မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်သကဲ့သို့ ICC ၏ ပြောကြားချက်များကို မည်သည့်အခါမှ အသိအမှတ်မပြုဟု နစကတုံ့ပြန်
1277
သတင်းအဖွဲ့ (NP News) - ဒီဇင်ဘာ ၁
မြန်မာနိုင်ငံသည် နိုင်ငံတကာရာဇဝတ် တရားရုံး(ICC) အဖွဲ့ဝင်နိုင်ငံမဟုတ်သကဲ့သို့ ICC ၏ပြောကြားချက်များကို မည်သည့်အခါမှ အသိအမှတ်မပြုခဲ့ကြောင်း နစကအစိုးရက ပြန်လည် တုံ့ပြန်ခဲ့သည်။ NLD ပါတီအစိုးရလက်ထက် (၂၀၁၇) ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း၌ဖြစ်ပွားခဲ့သော ကိစ္စရပ်များနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ဖမ်းဝရမ်းထုတ်ရန်အတွက် ICC ၏ ရှေ့နေချုပ် Karim A.A. Khan က နိုဝင်ဘာ (၂၇) ရက်တွင် တရားရုံးကိုလျှောက်ထားခဲ့သည်။
ယင်းကဲ့သို့ လျှောက်ထားချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သကဲ့သို့ ICC ၏ ပြောကြားချက်များအပေါ် မည်သည့်အခါကမှ အသိအမှတ်ပြုခဲ့ခြင်းမရှိကြောင်း နစကအစိုးရက ပြန်လည်တုံ့ပြန်ခဲ့ သည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအပြင်ကမ္ဘာ့နိုင်ငံများနှင့်ဆက်ဆံရာတွင် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိကာ နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကို ကျင့်သုံးနေကြောင်း အသိပေးခဲ့သည်။ ICC တွင် ယခုကဲ့သို့လျှောက်ထားချက်သည် အနောက်နိုင်ငံ များအနေဖြင့် နိုင်ငံငယ်များအပေါ် အနိုင်ကျင့်သည့်လုပ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံရေးအရ အောက်လုံးထိုးခြင်းသာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ ဒုဥက္ကဋ္ဌ ဦးခိုင်မင်းက NP News ကို သုံးသပ်ပြောကြားသည်။
‘‘နံပါတ်(၁)အနေနဲ့ ICC က သူ့ဟာသူ ဘာပြောပြော ကျွန်တော်တို့နိုင်ငံက ICC မှာ ပါဝင် တဲ့နိုင်ငံလည်း မဟုတ်ဘူး။ အဲဒီအတွက် နိုင်ငံတကာ ဥပဒေအရ ကျွန်တော်တို့ကဘာမှဂရုစိုက်စရာ အကြောင်းလည်းမရှိဘူး။ နံပါတ်(၂) အချက်က အခုလိုလုပ်ဆောင်တာက ကမ္ဘာကြီးပေါ်မှာအနောက်နိုင်ငံတွေက နိုင်ငံငယ်တွေပေါ်မှာ အနိုင်ကျင့်တဲ့လုပ်ရပ်မျိုးပဲ ဒါက။ ရခိုင်ပြဿနာမှာလည်း ကျွန်တော်တို့အစိုးရနဲ့ ကျွန်တော်တို့ တပ်မတော်က