မြောက်ပိုင်းအဖွဲ့တွေအတွက် မြန်မာ-တရုတ် ပူးပေါင်းဖိအားရဲ့ဦးတည်ချက်
3208
မြူနစ် (NP News) - ဒီဇင်ဘာ ၃
မြန်မာ-တရုတ်နယ်စပ်ဒေသများတွင် အခြေချလှုပ်ရှားနေသည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို တရုတ်နိုင်ငံဘက်က ဖိအားပေးမှုများ ရှိနေသကဲ့သို့ နစကအစိုးရဘက်ကလည်း ဖြတ်(၄)ဖြတ်ပုံစံမျိုးဖြင့် ဖိအားပေးနေမှုများရှိနေသည်။ အထူးသဖြင့် “ဝ” လက်နက်ကိုင်အဖွဲ့ UWSA ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ၊ ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့သည် တရုတ်အစိုးရ၏ ဖိအားပေးမှုကို အပြင်းအထန်ခံရသည့်သဘောတွင်ရှိနေသည်။ ၎င်း လက်နက်ကိုင်အဖွဲ့အစည်းများသည် စီးပွားရေး၊ ငွေရေးကြေးရေးအပါအဝင် စားနပ်ရိက္ခာတို့နှင့် ပတ်သက်၍ တရုတ်နိုင်ငံကို အဓိကမှီခိုနေရလျက်ရှိကြသည်။ ယခုအချိန်တွင်၎င်းအဖွဲ့များကို တရုတ် အစိုးရနှင့် နစကအစိုးရတို့က ပူးပေါင်းကာ ဖိအားပေးနေလျက်ရှိပြီး ဒေသအတွင်း၌ အခက်အခဲအကျပ် အတည်းများလည်း ဖြစ်ပေါ်နေလျက်ရှိသည်။ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များကို တရုတ်နှင့် မြန်မာ အစိုးရတို့ကပူးပေါင်းကာ ပေးနေသည့်ဖိအားများကြောင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ များနှင့် နောင်ဖြစ်ပေါ်လာနိုင်သော အလားအလာအခြေအနေများကို NP News က နိုင်ငံရေးအသိုင်းအဝိုင်းကို မေးမြန်းထားပါသည်။ ထို့ကြောင့် နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုထားသည့် အချက် အလက်များကို ကောက်နုတ်တင်ပြလိုက်ပါသည်။
ဦးလှဌေး- ရန်ကုန်တိုင်းလွှတ်တော်အမတ်ဟောင်း
မြောက်ပိုင်း(၃)ဖွဲ့နဲ့ အဓိကဆက်စပ်တာကတော့ တရုတ်ကိုမှီခိုပြီးတော့ ရပ်တည်နေရတာပဲပေါ့ နော်။ အစစအရာရာ ကုန်စည်ကူးသန်းမှု၊ စီးပွားရေး အကုန်လုံးက ဒီတရုတ်ကိုအားထားပြီး ရပ်တည် နေရတာတွေ့တယ်။ ရပ်တည်နေရတဲ့အခါကျတော့ အခုလိုတရုတ်ဘက်ကနေ ဖိအားပေးတယ်။ နယ်စပ် ဂိတ်တွေကိုပိတ်ဆို့တယ်ဆိုတဲ့ အခြေအနေတွေ၊ သူတို့အပြောပေါ့ဗျာ။ ဖြတ်(၅)ဖြတ်ပေါ့။ ဖြတ်လိုက်တဲ့ အခါကျတော့ အဲဒီဒေသမှာ နေထိုင်နေတဲ့လူတွေရဲ့ စားဝတ်နေရေး၊ စီးပွားရေး အစစအရာရာက ကုန် ဈေးနှုန်းက မတရားတက်သွားပြီး လူတွေအကုန်လုံးက ဒုက္ခရောက်တဲ့အနေအထားမျိုးရှိတယ်။ အဲဒီ ဒေသမှာနေတဲ့ပြည်သူတွေအဆင်ပြေဖို့၊ စားဝတ်နေရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကအစပေါ့ ဗျာ။ ငွေရေးကြေးရေးပိုင်းကအစ အဆင်ပြေဖို့ဆိုတာ တရုတ်နဲ့အဆင်ပြေမှရမယ်လေ။ တရုတ်နဲ့အဆင် မပြေရင် အခက်အခဲတွေအများကြီးရှိမယ်။ ရှိတဲ့အ ခါကျတော့ အခုအချိန်မှာတရုတ်ကဖိအားပေးလာ တာရှိတယ်။ နောက်တစ်ခုက တရုတ်ကကျွန်တော် တို့နိုင်ငံနဲ့ပတ်သက်ပြီးတော့ စစ်ပွဲတွေကိုငြိမ်းချမ်း စေချင်တယ်။ စစ်ပွဲတွေကို ပြီးဆုံးစေချင်တယ်ပေါ့။ ပြီးတော့မှ နစကနဲ့ညှိနှိုင်းပြီးတော့ ဖက်ဒရယ်ကိစ္စ၊ ဘာညာပြောဆိုမယ့်အခြေအနေမျိုးတွေမှာ ရှိနေ တယ်။ ဒါကြောင့် လောလောဆယ်မှာ အပစ်အခတ် တိုက်ခိုက်တာတွေရပ်ပြီးတော့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကိုရောက်ဖို့ကို တရုတ်က တွန်းအားပေးတဲ့အနေနဲ့ ဆောင်ရွက်နေတာတွေ ဖြစ်တာပေါ့။
