့ပဲ ဘာလုပ်ရမှန်းမ သိဘူးဆိုရင်အပေါ်မှာ ကျည်ကုန်အောင်ပစ်၊ ပစ်ပြီး ဆယ်ထပ်တိုက်ကမင်းခုန်ချ ဒါပဲရှိတယ်။ ဘာဖြစ် လို့လဲဆိုတော့ လှေကားကလက်နက်နဲ့ ဆင်းလာခွင့် ရမှာမဟုတ်ဘူး။ လှေကားက အသက်ရှင်လျက် ဆင်းချင်ရင် မင်းအခု တစ်သက်လုံး လုံးဝမရောက်ဖူးတဲ့ ဆယ်ထပ်တိုက်ရောက်နေတာလေ။ အဲဒီဆယ် ထပ် တိုက်ပေါ်မှာ လက်နက်ကိုထားခဲ့။ အဲဒီလိုမလုပ်ဘူး ရှက်တယ်ဆိုရင် ဆယ်ထပ်တိုက်ပေါ်က ခုန်ချပေါ့။ ဒါပဲရှိတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အတက်တော့ တက်သွားတတ်တယ်။ အဆင်းကျ ဆင်းဖို့တော့ ခက်မယ်ထင်တာပဲ။
ကျော်နု - အခုသူတို့ပြောနေတဲ့ နွေဦးတော်လှန်ရေးတို့၊ လူထုတော်လှန်ရေးတို့၊ အာဏာရှင်ဖြုတ်ချ ရေးတို့ ဒီမိုကရေစီရေးတို့ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်တွေ အော်ချင်တာအော်နေတာပဲရှိ တာဖြစ် နိုင်ပါ့မလား။ အခုအခင်းအကျင်းကို အားလုံးကြည့်လိုက်ရင်။
ဆွေးနွေးဖော် - သူတို့ နှစ် (၇၀)လုပ်ပြီးပြီ။ အဲဒီကိစ္စ တစ်ခုက နှစ်(၇၀)မှာ သူတို့ ဘာမှထူးခြားမလာခဲ့ ဘူး။ နောက်ဆုံးမှာပြောရရင် တော်လှန်ရေးလုပ်စား၊ နိုင်ငံရေးလုပ်စားတွေဖြစ်နေပြီ။ အဲဒီထဲမှာ အခု မြောက်သုံးကောင်လုပ်ရပ်သည် နယ်မြေစိုးမိုးရေးနဲ့ ဗိုလ်ကျအနိုင်ကျင့်ရေးပေါ့။ သူရဲ့ရည်ရွယ်ချက် ဘာနိုင်ငံရေး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘာမှသူတို့မှာ ရည်ရွယ်ချက်မရှိဘူး။ ရခိုင်ကလည်းရခိုင် ပြည်နယ်က အလွန်မှာ ရည်ရွယ်ချက်မရှိဘူး။ ကိုးကန့်ကလည်း ဝေးရော၊ ပလောင်လည်းဝေးရောပေါ့။ ပလောင်က မိုးကုတ်ကိုသိမ်းချင်တာပဲ၊ ကိုးကန့်က ချင်းရွှေဟော်နဲ့ လောက်ကိုင်ကို ပိုင်ပိုင်နိုင်နိုင်ရချင် တာ။ “ဝ” က ပန် ခန်းကိုရသလိုမျိုး၊ မိုင်းလားက မိုင်းလားကိုရထားသလိုမျိုး အဲဒီလိုမျိုး အဲဒီဟာကို သူတို့အိမ်မက်မက်တာ။ နောက်ဆုံး သူတို့ပြည်နယ်မှာလာပြီဆိုရင် မင်းတို့ ဘယ်စစ်တပ်က လာလာ။ ဘယ်ရဲကလာလာ ငါတို့ လက်နက်မယူလာနဲ့ ငါတို့ခွင့်ပြုချက်ရှိမှလာ၊ ခွင့်ပြုချက်မရှိရင်မလာနဲ့။ ငါတို့ပြည်နယ်ကရတဲ့ဟာကို မင်း တို့ဗဟိုအစိုးရကလည်း မပေးနိုင်ဘူး။ မပေးချင်ဘူးပေါ့။ “ဝ” လိုမျိုး သီးခြားရပ်တည်မယ်။ နိုင်ငံတစ်နိုင်ငံ ခွဲမထွက်ဘူး။ ဘယ်လိုလုပ် ခွဲထွက်လို့ရမလဲ။ တရုတ် ပြည်ထဲ မှာသွားဝင်ကြည့်လိုက်ပါလား။ “ ဝ” က တရုတ် ပြည်ထဲမှာ တရုတ်ပြည်ရဲ့သစ္စာကိုခံပြီးတော့ ဝင်ကြည့် လိုက်လေ။ “ဝ” ဖွတ်ဖွတ်ညက်ညက်ကြေသွားမှာပေါ့။ “ဝ” က အဲဒီကျတော့ တရုတ်ပြည်ကို တပည့်ပဲ ခံထားတယ်။ မဝင်ဘူး။ ဒီမြန်မာပြည်ကျတော့ အာခံထားတယ်။ တရုတ်ပြည်ကျတော့ တပည့်ခံထား တယ်။ ဟိုဘက်ဒီဘက် ခံတော့ခံတယ်။ မခံတာက သူမခံရ ရေးအတွက် တစ်ဖက်ကို အာခံတယ်။ တစ်ဖက်ကို တပည့်ခံတယ်။ အဲဒီ Policy ကို ရခိုင်ကလည်း ဒီလိုလုပ်ချင်တယ်။ ကိုးကန့်ကလည်း ဒီလိုလုပ်ချင်တယ်။ KIA ကလည်း ဒီလိုလုပ်ချင်တယ်။ အကုန်လုံးက အဲဒါကို “ဝ” ကို စံနမူနာယူပြီးတော့ ကျန်တာ အိပ် မက်မက်လာပြီ။ အဲဒီကျတော့ မြန်မာ့တပ်မတော်ဆို တာကလည်း အဲဒီလောက်ကြီးတော့ ဘယ်အဖြစ်ခံမတုန်း။ “ဝ” ဆိုတာက “ဝ” ပြည်ကြီးက အစွန်အဖျားကျ ပြီးတော့မှပြောမယ်ဆိုရင် အကျိုးသိပ်သက်ရောက်မှု မရှိတဲ့အတွက်ကြောင့်မို့လို့ “ဝ” ကို နည်းနည်းလေးလျစ်လျူရှုထားတဲ့သဘော ပဲလေ။ “ဝ” ပြည်ကို ဦးသန်းရွှေလက်ထက်တုန်းက “ဝ”ပြည်ဘာညာ၊ “ဝ”တွေ ဘာဖြစ်တယ် ညာဖြစ်တယ်။ ပြောတဲ့အချိန်က နောက်ဆုံး ငြိမ်းချမ်းရေးသွားယူလိုက်တယ်။ ယူပြီးတော့မှ မြို့ထဲကို ခေါ်သွင်းလိုက်တယ်။ “ဝ” တွေကို စီးပွားရေးတွေလုပ်ခိုင်းလိုက်တယ်။ သူတို့ရဲ့ ကြမ်း တမ်းစိတ်တွေ သက်သာမယ်ဆိုတဲ့စိတ်နဲ့လုပ်ခိုင်း တယ်။ လုပ်ခိုင်းတော့ အထိုက်အလျောက်တော့ ပျောက်ပါတယ်။ ဒါပေမဲ့ “ဝ” ပြည်မှာကျတော့ သူတို့တစ်ဖက်တစ်လမ်းကနေ သူတို့ရဲ့စစ်ကြီးရဲ့ စစ်တပ် ကို ပိုပြီး တော့တည်ဆောက်သွားခဲ့တာပေါ့။ သူတို့အာ ဏာကိုပိုကြီးအောင် ဒီအနှစ် (၃၀)မှာ အဲဒါကိုလုပ် သွားလိုက်တာ “ဝ”ကဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာမှာ မူးယစ်ဆေးအများဆုံးရောင်းတာကို မူးယစ် ဆေးရောင်း လို့ရတဲ့ပိုက်ဆံနဲ့ သူက အဲဒီဟာကို လုပ်လိုက်တယ်။ ဒါပေမဲ့ ရန်ကုန်၊ မန္တလေးမြို့ ပေါ်တွေမှာ သူတို့ကို လုပ်ပိုင်ခွင့်တွေပေးတယ်။ လာပြီး ဟန်ပြစီးပွားရေး တွေလာလုပ်တယ်။ လာလုပ်ပြီးတော့ သာယာသင့်သ လောက်တော့ သာယာတယ်။ အိုက်ဟောက်စ်တို့ပေါ့။ သာယာပေ မယ့်လည်း တကယ့်တကယ်တမ်းကျတော့ “ဝ” တွေရဲ့ရည်ရွယ်ချက်က ငွေကိုမက်တာမဟုတ်ဘူး။ သူတို့က အသားစားရရင်ရပြီ။ အသားစားရဖို့အတွက် သူတို့နယ်မြေကို ပိုင်ပိုင်နိုင်နိုင်ဖြစ်ဖို့အတွက် လက် နက်ကိုတည်ဆောက်သွားမှာ။ သူတို့ဆီမှာ ငါးနှစ်က လေးတွေကစပြီးတော့ စစ်ယူနီဖောင်းဝတ်နေပြီ။ငါး နှစ်၊ ခြောက်နှစ်က စဝတ်နေပြီ။ အဲဒီဟာကို ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက အခု အားကျ လာတယ်။ အားကျပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကမှ မလွှမ်း ခြုံနိုင်ဘူး။ ဘယ်ဟာမှလည်း သူတို့ရည်ရွယ်ချက်လည်းမရှိ ဘူး။ တကယ်လို့ ဖက်ဒရယ်ဆိုတာကို တကယ်ရည်ရွယ်ကြတယ်ဆိုရင် လွှတ်တော်ထဲကို ရအောင်ဝင်ရ မယ်။ ဖက်ဒရယ်ကို တကယ် ရည်ရွယ် ရင် စားပွဲပေါ်ကို ရအောင်တက်ရမယ်။ စားပွဲခုံပေါ်ကို သူတို့လာရမယ်။ အဲဒီအတွက်ကြောင့်မိုလို့ ဒီလူတွေရဲ့ နိုင်ငံရေးရည်ရွယ်ချက်၊ တချို့သတင်းတွေက ထုတ်ပြန်တယ်။ Eleven တို့ကလေ မြောက်သုံးကောင်အဖွဲ့တွေက နိုင်ငံရေးရည်ရွယ်ချက် အမှန်တကယ်ရှိတယ်ဆိုရင် တော့ စည်းအတွင်း၊ ဘောင်အတွင်း ရအောင်ဝင်ခဲ့ပေါ့။