လိုအပ်တဲ့အကြမ်း ဖက်မှုနှိမ်နင်း ရေးတွေကိုပဲ လုပ်ခဲ့တာဖြစ်တယ်။ ပြန်ချုပ်ပြောရရင် အခု ICC က ဘာပဲပြောပြော ပြောရေး ဆိုခွင့်ရှိသူကလည်း ပြော ထားပြီးသားဖြစ်တယ်။ ကျွန်တော်တို့က သူတို့ဆီမှာလက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်ဘူး။ ICC အဖွဲ့ဝင်နိုင်ငံလည်း မဟုတ်တဲ့ အတွက် သူတို့ဘာလုပ်လုပ် ဒီဟာတွေကိုဂရုစိုက်စရာ အကြောင်းလည်းမရှိဘူး။ ကျွန်တော်တို့အပေါ်မှာ ဘာမှသက်ရောက်စရာအကြောင်း လည်းမရှိဘူး။ ဒါက သက်သက်မဲ့နိုင်ငံရေးအရ အောက်လုံးထိုးတဲ့အကွက်လို့ပဲမြင်တယ်” ဟု ဦးခိုင်မင်းက ပြောသည်။
ထို့ပြင် ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကလည်း မြန်မာနိုင်ငံသည် ICC အရ စီရင်ပိုင်ခွင့် ကင်းလွတ်သည့် နိုင်ငံဖြစ်ပြီး တစ်စုံတစ် ရာသက်ရောက်စရာမရှိနိုင်ကြောင်း NP News ကို သုံးသပ်ပြောကြားထား သည်။ ‘‘သက်ရောက်နိုင်သလားဆိုရင် နိုင်ငံတကာမှာဖြစ်နေတဲ့အနေအထားအရ မသက်ရောက်နိုင်ဘူးလို့ သုံးသပ် လို့ရတာပေါ့။ ICC အရ စီရင်ပိုင်ခွင့် ကင်းလွတ်တဲ့လက်မှတ်မထိုးတဲ့နိုင်ငံဖြစ်တာကိုး။ အဲဒါကိုလည်း အစိုးရဘက်က ချက်ချင်း ကန့်ကွက်ပုံပေါက်ပါတယ်။ ဒုတိယ တစ်ချက်က လုံခြုံရေးအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရုရှားတို့၊ တရုတ်တို့က လည်း ဒီဟာကို လက်ခံပုံမပေါက်ဘူး။ အဲဒီတော့ ICC နဲ့ပတ်သက်တဲ့ဟာက နိုင်ငံရေးအားဖြင့်ကတော့ တစ်စုံ တစ်ခု အတိုင်းအတာအထိ သွားနိုင်တာပေါ့။ ဒါပေမဲ့ အခုနလို ထိရောက်မဲ့သဘောကတော့ မတွေ့ဘူး” ဟု ဒေါက်တာ အေးမောင်က ပြောသည်။
ICC ရှေ့နေချုပ်၏ တရားရုံးသို့ လျှောက်ထားချက်ထဲတွင် နောက်ထပ်ဝရမ်းများကိုလည်း လျှောက်ထားရန်ရှိ ကြောင်း တင်ပြခဲ့သည်ကို တွေ့ရသည်။ ‘‘အဲဒါနဲ့ပတ်သက်လို့ တစ်ခုရှိတာက အဲဒီ ကာလဖြစ်စဉ်ကို ညွှန်းရင် အမိန့်ပေးတဲ့ပုဂ္ဂိုလ်တွေ ဖြစ်မှာပေါ့။ တပ်ဆိုရင်တပ်ပေါ့ဗျာ။ အဲဒါနဲ့ပတ်သက်လို့ ဆင့်ကဲ တာဝန်ရှိတဲ့အစိုးရဖြစ်မှာပေါ့။ အဲဒီ ကာလအစိုးရဖြစ်မှာပေါ့။ အဲဒီကာလအစိုးရ ဖြစ်နိုင်တယ်။ ဆိုတော့တစ်ခုပဲရှိ တာပေါ့။ တပ်မတော်ဘက်က ဒါမျိုး ဖြစ်တယ်ဆိုရင် အဲဒီတပ်မတော်နဲ့ အစိုးရဆိုတာက နိုင်ငံတစ်ခုမှာ ခေါင်းနဲ့ပန်း