တကယ်လို့ဗျာ သူတို့မြောက်ပိုင်းအဖွဲ့ကနေပြီးတော့ ဆက်ပြီးတင်းခံမယ်ဆိုရင်တော့ ဖြစ်ပေါ် လာမယ့်အခြေအနေကတော့ ကောင်းတဲ့အလားအလာမရှိနိုင်ဘူး။ မရှိနိုင်ဘူးဆိုတာက ဒီဘက်ကလည်း ထိုးစစ်ဆင်တာတွေရှိလာနိုင်တယ်။ တစ်ဖက်ကလည်း ဖိအားပေးတာတွေဖြစ်တဲ့အခါကျတော့ အဲဒီ ဒေသတွေမှာ အကျပ်အတည်းတွေချည်းပဲ ကြုလိမ့်မယ်ဗျ။ ဒီတော့ သူတို့ဘာလုပ်ရမလဲဆိုတော့ တိုက်ပွဲ တွေကို ရပ်လိုက်ပါ။ ရပ်ပြီးတော့ နည်းနည်းလေးတည်ငြိမ်တဲ့အချိန်မှာ နစကနဲ့တွေ့ဆုံဆွေးနွေးတာ တွေ၊ ညှိနှိုင်းတာတွေလုပ်ပြီး ဖြတ်သန်းမယ်ဆိုရင်တော့ သူတို့အတွက်လည်းကောင်းမယ်။ သူတို့ ဒေသခံ ပြည်သူအတွက်လည်းကောင်းမယ်။ ကျွန်တော်တို့တိုင်းပြည်အတွက်လည်း အကောင်းဆုံး အခြေအနေကို ရမှာပေါ့။
ဦးရန်နိုင်ဝင်း- ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ
ဒီမြောက်ပိုင်းအဖွဲ့တွေပေါ့နော်။ KIA ရော၊ MNDAA ရော၊ TNLA ရော ဒီအဖွဲ့တွေ အားလုံးမှာ ပထမဆုံးအစိုးရလုပ်တဲ့ အလုပ်တစ်ခုရှိတယ်ဗျ။ အဲဒါကဘာလဲဆိုတော့ ဖြတ်(၄)ဖြတ် စီမံချက်ကို သူတို့လုပ်ထားတာကြာပြီဗျ။ ရခိုင်လည်း ပါတာပေါ့နော်။ TNLA လည်း ပါတာပေါ့နော်။ MNDAA လည်းပါတာပေါ့။ အဲဒီအထဲမှာ ဖြတ်(၄)ဖြတ်စီမံချက်အရ သူတို့လုပ်ထားတဲ့အခါမှာ အဓိက ဆေးဝါး ပြဿနာ ဖြစ်တယ်။ သူတို့မှာတိုက်ပွဲဖြစ်တဲ့အခါ ဒဏ်ရာဒဏ်ချက်တွေဖြစ်တယ်ဗျာ။ အဲဒါတွေ ကိုဖြစ်တဲ့ အခါကျတော့ ကုဖို့ဆေးမရှိဘူး။ အဲဒီတော့ ဗုံးကြဲလို့သေတဲ့လူနဲ့စာရင် ဆေးမရှိလို့မကုရဘဲနဲ့ သေတဲ့လူ ကပိုများနေတယ်ဗျ။ အဲဒီဒေသမှာ။ ဥပမာ - အဲဒီဒေသမှာရှိတဲ့ပြည်သူတွေကလည်း ဆေးမရှိလို့ သေ တယ်။ ဒုတိယတစ်ချက်ထပ်ပြောမယ်ဆိုရင် စားဝတ်နေရေးပြဿနာ။ အဲဒီဒေသတွေက ဥပမာဗျာ စက် သုံးဆီ ပြဿနာဖြစ်နေတယ်။ စက်သုံးဆီမရှိဘူးဆိုရင် ဒေသတစ်ခုနဲ့တစ်ခု သွားဖို့လာဖို့တော်တော် အခက်အခဲဖြစ်တယ်။ နောက်တစ်ချက်က တရုတ်ပြည်ကလည်း ပိတ်ပစ်လိုက်တယ်။ ပိတ်တော့ သူတို့မှာ စားနပ်ရိက္ခာမရှိတော့ဘူး။ ပလောင် TNLA နေရာဆိုလို့ ရှိရင် ဆန်လုံးဝမထွက်တဲ့နေရာ၊ အဲဒီမှာ ဆန်မထွက်တော့ သူတို့ဘာနဲ့စားမလဲ။ တော်တော်ကို ဒုက္ခရောက်နေပြီ။ ဆေးဝါး၊ စားနပ်ရိက္ခာ၊ ဆန်၊ ဆီ မရှိဘူးပေါ့ဗျာ။ အများဆုံးကတော့ TNLA က အခံရဆုံးဖြစ်နေတယ်။ ရခိုင်ပြည်နယ်က ရခိုင်ဒေသတွင်း မှာရှိတဲ့ ဆန်ကရှိသေးတယ်။ TNLA က ဒေသဆန် မရှိတဲ့အခါမှာ ဆန်ပြဿနာကလည်းအကြီးအကျယ် ဖြစ်နေတယ်။ ဒီဖိအားတွေအများဆုံးက ဘယ်သူ့ကြောင့်ဖြစ်လဲဆိုတော့ စစ်ပွဲတွေကြောင့်ဖြစ်တယ်လို့ ကျွန်တော်တို့က သုံးသပ်တယ်။ စစ်ပွဲကဘာကြောင့်ဖြစ်လဲဆိုတော့ အဲဒီဒေသမှာရှိတဲ့ပြည်သူတွေက ပါချင်လား၊ မပါချင်လားမသိဘူးဗျ။ အဲဒီဒေသမှာရှိတဲ့ အာဏာယူထားတဲ့ ဥပမာ TNLA ဆိုရင်လည်း သူ့ ခေါင်းဆောင်ပေါ့နော်။ တာဖုန်းကျော်၊ AA ဆိုရင် လည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့၊ KIA ဆိုရင်လည်း ဗိုလ်ချုပ်ဂွမ်မော်တို့ သူတို့ရဲ့အတ္တတွေက ဒေသခံပြည်သူတွေကို တော်တော်ဒုက္ခရောက်နေတယ်ဗျ။ သူတို့ရဲ့အတ္တတွေက သူ့လူမျိုးတွေကိုတော်တော် ဒုက္ခရောက်ပြီးတော့ အဲဒီဆေးဝါးပြဿနာနဲ့သေတဲ့ လူဦးရေကလည်း သိပ်များနေတယ်။ စားနပ်ရိက္ခာကြောင့်လည်း တော်တော်ဒုက္ခရောက်နေတယ်။ အဓိကတော့ သူ့လူမျိုးတွေခံစားနေရတာပဲ။ အဲဒီတော့ သူတို့ဘာလုပ်ရမလဲ။ ဒီတိုက်ပွဲကြီး ဆက်တိုက်မ လား။ တိုက်ပွဲတစ်ပွဲတိုက်ဖို့ဆိုတာက ငွေရှိရမယ်၊ ရိက္ခာရှိရမယ်။ ရိက္ခာမရှိဘဲနဲ့ တိုက်ပွဲတိုက်ရင်လည်း ဒါမဖြစ်နိုင်ဘူး။ ဒါစိတ်ကူးယဉ်သက်သက်ပဲဖြစ်တယ်။ လက်နက်၊ ကျည်က ခဏထားဦးဗျာ။ ဆက်ကြေး ကောက်ပြီး ဝယ်မယ်ဆိုရင်လည်းဖြစ်တယ်။ ဆက်ကြေးကောက်ပါများတော့လည်း