ရုရှား-ယူကရိန်း ပဋိပက္ခ တတိယကမ္ဘာစစ်သို့ ဦးတည်နေပြီလား...

 529

တင်ဇာ (NP News) - ဒီဇင်ဘာ ၄

ရုရှားနိုင်ငံအတွင်းရှိပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် အမေရိကန်၏ ဗျူဟာမြောက်ဒုံးကျည် စနစ် (ATACMS) အပါအဝင် အမေရိကန် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်ချထားရန် သမ္မတ ဂျိုးဘိုင် ဒင်က ယူကရိန်းကိုခွင့်ပြုထားသောကြောင့် မကြာသေးမီက အမေရိကန်၏ မူဝါဒအပြောင်းအလဲ နှင့် ပတ်သက်၍ ကမ္ဘာ့ခေါင်းဆောင်များအကြား အပြင်းအထန် အငြင်းအခုန်ဖြစ်နေကြသည်။ (၂၀၂၄) ခုနှစ် နိုဝင်ဘာလ (၁၇) ရက်တွင်ချမှတ်ခဲ့သော ဤ ဆုံးဖြတ်ချက်ကြောင့် ရုရှား-ယူကရိန်းပဋိပက္ခအတွင်း အမေရိကန်ပါဝင်ပတ်သက်မှု သိသိသာသာတိုးတက်လာကြောင်းတွေ့ရပြီး ယူကရိန်းပိုင်နက်အတွင်း အမေရိကန်မှ သီးသန့်ကန့်သတ်ထားသည့်လက်နက်များ အသုံးပြုခွင့်ကိုလည်း ပယ်ဖျက်လိုက်သည်။

ရုရှားက တောင်ပိုင်း Kursk ဒေသတွင် တပ်ဖွဲ့ဝင် (၅၀,ဝဝဝ)နီးပါးတပ်စွဲထားပြီးနောက် ထိုကဲ့သို့ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ နွေရာသီတွင် ယူကရိန်းတန်ပြန်ထိုးစစ်၏ အဓိက နေရာဖြစ်သော အဆိုပါဧရိယာသည် ယခုအခါ ရုရှားအတွက် ဆုံးရှုံးသွားသောနယ်မြေကို ပြန် လည်ရရှိရန်ကြိုးပမ်းရမည့် အချက်အချာနေရာဖြစ်လာသည်။ တင်းမာမှုများ၏နောက်ဆက်တွဲအနေ ဖြင့် မြောက်ကိုးရီးယားတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာသည် Kursk ဒေသတွင် ရုရှားတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းလာခြင်းကြောင့် အမေရိကန်အတွက် စိုးရိမ်မှုများ တိုးပွားလာစေခဲ့သည်။ ရုရှားပြောရေးဆိုခွင့် ရှိသူ Dmitry Peskov ၏အဆိုအရ ယူကရိန်းကို ရုရှားပိုင်နက်အတွင်းအမေရိကန်ဒုံးကျည်များ ပစ်ခတ် ခွင့်ပေးခြင်းသည် အမေရိကန်၏ တိုက်ရိုက်ပါဝင်ပတ်သက်မှုကို ဖော်ပြနေပြီး စစ်ပွဲသို့ အဆင့်တက်စေနိုင် ကြောင်း ခန့်မှန်းထားသည်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ထိုဆုံးဖြတ်ချက်ကိုဝေဖန်ခဲ့ပြီး ၎င်းဦးဆောင်မည့် အစိုးရလက်ထက်တွင် အကြီးစားစစ်ပွဲတစ်ခုဖြစ်ပေါ် လာနိုင်ကြောင်းပြောဆိုခဲ့သည်။ “ငါ့အဖေက ငြိမ်း ချမ်းရေးနဲ့ လူ့အသက်တွေကယ်ဖို့လုပ်နေပေမယ့် အမေရိကန်ရဲ့ Military Industrial Complex က တော့ တတိယကမ္ဘာစစ်ကိုဖန်တီးဖို့ ကြိုးပမ်းနေတယ်” ဟု ရွေးကောက်ခံသမ္မတ ထရမ့်၏သား ဂျူနီယာထရမ့်က ဆိုသည်။