ကျော်နု - ဗိုလ်ချုပ်မှူးကြီးပြောတာ အဲဒီအချိန်ကျရင် ငြိမ်းချမ်းရေးကိစ္စ စဉ်းစားပေးမယ်ဆိုတာမျိုး။
ဆွေးနွေးဖော် - အဲဒီလိုမျိုးမဟုတ်ဘဲ၊ စည်းအတွင်း ဘောင်အတွင်းကိုမဝင်ခဲ့ဘဲနဲ့ လက်နက်ကိုင်ပြီးတော့ မှ နယ်မြေရယူပြီးတော့ အာဏာတည်ဆောက်လို့ ရမယ်ထင်ရင်တော့ တိုင်းပြည်တည်ဆောက်လို့ရမယ် ထင်ရင်တော့ ဒါက တကယ့် နိုင်ငံရေးရည်ရွယ်ချက်မ ဟုတ်ဘူးပေါ့။ သူတို့လူမျိုးပေါ့လေ။ သူတို့ အာဏာရရှိရေးနဲ့ သူတို့ကောင်းစားရေးပေါ့။ တစ်နိုင်ငံလုံးအတိုင်းအတာတွေအနေနဲ့ မဖြစ်ဘူး။ သူတို့ PDF တွေနဲ့လည်း စိတ်ဝမ်းကွဲနေပါပြီ။ PDF နဲ့ကလေ ကရင် လည်းကွဲတယ်။ ပလောင်နဲ့လည်းကွဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့တန်းမှာသေသွားပြီဆို PDF တွေ ချည်းပဲသေတာလေ။ ကရင်လည်းမသေဘူး၊ ကချင်လည်းမသေဘူး၊ ပလောင်လည်းမသေဘူး၊ ကိုးကန့် လည်းမသေဘူး။ PDF က တော်တော်များများ သေတယ်။ အဲဒီဘက်ကျတော့ ဒီနေ့သူတို့ အာဏာတည်ဆောက်တဲ့ဟာကPDFတွေ အသေခံခိုင်း ပြီးတော့ စစ်တပ်ဆီကနေ နယ်မြေဖဲ့ယူပြီးတော့ အာဏာတည် ဆောက်တဲ့နည်းပဲ။ အဲဒီတော့ အခု စစ်တပ်ကဘာ ဖြစ်လာလဲဆိုတော့ စစ်မှုထမ်းဖို့ခေါ်လိုက်တဲ့ဟာမှာ ပြောမယ်ဆိုရင် တစ်သုတ်ပြီး တစ်သုတ်က ထိရောက်နေပြီ။ နောက်ပြီး ပြည်သူ့စစ်တွေ ခေါ်ဆောင်တဲ့ဟာလည်း တော်တော် လေးထိရောက်နေပြီ။ အဲဒီဟာ သည် EAO တွေကို ပြန်ဒုက္ခဖြစ်စေတော့မှာ။
ကျော်နု - မှန်တယ်။ PDF တွေက ဘယ်လောက်ပဲ သူတို့မဟာမိတ်လုပ်နိုင်တယ်ပြောပြော အချိန်တန်ရင် နားလည်သွားတာပေါ့။
ဆွေးနွေးဖော် -ဟုတ်တယ်။ အဲဒါကြောင့်မို့ PDF တွေက သူတို့ ဒီ EAO တွေကျတော့ နည်းနည်း က ရင်၊ ကချင်၊ ကယား၊ ချင်း၊ အဲဒါတွေက သူ့ဟာနဲ့သူ ထိန်းထိန်းသိမ်းသိမ်းရှိတယ်။ ဟိုစောနက ပြောသလို မြောက်သုံးကောင်ကတော့ သူတို့က အဟုတ်ထင်နေတာလေ။
ကျော်နု - ဘဝမှာ တစ်ခါမှမရဖူးတာကို ရသွားတာကိုး။
ဆွေးနွေးဖော် - ဟုတ်တယ်။ မရဖူးတာတွေ ရ၊ မမြင် ဖူးတာတွေမြင်ပြီးတော့မှလေ။ ကိုကျော်နု ထီပေါက်ပြီဆိုရင် လူတွေက ချက်ချင်းလက်ငင်း ကြီးပွားချမ်းသာ ပြီထင်တာလေ။ ကမ္ဘာမှာ ထီပေါက် တဲ့လူ (၁၀)ယောက်မှာပေါ့နော်။ ရေရှည်အတွက်ကလေ တစ် ယောက်နှစ်ယောက်ပဲကျန်ခဲ့တာ။ ကျန်တဲ့(၈) ယောက်က တော်တော်ဒုက္ခဖြစ်သွားတာ။ ဘာဖြစ်လို့လဲဆိုတော့ ထီပေါက်တာကို မျှော်တဲ့လူတွေ၊ ထီပေါက်တာ ကိုလုပ်ခဲ့တဲ့လူတွေမှ မဟုတ်တာ။ ထီပေါက်တဲ့ လူတွေကမကြောက်ဘူး။ သူက အချိန်တစ်ခုနဲ့ ပလန်နဲ့သွားတာလေ။ အဲဒီကျတော့ တပ်မတော်ဆိုတာ နှစ် (၇၀) Constitution တစ်ခုနဲ့ ရပ်တည်ခဲ့တာဖြစ်တယ်။ သူက တည်ဆောက်ထားတဲ့ဟာ။ ဒါကြီးက အမြစ် ပြတ်ဖို့ဆိုတာ ဘယ်လွယ်မှာတုံး။
ကျော်နု - မှန်ပါတယ်။ ဒါပေမဲ့ လိမ်ပြီးပြောခဲ့ကြ တာပဲ။ စစ်တပ်မှာ စစ်တပ်ကွဲနေပြီယောင်ယောင်၊ ဘာယောင်ယောင်၊ ညာယောင်ယောင်ပေါ့။ ဝါဒဖြန့်ခဲ့ကြတာပဲ။
ဆွေးနွေးဖော် - နောက်ဆုံးမှာပြောခဲ့သလို တပ်မ တော်က လုပ်စရာလမ်းတွေအများကြီးရှိတယ်။တ ရုတ်က အခုလိုမျိုးပေါင်းလိုက်တော့လည်း အဆင်ပြေ သွားတာပေါ့။ မပေါင်းလိုက်လည်း တပ်မတော်က အနောက်အုပ်စုနဲ့ ပေါင်းချင်ပေါင်းလို့ရတယ်။ အခု ဗမာလူမျိုးက “အခု ဆီထမင်း၊ အခုစာကလေး ကြော်”လုပ်ခဲ့တဲ့လူမျိုးတွေ။ နောက်တစ်ခုက ခုနက ပြောသလို တပ်မတော်က NUG နဲ့ဆွေးနွေးတယ်။ ကောက်ပြီးတော့ဆွေးနွေးခဲ့ပြီးတော့ PDF နဲ့ ကောက်ပေါင်းလိုက်ရင် တိုင်းရင်းသားလက်နက်ကိုင် တွေအကုန်လုံး ဒုက္ခနဲ့လှလှနဲ့ကိုတွေ့သွားမယ်။ အမှန်ပြောရင် အဲဒီ PDF ကလည်း ဗမာပဲ။ တပ်မ တော်ကလည်း ဗမာပဲ။ ဗမာဆိုတာက အဖေနဲ့သားနဲ့ ပေါ့။ လူကြီးနဲ့ကလေးနဲ့ပေါ့။ အမှန်ပြောရရင် ကျန်တဲ့ လူတွေက ဗမာအချင်းချင်းချတယ်ဆိုပြီး လက်ခုပ်တီး နေတာလေ။ ဗမာအချင်းချင်းမချဘဲ ဗမာအချင်းအ ချင်းပေါင်းသွားရင် သူတို့ ပိုဒုက္ခရောက်သွားမယ်။
ကျော်နု - အဲဒီနေ့က သိပ်မကြာတော့ပါဘူး။
ဆွေးနွေးဖော် - မျောက်ရော၊ ခွေးရော၊ ကြောင်ရော ကျန်မှာမဟုတ်ဘူး။ အကုန် အမြစ်ပြတ်သွားမှာ။
ကျော်နု - အဲဒါကြောင့် ကျွန်တော်ပြောတယ်။ ဗမာ တွေကိုသွားမဆွနဲ့၊ သွားမလုပ်နဲ့ အကုန်သေကုန် လိမ့်မယ်။ အဲဒါကိုပြောတာ။
ဆွေးနွေးဖော်- ဗမာက မထူးတော့ပါဘူးကွာဆိုပြီး၊ မလုပ်ရဲတာမရှိဘူး။ မထူးပါဘူးကွဆိုရင် ဗမာ ဘာမှမ ကြောက်တော့ဘူး။ ဟာ မထူးဘူး ငါတို့က ချမယ်ကွာ ဆိုလို့ကတော့ မလွယ်ဘူး။ အဲဒါ ခွေးတွေ၊ ကြောင် တွေ၊ မျောက်တွေ စဉ်းစားမှာမဟုတ်ဘူး။