ဒေသခံမှာရှိတဲ့ ပြည်သူတွေက ပေးနိုင်တဲ့အားရှိမှပေးနိုင်မှာပေါ့။ သူ့မှာမှမရှိရင် ဘာသွား ပေးမလဲ။ ကျောက်တုံးရေညှစ် သလို ဖြစ်မှာပေါ့။ ဒါကြောင့်မိုလို့ ဒီဒေသဟာအခုအချိန်မှာ ငြိမ်းချမ်းရေးကိုလုပ်သင့်ပြီလို့ မြင်တယ်ဗျ။ အဲဒီလိုလုပ်ရင် ဘယ်သူ့မျက်နှာကို ကြည့်ပြီးလုပ်မလဲ။ အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေရဲ့မျက်နှာကိုကြည့် ပြီး လုပ်သင့်တယ်လို့တော့ ကျွန်တော်မြင်တယ်ဗျ။ ဖိအားတွေကတော့ အများကြီးပဲနော်။ ကျွန်တော် ပြောတာက စားဝတ်နေရေးနဲ့ဆေးဝါးလောက်ပဲ ကျွန်တော်ပြောတာ။ တခြားဗျာ ညမှာမအိပ်ရတာတို့၊ လေယာဉ်က ဘယ်နားဗုံးကြဲမလဲ။ မိုးကြိုးပစ်သလိုပေါ့။ လူတွေမှာလည်း စိတ်ဒဏ်ရာတွေ အကြီး အကျယ် ရနေတယ်။ ဒါကြောင့်မိုလို့ ဒီနေရာတွေက ငြိမ်းချမ်းရေးကိုလုပ်သင့်ပြီလို့ ကျွန်တော်မြင်တယ်။ ဒီအတ္တတွေကို ခဏထားပြီးတော့ လုပ်သင့်ပြီလို့မြင်တယ်။
ဒေါက်တာအေးမောင်- ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ
တရုတ်အကျိုးစီးပွားနဲ့ပတ်သက်ကြတာပေါ့။ တရုတ်ရဲ့အကျိုးစီးပွား၊ မြန်မာနိုင်ငံရဲ့အကျိုး စီးပွားပေါ့။ အဲဒီအကျိုးစီးပွားနှစ်ခု ထပ်တူကျနေသမျှ တော့ ငြိမ်းချမ်းတာပေါ့။ တရုတ်ရဲ့အကျိုးစီးပွား အနေနဲ့ကမ္ဘာကြီးကို ကုန်သွယ်လမ်းတွေအဖြစ် တရုတ်က ကြိုးစားဖောက်နေတာလေ။ အဲဒီဟာကို အဟန့်အတားဖြစ်နိုင်တဲ့နေရာတွေမှာ လက်နက်ကိုင် ပဋိပက္ခက ကြီးလာတာပေါ့။ တရုတ်ကဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးလို့ ယူဆထားတယ်။ ဒါပေမဲ့လို့ နှစ်နိုင်ငံငြိမ်း ချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို အခုနကပြောသလို ကိုယ့်အကျိုးစီးပွား၊ သူ့အကျိုးစီးပွားနဲ့ပတ် သက်တဲ့အခါမှာ ပြန်သုံးသပ်ဖို့တော့လိုမှာပေါ့ဗျာ။ ဆိုတော့ မြန်မာနိုင်ငံရဲ့လက်ရှိနယ်မြေမအေးချမ်း မှုတွေအားလုံးက တရုတ်နယ်စပ်မှာအကြီးမားဆုံး တည်ရှိတဲ့အနေအထား၊ နောက်တရုတ်ရဲ့စွမ်းအင်လုံ ခြုံရေးလမ်းကြောင်းတစ်လျှောက်လုံးမှာ ဖြစ်နေတဲ့အနေအထား၊ နောက် တရုတ်-မြန်မာစီးပွားရေးစင်္ကြ ပေါ့ဗျာ။ အဲဒီစင်္ကြံတစ်ခုလုံးမှာ ဖြစ်နေတဲ့အနေအထားဖြစ်တဲ့အခါ သူတို့ပါဝင်မှပဲတည်ငြိမ်အေးချမ်းတဲ့ အခင်းအကျင်း ဖြစ်တော့မယ်ဆိုတဲ့အနေအထားကို သူတို့သုံးသပ်မှာပေါ့။ အထူးသဖြင့် အခုနကပြောတဲ့ စွမ်းအင်လုံခြုံရေးလမ်းကြောင်း CNPC ရေနံပိုက်လိုင်းတစ်လျှောက်ဖြစ်တာကိုး။ အဲဒီတစ် လျှောက် အတိုင်းပဲ BRI ကိုလည်း ကြိုးစားပြီးတော့ အိန္ဒိသမုဒ္ဒရာကို ဖွင့်အောင်လုပ်တာပေါ့။ အဲဒီလမ်း တစ် လျှောက်မှာဖြစ်တဲ့ မငြိမ်မသက်မှုတွေသည် မြန်မာနိုင်ငံအတွက်ရော၊ တရုတ်အတွက်ရော ရေရှည် မဟာဗျူဟာအတွက်ရော တိုက်ရိုက်ထိခိုက်မှုဖြစ်တာပေါ့။ အဲဒါကြောင့် တရုတ်က သူ့နိုင်ငံနဲ့ နယ်ချင်း ဆက်စပ်နေတဲ့ နယ်မြေတွေမှာရှိတဲ့ လက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းအောင်လုပ်မှဖြစ်မယ်ဆိုတဲ့ လိုအပ်ချက်ကြီးဖြစ်လာတာပေါ့။ ဒါကြောင့်လည်း မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာ ထဲထဲဝင်ဝင် ပါလာတာပေါ့။ အဓိကတော့ သူ့အကျိုးစီးပွားနဲ့ပတ်သက်တာပေါ့။ အဲဒါကြောင့် FPNCC ဆိုတာ မြောက် ပိုင်းဗဟိုပြုတဲ့ မြန်မာနိုင်ငံ၊ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေး နိုင်ငံရေးညှိနှိုင်းမှုကော်မတီလို့ သုံးထား တာပေါ့။ အဲဒီတော့ FPNCC ရဲ့ ရည်ရွယ်ချက်ကိုက