နေပြည်တော်တွင် အိမ်စီးကားနဲ့ ရဲတပ်ဖွဲ့ဝင်လိုက်ပါလာသည့် ကားက အရှိန်လွန်ဝင်တိုက်မိရာ (၂)ဦးသေဆုံး

 2594

ချယ်ရီ (NP News)- ဒီဇင်ဘာ ၃

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် အိမ်စီးကားရဲတပ်ဖွဲ့ဝင်လိုက်ပါလာသည့် ကားက အရှိန်လွန်ဝင်တိုက်မိရာ (၂)ဦးသေဆုံး၍ (၁၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့
နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၂ရက်)၊ ည (၇)နာရီခွဲဝန်းကျင်အချိန်ခန့်က ဒက္ခိဏသီရိမြိုနယ်၊ ရွှေပြည်တော်ဝင်လမ်းနှင့် သဇင်လမ်းဆုံ၊ ဒက္ခိဏဟိုတယ်ဇုန်အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“တစ်ဖက်က အိမ်စီးကားနဲ့ တိုက်မိပြီး ကားက လမ်းကိုကျော်ပြီးတော့မှ လမ်းဘေးမှာ မှောက်သွားတာ။ လမ်းကလည်းရှင်းတယ်။ ဟိုတယ်ဇုန်ဘက်လည်း ဖြစ်နေတော့လေ။ သူတို့အကုန်လုံးက လွင့်ကျကုန်တာ။ အဲဒီအထဲမှာ သူတို့က ကံကောင်းတာက အကုန်လုံးက မြေကြီးပေါ်ကိုပဲ ကျတာ။ ကွန်ကရစ်လမ်းပေါ်ဆိုရင်တော့ မရဘူးပေါ့။ အိမ်စီးကားကတော့ သိသလောက်က မိန်းကလေးမောင်းတာ။ အိမ်စီးကားကတော့ ညာဘက်အခြမ်းတံခါးတွေ ထိထားတာ လေအိတ်တွေတောင် ပွင့်ထွက်ကုန်တာ။ လုံခြုံရေးကားကတော့ ရှေ့ပိုင်း တွေ ကြွေမွပြီး တုံးလုံးလဲနေတာ” ဟု အထက်ပါနီးစပ်သူက NP Newsကိုပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် သက်လက်ပိုင်းအရွယ် ရဲတပ်ဖွဲ့ဝင် (၂)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး (၁၃)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ညာဘက်အခြမ်းကိုလဲတာဆိုတော့ မောင်းတဲ့တစ်ယောက်ကတော့ တကယ်တမ်းကတော့ အဲဒီမှာကတည်းက အသက်က မရှိတော့ ပါဘူး။ နောက်တစ်ယောက်ကတော့ ဆေးရုံရောက်မှ ဆုံးတာပါ။ သူတို့တွေက လွင့်ထွက်ကုန်တာဆိုတော့ လက်တွေ၊ ခြေထောက်တွေ ကျိုးတာရှိတယ်။ ခေါင်းပိုင်းနဲ့ကျတော့ ဇက်ရိုးတွေ ကျိုးတယ်။ အာရုံကြောတွေတော့ ထိသွားလောက်တယ်။ သူတို့တွေလည်း အသက် အန္တရာယ်စိုးရိမ်ရမယ်လို့ ထင်တယ်။ တချို့ဆိုရင် လက်တွေ၊ ခြေထောက်တွေ လှုပ်လို့မရတော့ဘူးတဲ့။ တချို့ဆိုရင်လည်း သွေးမထွက် ပေမယ့်လည်း ခေါင်းတွေ၊ ဘာတွေနဲ့ကျလိုက်တော့ အတွင်း ပိုင်းက ထိတာပေါ့။ အဲဒီလို ခေါင်းတွေထိရင်တော့ စိုးရိမ်ရပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် သေဆုံးသူရုပ်အလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို နေပြည်တော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi version

ေနျပည္ေတာ္တြင္ အိမ္စီးကားနဲ့ ရဲတပ္ဖြဲ႕ဝင္လိုက္ပါလာသည့္ ကားက အရွိန္လြန္ဝင္တိုက္မိရာ (၂)ဦးေသဆုံး