လို့ပေါ့။ နောက်တစ် ဆင့်တက်ရင်တော့ အစိုးရပေါ့ဗျာ။ အဲဒီကာလမှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ် ဆိုရင် ကာကွယ်ရေး ဖြစ်မှာလား။ သမ္မတဖြစ်မှာလား။ ဒါလေးတွေတော့ မပြောတတ်ဘူး။ ဆင့်ကဲကတော့ ဒါမျိုးတွေဖြစ်ဖို့များပါတယ်” ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌက သုံးသပ်ပြောကြားသည်။
ပြီးခဲ့သော NLD အစိုးရလက်ထက်တွင်လည်း ရခိုင်ပြည်နယ်မှဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မောင်း ထုတ်ခဲ့သည်ဆိုသောစွပ်စွဲချက်အပေါ် ပြန်လည်ချေပရန် ICC ဘက်က ကမ်းလှမ်းခဲ့ဖူးပြီး ယင်းကဲ့သို့ကမ်းလှမ်း လာမှုအပေါ် မြန်မာနိုင်ငံအနေဖြင့် ဖြေရှင်းစရာအကြောင်းမရှိကြောင်း ကွယ်လွန်သွားပြီးဖြစ်သော သမ္မတရုံး ပြောခွင့်ရဦးဇော်ဋ္ဌေးကလည်း တုံ့ပြန်ခဲ့ဖူးသည်။
NLD အစိုးရ သမ္မတဦးထင်ကျော် လက်ထက် (၂၀၁၇)ခုနှစ်၊ ဩဂုတ်(၂၅)ရက်တွင် ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ရှိ လုံခြုံရေးကင်းစခန်း (၃၀)နှင့် တပ်မတော်လုံခြုံရေးစခန်း(၁)ခုကို ဘင်္ဂါလီ အကြမ်းဖက်သမား ARSA အဖွဲ့က တစ်ပြိုက်နက်တည်း အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယင်းကဲ့သို့ တိုက်ခိုက်ခဲ့မှုကြောင့် ဒုလဝက မှူးတစ်ဦး၊ တပ်မတော်သား တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် (၁၀)ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူအများအပြား လည်းရှိခဲ့ သည်။ ယင်းအပြင် ဘင်္ဂါလီများ၏ အုပ်စုဖွဲ့သတ်ဖြတ် မှုကြောင့် ဌာနေရခိုင်တိုင်းရင်းသားများနှင့်မြို၊ ခမီ အစရှိသော တိုင်းရင်းသား (၁၀ဝ)ကျော် သေဆုံးခဲ့ရ ဖူးသည်။ ထိုသို့ ဘင်္ဂါလီအကြမ်းဖက်သမား ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မောင်တောဒေသ၌ ပြန်လည်တည်ငြိမ်မှုရရှိရန် လုံခြုံရေးအဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ကိုဆောင်ရွက်စဉ် ဘင်္ဂါလီအများအပြားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။