ဆန့်ကျင်ဘက်အားဖြင့် ဥရောပခေါင်းဆောင်အချို့က အဆိုပါဆုံးဖြတ်ချက်ကို ထောက်ခံ ကြောင်း ပြသခဲ့ကြသည်။ ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell က ယူကရိန်း၏ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်ကိုထောက်ခံကြောင်း အလေးပေးပြောကြားခဲ့ ပြီး ယင်းလုပ်ရပ်ကိုကြိုဆိုခဲ့သည်။ သမ္မတဘိုင်ဒင်၏ဆုံးဖြတ်ချက်အပေါ် အကောင်းမြင်နေသည့် အချို့ သော အကြောင်းအရင်းများမှာ ဤစစ်ပွဲကို အဆုံးသတ်မည့် မလွှဲမရှောင်သာ စေ့စပ်ညှိနှိုင်းမှုများရှိ လာပါက ရုရှားတို့အပေါ် ဩဇာလွှမ်းမိုးမှုအချို့ရရှိရန် မျှော်လင့်နေကြခြင်းဖြစ်သည်။ အပြန်အလှန် အနေဖြင့် ဖြစ်ပေါ်လာနိုင်သောအကျိုးဆက်များမှာ ဘိုင်ဒင်သည် ၎င်း၏ နေရာကိုဆက်ခံသူ ဒေါ်နယ် ထရမ့်အား အကျပ်ရိုက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ယခုအချိန်တွင် အနောက် နိုင်ငံများက မီးနှင့်ကစားနေကြခြင်းဖြစ်သည်။

မကြာသေးမီကာလအတွင်းကလည်း အနောက်နိုင်ငံမှ နိုင်ငံရေးသမားအချို့က ထိုင်ဝမ်ရေလက် ကြား၊ ကိုရီးယားကျွန်းဆွယ်၊ တောင်တရုတ် ပင်လယ်နှင့် အာရှတစ်ခွင်လုံးတွင် ပဋိပက္ခအရိပ်အယောင် များမြင်နေရသည်ဟုဆိုကာ တတိယကမ္ဘာစစ် ဖြစ်နိုင်ခြေကို တွက်ဆနေကြသည်။ အချို့က ရုရှား၊ တရုတ်နှင့် အီရန်တို့ကို “ ကမ္ဘာ့အခင်းအကျင်းသစ်ကို ဦးဆောင်မည့်သူများ”အဖြစ် တံဆိပ်ကပ်နေကြ သေးသည်။ ကမ္ဘာကြီးသည် အပြောင်းအလဲများနှင့် တုန်လှုပ်ချောက်ချားမှု ခေတ်သစ်တစ်ခုဆီသို့ ဝင် ရောက်လာပြီဖြစ်သည်။

လက်ရှိအခြေအနေနှင့် ယခင်ကမ္ဘာစစ် နှစ်ခု၏အကြိုကာလများအကြား တူညီမှုအချို့ရှိနေ သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပိုမိုဆိုးရွားလာသော စီးပွားရေးနှေးကွေးမှုကဲ့သို့သော ပြည်တွင်းပြဿနာ များသည် အခြားနိုင်ငံများသို့ ပျံ့နှံ့လာသည်။ တစ်နိုင်ငံတည်း ဗိုလ်ကျစိုးမိုးခြင်းကိုစွဲလမ်းသူများသည် ကြီးမားသော ပါဝါပြိုင်ဆိုင်မှုဆီ အရောက်သွားနေကြသည်။ ဒေသတွင်းပဋိပက္ခများသည် ထိန်းချုပ်ရန် ခက်ခဲလာပြီး အုပ်စုလိုက် ထိပ်တိုက်ရင်ဆိုင်မှုအန္တရာယ်ကို တိုးမြင့်လာစေသည်။

အနောက်နိုင်ငံများတွင် ပေါ်ပြူလစ်ဝါဒ၊ အကာအကွယ်ပေးရေးဝါဒနှင့် အစွန်းရောက် လက်ယာ အယူဝါဒများ ကြီးထွားလာနေသည်။ နိုင်ငံကြီးများသည် အပြန်အလှန်ယုံကြည်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု အားနည်းလာကြသည်။ ယင်းအခြေအနေအားလုံးသည် ကမ္ဘာကြီးတွင် မသေချာမရေရာမှုများနှင့် မ တည်မငြိမ်ဖြစ်မှုများကိုတိုးလာစေပြီး နိုင်ငံတကာစနစ်များ၏ထိရောက်မှုကို ထိခိုက်လာစေသည်။ ပို၍ မြင်သာအောင်ပြောရလျှင် ကမ္ဘာပေါ်တွင် တစ်ခုတည်း သော စူပါပါဝါဖြစ်လိုသည့် အမေရိကန်၏ ပုံစံအမျိုးမျိုးဖြင့် ကမ္ဘာစစ်အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းလုပ်ရပ် များကြောင့်ဖြစ်သည်။ အမေရိကန်သည် အခြားနိုင်ငံများကို ပုံသွင်းရန်ကြိုးပမ်းလာခဲ့ပြီး ကမ္ဘာကြီးအား “ ဒီမိုကရေစီနှင့် အာဏာရှင်စနစ်” ဟူ၍ ကွဲပြားနေကြောင်း လုပ်ကြံဖန်တီးကာ “ ဒီမိုကရေစီ ” နှင့် “ ဒီမိုကရေစီ မဟုတ်သော” နိုင်ငံများအကြား ပိုင်းခြားရန် ကြိုးပမ်းလာခဲ့သည်။