ကျော်နု - အလောင်းမင်းတရားကြီး ဘယ်လိုလုပ် လဲဆိုတာ ကြည့်လိုက်လေ။ အဖြေထွက်နေတာပဲ။
ဆွေးနွေးဖော် - ရာဇဝင်ဆိုတာရှိတယ်။ သမိုင်းဆိုတာ ရှိတယ်လေ။ နောက်တစ်ခုက သွေးဆိုတာရှိတယ် လေ။ အဲဒီတော့ အဲဒါကို ကျန်တဲ့လူတွေက သိတော့သိ တယ်။ ဒီအချိန်မှာ သူတို့ကသွေးတိုးစမ်းပြီးတော့ ထိပ် ပွတ်၊ ခေါင်းပွတ်လုပ်ချင်တာပေါ့။ သူက အကြံကုန်နေ ပြီ။ လှံကုန်နေပြီထင်တာလေ။ အမှန်က မကုန်သေး ဘူး။ အများကြီး ထုတ်စရာကျန်သေးတယ်။ အကြံကုန်၊ ဉာဏ်ကုန်ဖြစ်ပြီးတော့ မနက်ဖြန်ပဲထိုးအပ် တော့မယ်၊ သန်ဘက်ခါပဲ ထိုးအပ်တော့မယ်။ သူတို့ ထင်နေတာ။
ကျော်နု -သူတို့မှားနေတာက ဗမာတစ်ယောက်က ဗမာသွေးက (၂၅)ပဲ ပါပါ။ ဗမာစိတ်က သိပ်ကြောက် စရာကောင်းတယ်။ သမိုင်းလည်းနှစ်ရာချီနေပြီ။ အဲဒါ ကို သူတို့ အခုထိနားမလည်သေးဘူး။
ဆွေးနွေးဖော် - ဗမာက တကယ်တမ်းပြောရင် တ ကယ် ဗမာပြည်မှာနေတဲ့တရုတ်တွေ၊ ကုလားတွေက ဗမာတွေကိုကြောက်တယ်။ သူတို့ရဲ့ဘိုးဘေးအစဉ် ဆက်ကတည်းကလေ။ နှစ်ပေါင်း ရာနဲ့ထောင်နဲ့ချီပြီး တော့ သူတို့စောင့်ကြည့်ခဲ့တဲ့အချိန်မှာ ဗမာက ကြောက်စရာကောင်းတဲ့သွေးရှိတယ်။ ဗိုလ်ချုပ်မှူးကြီး ပြောတဲ့စကားရှိတယ်လေ။ ကျွန်တော်မလုပ်ရဲတာ ဘာမှမရှိဘူး။ အဲဒီစကားကို လုပ်ကြည့်ပါလား၊ လုပ်ကြည့်ပါလား လုပ်တာလေ။ အခုလုပ်တယ်လေ။ လုပ်တော့ အကုန်လုံးက ပက်လက်တွေ လန်ကုန် ကြပြီလေ။ ဟိုကပြောနေတယ်လေ။ မလုပ်ရဲတာမရှိဘူး။ ပြောနေတဲ့ဟာကို အဲဒါကို “မလုပ်ပါနဲ့ကွာ တို့ညှိရဦး မှာပါ”လုပ်လိုက်ရင် ပြီးနေတဲ့ကိစ္စကို။ လုပ်ရဲရင်လုပ် ကြည့်လေဆိုတော့ တကယ်လုပ်ထည့်လိုက်ရော။
ကျော်နု- လုပ်ရဲရင်လုပ်ကြည့်လေမဟုတ်ဘူး။ အခု က မင်းတို့မလုပ်ရဲပါဘူးကွာဆိုပြီးတော့ လုပ်တာ။
ဆွေးနွေးဖော် - ဟုတ်တယ်။ အဲဒါကြောင့်မို့လို့ တကယ်တော့မလုပ်ပါနဲ့ကွာ။ အဲဒီလိုလုပ်လို့ အားလုံး အကျိုးပျက်စီးကုန်ပါမယ်။ တို့ညှိရဦးမှာဆို ကောင်းတယ်လေ။ အဲဒီမှာဆိုရင် ဇာတ်လမ်းက တစ်မျိုးဖြစ် သွားမှာပေါ့။ အခုတော့ အကုန်လုံးတော့ အလွန်အကျွံ ဖြစ်ကုန်တာပဲလေ။ အများကြီး ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးကုန်တာပေါ့။ အခုက ပုံမှန်အနေအထားပြန် သွားရဖို့အတွက် အချိန်တစ်ခုထပ်ပေးရဦးမှာ။ အခု မြောက်သုံးကောင်တွေတိုက်တဲ့ကိစ္စကတော့ မခက် ဘူးလို့ထင်တယ်။ စိတ်ထဲမှာလေ။ ဒါပေမဲ့ ခက်မှာက ဘာလဲဆိုတော့ ပြန်ပြီးတော့ စည်းလုံးညီညွတ်အောင် လုပ်ဖို့၊ ပြန်တည်ဆောက်ဖို့ပေါ့။ အဲဒီအပိုင်း ကဏ္ဍနှစ်ခုမှာ ခက်လိမ့်မယ်ထင်တယ်။ အနိုင်တိုက်ဖို့က မခက်ဘူး။ ဒီလိုစည်းလုံးညီညွတ် အောင်လုပ်ဖို့နဲ့ တည်ဆောက်ဖို့ကတော့ ခက်လိမ့်မယ်။ နဂိုကတည်းက အကြွေးတင်နေတာလေ။ အကြွေးတင် နေတဲ့ဟာကို စစ်ကိုင်းတိုင်းကြီးကို အဲဒီလိုနိုင်ပြီထားလိုက်တော့။ နိုင်ပြီးရင် စစ်ကိုင်းတိုင်း မှာ ပျက်စီးဆုံးရှုံးသွားတဲ့ဟာတွေ ဘယ်လိုပြန်တည်ဆောက်မတုံး။ ပြီးတော့ စိုက်ပျိုးရေးစွမ်းအားနဲ့ တည်ဆောက်မယ်ဆိုရင် စိုက်ပျိုးရေး စွမ်းအားက တစ်ဧကကို စပါး (၇၀) လောက်ထွက် အောင်မနည်း လုပ်နေရတာလေ။ အခုထိ စက်မှုလယ် ယာကိုမရောက်နိုင်သေးဘူးလေ။ မရောက်နိုင်သေး တော့ အဲဒီစက်မှုလယ်ယာစွမ်းအားကို မတတ်နိုင်သေးဘူး။ သံယံဇာတတွေ တူးဖော်ပြန်တည်ဆောက်ဖို့ လည်းမလွယ်သေးဘူး။ ကျန်တဲ့လူ့စွမ်းအားအရင်းအမြစ်တွေကိုထုတ်သုံးပြီးတော့ တည်ဆောက်ဖို့လည်း မလွယ်သေးဘူး။ အဲဒီမှာ ကြာသွားနိုင်ခြေရှိတာက အားလုံးစည်းလုံးညီညွတ်ရေးနဲ့ ပြန်လည်တည် ဆောက်ရေးအခန်းကဏ္ဍမှာ ကြာသွားနိုင်တယ်။ တပ်မတော်ကို အမြစ်ဖြတ်ဖို့လည်းမဖြစ်နိုင်ဘူး။ တော် တော်ခက်ခဲတယ်ပေါ့။ ခုနကပြောသလိုပေါ့။ EAO တွေနဲ့ အကုန်လုံးကို တစ်နိုင်ငံလုံးမှာရှိတဲ့ လက်နက် ကိုင်အဖွဲ့အစည်းတွေနဲ့ အမြစ်ဖြတ်ဖို့ဆိုတာကလည်း ခက်ခဲတယ်ပေါ့။ ခက်ခဲတော့ တချို့သော မြောက် သုံးကောင်နဲ့တိုက်တာမျိုးကတော့ မခက်ခဲဘူးလို့ထင် တယ်။ မြောက်သုံးကောင်တိုက်တဲ့ဟာတော့ သူက တရုတ်ရဲ့ထောက်ခံအားပေးမှု ကြီးကြီးမားမားရှိတာ မို့လို့ လုပ်လို့ရတယ်။
ကျော်နု - အကယ်၍ပေါ့လေ။ မြောက်သုံးကောင်က တရုတ်စကားနားမထောင်တော့ဘူးဆိုပါစို့။ ဘာဆက် ဖြစ်နိုင်မလဲ။
(ဆက်လက်ဖော်ပြပါမည်)
zawgyi version
ေက်ာ္ႏုႏွင့္ မိတ္ေဆြမ်ား၏ တိုင္းက်ိဳးျပည္ျပဳအလြတ္သေဘာေဆြးေႏြးခန္း (အပိုင္း-၂ )
ေစာ ေရးသားသည္
NP News - ႏိုဝင္ဘာ ၃ဝ