လူဦးရေသိန်းနှင့်ချီသော ဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်မပြေးရန် အာဏာပိုင်များက တားဆီးမှုများပြုလုပ်ခဲ့သော်လည်း ၎င်းတို့သည် နိုင်ငံရေးရည်မှန်းချက်အရ ထွက်ပြေးခဲ့ ပုံပေါက်ကြောင်း ရခိုင့် ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က သုံးသပ်ထားသည်။ “နိုင်ငံရေး အရထိုးနှက်ချက်လည်း ဖြစ်နိုင်တာ ပေါ့။ ဒီအခင်း ဖြစ်စဉ်အရ မြန်မာနိုင်ငံရဲ့အဲဒီဒေသတွေကိုစွန့်ခွာသွားတဲ့ အင်အားစု(ဘင်္ဂါလီ)တွေ ဘက်ကနိုင်ငံရေး အရထွက်သွား ကြတာပေါ့။ အခင်းအရ အခုနက ပြောတဲ့ဖြစ်စဉ် ဖြစ်ချင်မှဖြစ်မယ်။ ဖြစ်ရင်တောင်မှ စစ်ရာဇဝတ်မှုမြောက်ရင်တောင်မှ အဆင့်ဆင့်ကျူး လွန်တဲ့သူတွေကို အရေးယူမှုလေးတွေ ရှိခဲ့ပုံပေါက်တယ်။ ဒီဘက်က RoE နဲ့ ပြောတာပေါ့ဗျာ။ ဒီအတိုင်း ပဲ သွားတယ်လို့ပြောတာပေါ့။ အဲဒီဖြစ်စဉ်တုန်းက မုဒိမ်းဘာညာ ပြုကျင့်တယ်ဆိုတာတွေက ဘင်္ဂလား ဒေ့ရှ်ဒုက္ခသည် စခန်းရောက်မှ လာစုံစမ်းတဲ့ပုဂ္ဂိုလ်တွေကို နည်းမျိုးစုံနဲ့ ပြောကြတဲ့ ပြန်ပြောဇာတ်လမ်း လေးတွေ ဖြစ်ဖို့များတယ်။ ဒါမျိုးဖြစ်ဖို့ များပါတယ်။ ဒီပြဿနာက နိုင်ငံရေးအရ ရည်မှန်းချက်ရှိရှိနဲ့ထွက်သွားတဲ့ နိုင်ငံရေးအရ ရိုဟင်ဂျာ တိုင်းရင်းသားဆိုတဲ့ဟာနဲ့ ပြီးတော့ ပြန်ခွင့်ကို တောင်းတယ်” ၎င်းက ဆက်လက် ပြောသည်။
Zawgyi Version;
ျမန္မာႏိုင္ငံသည္ ICC အဖြဲ႕ဝင္ႏိုင္ငံ မဟုတ္သကဲ့သို႔ ICC ၏ ေျပာၾကားခ်က္မ်ားကို မည္သည့္အခါမွ အသိ အမွတ္မျပဳဟု နစကတုံ႔ျပန္
သတင္းအဖြဲ႕ (NP News) - ဒီဇင္ဘာ ၁
ျမန္မာႏိုင္ငံသည္ ႏိုင္ငံတကာရာဇဝတ္ တရား႐ုံး(ICC) အဖြဲ႕ဝင္ႏိုင္ငံမဟုတ္သကဲ့သို႔ ICC ၏ေျပာၾကားခ်က္မ်ားကို မည္သည့္အခါမွ အသိအမွတ္မျပဳခဲ့ေၾကာင္း နစကအစိုးရက ျပန္လည္ တုံ႔ျပန္ခဲ့သည္။ NLD ပါတီအစိုးရလက္ထက္ (၂၀၁၇) ခုႏွစ္တြင္ ရခိုင္ျပည္နယ္အတြင္း၌ျဖစ္ပြားခဲ့ေသာ ကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကို ဖမ္းဝရမ္းထုတ္ရန္အတြက္ ICC ၏ ေရွ႕ေနခ်ဳပ္ Karim A.A. Khan က ႏိုဝင္ဘာ (၂၇) ရက္တြင္ တရား႐ုံးကိုေလွ်ာက္ထားခဲ့သည္။