အမေရိကန်၏လုပ်ရပ်များသည် ဂလိုဘယ်လိုက်ဇေးရှင်းကိုဆန့်ကျင်နေသည်။ ၎င်းသည် ကမ္ဘာ လုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုယန္တရားများကို ပျက်ပြားစေပြီး ၎င်း၏ဒေါ်လာတစ်ခုတည်း ကြီးစိုး နိုင်ရန် ကြိုးပမ်းမှုများကြောင့် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေပြီး ထွန်းသစ်စနိုင်ငံများ၏စီးပွားရေးကို ထိခိုက်လာစေသည်။ ထို့ပြင် အမေရိကန်သည် ဒေသတွင်း ပဋိပက္ခစစ်မီးများတောက်လောင်နေချိန်တွင် ၎င်း၏ military-industrial complex က လက်နက်များရောင်းချခြင်းဖြင့် စစ်ပွဲများမှအမြတ်ထုတ် လာကြသည်။ အကောင်းဆုံးသက်သေမှာ လက်ရှိ ယူကရိန်းအကျပ်အတည်းဖြစ်သည်။ ပဋိပက္ခဖြစ်ပွား ရာ ယူကရိန်းဒေသတွင် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးနေသော်လည်း ယူကရိန်းကို လက်နက်များ ဆက်လက်တင်ပို့နေခြင်းက အမေရိကန်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်သောကြောင့် win-win အခြေအနေဖြစ်သည်ဟု ဝါရှင်တန်က ရှုမြင်သည်။

ထိုကဲ့သို့ အဘက်ဘက်မှယိုယွင်းလာသောအချက်များကို ထည့်သွင်းစဉ်းစားကြည့်ပါက တတိယ ကမ္ဘာစစ်သည် အမှန်တကယ်ပင် ရှောင်လွှဲ၍မရနိုင်တော့ဟု ရှုမြင်နိုင်သည်။ သို့သော် စစ်ပွဲမဖြစ်ပွားစေ ရန် တားဆီးနိုင်သည့်အရေးကြီးသော အပြုသဘောဆောင်သည့်အချက်များစွာရှိနေသေးသည်။ ငြိမ်း ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားများ၊ လှုံ့ဆော်မှုများ ဆက်လက် ကြီးထွားလာနေ သည်။ ဗဟုဝင်ရိုးကမ္ဘာ့ပုံစံသစ်လမ်းကြောင်းများနှင့် ဂလို ဘယ်လိုက်ဇေးရှင်း စီးပွားရေးတို့သည် နိုင်ငံ များကြားတွင် ပိုမိုနီးကပ်သောချိတ်ဆက်မှုများကို ဖန်တီးပေးပြီး လူ့အဖွဲ့အစည်းအတွင်း အတူယှဉ်တွဲ နေထိုင်လိုသည့် ခံစားချက်များကို မြှင့်တင်ပေးသည်။ ယင်းအချက်များက ကမ္ဘာလုံးဆိုင်ရာစစ်ပွဲကို ရပ်တန့်အောင်ကူညီ ပေးနိုင်ကောင်းသည်။