ေဆြးေႏြးေဖာ္ - အခုကေတာ့ ခုနကေျပာသလိုေပါ့။ အားလုံးကေတာ့ အမွန္တိုင္းေျပာရင္ေတာ့ အခုပယ္တို႔၊ ေဝတို႔ ကိုးကန႔္ေဒသမွာ အကုန္ဇာတ္သိမ္းသြားတယ္။ အခု ဖုန္က တစ္စခန္းထလာတယ္။ တစ္စခန္း ထလာတဲ့ဖုန္က ကိုယ္နဲ႔တန္ရာတန္ ရာကိုမသိဘဲ ေျခလြန္လက္လြန္သြားလုပ္တဲ့အတြက္ ေၾကာင့္မို႔လို႔ သူလည္း ခုနကေျပာသလို ဇာတ္သိမ္းမလွဘူးျဖစ္သြားႏိုင္တယ္ေပါ့။ အားလုံးက ဘဝတစ္သက္တာလုံးမွာေလ ဆင္းဆင္းရဲရဲနဲ႔ပဲျဖတ္ျဖတ္၊ မြဲမြဲေတေတနဲ႔ပဲ ျဖတ္ျဖတ္ ႀကိဳက္သလို ျဖတ္သန္းလို႔ရတယ္။ ဒါေပမဲ့ တကယ္တမ္းေျပာရင္ေတာ့ ဇာတ္သိမ္းေတာ့အေရးႀကီးတယ္။ ဇာတ္သိမ္း မွာအေရးႀကီးဆုံးပဲ။ ဇာတ္အစမွာ ဘယ္သူ ကငိုၿပီးေတာ့ ထြက္လာခဲ့ ထြက္လာခဲ့။ ေအာ္ၿပီးေတာ့ ထြက္ လာခဲ့ ထြက္လာခဲ့ ဒါေပမဲ့ ဇာတ္သိမ္းလွဖို႔ေတာ့ လိုတယ္။ ေမြးဖြားလာတဲ့လူေတြအကုန္လုံးက ငိုၿပီး ေတာ့ထြက္လာၾကတဲ့လူေတြခ်ည္းပဲ။ ဒါေပမဲ့ ျပန္တဲ့ အခ်ိန္မွာ ၿပဳံးၿပီးေတာ့ျပန္ႏိုင္ဖို႔ လိုတာေပါ့။ အဲဒီက် ေတာ့ လူ႔ဘဝတစ္သက္တာလိုပဲ အဖြဲ႕အစည္းတစ္ခုပဲ ျဖစ္ျဖစ္၊ အစိုးရတစ္ခုပဲျဖစ္ျဖစ္လုပ္ၿပီဆိုရင္ တက္ တာကေတာ့ ကမူးရႉးထိုးနဲ႔တက္လာလို႔ရတယ္။ အဆင္း တတ္ဖို႔ပဲလိုတာ။ အဆင္းမဆင္းတတ္ရင္ ပိုဒုကၡ ေရာက္မယ္။ သူတို႔ ကိုယ့္ဘာသာကိုယ္ တန္လားမ တန္လားမေတြးဘဲနဲ႔ ဇြတ္ေလွ်ာက္လုပ္တာ။ အမွန္က သူတို႔ ေလာက္ကိုင္တို႔ ခ်င္းေ႐ႊေဟာ္တို႔ သိမ္းတယ္ဆိုတာေတာင္ ေတာ္ေတာ္လြန္လွၿပီ။ ဒီရမခ ကိုသိမ္းတာက လက္လြန္ေျခလြန္ ျဖစ္သြားတယ္လို႔စိတ္ထဲမွာ ေတြးမိသြားတယ္။ ေက်ာ္ႏု- ဒီရမခ ကို သိမ္းတာကလည္း တပ္က တမင္ကို လုပ္လိုက္တယ္လို႔ပဲ ျမင္သြားတယ္။ အရင္တုန္းကေတာ့ အဲဒီလို မျမင္ဘူး။ အခုေတာ့ျမင္သြားၿပီ။ ေဆြးေႏြးေဖာ္ - ရမခကို လက္လႊတ္လိုက္ၿပီ။ လက္လႊတ္လိုက္ခ်ိန္ ေရာက္ၿပီဆိုရင္ တ႐ုတ္ကို အထိနာမွ ဇာတ္နာသြားမွာျဖစ္မွာေလ။ တ႐ုတ္ကလည္း ရမခကို သိမ္းလိုက္ ရင္ ဥပမာ တပ္ကပိုင္တာနဲ႔ EAO ပိုင္တာ နဲ႔ သူ႔အတြက္ ဘာအက်ိဳးရွိမလဲဆိုတာ ခ်င့္ခ်ိန္လို႔ရမွာ ေပါ့။ လက္ေတြ႕ တပ္ကပိုင္တာက G to G ဆက္ဆံ လို႔ရတယ္ေလ။ ဟို EAO နဲ႔ပိုင္သြားၿပီတဲ့ “ဝ” ကို။ သူ႔ လက္ေအာက္မွာ ေမြးတပည့္ထားတယ္။ ကိုးကန႔္ တစ္ဝက္ ေျမာက္သုံးေကာင္က တပည့္ေမြးလိုက္ တယ္။ ေျမာက္သုံးေကာင္က တရားဝင္အစိုးရမွမ ဟုတ္တာ။ “ဝ” က တရားဝင္အစိုးရမွမဟုတ္တာ။ government မွမဟုတ္တာ။ government မဟုတ္ေတာ့ တ႐ုတ္ကထိၿပီေလ။ တ႐ုတ္က ႏွစ္ခ်က္ကြမ္း ထိၿပီ။ အက်ိဳးစီးပြားလည္းထိၿပီ။ Geopolitic အရ လည္းထိၿပီေလ။ အခု တ႐ုတ္က အခ်ိန္မီလာ သြား တာ ေကာင္းတာ။ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က စိတ္ေပါက္ေပါက္နဲ႔ အေမရိကန္နဲ႔တြဲပစ္လိုက္ရင္ တ႐ုတ္ က ငါးပါးေမွာက္သြားမယ္။ ကိုကိုးကြၽန္းကို အေမရိ ကန္စစ္သား ငါးရာ၊ တစ္ေထာင္ ခ်ထားေပး လိုက္ရင္ တ႐ုတ္နဲ႔အိႏၵိယမွာေလ သူကမာၻတည္သေ႐ြ႕ အိပ္မေပ်ာ္ေတာ့ဘူးေနာ္။ ျမန္မာႏိုင္ငံကႏိုင္ငံ ေရးကစား လိုက္လို႔ရတယ္။ က်န္တာမလုပ္ဘူး။ ျမန္မာျပည္ထဲကို အေမရိကန္စစ္သားေတြမသြင္းဘူး။ အေမရိကန္ စစ္ေလယာဥ္ေတြမသြင္းဘူး။ ကိုကိုးကြၽန္းကိုပဲ စာခ်ဳပ္ခ်ဳပ္ၿပီးေတာ့အပ္လိုက္မယ္။ အႏွစ္ ငါးဆယ္ စာခ်ဳပ္၊ အႏွစ္တစ္ရာ စာခ်ဳပ္ ၿပီးေတာ့ ကိုကိုးကြၽန္းကို အပ္လိုက္မယ္ေလ။ အပ္လိုက္တာနဲ႔ တစ္ၿပိဳင္နက္ တ႐ုတ္ နဲ႔အိႏၵိယကေတာ့ ကြၽမ္းပစ္ဖို႔သာျပင္ေပေတာ့။ ႏိုင္ငံေရးက တစ္ခ်က္လုပ္လိုက္လို႔ ရတယ္။ အဲဒီတစ္ကြက္ကို တ႐ုတ္ကလည္း လည္တယ္။ ဒီဟာကို အဝင္မခံႏိုင္ဘူးေလ။ ဒါေၾကာင့္ ျမန္မာႏိုင္ငံအေရးကို ႏိုင္ငံျခားအဝင္မခံႏိုင္ဘူး၊ ႏိုင္ငံျခားအဝင္မခံႏိုင္ဘူးေျပာေနတာ။ သူလည္းႏိုင္ငံျခား ပဲေလ။ အဲဒီေတာ့ ဖိတ္ခ်င္းဖိတ္ ကိုယ့္အိတ္ထဲဖိတ္ ဇြတ္တိုးဝင္ရတယ္။ တ႐ုတ္က တပ္မေတာ္အစိုးရကို ေတာ့ ခုနက အခ်က္သုံးခ်က္ကိုၾကည့္ခ်င္ေတာ့ သူေကာင္းေကာင္း ေထာက္ပံ့လိမ့္မယ္။ တည္ၿငိမ္ ေအးခ်မ္းေရးကို သူ ေထာက္ခံမယ္။ ေ႐ြးေကာက္ပြဲလည္း တ႐ုတ္က ေထာက္ခံတယ္ဆိုရင္ေတာ့ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ လုပ္ႏိုင္သည္ျဖစ္ေစ၊ မလုပ္ႏိုင္သည္ျဖစ္ေစ ေ႐ြးေကာက္ပြဲ ျဖစ္ေျမာက္ သြားမွာပဲ။ ျဖစ္ေျမာက္သြားရင္ ဗိုလ္ခ်ဳပ္မႉးႀကီးက သမၼတ ျဖစ္သြားမွာပဲ။ သမၼတ ျဖစ္တာနဲ႔ သူ႔ကို ႏိုင္ငံတကာက သမၼတအေနနဲ႔ ဆက္ကိုဆက္ဆံရမွာပဲ။ သူ႔ကို ဘယ္သူမွ ဖယ္ၾကဥ္ထားလို႔ မရေတာ့ ဘူးေလ။ အဲဒီေတာ့ ဒါက ဗိုလ္ခ်ဳပ္မႉးႀကီးက လည္း ဒီဟာကို ရေအာင္သြားရမွာ။ ရေအာင္မသြားရင္ ဒီအတိုင္းပဲ (၆)လ (၆)လ ထိန္းၿပီးရင္လည္း သူက အစိုး ရလို႔ အပီအျပင္ေျပာလို႔မရဘူးေလ။ ေ႐ြး ေကာက္ခံ အစိုးရလို႔ေျပာလို႔မရဘူးေလ။ ေ႐ြးေကာက္ခံအစိုးရ ျဖစ္ေအာင္လုပ္ရမွာ။ ေနာက္တစ္ခုက တည္ၿငိမ္ေအးခ်မ္းေရးကို တ႐ုတ္ကေထာက္ခံတယ္ဆိုရင္ ေျမာက္ သုံးေကာင္ကိုထိန္းလိုက္တာနဲ႔ က်န္တဲ့ကိစၥက ေတာ္ေတာ္အဆင္ေျပသြားမွာ။
ေက်ာ္ႏု - တခ်ိဳ႕ဇာတ္လမ္းေလးေတြကေတာ့ တျဖည္းျဖည္းနဲ႔ ေရးေရးေလးေပၚလာသလိုေတာ့ ခံစားရ ပါတယ္။ ေရွးေခတ္ဘုရင္ေတြရဲ႕စဥ္းစားပုံစဥ္းစား နည္းနဲ႔စဥ္းစားတဲ့အခါက်ေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕ စဥ္းစားပုံကိုလည္း အၾကမ္းဖ်င္းမွန္းလို႔ရမယ္လို႔ ယူဆတယ္။