မြန်မာနိုင်ငံကိုဖက်ဒရယ်နိုင်ငံအဖြစ် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်အောင်ဆိုတဲ့ဘက်နဲ့ သွားတာပေါ့။ ဒါက နိုင်ငံရေးအားဖြင့်သွားတာပေါ့။ FPNCC ရဲ့အောက်မှာ ချိတ်ဆက်တာက ပါတီချင်းလည်း ချိတ်ဆက်တာ။ လက်နက်ကိုင်ချင်းလည်း ချိတ်ဆက်တယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေသည် ပါတီရဲ့မောင်း နှင်အားဖြစ်တဲ့အခါကျတော့ အခုနက ပါတီရဲ့မူဝါဒ၊ ပါတီအားလုံးပေါ့။ (၇)ဖွဲ့ FPNCC ရဲ့ မူဝါဒက ပြော တဲ့အတိုင်းပဲသွားတာပေါ့။ လက်နက်ကိုင်နေတဲ့ လက် နက်ကိုင်တပ်မတော်တွေရဲ့ အနေအထားနဲ့ အခုနက မဟာဗျူဟာမြောက်တဲ့ တရုတ်ရဲ့အကျိုးစီးပွားကို တိုက်ရိုက်ပတ်သက်တဲ့အခါ၊ နောက် အထူးသဖြင့် တရုတ်ပြည်နယ်စပ်နဲ့ ထိစပ်တဲ့နေရာတွေမှာ တည်ရှိနေတဲ့အခါကျတော့၊ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းကြီးကြီး မားမားတွေဟာ တရုတ်ငွေလည်း သုံးသလို တရုတ်ကဘဏ်တွေမှာလည်း ငွေအပ်တာ၊ တရုတ်ပြည်မှာ နိုင်ငံသားခံယူထားတာတို့ပေါ့။ အဲဒါကြောင့်လည်း တရုတ်က ဖိအားကြီးကြီးမားမားပေးမှပဲ ဒီပဋိပက္ခကို ငြိမ်းချမ်းအောင် အသွင်ပြောင်းနိုင်မယ်။ သူ့ရဲ့အကျိုးစီးပွားနဲ့ မြန်မာနိုင်ငံရဲ့အကျိုးစီးပွားကို ထပ်တူကျနိုင် တယ်ဆိုတဲ့သဘောနဲ့ ဖိအားပေးတာ ဖြစ်နိုင်တယ်။ ဒီလိုဖိအားပေးမှုကိုတော့ တရုတ်ဘက် က တစ်စိုက် မတ်မတ်လုပ်မယ်လို့ သုံးသပ်တယ်။ ဘာလဲဆိုရင် သူ့ရဲ့ရည်မှန်းချက် (၂၀၃၀) ဗျ။ BRI ရဲ့ ဖွင့်ရမယ့် အိန္ဒိယသမုဒ္ဒရာဘက်လမ်းကြောင်းလေ။ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကတော့ တည်ဆောက် ပြီးပြီ။ ဒါပေမဲ့လို့ ရထားလမ်းနဲ့ကားလမ်းပေါ့ဗျာ။ နောက်ကျောက်ဖြူရေနက်ဆိပ်ကမ်းတွေပြီးမှ BRI လမ်း ကြောင်းကပွင့်မှာ အိန္ဒိယသမုဒ္ဒရာကို။ အခု ဟာက (၂၀၂၄) ဖြစ်သွားပြီ။ နောက်(၆)နှစ်အ တွင်းမှာ တည်ဆောက်မှုလုပ်ငန်းကိုစနိုင်မှပဲ (၂၀၃၀)ကို သူတို့ကမှန်းနိုင်တာပေါ့။ အဲဒီတော့ အခုက တည်းက တည်ငြိမ်မှုရှိဖို့လိုပြီ။ အားတစ်ခုနဲ့ သူတို့က ဝင်ပါတာလို့ ယူဆတယ်။
စီးပွားရေး၊ ငွေရေးကြေးရေးအားလုံးက တရုတ်ကို မှီတင်းနေရတဲ့အခါကျတော့ ဟိုဘက်က ဖိအားဒဏ်ကို လက်နက်ကိုင်အဖွဲ့အစည်းတွေက ဘယ်လိုမှမခံနိုင်ဘူး။ အဲဒါကို တရုတ်ကလည်း သိသလို ဒီဘက်မြန်မာနိုင်ငံအစိုးရဘက်ကလည်း သိ တယ်။ သူတို့လက်နက်ကိုင်အဖွဲ့အစည်းတွေ ကိုယ် တိုင်လည်းသိပုံပေါက်တယ်။ တရုတ်ရဲ့ Target ကာလ(၆)နှစ်ဆိုတဲ့ကာလကိုမှန်းရင် ဒီနှစ်ပိုင်းတွေ ပေါ့ဗျာ။ (၂၀၂၄)ခုနှစ် နှစ်ကုန်ပိုင်း၊ (၂၀၂၅) နှစ်ဦး ပိုင်းလောက်မှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တရုတ်နဲ့ရော၊ မြန် မာအစိုးရနဲ့ရော ညှိနှိုင်းမှဖြစ်မယ်ဆိုတဲ့ အဖြေတစ် ခုကို ရလာနိုင်တယ်။ အဲဒါကြောင့် ဒီရဲ့အားဟာ (၂၀၂၅)ရဲ့ ပထမ(၃)လပတ်လောက်အထိ ရှိနိုင် တယ်။ အဲဒီနောက်မှာ တည်ငြိမ်အေးချမ်းတဲ့ အနေ အထားတစ်ခုကို ရောက်သွားနိုင်တယ်လို့ခန့်မှန်းရတယ်။ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ တရုတ် နယ်စပ်တစ်လျှောက်လုံးကတော့ စီးပွားရေးနယ် စပ်လမ်းကြောင်းတွေကို ပိတ်လိုက်ခြင်းဖြင့် နယ် စပ်တစ်လျှောက်လုံးမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးက ခံရမှာပါပဲ။ အနှေးနဲ့အမြန်ပေါ့။ မြန်မာဘက်ကလည်း တရုတ်ရဲ့အားနဲ့လက်ရှိငြိမ်း ချမ်းမှုဖြစ်စဉ်ကို အဖြေတစ်ခုရနိုင်တဲ့အထိ သွားမှ ရမယ်ဆိုတဲ့အနေအထားနဲ့ သွားနေပုံပေါက်တယ်။ တရုတ်အစိုးရနဲ့ မြန်မာအစိုးရနှစ်ခုပေါင်းပြီးမှ တစ်ပြိုင်တည်းလုပ်သွားမယ့် ပုံပေါက်ပါတယ်။