ကမ္ဘာတစ်ဝန်း စစ်ဆန့်ကျင်ရေးစိတ်ဓာတ်ကလည်း ခိုင်မာနေဆဲဖြစ်သည်။ ယခင်ကမ္ဘာစစ်နှစ်ခု သည် လက်နက်ကိုင်၍ အငြင်းပွားမှုများကိုဖြေရှင်းခြင်းက အကောင်းဆုံးနည်းလမ်းမဟုတ်ကြောင်းနှင့် ကမ္ဘာသည် နောက်ထပ်အလုံးစုံစစ်ပွဲ၏ဒဏ်ကို ခံနိုင်ရည်ရှိမည်မဟုတ်တော့ကြောင်း အားလုံးသိရှိပြီးဖြစ် သည်။ ကမ္ဘာကြီးက ပို၍ရှုပ်ထွေးလေလေ၊ လူများက တည်ငြိမ်မှုကို ပို၍လိုချင်လာလေဖြစ်သည်။ နိုင်ငံ တကာ ငြိမ်းချမ်းရေးယန္တရားများ အားကောင်းလာသည်။ ကုလသမဂ္ဂသည် လွန်ခဲ့သည့်ဆယ်စုနှစ်များ အတွင်း ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်၏ အဓိကကျသော အဖွဲ့အစည်းဖြစ်လာသည်။ မကြာသေးမီနှစ် များအတွင်း ၎င်း၏ချို့ယွင်းချက်များ၊ အားနည်းချက်များ ပေါ်ပေါက်လာသော်လည်း ကုလသမဂ္ဂသည် နိုင်ငံတကာလုံခြုံရေးကိုထိန်းသိမ်းရန်၊ လက်နက်လျှော့ချရေးကို ဦးတည်ရန်နှင့် ကမ္ဘာ့စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကုလသမဂ္ဂက တက်ကြွစွာ ပါဝင်လုပ် ဆောင်နေသည်မှာ ငြင်းဆို၍မရနိုင်ပါ။ အမေရိကန်သည်လည်း နျူကလီးယားစစ်ပွဲ၏ ထိခိုက်ဆုံးရှုံးနိုင်မှုအတိုင်းအတာကို စိုးရိမ်နေသည်။

နျူကလီးယားလက်နက်များသည် စစ်ပွဲ၏ သဘောသဘာဝကို အကြီးအကျယ်ပြောင်းလဲစေလိမ့် မည်ဖြစ်သည်။ နျူကလီးယားအသုံးပြုမှုကိုတားဆီးရန်အတွက် အမေရိကန်သည် “ကြားခံစစ်ပွဲများ” ဆင်နွှဲရန် သို့မဟုတ် ဒေသတွင်းပဋိပက္ခများကို အရှိန်မြှင့်ရန် ပိုမိုလိုလားနေပြီး သက်ဆိုင်ရာနိုင်ငံများထံ လက်နက်များရောင်းချခြင်းဖြင့် ၎င်း၏စီးပွားရေးအကျိုးအမြတ်ရရေးကိုသာ ထိန်းသိမ်းသွားလိမ့်မည်ဖြစ်သည်။

မကြာသေးမီကပင် အမေရိကန်အထက် လွှတ်တော်အမတ် Lindsey Graham က ရုရှား-ယူ ကရိန်းစစ်ပွဲ၏အကြောင်းရင်းခံသည် ငွေကြေးနှင့် ဆက်စပ်နေသည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ “ဒီစစ်ပွဲက ငွေကြေးနဲ့ပတ်သက်တယ်၊ ဥရောပမှာ မြေရှားသတ္တု အကြွယ်ဝဆုံးက ယူကရိန်းဖြစ်ပြီး ဒေါ် လာ နှစ်ထရီလျံကနေ (၇) ထရီလျံအထိ ရှိပါတယ်” ဟုဆိုသည်။ ထိုနေရာကို ရရှားတို့ သိမ်းပိုက်သွားခြင်း မရှိစေရေးအတွက် အနောက်အုပ်စုက လုပ်ဆောင်နေ ခြင်းဖြစ်ပြီး ဤသည်မှာ ၎င်းတို့၏ အကျိုး စီးပွား အတွက်ဖြစ်ကြောင်း ၎င်းက အခိုင်အမာဖော်ပြခဲ့သည်။

ထို့ကြောင့် ရုရှား-ယူကရိန်းပဋိပက္ခကနေတစ်ဆင့် တတိယကမ္ဘာစစ်ကိုဦးတည်နိုင်ဖို့အလား အလာက (၅၀-၅၀) အခြေအနေမျိုးသာဖြစ်သည်။ လတ်တလောကာလတွင် တင်းမာမှုများက အဆက်မ ပြတ်ကြီးထွားလာသောကြောင့် တတိယကမ္ဘာစစ်ဖြစ်ကောင်းဖြစ်လာနိုင်သည်။