ေဆြးေႏြးေဖာ္ - ကြၽန္ေတာ္စဥ္းစားတဲ့ပုံစံက ဟိုတုန္းကဆိုရင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔၊ ဦးေနဝင္းတို႔ေပါ့။ ကြၽန္ေတာ္ေကာင္းေကာင္းမမီလိုက္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ရွိတဲ့အခ်ိန္တုန္းက ဦးေနဝင္းတို႔ရွိ တဲ့အခ်ိန္တုန္းက ကြၽန္ေတာ္က အရမ္းငယ္ေသးတယ္ေလ။ ဒါေပမဲ့ အိမ္မွာဦးသန္းေ႐ႊကစၿပီးေကာင္း ေကာင္းမီလိုက္ေတာ့ ေနာက္ဆုံး ကြၽန္ေတာ္ဘာစဥ္းစားလဲဆိုေတာ့ ဦးသန္းေ႐ႊ ဗိုလ္ခ်ဳပ္မႉးႀကီးလုပ္တဲ့ အခ်ိန္မွာ ဦးသန္းေ႐ႊ ဘာစဥ္းစားမလဲဆိုတာေတာ့ အၿမဲတမ္း စဥ္းစားတယ္။ သူ႔ေနရာမွာကိုယ္ဆိုရင္ ဘာလုပ္မလဲ ဆိုတာ စဥ္းစားတယ္။ ၿပီးေတာ့ ေနာက္အရင္တုန္းက သူ စာဖတ္တယ္ဆိုေတာ့ ဘယ္စာကို ဖတ္ၿပီးေတာ့မွ ဒီႏိုင္ငံေရးကို ဘယ္ေနရာကေနဘယ္လို စီမံခန႔္ခြဲမလဲ၊ ဘယ္လိုအုပ္ခ်ဳပ္မလဲေပါ့။ ေနာက္ ဆုံးေတာ့ ႏွစ္ငါးဆယ္ဟာကိုပဲ ၾကည့္ၾကည့္၊ ႏွစ္ငါးရာဟာကိုပဲ ၾကည့္ၾကည့္ ဒါပဲျပန္ကိုးကားရတာပဲေလ။ အသစ္အဆန္းရယ္လို႔ေတာ့ သိပ္မထြက္ပါဘူး။ ကမာၻႀကီးမွာ မတ္သတ္ေတြက အေဟာင္းေတြခ်ည္းပါပဲ။ အဲဒီမွာ ပုံစံ မ်ိဳးစုံေျပာင္းလုပ္ၾကတယ္ေပါ့။ ေနာက္ ဗိုလ္ခ်ဳပ္မႉး ႀကီး ဦးသန္းေ႐ႊၿပီးသြားေတာ့ ဦးသိန္းစိန္ ေလ။ ဦးသိန္းစိန္က်ေတာ့ ဘာစဥ္းစားမလဲလို႔ စဥ္းစားၾကည့္တယ္။ ေနာက္တစ္ခါ ေဒၚေအာင္ဆန္းစု ၾကည္။ ေဒၚေအာင္ဆန္းစုၾကည္ ဘာစဥ္းစားမလဲ စဥ္းစားမယ္။ သူတို႔ဘာစဥ္းစားမလဲဆိုတာကို။ တခ်ိဳ႕ကေျပာတယ္ ဘာျဖစ္မွန္းကို မသိပါဘူး။ လိုက္လို႔ကိုမမီေတာ့ပါဘူး။ ေျပာေနတဲ့ဟာမ်ိဳး လိုက္လို႔မမီေတာ့ဘူးဆိုတဲ့လူက မမီေတာ့ဘူးပဲ။ ကြၽန္ေတာ္တို႔က စဥ္းစားတယ္။ လိုက္ လို႔မမီဘူး။ သူလုပ္စရာ သုံးခုပဲရွိတယ္။ ကိုယ္ဆိုရင္ ဘာလုပ္မလဲ။ နံပါတ္တစ္ ဘာလုပ္မလဲ။ နံပါတ္ႏွစ္ ဘာလုပ္မလဲ။ နံပါတ္သုံး ဘာလုပ္မလဲ ကြၽန္ေတာ္က တြက္လို႔ရတယ္။ သူလုပ္စရာ ႏွစ္ခုပဲရွိတယ္။ အဲဒီႏွစ္ ခုထဲက ဘာလုပ္မလဲ။ ဒါပဲ။
ေက်ာ္ႏု -အဲဒီႏွစ္ခုထဲမွာ နံပါတ္တစ္က သူက သူ႔အာဏာတည္ၿမဲေရးက နံပါတ္တစ္မဟုတ္ဘူးလား။
ေဆြးေႏြးေဖာ္ - အာဏာတည္မွလည္း အုပ္ခ်ဳပ္လို႔ ရမွာ။ ေနာက္တစ္ခါက ဘာလဲဆိုေတာ့ သမိုင္းမွာ အာ ဏာသိမ္းတယ္ပဲ ေျပာေျပာ၊ ထိန္းတယ္ပဲေျပာေျပာ သူ႔ေလာက္ သူစြန႔္စားၿပီးေတာ့မွေပါ့။ စြန႔္လႊတ္ၿပီး ေတာ့မွထိန္းတဲ့လူက ရွားတယ္။ သူ႔ဘာသာ မလုပ္ခ်င္ ဘဲပဲ လုပ္လုပ္၊ လုပ္ခ်င္လို႔ပဲလုပ္လုပ္ေပါ့ေလ။ ဘာျဖစ္လို႔လဲဆိုေတာ့ သူအဲဒီေလာက္ႀကီးေပးဆပ္ထားတဲ့အတြက္ေၾကာင့္မို႔လို႔ ဘယ္သူ႔ကိုမွလည္း လႊဲ ေျပာင္းေပးမွာမဟုတ္ဘူး။ ဘယ္သူ႔ကိုမွလည္း လႊဲ ေျပာင္းမေပးဘူး။ ေျပာရမယ္ဆိုရင္ သူေလွ်ာက္ခဲ့တဲ့ လမ္းကို ၿပီးေအာင္ေတာ့ေလွ်ာက္မွာ ဒါပဲ။ အဲဒါကို တခ်ိဳ႕လူေတြက ဟိုလူကဖ်က္ၿပီးအာဏာသိမ္းတယ္။ ဒါဘယ္သူမွ အာဏာသိမ္းလို႔မရဘူး။ အားလုံးက သူ စဥ္းစားထားၿပီးသား အကုန္လုံးလည္းစဥ္းစား ထားၿပီးသား ဒါေၾကာင့္မို႔လို႔ ဘယ္လိုေျပာမလဲဆိုေတာ့ ဒီအာ ဏာတည္ၿမဲေရးကို ေနာက္တစ္ခုက အခုက ဗိုလ္ခ်ဳပ္မႉးႀကီးကို တစ္ခါတေလက်ေတာ့ ေပ်ာ့တယ္။ မျပတ္ဘူးလို႔ထင္ဖြယ္ရာရွိတယ္။ ဒါေပမဲ့ ႏိုင္ငံေရးပရိယာယ္ဆိုတာ အထြတ္အထိပ္မွာရွိတဲ့လူက သူ႔ရဲ႕ အမိန႔္တစ္ခ်က္က အခ်ိန္မေ႐ြးျပတ္ေအာင္ လုပ္လို႔ရတယ္။ သူရဲ႕အေပ်ာ့က အခ်ိန္မေ႐ြးမာေအာင္ လုပ္လို႔ရတယ္။ ဒါေပမဲ့ ေဘးကၾကည့္တဲ့လူေတြ က အားမလိုအားမရျဖစ္ၿပီး ေပ်ာ့တယ္၊ မျပတ္ဘူး၊ ဘာျဖစ္တယ္၊ ညာျဖစ္ တယ္ေပါ့ေနာ္။ မဟုတ္ဘူး။ သူ႔မွာလည္း သူ႔အေတြးအေခၚနဲ႔ သူ႔အိုင္ဒီယာနဲ႔သူရွိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဦးသိန္းစိန္လက္ထက္ မွာ အကုန္လုံးက လိုင္ဇာကို သြားခ်ဖို႔လုပ္ၿပီးၿပီ။ လိုင္ဇာကိုခ်ဖို႔လုပ္တဲ့ဟာမွာ အဲဒီရဲ႕ျဖစ္စဥ္ႀကီးကို ဖ်က္ပစ္လိုက္ရတာေလ။ ဘာျဖစ္ လို႔လဲဆိုေတာ့ တ႐ုတ္ကပဲ အဲဒီကိုလွမ္းၿပီးေတာ့ ဖိအားေပးလိုက္ ေတာ့ အဲဒီလိုမ်ိဳးဖ်က္လိုက္တာ တ ကယ့္တကယ္တမ္းေျပာရင္ တစ္ခါတေလက်ေတာ့ တိုက္ခ်င္တိုင္း လည္း တိုက္လို႔မရဘူး။ ဒါေပမဲ့ တိုက္ခ်င္တဲ့အခ်ိန္ေရာက္ရင္လည္း တိုက္ရမွာပဲ။ အဲဒီေတာ့ ဒီခရီးစဥ္ အၿပီးမွာ အေျပာင္းအလဲကေတာ့ ျဖစ္လာလိမ့္မယ္။ ကမာၻ႔ႏိုင္ငံေရး အေျပာင္းအလဲကလည္း ထရမ့္ႏိုင္ သြားၿပီ။ ထရမ့္မႏိုင္ဘဲနဲ႔ ဟားရစ္ႏိုင္သြားတယ္ဆိုရင္ ဒါကသူတို႔ရဲ႕လုပ္ထုံးလုပ္နည္းအတိုင္း ဆက္သြား မွာေလ။ သူတို႔က ဘယ္လိုေျပာမလဲဆိုေတာ့ ဒီမိုကရက္တစ္အဖြဲ႕က ကမာၻကို ႏိုင္ငံေရးကစားမွာကိုး။ အကုန္လုံး ႏိုင္ငံေရးကစားမယ္။ အဲဒီလို စြက္ ဖက္တာေတြေရာ၊ ကူညီတာေတြကိုေရာ၊ ေထာက္ပံ့ တာ ေတြေရာေပါ့ေလ။ အခု ထရမ့္ကေနာ္ သူ႔ႏိုင္ငံမွာ ရွိေနတဲ့ ျမန္မာႏိုင္ငံသားေတြ ေတာ္ေတာ္ဒုကၡျဖစ္လိမ့္ မယ္ေနာ္။ မွားတာနဲ႔လုပ္မွာ၊ ျပန္ပို႔မွာေနာ္။ ျပန္ပို႔ရင္ အဲဒီကေနၿပီးေတာ့မွ အေမရိ ကန္သြားၿပီးေဟာင္ ေနတဲ့ ဟာေတြ ဒုကၡေရာက္ဦးမွာေနာ္။ အင္းစိန္ တစ္ခါတည္း တန္းဝင္သြားမွာေနာ္။ အဲဒါျပႆနာရွိ တယ္ေနာ္။ အဲဒါေၾကာင့္မို႔လို႔ ထရမ့္က မလုပ္ဘူးမထင္နဲ႔။
ေက်ာ္ႏု - ထရမ့္က ကိုယ့္ႏိုင္ငံေကာင္းဖို႔အတြက္ကို ဘယ္ေကာင့္မွဂ႐ုစိုက္မေနဘူး။
ေဆြးေႏြးေဖာ္ - ကင္ဂ်ဳံအန္သြားၿပီးေတာ့ လက္ဆြဲ ႏႈတ္ဆက္ရင္လည္း ႏႈတ္ဆက္ေနတာပဲ။ အေမရိကန္ ဘယ္သမၼတမွ မလုပ္တဲ့ဟာေတြေလ။ ေနာက္ၿပီး ပူတင္နဲ႔ ဟိုဘက္ကစစ္ျဖစ္ေနတဲ့အေနအထားေတြ နဲ႔က ပူတင္နဲ႔ဘယ္ႏိုင္ငံမွာသြားေတြ႕ၾကမယ္လုပ္ရင္ လုပ္ေနမွာ ။ မလုပ္ဘူးေျပာလို႔မရဘူးေနာ္။ သူက အဲဒီက်ေတာ့ အဲဒါေတြက သူတို႔ရဲ႕စဥ္းစားခ်က္တစ္ခုဟာ အေျပာင္းအလဲေတြအမ်ားႀကီးျဖစ္သြားႏိုင္ တယ္။ ကမာၻ႔ႏိုင္ငံေရးအေျပာင္းအလဲဟာ ျမန္မာကိုလည္း လႈပ္ခတ္ႏိုင္တာပဲ။ ျမန္မာ့ႏိုင္ငံေရးအေျပာင္း အလဲဟာ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔လည္း အမ်ားႀကီးဆိုင္တယ္ေလ။