zawgyi version
ေျမာက္ပိုင္းအဖြဲ႕ေတြအတြက္ ျမန္မာ-တ႐ုတ္ ပူးေပါင္းဖိအားရဲ႕ဦးတည္ခ်က္
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၃
ျမန္မာ-တ႐ုတ္နယ္စပ္ေဒသမ်ားတြင္ အေျခခ်လႈပ္ရွားေနသည့္တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားကို တ႐ုတ္ႏိုင္ငံဘက္က ဖိအားေပးမႈမ်ား ရွိေနသကဲ့သို႔ နစကအစိုးရဘက္ကလည္း ျဖတ္(၄)ျဖတ္ပုံစံမ်ိဳးျဖင့္ ဖိအားေပးေနမႈမ်ားရွိေနသည္။ အထူးသျဖင့္ “ဝ” လက္နက္ကိုင္အဖြဲ႕ UWSA ၊ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ၊ တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA ၊ ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA တို႔သည္ တ႐ုတ္အစိုးရ၏ ဖိအားေပးမႈကို အျပင္းအထန္ခံရသည့္သေဘာတြင္ရွိေနသည္။ ၎ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားသည္ စီးပြားေရး၊ ေငြေရးေၾကးေရးအပါအဝင္ စားနပ္ရိကၡာတို႔ႏွင့္ ပတ္သက္၍ တ႐ုတ္ႏိုင္ငံကို အဓိကမွီခိုေနရလ်က္ရွိၾကသည္။ ယခုအခ်ိန္တြင္၎အဖြဲ႕မ်ားကို တ႐ုတ္ အစိုးရႏွင့္ နစကအစိုးရတို႔က ပူးေပါင္းကာ ဖိအားေပးေနလ်က္ရွိၿပီး ေဒသအတြင္း၌ အခက္အခဲအက်ပ္ အတည္းမ်ားလည္း ျဖစ္ေပၚေနလ်က္ရွိသည္။ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕မ်ားကို တ႐ုတ္ႏွင့္ ျမန္မာ အစိုးရတို႔ကပူးေပါင္းကာ ေပးေနသည့္ဖိအားမ်ားေၾကာင့္ လက္ရွိျဖစ္ေပၚေနသည့္ အေျခအေန မ်ားႏွင့္ ေနာင္ျဖစ္ေပၚလာႏိုင္ေသာ အလားအလာအေျခအေနမ်ားကို NP News က ႏိုင္ငံေရးအသိုင္းအဝိုင္းကို ေမးျမန္းထားပါသည္။ ထို႔ေၾကာင့္ ႏိုင္ငံေရးအသိုင္းအဝိုင္းက သုံးသပ္ေျပာဆိုထားသည့္ အခ်က္ အလက္မ်ားကို ေကာက္ႏုတ္တင္ျပလိုက္ပါသည္။
ဦးလွေဌး- ရန္ကုန္တိုင္းလႊတ္ေတာ္အမတ္ေဟာင္း
ေျမာက္ပိုင္း(၃)ဖြဲ႕နဲ႔ အဓိကဆက္စပ္တာကေတာ့ တ႐ုတ္ကိုမွီခိုၿပီးေတာ့ ရပ္တည္ေနရတာပဲေပါ့ ေနာ္။ အစစအရာရာ ကုန္စည္ကူးသန္းမႈ၊ စီးပြားေရး အကုန္လုံးက ဒီတ႐ုတ္ကိုအားထားၿပီး ရပ္တည္ ေနရတာေတြ႕တယ္။ ရပ္တည္ေနရတဲ့အခါက်ေတာ့ အခုလိုတ႐ုတ္ဘက္ကေန ဖိအားေပးတယ္။ နယ္စပ္ ဂိတ္ေတြကိုပိတ္ဆို႔တယ္ဆိုတဲ့ အေျခအေနေတြ၊ သူတို႔အေျပာေပါ့ဗ်ာ။ ျဖတ္(၅)ျဖတ္ေပါ့။ ျဖတ္လိုက္တဲ့ အခါက်ေတာ့ အဲဒီေဒသမွာ ေနထိုင္ေနတဲ့လူေတြရဲ႕ စားဝတ္ေနေရး၊ စီးပြားေရး အစစအရာရာက ကုန္ ေဈးႏႈန္းက မတရားတက္သြားၿပီး လူေတြအကုန္လုံးက ဒုကၡေရာက္တဲ့အေနအထားမ်ိဳးရွိတယ္။ အဲဒီ ေဒသမွာေနတဲ့ျပည္သူေတြအဆင္ေျပဖို႔၊ စားဝတ္ေနေရး၊ စီးပြားေရး၊ ပညာေရး၊ က်န္းမာေရးကအစေပါ့ ဗ်ာ။ ေငြေရးေၾကးေရးပိုင္းကအစ အဆင္ေျပဖို႔ဆိုတာ တ႐ုတ္နဲ႔အဆင္ေျပမွရမယ္ေလ။ တ႐ုတ္နဲ႔အဆင္ မေျပရင္ အခက္အခဲေတြအမ်ားႀကီးရွိမယ္။ ရွိတဲ့အ ခါက်ေတာ့ အခုအခ်ိန္မွာတ႐ုတ္ကဖိအားေပးလာ တာရွိတယ္။ ေနာက္တစ္ခုက တ႐ုတ္ကကြၽန္ေတာ္ တို႔ႏိုင္ငံနဲ႔ပတ္သက္ၿပီးေတာ့ စစ္ပြဲေတြကိုၿငိမ္းခ်မ္း ေစခ်င္တယ္။ စစ္ပြဲေတြကို ၿပီးဆုံးေစခ်င္တယ္ေပါ့။ ၿပီးေတာ့မွ နစကနဲ႔ညႇိႏႈိင္းၿပီးေတာ့ ဖက္ဒရယ္ကိစၥ၊ ဘာညာေျပာဆိုမယ့္အေျခအေနမ်ိဳးေတြမွာ ရွိေန တယ္။ ဒါေၾကာင့္ ေလာေလာဆယ္မွာ အပစ္အခတ္ တိုက္ခိုက္တာေတြရပ္ၿပီးေတာ့ ေတြ႕ဆုံေဆြးေႏြးေရးလမ္းေၾကာင္းေပၚကိုေရာက္ဖို႔ကို တ႐ုတ္က တြန္းအားေပးတဲ့အေနနဲ႔ ေဆာင္႐ြက္ေနတာေတြ ျဖစ္တာေပါ့။