ထိုကဲ့သို့ ရုရှား-ယူကရိန်းပဋိပက္ခသာ တတိယကမ္ဘာစစ်ဆီဦးတည်မည်ဆိုပါက ထိုစစ်ပွဲ သည် နျူကလီးယားစစ်ပွဲသာ ဖြစ်ပေလိမ့်မည်။ သို့ မဟုတ်လျှင်လည်း ယူကရိန်းသည် အနောက်အုပ်စုအတွက် အကျိုးစီးပွားရှာရာဒေသတစ်ခုဖြစ်နေသမျှ ကာလပတ်လုံး ပဋိပက္ခကိုရပ်တန့်ရန်ခဲယဉ်းလိမ့်မည် ဖြစ်သကဲ့သို့ တင်းမာလိုက်၊ ပြေလျော့သွားလိုက်ဖြင့် ပဋိပက္ခရှည်ကြာစေရေးအတွက်ဆွဲဆန့်ရန် အနောက်အုပ်စုက ကြိုးပမ်းသွားလိမ့်မည်သာဖြစ်ပါကြောင်း။

zawgyi version
႐ုရွား-ယူကရိန္း ပဋိပကၡ တတိယကမာၻစစ္သို႔ ဦးတည္ေနၿပီလား...
တင္ဇာ (NP News) - ဒီဇင္ဘာ ၄

႐ုရွားႏိုင္ငံအတြင္းရွိပစ္မွတ္မ်ားကို တိုက္ခိုက္ရန္အတြက္ အေမရိကန္၏ ဗ်ဴဟာေျမာက္ဒုံးက်ည္ စနစ္ (ATACMS) အပါအဝင္ အေမရိကန္ တာေဝးပစ္ဒုံးက်ည္မ်ား ျဖန႔္ၾကက္ခ်ထားရန္ သမၼတ ဂ်ိဳးဘိုင္ ဒင္က ယူကရိန္းကိုခြင့္ျပဳထားေသာေၾကာင့္ မၾကာေသးမီက အေမရိကန္၏ မူဝါဒအေျပာင္းအလဲ ႏွင့္ ပတ္သက္၍ ကမာၻ႔ေခါင္းေဆာင္မ်ားအၾကား အျပင္းအထန္ အျငင္းအခုန္ျဖစ္ေနၾကသည္။ (၂၀၂၄) ခုႏွစ္ ႏိုဝင္ဘာလ (၁၇) ရက္တြင္ခ်မွတ္ခဲ့ေသာ ဤ ဆုံးျဖတ္ခ်က္ေၾကာင့္ ႐ုရွား-ယူကရိန္းပဋိပကၡအတြင္း အေမရိကန္ပါဝင္ပတ္သက္မႈ သိသိသာသာတိုးတက္လာေၾကာင္းေတြ႕ရၿပီး ယူကရိန္းပိုင္နက္အတြင္း အေမရိကန္မွ သီးသန႔္ကန႔္သတ္ထားသည့္လက္နက္မ်ား အသုံးျပဳခြင့္ကိုလည္း ပယ္ဖ်က္လိုက္သည္။

႐ုရွားက ေတာင္ပိုင္း Kursk ေဒသတြင္ တပ္ဖြဲ႕ဝင္ (၅၀,ဝဝဝ)နီးပါးတပ္စြဲထားၿပီးေနာက္ ထိုကဲ့သို႔ဆုံးျဖတ္ခ်က္ထြက္ေပၚလာျခင္းလည္းျဖစ္သည္။ ေႏြရာသီတြင္ ယူကရိန္းတန္ျပန္ထိုးစစ္၏ အဓိက ေနရာျဖစ္ေသာ အဆိုပါဧရိယာသည္ ယခုအခါ ႐ုရွားအတြက္ ဆုံးရႈံးသြားေသာနယ္ေျမကို ျပန္ လည္ရရွိရန္ႀကိဳးပမ္းရမည့္ အခ်က္အခ်ာေနရာျဖစ္လာသည္။ တင္းမာမႈမ်ား၏ေနာက္ဆက္တြဲအေန ျဖင့္ ေျမာက္ကိုးရီးယားတပ္ဖြဲ႕ဝင္ ေထာင္ေပါင္းမ်ားစြာသည္ Kursk ေဒသတြင္ ႐ုရွားတပ္ဖြဲ႕မ်ားႏွင့္အတူ ပူးေပါင္းလာျခင္းေၾကာင့္ အေမရိကန္အတြက္ စိုးရိမ္မႈမ်ား တိုးပြားလာေစခဲ့သည္။ ႐ုရွားေျပာေရးဆိုခြင့္ ရွိသူ Dmitry Peskov ၏အဆိုအရ ယူကရိန္းကို ႐ုရွားပိုင္နက္အတြင္းအေမရိကန္ဒုံးက်ည္မ်ား ပစ္ခတ္ ခြင့္ေပးျခင္းသည္ အေမရိကန္၏ တိုက္႐ိုက္ပါဝင္ပတ္သက္မႈကို ေဖာ္ျပေနၿပီး စစ္ပြဲသို႔ အဆင့္တက္ေစႏိုင္ ေၾကာင္း ခန႔္မွန္းထားသည္။

ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္က ထိုဆုံးျဖတ္ခ်က္ကိုေဝဖန္ခဲ့ၿပီး ၎ဦးေဆာင္မည့္ အစိုးရလက္ထက္တြင္ အႀကီးစားစစ္ပြဲတစ္ခုျဖစ္ေပၚ လာႏိုင္ေၾကာင္းေျပာဆိုခဲ့သည္။ “ငါ့အေဖက ၿငိမ္း ခ်မ္းေရးနဲ႔ လူ႔အသက္ေတြကယ္ဖို႔လုပ္ေနေပမယ့္ အေမရိကန္ရဲ႕ Military Industrial Complex က ေတာ့ တတိယကမာၻစစ္ကိုဖန္တီးဖို႔ ႀကိဳးပမ္းေနတယ္” ဟု ေ႐ြးေကာက္ခံသမၼတ ထရမ့္၏သား ဂ်ဴနီယာထရမ့္က ဆိုသည္။

ဆန႔္က်င္ဘက္အားျဖင့္ ဥေရာပေခါင္းေဆာင္အခ်ိဳ႕က အဆိုပါဆုံးျဖတ္ခ်က္ကို ေထာက္ခံ ေၾကာင္း ျပသခဲ့ၾကသည္။ ဥေရာပသမဂၢ၏ ႏိုင္ငံျခားေရးဆိုင္ရာ အဆင့္ျမင့္ကိုယ္စားလွယ္ Josep Borrell က ယူကရိန္း၏ မိမိကိုယ္မိမိ ခုခံကာကြယ္ပိုင္ခြင့္ကိုေထာက္ခံေၾကာင္း အေလးေပးေျပာၾကားခဲ့ ၿပီး ယင္းလုပ္ရပ္ကိုႀကိဳဆိုခဲ့သည္။ သမၼတဘိုင္ဒင္၏ဆုံးျဖတ္ခ်က္အေပၚ အေကာင္းျမင္ေနသည့္ အခ်ိဳ႕ ေသာ အေၾကာင္းအရင္းမ်ားမွာ ဤစစ္ပြဲကို အဆုံးသတ္မည့္ မလႊဲမေရွာင္သာ ေစ့စပ္ညႇိႏႈိင္းမႈမ်ားရွိ လာပါက ႐ုရွားတို႔အေပၚ ဩဇာလႊမ္းမိုးမႈအခ်ိဳ႕ရရွိရန္ ေမွ်ာ္လင့္ေနၾကျခင္းျဖစ္သည္။ အျပန္အလွန္ အေနျဖင့္ ျဖစ္ေပၚလာႏိုင္ေသာအက်ိဳးဆက္မ်ားမွာ ဘိုင္ဒင္သည္ ၎၏ ေနရာကိုဆက္ခံသူ ေဒၚနယ္ ထရမ့္အား အက်ပ္႐ိုက္ရန္ ႀကိဳးပမ္းေနျခင္းျဖစ္သည္။ မည္သို႔ပင္ျဖစ္ေစကာမူ ယခုအခ်ိန္တြင္ အေနာက္ ႏိုင္ငံမ်ားက မီးႏွင့္ကစားေနၾကျခင္းျဖစ္သည္။

မၾကာေသးမီကာလအတြင္းကလည္း အေနာက္ႏိုင္ငံမွ ႏိုင္ငံေရးသမားအခ်ိဳ႕က ထိုင္ဝမ္ေရလက္ ၾကား၊ ကိုရီးယားကြၽန္းဆြယ္၊ ေတာင္တ႐ုတ္ ပင္လယ္ႏွင့္ အာရွတစ္ခြင္လုံးတြင္ ပဋိပကၡအရိပ္အေယာင္ မ်ားျမင္ေနရသည္ဟုဆိုကာ တတိယကမာၻစစ္ ျဖစ္ႏိုင္ေျခကို တြက္ဆေနၾကသည္။ အခ်ိဳ႕က ႐ုရွား၊ တ႐ုတ္ႏွင့္ အီရန္တို႔ကို “ ကမာၻ႔အခင္းအက်င္းသစ္ကို ဦးေဆာင္မည့္သူမ်ား”အျဖစ္ တံဆိပ္ကပ္ေနၾက ေသးသည္။ ကမာၻႀကီးသည္ အေျပာင္းအလဲမ်ားႏွင့္ တုန္လႈပ္ေခ်ာက္ခ်ားမႈ ေခတ္သစ္တစ္ခုဆီသို႔ ဝင္ ေရာက္လာၿပီျဖစ္သည္။