ယင္းကဲ့သို႔ ေလွ်ာက္ထားခ်က္ႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံသည္ ICC အဖြဲ႕ဝင္ႏိုင္ငံမဟုတ္သကဲ့သို႔ ICC ၏ ေျပာၾကားခ်က္မ်ားအေပၚ မည္သည့္အခါကမွ အသိအမွတ္ျပဳခဲ့ျခင္းမရွိေၾကာင္း နစကအစိုးရက ျပန္လည္တုံ႔ျပန္ခဲ့ သည္။ ထို႔ျပင္ ျမန္မာႏိုင္ငံအေနျဖင့္ ေဒသတြင္းအျပင္ကမာၻ႔ႏိုင္ငံမ်ားႏွင့္ဆက္ဆံရာတြင္ လြတ္လပ္၍တက္ႂကြၿပီး ဘက္မလိုက္ေသာ ႏိုင္ငံျခားေရးမူဝါဒကို က်င့္သုံးလ်က္ရွိကာ ႏိုင္ငံမ်ားအၾကား ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲ ေနထိုင္ေရးမူကို က်င့္သုံးေနေၾကာင္း အသိေပးခဲ့သည္။ ICC တြင္ ယခုကဲ့သို႔ေလွ်ာက္ထားခ်က္သည္ အေနာက္ႏိုင္ငံ မ်ားအေနျဖင့္ ႏိုင္ငံငယ္မ်ားအေပၚ အႏိုင္က်င့္သည့္လုပ္ရပ္ျဖစ္သကဲ့သို႔ ႏိုင္ငံေရးအရ ေအာက္လုံးထိုးျခင္းသာ ျဖစ္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီ ပါတီသစ္မွ ဒုဥကၠ႒ ဦးခိုင္မင္းက NP News ကို သုံးသပ္ေျပာၾကားသည္။
‘‘နံပါတ္(၁)အေနနဲ႔ ICC က သူ႔ဟာသူ ဘာေျပာေျပာ ကြၽန္ေတာ္တို႔ႏိုင္ငံက ICC မွာ ပါဝင္ တဲ့ႏိုင္ငံလည္း မဟုတ္ဘူး။ အဲဒီအတြက္ ႏိုင္ငံတကာ ဥပေဒအရ ကြၽန္ေတာ္တို႔ကဘာမွဂ႐ုစိုက္စရာ အေၾကာင္းလည္းမရွိဘူး။ နံပါတ္(၂) အခ်က္က အခုလိုလုပ္ေဆာင္တာက ကမာၻႀကီးေပၚမွာအေနာက္ႏိုင္ငံေတြက ႏိုင္ငံငယ္ေတြေပၚမွာ အႏိုင္က်င့္တဲ့လုပ္ရပ္မ်ိဳးပဲ ဒါက။ ရခိုင္ျပႆနာမွာလည္း ကြၽန္ေတာ္တို႔အစိုးရနဲ႔ ကြၽန္ေတာ္တို႔ တပ္မေတာ္က လိုအပ္တဲ့အၾကမ္း ဖက္မႈႏွိမ္နင္း ေရးေတြကိုပဲ လုပ္ခဲ့တာျဖစ္တယ္။ ျပန္ခ်ဳပ္ေျပာရရင္ အခု ICC က ဘာပဲေျပာေျပာ ေျပာေရး ဆိုခြင့္ရွိသူကလည္း ေျပာ ထားၿပီးသားျဖစ္တယ္။ ကြၽန္ေတာ္တို႔က သူတို႔ဆီမွာလက္မွတ္ထိုးထားတဲ့ ႏိုင္ငံမဟုတ္ဘူး။ ICC အဖြဲ႕ဝင္ႏိုင္ငံလည္း မဟုတ္တဲ့ အတြက္ သူတို႔ဘာလုပ္လုပ္ ဒီဟာေတြကိုဂ႐ုစိုက္စရာ အေၾကာင္းလည္းမရွိဘူး။ ကြၽန္ေတာ္တို႔အေပၚမွာ ဘာမွသက္ေရာက္စရာအေၾကာင္း လည္းမရွိဘူး။ ဒါက သက္သက္မဲ့ႏိုင္ငံေရးအရ ေအာက္လုံးထိုးတဲ့အကြက္လို႔ပဲျမင္တယ္” ဟု ဦးခိုင္မင္းက ေျပာသည္။
ထို႔ျပင္ ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ ေဒါက္တာ ေအးေမာင္ကလည္း ျမန္မာႏိုင္ငံသည္ ICC အရ စီရင္ပိုင္ခြင့္ ကင္းလြတ္သည့္ ႏိုင္ငံျဖစ္ၿပီး တစ္စုံတစ္ ရာသက္ေရာက္စရာမရွိႏိုင္ေၾကာင္း NP News ကို သုံးသပ္ေျပာၾကားထား သည္။ ‘‘သက္ေရာက္ႏိုင္သလားဆိုရင္ ႏိုင္ငံတကာမွာျဖစ္ေနတဲ့အေနအထားအရ မသက္ေရာက္ႏိုင္ဘူးလို႔ သုံးသပ္ လို႔ရတာေပါ့။ ICC အရ စီရင္ပိုင္ခြင့္ ကင္းလြတ္တဲ့လက္မွတ္မထိုးတဲ့ႏိုင္ငံျဖစ္တာကိုး။ အဲဒါကိုလည္း အစိုးရဘက္က ခ်က္ခ်င္း ကန႔္ကြက္ပုံေပါက္ပါတယ္။ ဒုတိယ တစ္ခ်က္က လုံၿခဳံေရးအဖြဲ႕ဝင္ႏိုင္ငံေတြျဖစ္တဲ့ ႐ုရွားတို႔၊ တ႐ုတ္တို႔က လည္း ဒီဟာကို လက္ခံပုံမေပါက္ဘူး။ အဲဒီေတာ့ ICC နဲ႔ပတ္သက္တဲ့ဟာက ႏိုင္ငံေရးအားျဖင့္ကေတာ့ တစ္စုံ တစ္ခု အတိုင္းအတာအထိ သြားႏိုင္တာေပါ့။ ဒါေပမဲ့ အခုနလို ထိေရာက္မဲ့သေဘာကေတာ့ မေတြ႕ဘူး” ဟု ေဒါက္တာ ေအးေမာင္က ေျပာသည္။
ICC ေရွ႕ေနခ်ဳပ္၏ တရား႐ုံးသို႔ ေလွ်ာက္ထားခ်က္ထဲတြင္ ေနာက္ထပ္ဝရမ္းမ်ားကိုလည္း ေလွ်ာက္ထားရန္ရွိ ေၾကာင္း တင္ျပခဲ့သည္ကို ေတြ႕ရသည္။ ‘‘အဲဒါနဲ႔ပတ္သက္လို႔ တစ္ခုရွိတာက အဲဒီ ကာလျဖစ္စဥ္ကို ၫႊန္းရင္ အမိန႔္ေပးတဲ့ပုဂၢိဳလ္ေတြ ျဖစ္မွာေပါ့။ တပ္ဆိုရင္တပ္ေပါ့ဗ်ာ။ အဲဒါနဲ႔ပတ္သက္လို႔ ဆင့္ကဲ တာဝန္ရွိတဲ့အစိုးရျဖစ္မွာေပါ့။ အဲဒီ ကာလအစိုးရျဖစ္မွာေပါ့။ အဲဒီကာလအစိုးရ ျဖစ္ႏိုင္တယ္။ ဆိုေတာ့တစ္ခုပဲရွိ တာေပါ့။ တပ္မေတာ္ဘက္က ဒါမ်ိဳး ျဖစ္တယ္ဆိုရင္ အဲဒီတပ္မေတာ္နဲ႔ အစိုးရဆိုတာက ႏိုင္ငံတစ္ခုမွာ ေခါင္းနဲ႔ပန္း လို႔ေပါ့။ ေနာက္တစ္ ဆင့္တက္ရင္ေတာ့ အစိုးရေပါ့ဗ်ာ။ အဲဒီကာလမွာ တာဝန္ရွိတဲ့ပုဂၢိဳလ္ ဆိုရင္ ကာကြယ္ေရး ျဖစ္မွာလား။ သမၼတျဖစ္မွာလား။ ဒါေလးေတြေတာ့ မေျပာတတ္ဘူး။ ဆင့္ကဲကေတာ့ ဒါမ်ိဳးေတြျဖစ္ဖို႔မ်ားပါတယ္” ဟု ရခိုင့္ဦးေဆာင္ပါတီဥကၠ႒က သုံးသပ္ေျပာၾကားသည္။
ၿပီးခဲ့ေသာ NLD အစိုးရလက္ထက္တြင္လည္း ရခိုင္ျပည္နယ္မွဘဂၤါလီမ်ားကို ဘဂၤလားေဒ့ရွ္ ႏိုင္ငံသို႔ ေမာင္း ထုတ္ခဲ့သည္ဆိုေသာစြပ္စြဲခ်က္အေပၚ ျပန္လည္ေခ်ပရန္ ICC ဘက္က ကမ္းလွမ္းခဲ့ဖူးၿပီး ယင္းကဲ့သို႔ကမ္းလွမ္း လာမႈအေပၚ ျမန္မာႏိုင္ငံအေနျဖင့္ ေျဖရွင္းစရာအေၾကာင္းမရွိေၾကာင္း ကြယ္လြန္သြားၿပီးျဖစ္ေသာ သမၼတ႐ုံး ေျပာခြင့္ရဦးေဇာ္ေ႒းကလည္း တုံ႔ျပန္ခဲ့ဖူးသည္။