ေက်ာ္ႏု - အခုတ႐ုတ္ခရီးစဥ္ကို ၾကည့္ျခင္းအားျဖင့္ ကြၽန္ေတာ္တို႔အခ်ိဳ႕ကိစၥေတြက အေျဖကထြက္သြား တယ္လို႔ခံစားရတယ္။ ေနာက္တစ္ခုက နယ္စပ္လက္ နက္ကိုင္အဖြဲ႕အစည္းေတြေတာ္ေတာ္မ်ားမ်ားက ဒီခ ရီးစဥ္ကိုၾကည့္ၿပီးေတာ့ အခုခ်ိန္အထိ မစဥ္းစားမသုံး သပ္ႏိုင္ရင္ေတာ့ အဲဒီအဖြဲ႕အစည္းေတြ အကုန္ လုံး ဘဝပ်က္ၿပီ။
ေဆြးေႏြးေဖာ္ - အဲဒါကရွင္းရွင္းေလးပဲ။ ေလွကားကဆင္းခဲ့ရင္ မင္းလက္နက္ကို အေပၚမွာထားခဲ့လိုက္ လူခ်ည္းပဲဆင္းခဲ့လိုက္ အဲဒါဆို ရွင္သန္ခြင့္ရမယ္။ လက္နက္နဲ႔ အေပၚကေနၿပီးေတာ့ပဲ ဘာလုပ္ရမွန္းမ သိဘူးဆိုရင္အေပၚမွာ က်ည္ကုန္ေအာင္ပစ္၊ ပစ္ၿပီး ဆယ္ထပ္တိုက္ကမင္းခုန္ခ် ဒါပဲရွိတယ္။ ဘာျဖစ္ လို႔လဲဆိုေတာ့ ေလွကားကလက္နက္နဲ႔ ဆင္းလာခြင့္ ရမွာမဟုတ္ဘူး။ ေလွကားက အသက္ရွင္လ်က္ ဆင္းခ်င္ရင္ မင္းအခု တစ္သက္လုံး လုံးဝမေရာက္ဖူးတဲ့ ဆယ္ထပ္တိုက္ေရာက္ေနတာေလ။ အဲဒီဆယ္ ထပ္ တိုက္ေပၚမွာ လက္နက္ကိုထားခဲ့။ အဲဒီလိုမလုပ္ဘူး ရွက္တယ္ဆိုရင္ ဆယ္ထပ္တိုက္ေပၚက ခုန္ခ်ေပါ့။ ဒါပဲရွိတာပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔အတက္ေတာ့ တက္သြားတတ္တယ္။ အဆင္းက် ဆင္းဖို႔ေတာ့ ခက္မယ္ထင္တာပဲ။
ေက်ာ္ႏု - အခုသူတို႔ေျပာေနတဲ့ ေႏြဦးေတာ္လွန္ေရးတို႔၊ လူထုေတာ္လွန္ေရးတို႔၊ အာဏာရွင္ျဖဳတ္ခ် ေရးတို႔ ဒီမိုကေရစီေရးတို႔ဆိုတာ တိုင္းရင္းသားလက္နက္ကိုင္ေတြ ေအာ္ခ်င္တာေအာ္ေနတာပဲရွိ တာျဖစ္ ႏိုင္ပါ့မလား။ အခုအခင္းအက်င္းကို အားလုံးၾကည့္လိုက္ရင္။
ေဆြးေႏြးေဖာ္ - သူတို႔ ႏွစ္ (၇၀)လုပ္ၿပီးၿပီ။ အဲဒီကိစၥ တစ္ခုက ႏွစ္(၇၀)မွာ သူတို႔ ဘာမွထူးျခားမလာခဲ့ ဘူး။ ေနာက္ဆုံးမွာေျပာရရင္ ေတာ္လွန္ေရးလုပ္စား၊ ႏိုင္ငံေရးလုပ္စားေတြျဖစ္ေနၿပီ။ အဲဒီထဲမွာ အခု ေျမာက္သုံးေကာင္လုပ္ရပ္သည္ နယ္ေျမစိုးမိုးေရးနဲ႔ ဗိုလ္က်အႏိုင္က်င့္ေရးေပါ့။ သူရဲ႕ရည္႐ြယ္ခ်က္ ဘာႏိုင္ငံေရး တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ဘာမွသူတို႔မွာ ရည္႐ြယ္ခ်က္မရွိဘူး။ ရခိုင္ကလည္းရခိုင္ ျပည္နယ္က အလြန္မွာ ရည္႐ြယ္ခ်က္မရွိဘူး။ ကိုးကန႔္ကလည္း ေဝးေရာ၊ ပေလာင္လည္းေဝးေရာေပါ့။ ပေလာင္က မိုးကုတ္ကိုသိမ္းခ်င္တာပဲ၊ ကိုးကန႔္က ခ်င္းေ႐ႊေဟာ္နဲ႔ ေလာက္ကိုင္ကို ပိုင္ပိုင္ႏိုင္ႏိုင္ရခ်င္ တာ။ “ဝ” က ပန္ ခန္းကိုရသလိုမ်ိဳး၊ မိုင္းလားက မိုင္းလားကိုရထားသလိုမ်ိဳး အဲဒီလိုမ်ိဳး အဲဒီဟာကို သူတို႔အိမ္မက္မက္တာ။ ေနာက္ဆုံး သူတို႔ျပည္နယ္မွာလာၿပီဆိုရင္ မင္းတို႔ ဘယ္စစ္တပ္က လာလာ။ ဘယ္ရဲကလာလာ ငါတို႔ လက္နက္မယူလာနဲ႔ ငါတို႔ခြင့္ျပဳခ်က္ရွိမွလာ၊ ခြင့္ျပဳခ်က္မရွိရင္မလာနဲ႔။ ငါတို႔ျပည္နယ္ကရတဲ့ဟာကို မင္း တို႔ဗဟိုအစိုးရကလည္း မေပးႏိုင္ဘူး။ မေပးခ်င္ဘူးေပါ့။ “ဝ” လိုမ်ိဳး သီးျခားရပ္တည္မယ္။ ႏိုင္ငံတစ္ႏိုင္ငံ ခြဲမထြက္ဘူး။ ဘယ္လိုလုပ္ ခြဲထြက္လို႔ရမလဲ။ တ႐ုတ္ ျပည္ထဲ မွာသြားဝင္ၾကည့္လိုက္ပါလား။ “ ဝ” က တ႐ုတ္ ျပည္ထဲမွာ တ႐ုတ္ျပည္ရဲ႕သစၥာကိုခံၿပီးေတာ့ ဝင္ၾကည့္ လိုက္ေလ။ “ဝ” ဖြတ္ဖြတ္ညက္ညက္ေၾကသြားမွာေပါ့။ “ဝ” က အဲဒီက်ေတာ့ တ႐ုတ္ျပည္ကို တပည့္ပဲ ခံထားတယ္။ မဝင္ဘူး။ ဒီျမန္မာျပည္က်ေတာ့ အာခံထားတယ္။ တ႐ုတ္ျပည္က်ေတာ့ တပည့္ခံထား တယ္။ ဟိုဘက္ဒီဘက္ ခံေတာ့ခံတယ္။ မခံတာက သူမခံရ ေရးအတြက္ တစ္ဖက္ကို အာခံတယ္။ တစ္ဖက္ကို တပည့္ခံတယ္။ အဲဒီ Policy ကို ရခိုင္ကလည္း ဒီလိုလုပ္ခ်င္တယ္။ ကိုးကန႔္ကလည္း ဒီလိုလုပ္ခ်င္တယ္။ KIA ကလည္း ဒီလိုလုပ္ခ်င္တယ္။ အကုန္လုံးက အဲဒါကို “ဝ” ကို စံနမူနာယူၿပီးေတာ့ က်န္တာ အိပ္ မက္မက္လာၿပီ။ အဲဒီက်ေတာ့ ျမန္မာ့တပ္မေတာ္ဆို တာကလည္း အဲဒီေလာက္ႀကီးေတာ့ ဘယ္အျဖစ္ခံမတုန္း။ “ဝ” ဆိုတာက “ဝ” ျပည္ႀကီးက အစြန္အဖ်ားက် ၿပီးေတာ့မွေျပာမယ္ဆိုရင္ အက်ိဳးသိပ္သက္ေရာက္မႈ မရွိတဲ့အတြက္ေၾကာင့္မို႔လို႔ “ဝ” ကို နည္းနည္းေလးလ်စ္လ်ဴရႈထားတဲ့သေဘာ ပဲေလ။ “ဝ” ျပည္ကို ဦးသန္းေ႐ႊလက္ထက္တုန္းက “ဝ”ျပည္ဘာညာ၊ “ဝ”ေတြ ဘာျဖစ္တယ္ ညာျဖစ္တယ္။ ေျပာတဲ့အခ်ိန္က ေနာက္ဆုံး ၿငိမ္းခ်မ္းေရးသြားယူလိုက္တယ္။ ယူၿပီးေတာ့မွ ၿမိဳ႕ထဲကို ေခၚသြင္းလိုက္တယ္။ “ဝ” ေတြကို စီးပြားေရးေတြလုပ္ခိုင္းလိုက္တယ္။ သူတို႔ရဲ႕ ၾကမ္း တမ္းစိတ္ေတြ သက္သာမယ္ဆိုတဲ့စိတ္နဲ႔လုပ္ခိုင္း တယ္။ လုပ္ခိုင္းေတာ့ အထိုက္အေလ်ာက္ေတာ့ ေပ်ာက္ပါတယ္။ ဒါေပမဲ့ “ဝ” ျပည္မွာက်ေတာ့ သူတို႔တစ္ဖက္တစ္လမ္းကေန သူတို႔ရဲ႕စစ္ႀကီးရဲ႕ စစ္တပ္ ကို ပိုၿပီး ေတာ့တည္ေဆာက္သြားခဲ့တာေပါ့။ သူတို႔အာ ဏာကိုပိုႀကီးေအာင္ ဒီအႏွစ္ (၃၀)မွာ အဲဒါကိုလုပ္ သြားလိုက္တာ “ဝ”ကဘာျဖစ္လို႔လဲဆိုေတာ့ ကမာၻမွာ မူးယစ္ေဆးအမ်ားဆုံးေရာင္းတာကို မူးယစ္ ေဆးေရာင္း လို႔ရတဲ့ပိုက္ဆံနဲ႔ သူက အဲဒီဟာကို လုပ္လိုက္တယ္။ ဒါေပမဲ့ ရန္ကုန္၊ မႏၲေလးၿမိဳ႕ ေပၚေတြမွာ သူတို႔ကို လုပ္ပိုင္ခြင့္ေတြေပးတယ္။ လာၿပီး ဟန္ျပစီးပြားေရး ေတြလာလုပ္တယ္။ လာလုပ္ၿပီးေတာ့ သာယာသင့္သ ေလာက္ေတာ့ သာယာတယ္။ အိုက္ေဟာက္စ္တို႔ေပါ့။ သာယာေပ မယ့္လည္း တကယ့္တကယ္တမ္းက်ေတာ့ “ဝ” ေတြရဲ႕ရည္႐ြယ္ခ်က္က ေငြကိုမက္တာမဟုတ္ဘူး။ သူတို႔က အသားစားရရင္ရၿပီ။ အသားစားရဖို႔အတြက္ သူတို႔နယ္ေျမကို ပိုင္ပိုင္ႏိုင္ႏိုင္ျဖစ္ဖို႔အတြက္ လက္ နက္ကိုတည္ေဆာက္သြားမွာ။ သူတို႔ဆီမွာ ငါးႏွစ္က ေလးေတြကစၿပီးေတာ့ စစ္ယူနီေဖာင္းဝတ္ေနၿပီ။ငါး ႏွစ္၊ ေျခာက္ႏွစ္က စဝတ္ေနၿပီ။ အဲဒီဟာကို က်န္တဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြက အခု အားက် လာတယ္။ အားက်ၿပီးေတာ့ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ဘယ္လက္နက္ကိုင္အဖြဲ႕အစည္းကမွ မလႊမ္း ၿခဳံႏိုင္ဘူး။ ဘယ္ဟာမွလည္း သူတို႔ရည္႐ြယ္ခ်က္လည္းမရွိ ဘူး။ တကယ္လို႔ ဖက္ဒရယ္ဆိုတာကို တကယ္ရည္႐ြယ္ၾကတယ္ဆိုရင္ လႊတ္ေတာ္ထဲကို ရေအာင္ဝင္ရ မယ္။ ဖက္ဒရယ္ကို တကယ္ ရည္႐ြယ္ ရင္ စားပြဲေပၚကို ရေအာင္တက္ရမယ္။ စားပြဲခုံေပၚကို သူတို႔လာရမယ္။ အဲဒီအတြက္ေၾကာင့္မိုလို႔ ဒီလူေတြရဲ႕ ႏိုင္ငံေရးရည္႐ြယ္ခ်က္၊ တခ်ိဳ႕သတင္းေတြက ထုတ္ျပန္တယ္။ Eleven တို႔ကေလ ေျမာက္သုံးေကာင္အဖြဲ႕ေတြက ႏိုင္ငံေရးရည္႐ြယ္ခ်က္ အမွန္တကယ္ရွိတယ္ဆိုရင္ ေတာ့ စည္းအတြင္း၊ ေဘာင္အတြင္း ရေအာင္ဝင္ခဲ့ေပါ့။
ေက်ာ္ႏု - ဗိုလ္ခ်ဳပ္မႉးႀကီးေျပာတာ အဲဒီအခ်ိန္က်ရင္ ၿငိမ္းခ်မ္းေရးကိစၥ စဥ္းစားေပးမယ္ဆိုတာမ်ိဳး။
ေဆြးေႏြးေဖာ္ - အဲဒီလိုမ်ိဳးမဟုတ္ဘဲ၊ စည္းအတြင္း ေဘာင္အတြင္းကိုမဝင္ခဲ့ဘဲနဲ႔ လက္နက္ကိုင္ၿပီးေတာ့ မွ နယ္ေျမရယူၿပီးေတာ့ အာဏာတည္ေဆာက္လို႔ ရမယ္ထင္ရင္ေတာ့ တိုင္းျပည္တည္ေဆာက္လို႔ရမယ္ ထင္ရင္ေတာ့ ဒါက တကယ့္ ႏိုင္ငံေရးရည္႐ြယ္ခ်က္မ ဟုတ္ဘူးေပါ့။ သူတို႔လူမ်ိဳးေပါ့ေလ။ သူတို႔ အာဏာရရွိေရးနဲ႔ သူတို႔ေကာင္းစားေရးေပါ့။ တစ္ႏိုင္ငံလုံးအတိုင္းအတာေတြအေနနဲ႔ မျဖစ္ဘူး။ သူတို႔ PDF ေတြနဲ႔လည္း စိတ္ဝမ္းကြဲေနပါၿပီ။ PDF နဲ႔ကေလ ကရင္ လည္းကြဲတယ္။ ပေလာင္နဲ႔လည္းကြဲတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေရွ႕တန္းမွာေသသြားၿပီဆို PDF ေတြ ခ်ည္းပဲေသတာေလ။ ကရင္လည္းမေသဘူး၊ ကခ်င္လည္းမေသဘူး၊ ပေလာင္လည္းမေသဘူး၊ ကိုးကန႔္ လည္းမေသဘူး။ PDF က ေတာ္ေတာ္မ်ားမ်ား ေသတယ္။ အဲဒီဘက္က်ေတာ့ ဒီေန႔သူတို႔ အာဏာတည္ေဆာက္တဲ့ဟာကPDFေတြ အေသခံခိုင္း ၿပီးေတာ့ စစ္တပ္ဆီကေန နယ္ေျမဖဲ့ယူၿပီးေတာ့ အာဏာတည္ ေဆာက္တဲ့နည္းပဲ။ အဲဒီေတာ့ အခု စစ္တပ္ကဘာ ျဖစ္လာလဲဆိုေတာ့ စစ္မႈထမ္းဖို႔ေခၚလိုက္တဲ့ဟာမွာ ေျပာမယ္ဆိုရင္ တစ္သုတ္ၿပီး တစ္သုတ္က ထိေရာက္ေနၿပီ။ ေနာက္ၿပီး ျပည္သူ႔စစ္ေတြ ေခၚေဆာင္တဲ့ဟာလည္း ေတာ္ေတာ္ ေလးထိေရာက္ေနၿပီ။ အဲဒီဟာ သည္ EAO ေတြကို ျပန္ဒုကၡျဖစ္ေစေတာ့မွာ။
ေက်ာ္ႏု - မွန္တယ္။ PDF ေတြက ဘယ္ေလာက္ပဲ သူတို႔မဟာမိတ္လုပ္ႏိုင္တယ္ေျပာေျပာ အခ်ိန္တန္ရင္ နားလည္သြားတာေပါ့။
ေဆြးေႏြးေဖာ္ -ဟုတ္တယ္။ အဲဒါေၾကာင့္မို႔ PDF ေတြက သူတို႔ ဒီ EAO ေတြက်ေတာ့ နည္းနည္း က ရင္၊ ကခ်င္၊ ကယား၊ ခ်င္း၊ အဲဒါေတြက သူ႔ဟာနဲ႔သူ ထိန္းထိန္းသိမ္းသိမ္းရွိတယ္။ ဟိုေစာနက ေျပာသလို ေျမာက္သုံးေကာင္ကေတာ့ သူတို႔က အဟုတ္ထင္ေနတာေလ။
ေက်ာ္ႏု - ဘဝမွာ တစ္ခါမွမရဖူးတာကို ရသြားတာကိုး။
ေဆြးေႏြးေဖာ္ - ဟုတ္တယ္။ မရဖူးတာေတြ ရ၊ မျမင္ ဖူးတာေတြျမင္ၿပီးေတာ့မွေလ။ ကိုေက်ာ္ႏု ထီေပါက္ၿပီဆိုရင္ လူေတြက ခ်က္ခ်င္းလက္ငင္း ႀကီးပြားခ်မ္းသာ ၿပီထင္တာေလ။ ကမာၻမွာ ထီေပါက္ တဲ့လူ (၁၀)ေယာက္မွာေပါ့ေနာ္။ ေရရွည္အတြက္ကေလ တစ္ ေယာက္ႏွစ္ေယာက္ပဲက်န္ခဲ့တာ။ က်န္တဲ့(၈) ေယာက္က ေတာ္ေတာ္ဒုကၡျဖစ္သြားတာ။ ဘာျဖစ္လို႔လဲဆိုေတာ့ ထီေပါက္တာကို ေမွ်ာ္တဲ့လူေတြ၊ ထီေပါက္တာ ကိုလုပ္ခဲ့တဲ့လူေတြမွ မဟုတ္တာ။ ထီေပါက္တဲ့ လူေတြကမေၾကာက္ဘူး။ သူက အခ်ိန္တစ္ခုနဲ႔ ပလန္နဲ႔သြားတာေလ။ အဲဒီက်ေတာ့ တပ္မေတာ္ဆိုတာ ႏွစ္ (၇၀) Constitution တစ္ခုနဲ႔ ရပ္တည္ခဲ့တာျဖစ္တယ္။ သူက တည္ေဆာက္ထားတဲ့ဟာ။ ဒါႀကီးက အျမစ္ ျပတ္ဖို႔ဆိုတာ ဘယ္လြယ္မွာတုံး။
ေက်ာ္ႏု - မွန္ပါတယ္။ ဒါေပမဲ့ လိမ္ၿပီးေျပာခဲ့ၾက တာပဲ။ စစ္တပ္မွာ စစ္တပ္ကြဲေနၿပီေယာင္ေယာင္၊ ဘာေယာင္ေယာင္၊ ညာေယာင္ေယာင္ေပါ့။ ဝါဒျဖန႔္ခဲ့ၾကတာပဲ။
ေဆြးေႏြးေဖာ္ - ေနာက္ဆုံးမွာေျပာခဲ့သလို တပ္မ ေတာ္က လုပ္စရာလမ္းေတြအမ်ားႀကီးရွိတယ္။တ ႐ုတ္က အခုလိုမ်ိဳးေပါင္းလိုက္ေတာ့လည္း အဆင္ေျပ သြားတာေပါ့။ မေပါင္းလိုက္လည္း တပ္မေတာ္က အေနာက္အုပ္စုနဲ႔ ေပါင္းခ်င္ေပါင္းလို႔ရတယ္။ အခု ဗမာလူမ်ိဳးက “အခု ဆီထမင္း၊ အခုစာကေလး ေၾကာ္”လုပ္ခဲ့တဲ့လူမ်ိဳးေတြ။ ေနာက္တစ္ခုက ခုနက ေျပာသလို တပ္မေတာ္က NUG နဲ႔ေဆြးေႏြးတယ္။ ေကာက္ၿပီးေတာ့ေဆြးေႏြးခဲ့ၿပီးေတာ့ PDF နဲ႔ ေကာက္ေပါင္းလိုက္ရင္ တိုင္းရင္းသားလက္နက္ကိုင္ ေတြအကုန္လုံး ဒုကၡနဲ႔လွလွနဲ႔ကိုေတြ႕သြားမယ္။ အမွန္ေျပာရင္ အဲဒီ PDF ကလည္း ဗမာပဲ။ တပ္မ ေတာ္ကလည္း ဗမာပဲ။ ဗမာဆိုတာက အေဖနဲ႔သားနဲ႔ ေပါ့။ လူႀကီးနဲ႔ကေလးနဲ႔ေပါ့။ အမွန္ေျပာရရင္ က်န္တဲ့ လူေတြက ဗမာအခ်င္းခ်င္းခ်တယ္ဆိုၿပီး လက္ခုပ္တီး ေနတာေလ။ ဗမာအခ်င္းခ်င္းမခ်ဘဲ ဗမာအခ်င္းအ ခ်င္းေပါင္းသြားရင္ သူတို႔ ပိုဒုကၡေရာက္သြားမယ္။