လက္ရွိအေျခအေနႏွင့္ ယခင္ကမာၻစစ္ ႏွစ္ခု၏အႀကိဳကာလမ်ားအၾကား တူညီမႈအခ်ိဳ႕ရွိေန သည္။ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားတြင္ ပိုမိုဆိုး႐ြားလာေသာ စီးပြားေရးေႏွးေကြးမႈကဲ့သို႔ေသာ ျပည္တြင္းျပႆနာ မ်ားသည္ အျခားႏိုင္ငံမ်ားသို႔ ပ်ံ႕ႏွံ႔လာသည္။ တစ္ႏိုင္ငံတည္း ဗိုလ္က်စိုးမိုးျခင္းကိုစြဲလမ္းသူမ်ားသည္ ႀကီးမားေသာ ပါဝါၿပိဳင္ဆိုင္မႈဆီ အေရာက္သြားေနၾကသည္။ ေဒသတြင္းပဋိပကၡမ်ားသည္ ထိန္းခ်ဳပ္ရန္ ခက္ခဲလာၿပီး အုပ္စုလိုက္ ထိပ္တိုက္ရင္ဆိုင္မႈအႏၲရာယ္ကို တိုးျမင့္လာေစသည္။

အေနာက္ႏိုင္ငံမ်ားတြင္ ေပၚျပဴလစ္ဝါဒ၊ အကာအကြယ္ေပးေရးဝါဒႏွင့္ အစြန္းေရာက္ လက္ယာ အယူဝါဒမ်ား ႀကီးထြားလာေနသည္။ ႏိုင္ငံႀကီးမ်ားသည္ အျပန္အလွန္ယုံၾကည္မႈႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္မႈ အားနည္းလာၾကသည္။ ယင္းအေျခအေနအားလုံးသည္ ကမာၻႀကီးတြင္ မေသခ်ာမေရရာမႈမ်ားႏွင့္ မ တည္မၿငိမ္ျဖစ္မႈမ်ားကိုတိုးလာေစၿပီး ႏိုင္ငံတကာစနစ္မ်ား၏ထိေရာက္မႈကို ထိခိုက္လာေစသည္။ ပို၍ ျမင္သာေအာင္ေျပာရလွ်င္ ကမာၻေပၚတြင္ တစ္ခုတည္း ေသာ စူပါပါဝါျဖစ္လိုသည့္ အေမရိကန္၏ ပုံစံအမ်ိဳးမ်ိဳးျဖင့္ ကမာၻစစ္အႏၲရာယ္ကို ဖိတ္ေခၚေနျခင္းလုပ္ရပ္ မ်ားေၾကာင့္ျဖစ္သည္။ အေမရိကန္သည္ အျခားႏိုင္ငံမ်ားကို ပုံသြင္းရန္ႀကိဳးပမ္းလာခဲ့ၿပီး ကမာၻႀကီးအား “ ဒီမိုကေရစီႏွင့္ အာဏာရွင္စနစ္” ဟူ၍ ကြဲျပားေနေၾကာင္း လုပ္ႀကံဖန္တီးကာ “ ဒီမိုကေရစီ ” ႏွင့္ “ ဒီမိုကေရစီ မဟုတ္ေသာ” ႏိုင္ငံမ်ားအၾကား ပိုင္းျခားရန္ ႀကိဳးပမ္းလာခဲ့သည္။

အေမရိကန္၏လုပ္ရပ္မ်ားသည္ ဂလိုဘယ္လိုက္ေဇးရွင္းကိုဆန႔္က်င္ေနသည္။ ၎သည္ ကမာၻ လုံးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈယႏၲရားမ်ားကို ပ်က္ျပားေစၿပီး ၎၏ေဒၚလာတစ္ခုတည္း ႀကီးစိုး ႏိုင္ရန္ ႀကိဳးပမ္းမႈမ်ားေၾကာင့္ ေငြေၾကးေဖာင္းပြမႈကို ျဖစ္ေပၚေစၿပီး ထြန္းသစ္စႏိုင္ငံမ်ား၏စီးပြားေရးကို ထိခိုက္လာေစသည္။ ထို႔ျပင္ အေမရိကန္သည္ ေဒသတြင္း ပဋိပကၡစစ္မီးမ်ားေတာက္ေလာင္ေနခ်ိန္တြင္ ၎၏ military-industrial complex က လက္နက္မ်ားေရာင္းခ်ျခင္းျဖင့္ စစ္ပြဲမ်ားမွအျမတ္ထုတ္ လာၾကသည္။ အေကာင္းဆုံးသက္ေသမွာ လက္ရွိ ယူကရိန္းအက်ပ္အတည္းျဖစ္သည္။ ပဋိပကၡျဖစ္ပြား ရာ ယူကရိန္းေဒသတြင္ အသက္အိုးအိမ္စည္းစိမ္မ်ား ပ်က္စီးဆုံးရႈံးေနေသာ္လည္း ယူကရိန္းကို လက္နက္မ်ား ဆက္လက္တင္ပို႔ေနျခင္းက အေမရိကန္၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေထာက္အပံ့ျဖစ္ေသာေၾကာင့္ win-win အေျခအေနျဖစ္သည္ဟု ဝါရွင္တန္က ရႈျမင္သည္။