NLD အစိုးရ သမၼတဦးထင္ေက်ာ္ လက္ထက္ (၂၀၁၇)ခုႏွစ္၊ ဩဂုတ္(၂၅)ရက္တြင္ ရခိုင္ျပည္နယ္၊ ေမာင္ေတာနယ္စပ္ရွိ လုံၿခဳံေရးကင္းစခန္း (၃၀)ႏွင့္ တပ္မေတာ္လုံၿခဳံေရးစခန္း(၁)ခုကို ဘဂၤါလီ အၾကမ္းဖက္သမား ARSA အဖြဲ႕က တစ္ၿပိဳက္နက္တည္း အလစ္အငိုက္ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။ ယင္းကဲ့သို႔ တိုက္ခိုက္ခဲ့မႈေၾကာင့္ ဒုလဝက မႉးတစ္ဦး၊ တပ္မေတာ္သား တစ္ဦးႏွင့္ ရဲတပ္ဖြဲ႕ဝင္ (၁၀)ဦး ေသဆုံးခဲ့ရၿပီး ဒဏ္ရာရရွိသူအမ်ားအျပား လည္းရွိခဲ့ သည္။ ယင္းအျပင္ ဘဂၤါလီမ်ား၏ အုပ္စုဖြဲ႕သတ္ျဖတ္ မႈေၾကာင့္ ဌာေနရခိုင္တိုင္းရင္းသားမ်ားႏွင့္ၿမိဳ၊ ခမီ အစရွိေသာ တိုင္းရင္းသား (၁၀ဝ)ေက်ာ္ ေသဆုံးခဲ့ရ ဖူးသည္။ ထိုသို႔ ဘဂၤါလီအၾကမ္းဖက္သမား ARSA အဖြဲ႕၏ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားေၾကာင့္ ေမာင္ေတာေဒသ၌ ျပန္လည္တည္ၿငိမ္မႈရရွိရန္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား ကိုေဆာင္႐ြက္စဥ္ ဘဂၤါလီအမ်ားအျပားသည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္သို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ေၾကာင္း သိရသည္။
လူဦးေရသိန္းႏွင့္ခ်ီေသာ ဘဂၤါလီမ်ားကို ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္သို႔ ထြက္မေျပးရန္ အာဏာပိုင္မ်ားက တားဆီးမႈမ်ားျပဳလုပ္ခဲ့ေသာ္လည္း ၎တို႔သည္ ႏိုင္ငံေရးရည္မွန္းခ်က္အရ ထြက္ေျပးခဲ့ ပုံေပါက္ေၾကာင္း ရခိုင့္ ဦးေဆာင္ပါတီဥကၠ႒ ေဒါက္တာ ေအးေမာင္က သုံးသပ္ထားသည္။ “ႏိုင္ငံေရး အရထိုးႏွက္ခ်က္လည္း ျဖစ္ႏိုင္တာ ေပါ့။ ဒီအခင္း ျဖစ္စဥ္အရ ျမန္မာႏိုင္ငံရဲ႕အဲဒီေဒသေတြကိုစြန႔္ခြာသြားတဲ့ အင္အားစု(ဘဂၤါလီ)ေတြ ဘက္ကႏိုင္ငံေရး အရထြက္သြား ၾကတာေပါ့။ အခင္းအရ အခုနက ေျပာတဲ့ျဖစ္စဥ္ ျဖစ္ခ်င္မွျဖစ္မယ္။ ျဖစ္ရင္ေတာင္မွ စစ္ရာဇဝတ္မႈေျမာက္ရင္ေတာင္မွ အဆင့္ဆင့္က်ဴး လြန္တဲ့သူေတြကို အေရးယူမႈေလးေတြ ရွိခဲ့ပုံေပါက္တယ္။ ဒီဘက္က RoE နဲ႔ ေျပာတာေပါ့ဗ်ာ။ ဒီအတိုင္း ပဲ သြားတယ္လို႔ေျပာတာေပါ့။ အဲဒီျဖစ္စဥ္တုန္းက မုဒိမ္းဘာညာ ျပဳက်င့္တယ္ဆိုတာေတြက ဘဂၤလား ေဒ့ရွ္ဒုကၡသည္ စခန္းေရာက္မွ လာစုံစမ္းတဲ့ပုဂၢိဳလ္ေတြကို နည္းမ်ိဳးစုံနဲ႔ ေျပာၾကတဲ့ ျပန္ေျပာဇာတ္လမ္း ေလးေတြ ျဖစ္ဖို႔မ်ားတယ္။ ဒါမ်ိဳးျဖစ္ဖို႔ မ်ားပါတယ္။ ဒီျပႆနာက ႏိုင္ငံေရးအရ ရည္မွန္းခ်က္ရွိရွိနဲ႔ထြက္သြားတဲ့ ႏိုင္ငံေရးအရ ႐ိုဟင္ဂ်ာ တိုင္းရင္းသားဆိုတဲ့ဟာနဲ႔ ၿပီးေတာ့ ျပန္ခြင့္ကို ေတာင္းတယ္” ၎က ဆက္လက္ ေျပာသည္။