တကယ္လို႔ဗ်ာ သူတို႔ေျမာက္ပိုင္းအဖြဲ႕ကေနၿပီးေတာ့ ဆက္ၿပီးတင္းခံမယ္ဆိုရင္ေတာ့ ျဖစ္ေပၚ လာမယ့္အေျခအေနကေတာ့ ေကာင္းတဲ့အလားအလာမရွိႏိုင္ဘူး။ မရွိႏိုင္ဘူးဆိုတာက ဒီဘက္ကလည္း ထိုးစစ္ဆင္တာေတြရွိလာႏိုင္တယ္။ တစ္ဖက္ကလည္း ဖိအားေပးတာေတြျဖစ္တဲ့အခါက်ေတာ့ အဲဒီ ေဒသေတြမွာ အက်ပ္အတည္းေတြခ်ည္းပဲ ၾကဳလိမ့္မယ္ဗ်။ ဒီေတာ့ သူတို႔ဘာလုပ္ရမလဲဆိုေတာ့ တိုက္ပြဲ ေတြကို ရပ္လိုက္ပါ။ ရပ္ၿပီးေတာ့ နည္းနည္းေလးတည္ၿငိမ္တဲ့အခ်ိန္မွာ နစကနဲ႔ေတြ႕ဆုံေဆြးေႏြးတာ ေတြ၊ ညႇိႏႈိင္းတာေတြလုပ္ၿပီး ျဖတ္သန္းမယ္ဆိုရင္ေတာ့ သူတို႔အတြက္လည္းေကာင္းမယ္။ သူတို႔ ေဒသခံ ျပည္သူအတြက္လည္းေကာင္းမယ္။ ကြၽန္ေတာ္တို႔တိုင္းျပည္အတြက္လည္း အေကာင္းဆုံး အေျခအေနကို ရမွာေပါ့။
ဦးရန္ႏိုင္ဝင္း- ဖက္ဒရယ္ ဒီမိုကရက္တစ္ပါတီဒုဥကၠ႒
ဒီေျမာက္ပိုင္းအဖြဲ႕ေတြေပါ့ေနာ္။ KIA ေရာ၊ MNDAA ေရာ၊ TNLA ေရာ ဒီအဖြဲ႕ေတြ အားလုံးမွာ ပထမဆုံးအစိုးရလုပ္တဲ့ အလုပ္တစ္ခုရွိတယ္ဗ်။ အဲဒါကဘာလဲဆိုေတာ့ ျဖတ္(၄)ျဖတ္ စီမံခ်က္ကို သူတို႔လုပ္ထားတာၾကာၿပီဗ်။ ရခိုင္လည္း ပါတာေပါ့ေနာ္။ TNLA လည္း ပါတာေပါ့ေနာ္။ MNDAA လည္းပါတာေပါ့။ အဲဒီအထဲမွာ ျဖတ္(၄)ျဖတ္စီမံခ်က္အရ သူတို႔လုပ္ထားတဲ့အခါမွာ အဓိက ေဆးဝါး ျပႆနာ ျဖစ္တယ္။ သူတို႔မွာတိုက္ပြဲျဖစ္တဲ့အခါ ဒဏ္ရာဒဏ္ခ်က္ေတြျဖစ္တယ္ဗ်ာ။ အဲဒါေတြ ကိုျဖစ္တဲ့ အခါက်ေတာ့ ကုဖို႔ေဆးမရွိဘူး။ အဲဒီေတာ့ ဗုံးႀကဲလို႔ေသတဲ့လူနဲ႔စာရင္ ေဆးမရွိလို႔မကုရဘဲနဲ႔ ေသတဲ့လူ ကပိုမ်ားေနတယ္ဗ်။ အဲဒီေဒသမွာ။ ဥပမာ - အဲဒီေဒသမွာရွိတဲ့ျပည္သူေတြကလည္း ေဆးမရွိလို႔ ေသ တယ္။ ဒုတိယတစ္ခ်က္ထပ္ေျပာမယ္ဆိုရင္ စားဝတ္ေနေရးျပႆနာ။ အဲဒီေဒသေတြက ဥပမာဗ်ာ စက္ သုံးဆီ ျပႆနာျဖစ္ေနတယ္။ စက္သုံးဆီမရွိဘူးဆိုရင္ ေဒသတစ္ခုနဲ႔တစ္ခု သြားဖို႔လာဖို႔ေတာ္ေတာ္ အခက္အခဲျဖစ္တယ္။ ေနာက္တစ္ခ်က္က တ႐ုတ္ျပည္ကလည္း ပိတ္ပစ္လိုက္တယ္။ ပိတ္ေတာ့ သူတို႔မွာ စားနပ္ရိကၡာမရွိေတာ့ဘူး။ ပေလာင္ TNLA ေနရာဆိုလို႔ ရွိရင္ ဆန္လုံးဝမထြက္တဲ့ေနရာ၊ အဲဒီမွာ ဆန္မထြက္ေတာ့ သူတို႔ဘာနဲ႔စားမလဲ။ ေတာ္ေတာ္ကို ဒုကၡေရာက္ေနၿပီ။ ေဆးဝါး၊ စားနပ္ရိကၡာ၊ ဆန္၊ ဆီ မရွိဘူးေပါ့ဗ်ာ။ အမ်ားဆုံးကေတာ့ TNLA က အခံရဆုံးျဖစ္ေနတယ္။ ရခိုင္ျပည္နယ္က ရခိုင္ေဒသတြင္း မွာရွိတဲ့ ဆန္ကရွိေသးတယ္။ TNLA က ေဒသဆန္ မရွိတဲ့အခါမွာ ဆန္ျပႆနာကလည္းအႀကီးအက်ယ္ ျဖစ္ေနတယ္။ ဒီဖိအားေတြအမ်ားဆုံးက ဘယ္သူ႔ေၾကာင့္ျဖစ္လဲဆိုေတာ့ စစ္ပြဲေတြေၾကာင့္ျဖစ္တယ္လို႔ ကြၽန္ေတာ္တို႔က သုံးသပ္တယ္။ စစ္ပြဲကဘာေၾကာင့္ျဖစ္လဲဆိုေတာ့ အဲဒီေဒသမွာရွိတဲ့ျပည္သူေတြက ပါခ်င္လား၊ မပါခ်င္လားမသိဘူးဗ်။ အဲဒီေဒသမွာရွိတဲ့ အာဏာယူထားတဲ့ ဥပမာ TNLA ဆိုရင္လည္း သူ႔ ေခါင္းေဆာင္ေပါ့ေနာ္။ တာဖုန္းေက်ာ္၊ AA ဆိုရင္ လည္း ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္တို႔၊ KIA ဆိုရင္လည္း ဗိုလ္ခ်ဳပ္ဂြမ္ေမာ္တို႔ သူတို႔ရဲ႕အတၱေတြက ေဒသခံျပည္သူေတြကို ေတာ္ေတာ္ဒုကၡေရာက္ေနတယ္ဗ်။ သူတို႔ရဲ႕အတၱေတြက သူ႔လူမ်ိဳးေတြကိုေတာ္ေတာ္ ဒုကၡေရာက္ၿပီးေတာ့ အဲဒီေဆးဝါးျပႆနာနဲ႔ေသတဲ့ လူဦးေရကလည္း သိပ္မ်ားေနတယ္။ စားနပ္ရိကၡာေၾကာင့္လည္း ေတာ္ေတာ္ဒုကၡေရာက္ေနတယ္။ အဓိကေတာ့ သူ႔လူမ်ိဳးေတြခံစားေနရတာပဲ။ အဲဒီေတာ့ သူတို႔ဘာလုပ္ရမလဲ။ ဒီတိုက္ပြဲႀကီး ဆက္တိုက္မ လား။ တိုက္ပြဲတစ္ပြဲတိုက္ဖို႔ဆိုတာက ေငြရွိရမယ္၊ ရိကၡာရွိရမယ္။ ရိကၡာမရွိဘဲနဲ႔ တိုက္ပြဲတိုက္ရင္လည္း ဒါမျဖစ္ႏိုင္ဘူး။ ဒါစိတ္ကူးယဥ္သက္သက္ပဲျဖစ္တယ္။ လက္နက္၊ က်ည္က ခဏထားဦးဗ်ာ။ ဆက္ေၾကး ေကာက္ၿပီး ဝယ္မယ္ဆိုရင္လည္းျဖစ္တယ္။ ဆက္ေၾကးေကာက္ပါမ်ားေတာ့လည္း ေဒသခံမွာရွိတဲ့ ျပည္သူေတြက ေပးႏိုင္တဲ့အားရွိမွေပးႏိုင္မွာေပါ့။ သူ႔မွာမွမရွိရင္ ဘာသြား ေပးမလဲ။ ေက်ာက္တုံးေရညႇစ္ သလို ျဖစ္မွာေပါ့။ ဒါေၾကာင့္မိုလို႔ ဒီေဒသဟာအခုအခ်ိန္မွာ ၿငိမ္းခ်မ္းေရးကိုလုပ္သင့္ၿပီလို႔ ျမင္တယ္ဗ်။ အဲဒီလိုလုပ္ရင္ ဘယ္သူ႔မ်က္ႏွာကို ၾကည့္ၿပီးလုပ္မလဲ။ အဲဒီေဒသမွာရွိတဲ့ ျပည္သူေတြရဲ႕မ်က္ႏွာကိုၾကည့္ ၿပီး လုပ္သင့္တယ္လို႔ေတာ့ ကြၽန္ေတာ္ျမင္တယ္ဗ်။ ဖိအားေတြကေတာ့ အမ်ားႀကီးပဲေနာ္။ ကြၽန္ေတာ္ ေျပာတာက စားဝတ္ေနေရးနဲ႔ေဆးဝါးေလာက္ပဲ ကြၽန္ေတာ္ေျပာတာ။ တျခားဗ်ာ ညမွာမအိပ္ရတာတို႔၊ ေလယာဥ္က ဘယ္နားဗုံးႀကဲမလဲ။ မိုးႀကိဳးပစ္သလိုေပါ့။ လူေတြမွာလည္း စိတ္ဒဏ္ရာေတြ အႀကီး အက်ယ္ ရေနတယ္။ ဒါေၾကာင့္မိုလို႔ ဒီေနရာေတြက ၿငိမ္းခ်မ္းေရးကိုလုပ္သင့္ၿပီလို႔ ကြၽန္ေတာ္ျမင္တယ္။ ဒီအတၱေတြကို ခဏထားၿပီးေတာ့ လုပ္သင့္ၿပီလို႔ျမင္တယ္။
ေဒါက္တာေအးေမာင္- ရခိုင့္ဦးေဆာင္ပါတီ ဥကၠ႒
တ႐ုတ္အက်ိဳးစီးပြားနဲ႔ပတ္သက္ၾကတာေပါ့။ တ႐ုတ္ရဲ႕အက်ိဳးစီးပြား၊ ျမန္မာႏိုင္ငံရဲ႕အက်ိဳး စီးပြားေပါ့။ အဲဒီအက်ိဳးစီးပြားႏွစ္ခု ထပ္တူက်ေနသမွ် ေတာ့ ၿငိမ္းခ်မ္းတာေပါ့။ တ႐ုတ္ရဲ႕အက်ိဳးစီးပြား အေနနဲ႔ကမာၻႀကီးကို ကုန္သြယ္လမ္းေတြအျဖစ္ တ႐ုတ္က ႀကိဳးစားေဖာက္ေနတာေလ။ အဲဒီဟာကို အဟန႔္အတားျဖစ္ႏိုင္တဲ့ေနရာေတြမွာ လက္နက္ကိုင္ ပဋိပကၡက ႀကီးလာတာေပါ့။ တ႐ုတ္ကဘယ္လိုပဲ ျဖစ္ျဖစ္ ျမန္မာ့ျပည္တြင္းေရးကို ဝင္ေရာက္မစြက္ဖက္ဘူးလို႔ ယူဆထားတယ္။ ဒါေပမဲ့လို႔ ႏွစ္ႏိုင္ငံၿငိမ္း ခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရးကို အခုနကေျပာသလို ကိုယ့္အက်ိဳးစီးပြား၊ သူ႔အက်ိဳးစီးပြားနဲ႔ပတ္ သက္တဲ့အခါမွာ ျပန္သုံးသပ္ဖို႔ေတာ့လိုမွာေပါ့ဗ်ာ။ ဆိုေတာ့ ျမန္မာႏိုင္ငံရဲ႕လက္ရွိနယ္ေျမမေအးခ်မ္း မႈေတြအားလုံးက တ႐ုတ္နယ္စပ္မွာအႀကီးမားဆုံး တည္ရွိတဲ့အေနအထား၊ ေနာက္တ႐ုတ္ရဲ႕စြမ္းအင္လုံ ၿခဳံေရးလမ္းေၾကာင္းတစ္ေလွ်ာက္လုံးမွာ ျဖစ္ေနတဲ့အေနအထား၊ ေနာက္ တ႐ုတ္-ျမန္မာစီးပြားေရးစၾကၤ ေပါ့ဗ်ာ။ အဲဒီစႀကႍတစ္ခုလုံးမွာ ျဖစ္ေနတဲ့အေနအထားျဖစ္တဲ့အခါ သူတို႔ပါဝင္မွပဲတည္ၿငိမ္ေအးခ်မ္းတဲ့ အခင္းအက်င္း ျဖစ္ေတာ့မယ္ဆိုတဲ့အေနအထားကို သူတို႔သုံးသပ္မွာေပါ့။ အထူးသျဖင့္ အခုနကေျပာတဲ့ စြမ္းအင္လုံၿခဳံေရးလမ္းေၾကာင္း CNPC ေရနံပိုက္လိုင္းတစ္ေလွ်ာက္ျဖစ္တာကိုး။ အဲဒီတစ္ ေလွ်ာက္ အတိုင္းပဲ BRI ကိုလည္း ႀကိဳးစားၿပီးေတာ့ အိႏၵိသမုဒၵရာကို ဖြင့္ေအာင္လုပ္တာေပါ့။ အဲဒီလမ္း တစ္ ေလွ်ာက္မွာျဖစ္တဲ့ မၿငိမ္မသက္မႈေတြသည္ ျမန္မာႏိုင္ငံအတြက္ေရာ၊ တ႐ုတ္အတြက္ေရာ ေရရွည္ မဟာဗ်ဴဟာအတြက္ေရာ တိုက္႐ိုက္ထိခိုက္မႈျဖစ္တာေပါ့။ အဲဒါေၾကာင့္ တ႐ုတ္က သူ႔ႏိုင္ငံနဲ႔ နယ္ခ်င္း ဆက္စပ္ေနတဲ့ နယ္ေျမေတြမွာရွိတဲ့ လက္နက္ကိုင္ ပဋိပကၡကို ခ်ဳပ္ၿငိမ္းေအာင္လုပ္မွျဖစ္မယ္ဆိုတဲ့ လိုအပ္ခ်က္ႀကီးျဖစ္လာတာေပါ့။ ဒါေၾကာင့္လည္း ျမန္မာႏိုင္ငံနဲ႔ပတ္သက္တဲ့က႑ေတြမွာ ထဲထဲဝင္ဝင္ ပါလာတာေပါ့။ အဓိကေတာ့ သူ႔အက်ိဳးစီးပြားနဲ႔ပတ္သက္တာေပါ့။ အဲဒါေၾကာင့္ FPNCC ဆိုတာ ေျမာက္ ပိုင္းဗဟိုျပဳတဲ့ ျမန္မာႏိုင္ငံ၊ ဖက္ဒရယ္ႏိုင္ငံ တည္ေဆာက္ေရး ႏိုင္ငံေရးညႇိႏႈိင္းမႈေကာ္မတီလို႔ သုံးထား တာေပါ့။ အဲဒီေတာ့ FPNCC ရဲ႕ ရည္႐ြယ္ခ်က္ကိုက