ေက်ာ္ႏု - အဲဒီေန႔က သိပ္မၾကာေတာ့ပါဘူး။
ေဆြးေႏြးေဖာ္ - ေမ်ာက္ေရာ၊ ေခြးေရာ၊ ေၾကာင္ေရာ က်န္မွာမဟုတ္ဘူး။ အကုန္ အျမစ္ျပတ္သြားမွာ။
ေက်ာ္ႏု - အဲဒါေၾကာင့္ ကြၽန္ေတာ္ေျပာတယ္။ ဗမာ ေတြကိုသြားမဆြနဲ႔၊ သြားမလုပ္နဲ႔ အကုန္ေသကုန္ လိမ့္မယ္။ အဲဒါကိုေျပာတာ။
ေဆြးေႏြးေဖာ္- ဗမာက မထူးေတာ့ပါဘူးကြာဆိုၿပီး၊ မလုပ္ရဲတာမရွိဘူး။ မထူးပါဘူးကြဆိုရင္ ဗမာ ဘာမွမ ေၾကာက္ေတာ့ဘူး။ ဟာ မထူးဘူး ငါတို႔က ခ်မယ္ကြာ ဆိုလို႔ကေတာ့ မလြယ္ဘူး။ အဲဒါ ေခြးေတြ၊ ေၾကာင္ ေတြ၊ ေမ်ာက္ေတြ စဥ္းစားမွာမဟုတ္ဘူး။
ေက်ာ္ႏု - အေလာင္းမင္းတရားႀကီး ဘယ္လိုလုပ္ လဲဆိုတာ ၾကည့္လိုက္ေလ။ အေျဖထြက္ေနတာပဲ။
ေဆြးေႏြးေဖာ္ - ရာဇဝင္ဆိုတာရွိတယ္။ သမိုင္းဆိုတာ ရွိတယ္ေလ။ ေနာက္တစ္ခုက ေသြးဆိုတာရွိတယ္ ေလ။ အဲဒီေတာ့ အဲဒါကို က်န္တဲ့လူေတြက သိေတာ့သိ တယ္။ ဒီအခ်ိန္မွာ သူတို႔ကေသြးတိုးစမ္းၿပီးေတာ့ ထိပ္ ပြတ္၊ ေခါင္းပြတ္လုပ္ခ်င္တာေပါ့။ သူက အႀကံကုန္ေန ၿပီ။ လွံကုန္ေနၿပီထင္တာေလ။ အမွန္က မကုန္ေသး ဘူး။ အမ်ားႀကီး ထုတ္စရာက်န္ေသးတယ္။ အႀကံကုန္၊ ဉာဏ္ကုန္ျဖစ္ၿပီးေတာ့ မနက္ျဖန္ပဲထိုးအပ္ ေတာ့မယ္၊ သန္ဘက္ခါပဲ ထိုးအပ္ေတာ့မယ္။ သူတို႔ ထင္ေနတာ။
ေက်ာ္ႏု -သူတို႔မွားေနတာက ဗမာတစ္ေယာက္က ဗမာေသြးက (၂၅)ပဲ ပါပါ။ ဗမာစိတ္က သိပ္ေၾကာက္ စရာေကာင္းတယ္။ သမိုင္းလည္းႏွစ္ရာခ်ီေနၿပီ။ အဲဒါ ကို သူတို႔ အခုထိနားမလည္ေသးဘူး။
ေဆြးေႏြးေဖာ္ - ဗမာက တကယ္တမ္းေျပာရင္ တ ကယ္ ဗမာျပည္မွာေနတဲ့တ႐ုတ္ေတြ၊ ကုလားေတြက ဗမာေတြကိုေၾကာက္တယ္။ သူတို႔ရဲ႕ဘိုးေဘးအစဥ္ ဆက္ကတည္းကေလ။ ႏွစ္ေပါင္း ရာနဲ႔ေထာင္နဲ႔ခ်ီၿပီး ေတာ့ သူတို႔ေစာင့္ၾကည့္ခဲ့တဲ့အခ်ိန္မွာ ဗမာက ေၾကာက္စရာေကာင္းတဲ့ေသြးရွိတယ္။ ဗိုလ္ခ်ဳပ္မႉးႀကီး ေျပာတဲ့စကားရွိတယ္ေလ။ ကြၽန္ေတာ္မလုပ္ရဲတာ ဘာမွမရွိဘူး။ အဲဒီစကားကို လုပ္ၾကည့္ပါလား၊ လုပ္ၾကည့္ပါလား လုပ္တာေလ။ အခုလုပ္တယ္ေလ။ လုပ္ေတာ့ အကုန္လုံးက ပက္လက္ေတြ လန္ကုန္ ၾကၿပီေလ။ ဟိုကေျပာေနတယ္ေလ။ မလုပ္ရဲတာမရွိဘူး။ ေျပာေနတဲ့ဟာကို အဲဒါကို “မလုပ္ပါနဲ႔ကြာ တို႔ညႇိရဦး မွာပါ”လုပ္လိုက္ရင္ ၿပီးေနတဲ့ကိစၥကို။ လုပ္ရဲရင္လုပ္ ၾကည့္ေလဆိုေတာ့ တကယ္လုပ္ထည့္လိုက္ေရာ။
ေက်ာ္ႏု- လုပ္ရဲရင္လုပ္ၾကည့္ေလမဟုတ္ဘူး။ အခု က မင္းတို႔မလုပ္ရဲပါဘူးကြာဆိုၿပီးေတာ့ လုပ္တာ။
ေဆြးေႏြးေဖာ္ - ဟုတ္တယ္။ အဲဒါေၾကာင့္မို႔လို႔ တကယ္ေတာ့မလုပ္ပါနဲ႔ကြာ။ အဲဒီလိုလုပ္လို႔ အားလုံး အက်ိဳးပ်က္စီးကုန္ပါမယ္။ တို႔ညႇိရဦးမွာဆို ေကာင္းတယ္ေလ။ အဲဒီမွာဆိုရင္ ဇာတ္လမ္းက တစ္မ်ိဳးျဖစ္ သြားမွာေပါ့။ အခုေတာ့ အကုန္လုံးေတာ့ အလြန္အကြၽံ ျဖစ္ကုန္တာပဲေလ။ အမ်ားႀကီး ထိခိုက္နစ္နာ ပ်က္စီးဆုံးရႈံးကုန္တာေပါ့။ အခုက ပုံမွန္အေနအထားျပန္ သြားရဖို႔အတြက္ အခ်ိန္တစ္ခုထပ္ေပးရဦးမွာ။ အခု ေျမာက္သုံးေကာင္ေတြတိုက္တဲ့ကိစၥကေတာ့ မခက္ ဘူးလို႔ထင္တယ္။ စိတ္ထဲမွာေလ။ ဒါေပမဲ့ ခက္မွာက ဘာလဲဆိုေတာ့ ျပန္ၿပီးေတာ့ စည္းလုံးညီၫြတ္ေအာင္ လုပ္ဖို႔၊ ျပန္တည္ေဆာက္ဖို႔ေပါ့။ အဲဒီအပိုင္း က႑ႏွစ္ခုမွာ ခက္လိမ့္မယ္ထင္တယ္။ အႏိုင္တိုက္ဖို႔က မခက္ဘူး။ ဒီလိုစည္းလုံးညီၫြတ္ ေအာင္လုပ္ဖို႔နဲ႔ တည္ေဆာက္ဖို႔ကေတာ့ ခက္လိမ့္မယ္။ နဂိုကတည္းက အေႂကြးတင္ေနတာေလ။ အေႂကြးတင္ ေနတဲ့ဟာကို စစ္ကိုင္းတိုင္းႀကီးကို အဲဒီလိုႏိုင္ၿပီထားလိုက္ေတာ့။ ႏိုင္ၿပီးရင္ စစ္ကိုင္းတိုင္း မွာ ပ်က္စီးဆုံးရႈံးသြားတဲ့ဟာေတြ ဘယ္လိုျပန္တည္ေဆာက္မတုံး။ ၿပီးေတာ့ စိုက္ပ်ိဳးေရးစြမ္းအားနဲ႔ တည္ေဆာက္မယ္ဆိုရင္ စိုက္ပ်ိဳးေရး စြမ္းအားက တစ္ဧကကို စပါး (၇၀) ေလာက္ထြက္ ေအာင္မနည္း လုပ္ေနရတာေလ။ အခုထိ စက္မႈလယ္ ယာကိုမေရာက္ႏိုင္ေသးဘူးေလ။ မေရာက္ႏိုင္ေသး ေတာ့ အဲဒီစက္မႈလယ္ယာစြမ္းအားကို မတတ္ႏိုင္ေသးဘူး။ သံယံဇာတေတြ တူးေဖာ္ျပန္တည္ေဆာက္ဖို႔ လည္းမလြယ္ေသးဘူး။ က်န္တဲ့လူ႔စြမ္းအားအရင္းအျမစ္ေတြကိုထုတ္သုံးၿပီးေတာ့ တည္ေဆာက္ဖို႔လည္း မလြယ္ေသးဘူး။ အဲဒီမွာ ၾကာသြားႏိုင္ေျခရွိတာက အားလုံးစည္းလုံးညီၫြတ္ေရးနဲ႔ ျပန္လည္တည္ ေဆာက္ေရးအခန္းက႑မွာ ၾကာသြားႏိုင္တယ္။ တပ္မေတာ္ကို အျမစ္ျဖတ္ဖို႔လည္းမျဖစ္ႏိုင္ဘူး။ ေတာ္ ေတာ္ခက္ခဲတယ္ေပါ့။ ခုနကေျပာသလိုေပါ့။ EAO ေတြနဲ႔ အကုန္လုံးကို တစ္ႏိုင္ငံလုံးမွာရွိတဲ့ လက္နက္ ကိုင္အဖြဲ႕အစည္းေတြနဲ႔ အျမစ္ျဖတ္ဖို႔ဆိုတာကလည္း ခက္ခဲတယ္ေပါ့။ ခက္ခဲေတာ့ တခ်ိဳ႕ေသာ ေျမာက္ သုံးေကာင္နဲ႔တိုက္တာမ်ိဳးကေတာ့ မခက္ခဲဘူးလို႔ထင္ တယ္။ ေျမာက္သုံးေကာင္တိုက္တဲ့ဟာေတာ့ သူက တ႐ုတ္ရဲ႕ေထာက္ခံအားေပးမႈ ႀကီးႀကီးမားမားရွိတာ မို႔လို႔ လုပ္လို႔ရတယ္။
ေက်ာ္ႏု - အကယ္၍ေပါ့ေလ။ ေျမာက္သုံးေကာင္က တ႐ုတ္စကားနားမေထာင္ေတာ့ဘူးဆိုပါစို႔။ ဘာဆက္ ျဖစ္ႏိုင္မလဲ။
(ဆက္လက္ေဖာ္ျပပါမည္)