ခ်ယ္ရီ (NP News)- ဒီဇင္ဘာ ၃
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဒကၡိဏသီရိၿမိဳ႕နယ္တြင္ အိမ္စီးကားကို ရဲတပ္ဖြဲ႕ဝင္လိုက္ပါလာသည့္ ကားက အရွိန္လြန္ဝင္တိုက္မိရာ (၂)ဦးေသဆုံး၍ (၁၃)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕
ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဒီဇင္ဘာလ ၂ရက္)၊ ည (၇)နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က ဒကၡိဏသီရိၿမိဳနယ္၊ ေ႐ႊျပည္ေတာ္ဝင္လမ္းႏွင့္ သဇင္လမ္းဆုံ၊ ဒကၡိဏဟိုတယ္ဇုန္အနီးတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“တစ္ဖက္က အိမ္စီးကားနဲ့ တိုက္မိၿပီး ကားက လမ္းကိုေက်ာ္ၿပီးေတာ့မွ လမ္းေဘးမွာ ေမွာက္သြားတာ။ လမ္းကလည္းရွင္းတယ္။ ဟိုတယ္ဇုန္ဘက္လည္း ျဖစ္ေနေတာ့ေလ။ သူတို႔အကုန္လုံးက လြင့္က်ကုန္တာ။ အဲဒီအထဲမွာ သူတို႔က ကံေကာင္းတာက အကုန္လုံးက ေျမႀကီးေပၚကိုပဲ က်တာ။ ကြန္ကရစ္လမ္းေပၚဆိုရင္ေတာ့ မရဘူးေပါ့။ အိမ္စီးကားကေတာ့ သိသေလာက္က မိန္းကေလးေမာင္းတာ။ အိမ္စီးကားကေတာ့ ညာဘက္အျခမ္းတံခါးေတြ ထိထားတာ ေလအိတ္ေတြေတာင္ ပြင့္ထြက္ကုန္တာ။ လုံၿခဳံေရးကားကေတာ့ ေရွ႕ပိုင္း ေတြ ေႂကြမြၿပီး တုံးလုံးလဲေနတာ” ဟု အထက္ပါနီးစပ္သူက NP Newsကိုေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ သက္လက္ပိုင္းအ႐ြယ္ ရဲတပ္ဖြဲ႕ဝင္ (၂)ဦးတြင္ ထိခိုက္ဒဏ္ရာမ်ားရရွိကာ ေသဆုံးခဲ့ၿပီး (၁၃)ဦး ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။

“ညာဘက္အျခမ္းကိုလဲတာဆိုေတာ့ ေမာင္းတဲ့တစ္ေယာက္ကေတာ့ တကယ္တမ္းကေတာ့ အဲဒီမွာကတည္းက အသက္က မရွိေတာ့ ပါဘူး။ ေနာက္တစ္ေယာက္ကေတာ့ ေဆး႐ုံေရာက္မွ ဆုံးတာပါ။ သူတို႔ေတြက လြင့္ထြက္ကုန္တာဆိုေတာ့ လက္ေတြ၊ ေျခေထာက္ေတြ က်ိဳးတာရွိတယ္။ ေခါင္းပိုင္းနဲ႔က်ေတာ့ ဇက္႐ိုးေတြ က်ိဳးတယ္။ အာ႐ုံေၾကာေတြေတာ့ ထိသြားေလာက္တယ္။ သူတို႔ေတြလည္း အသက္ အႏၲရာယ္စိုးရိမ္ရမယ္လို႔ ထင္တယ္။ တခ်ိဳ႕ဆိုရင္ လက္ေတြ၊ ေျခေထာက္ေတြ လႈပ္လို႔မရေတာ့ဘူးတဲ့။ တခ်ိဳ႕ဆိုရင္လည္း ေသြးမထြက္ ေပမယ့္လည္း ေခါင္းေတြ၊ ဘာေတြနဲ႔က်လိုက္ေတာ့ အတြင္း ပိုင္းက ထိတာေပါ့။ အဲဒီလို ေခါင္းေတြထိရင္ေတာ့ စိုးရိမ္ရပါတယ္” ဟု ၎က ဆိုသည္။

ထို႔ေၾကာင့္ ေသဆုံးသူ႐ုပ္အေလာင္းမ်ားႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေနျပည္ေတာ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.