ျမန္မာႏိုင္ငံကိုဖက္ဒရယ္ႏိုင္ငံအျဖစ္ အစိုးရနဲ႔ ေတြ႕ဆုံေဆြးေႏြးႏိုင္ေအာင္ဆိုတဲ့ဘက္နဲ႔ သြားတာေပါ့။ ဒါက ႏိုင္ငံေရးအားျဖင့္သြားတာေပါ့။ FPNCC ရဲ႕ေအာက္မွာ ခ်ိတ္ဆက္တာက ပါတီခ်င္းလည္း ခ်ိတ္ဆက္တာ။ လက္နက္ကိုင္ခ်င္းလည္း ခ်ိတ္ဆက္တယ္။ လက္နက္ကိုင္အဖြဲ႕အစည္းေတြသည္ ပါတီရဲ႕ေမာင္း ႏွင္အားျဖစ္တဲ့အခါက်ေတာ့ အခုနက ပါတီရဲ႕မူဝါဒ၊ ပါတီအားလုံးေပါ့။ (၇)ဖြဲ႕ FPNCC ရဲ႕ မူဝါဒက ေျပာ တဲ့အတိုင္းပဲသြားတာေပါ့။ လက္နက္ကိုင္ေနတဲ့ လက္ နက္ကိုင္တပ္မေတာ္ေတြရဲ႕ အေနအထားနဲ႔ အခုနက မဟာဗ်ဴဟာေျမာက္တဲ့ တ႐ုတ္ရဲ႕အက်ိဳးစီးပြားကို တိုက္႐ိုက္ပတ္သက္တဲ့အခါ၊ ေနာက္ အထူးသျဖင့္ တ႐ုတ္ျပည္နယ္စပ္နဲ႔ ထိစပ္တဲ့ေနရာေတြမွာ တည္ရွိေနတဲ့အခါက်ေတာ့၊ အထူးသျဖင့္ လက္နက္ကိုင္အဖြဲ႕အစည္းႀကီးႀကီး မားမားေတြဟာ တ႐ုတ္ေငြလည္း သုံးသလို တ႐ုတ္ကဘဏ္ေတြမွာလည္း ေငြအပ္တာ၊ တ႐ုတ္ျပည္မွာ ႏိုင္ငံသားခံယူထားတာတို႔ေပါ့။ အဲဒါေၾကာင့္လည္း တ႐ုတ္က ဖိအားႀကီးႀကီးမားမားေပးမွပဲ ဒီပဋိပကၡကို ၿငိမ္းခ်မ္းေအာင္ အသြင္ေျပာင္းႏိုင္မယ္။ သူ႔ရဲ႕အက်ိဳးစီးပြားနဲ႔ ျမန္မာႏိုင္ငံရဲ႕အက်ိဳးစီးပြားကို ထပ္တူက်ႏိုင္ တယ္ဆိုတဲ့သေဘာနဲ႔ ဖိအားေပးတာ ျဖစ္ႏိုင္တယ္။ ဒီလိုဖိအားေပးမႈကိုေတာ့ တ႐ုတ္ဘက္ က တစ္စိုက္ မတ္မတ္လုပ္မယ္လို႔ သုံးသပ္တယ္။ ဘာလဲဆိုရင္ သူ႔ရဲ႕ရည္မွန္းခ်က္ (၂၀၃၀) ဗ်။ BRI ရဲ႕ ဖြင့္ရမယ့္ အိႏၵိယသမုဒၵရာဘက္လမ္းေၾကာင္းေလ။ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းကေတာ့ တည္ေဆာက္ ၿပီးၿပီ။ ဒါေပမဲ့လို႔ ရထားလမ္းနဲ႔ကားလမ္းေပါ့ဗ်ာ။ ေနာက္ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းေတြၿပီးမွ BRI လမ္း ေၾကာင္းကပြင့္မွာ အိႏၵိယသမုဒၵရာကို။ အခု ဟာက (၂၀၂၄) ျဖစ္သြားၿပီ။ ေနာက္(၆)ႏွစ္အ တြင္းမွာ တည္ေဆာက္မႈလုပ္ငန္းကိုစႏိုင္မွပဲ (၂၀၃၀)ကို သူတို႔ကမွန္းႏိုင္တာေပါ့။ အဲဒီေတာ့ အခုက တည္းက တည္ၿငိမ္မႈရွိဖို႔လိုၿပီ။ အားတစ္ခုနဲ႔ သူတို႔က ဝင္ပါတာလို႔ ယူဆတယ္။
စီးပြားေရး၊ ေငြေရးေၾကးေရးအားလုံးက တ႐ုတ္ကို မွီတင္းေနရတဲ့အခါက်ေတာ့ ဟိုဘက္က ဖိအားဒဏ္ကို လက္နက္ကိုင္အဖြဲ႕အစည္းေတြက ဘယ္လိုမွမခံႏိုင္ဘူး။ အဲဒါကို တ႐ုတ္ကလည္း သိသလို ဒီဘက္ျမန္မာႏိုင္ငံအစိုးရဘက္ကလည္း သိ တယ္။ သူတို႔လက္နက္ကိုင္အဖြဲ႕အစည္းေတြ ကိုယ္ တိုင္လည္းသိပုံေပါက္တယ္။ တ႐ုတ္ရဲ႕ Target ကာလ(၆)ႏွစ္ဆိုတဲ့ကာလကိုမွန္းရင္ ဒီႏွစ္ပိုင္းေတြ ေပါ့ဗ်ာ။ (၂၀၂၄)ခုႏွစ္ ႏွစ္ကုန္ပိုင္း၊ (၂၀၂၅) ႏွစ္ဦး ပိုင္းေလာက္မွာ တစ္ဖြဲ႕ၿပီးတစ္ဖြဲ႕ တ႐ုတ္နဲ႔ေရာ၊ ျမန္ မာအစိုးရနဲ႔ေရာ ညႇိႏႈိင္းမွျဖစ္မယ္ဆိုတဲ့ အေျဖတစ္ ခုကို ရလာႏိုင္တယ္။ အဲဒါေၾကာင့္ ဒီရဲ႕အားဟာ (၂၀၂၅)ရဲ႕ ပထမ(၃)လပတ္ေလာက္အထိ ရွိႏိုင္ တယ္။ အဲဒီေနာက္မွာ တည္ၿငိမ္ေအးခ်မ္းတဲ့ အေန အထားတစ္ခုကို ေရာက္သြားႏိုင္တယ္လို႔ခန႔္မွန္းရတယ္။ ဆိုေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ပါ။ တ႐ုတ္ နယ္စပ္တစ္ေလွ်ာက္လုံးကေတာ့ စီးပြားေရးနယ္ စပ္လမ္းေၾကာင္းေတြကို ပိတ္လိုက္ျခင္းျဖင့္ နယ္ စပ္တစ္ေလွ်ာက္လုံးမွာရွိတဲ့ လက္နက္ကိုင္အဖြဲ႕ အစည္းအားလုံးက ခံရမွာပါပဲ။ အေႏွးနဲ႔အျမန္ေပါ့။ ျမန္မာဘက္ကလည္း တ႐ုတ္ရဲ႕အားနဲ႔လက္ရွိၿငိမ္း ခ်မ္းမႈျဖစ္စဥ္ကို အေျဖတစ္ခုရႏိုင္တဲ့အထိ သြားမွ ရမယ္ဆိုတဲ့အေနအထားနဲ႔ သြားေနပုံေပါက္တယ္။ တ႐ုတ္အစိုးရနဲ႔ ျမန္မာအစိုးရႏွစ္ခုေပါင္းၿပီးမွ တစ္ၿပိဳင္တည္းလုပ္သြားမယ့္ ပုံေပါက္ပါတယ္။