ထိုကဲ့သို႔ အဘက္ဘက္မွယိုယြင္းလာေသာအခ်က္မ်ားကို ထည့္သြင္းစဥ္းစားၾကည့္ပါက တတိယ ကမာၻစစ္သည္ အမွန္တကယ္ပင္ ေရွာင္လႊဲ၍မရႏိုင္ေတာ့ဟု ရႈျမင္ႏိုင္သည္။ သို႔ေသာ္ စစ္ပြဲမျဖစ္ပြားေစ ရန္ တားဆီးႏိုင္သည့္အေရးႀကီးေသာ အျပဳသေဘာေဆာင္သည့္အခ်က္မ်ားစြာရွိေနေသးသည္။ ၿငိမ္း ခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တြန္းအားမ်ား၊ လႈံ႕ေဆာ္မႈမ်ား ဆက္လက္ ႀကီးထြားလာေန သည္။ ဗဟုဝင္႐ိုးကမာၻ႔ပုံစံသစ္လမ္းေၾကာင္းမ်ားႏွင့္ ဂလို ဘယ္လိုက္ေဇးရွင္း စီးပြားေရးတို႔သည္ ႏိုင္ငံ မ်ားၾကားတြင္ ပိုမိုနီးကပ္ေသာခ်ိတ္ဆက္မႈမ်ားကို ဖန္တီးေပးၿပီး လူ႔အဖြဲ႕အစည္းအတြင္း အတူယွဥ္တြဲ ေနထိုင္လိုသည့္ ခံစားခ်က္မ်ားကို ျမႇင့္တင္ေပးသည္။ ယင္းအခ်က္မ်ားက ကမာၻလုံးဆိုင္ရာစစ္ပြဲကို ရပ္တန႔္ေအာင္ကူညီ ေပးႏိုင္ေကာင္းသည္။

ကမာၻတစ္ဝန္း စစ္ဆန႔္က်င္ေရးစိတ္ဓာတ္ကလည္း ခိုင္မာေနဆဲျဖစ္သည္။ ယခင္ကမာၻစစ္ႏွစ္ခု သည္ လက္နက္ကိုင္၍ အျငင္းပြားမႈမ်ားကိုေျဖရွင္းျခင္းက အေကာင္းဆုံးနည္းလမ္းမဟုတ္ေၾကာင္းႏွင့္ ကမာၻသည္ ေနာက္ထပ္အလုံးစုံစစ္ပြဲ၏ဒဏ္ကို ခံႏိုင္ရည္ရွိမည္မဟုတ္ေတာ့ေၾကာင္း အားလုံးသိရွိၿပီးျဖစ္ သည္။ ကမာၻႀကီးက ပို၍ရႈပ္ေထြးေလေလ၊ လူမ်ားက တည္ၿငိမ္မႈကို ပို၍လိုခ်င္လာေလျဖစ္သည္။ ႏိုင္ငံ တကာ ၿငိမ္းခ်မ္းေရးယႏၲရားမ်ား အားေကာင္းလာသည္။ ကုလသမဂၢသည္ လြန္ခဲ့သည့္ဆယ္စုႏွစ္မ်ား အတြင္း ကမာၻလုံးဆိုင္ရာ အုပ္ခ်ဳပ္မႈစနစ္၏ အဓိကက်ေသာ အဖြဲ႕အစည္းျဖစ္လာသည္။ မၾကာေသးမီႏွစ္ မ်ားအတြင္း ၎၏ခ်ိဳ႕ယြင္းခ်က္မ်ား၊ အားနည္းခ်က္မ်ား ေပၚေပါက္လာေသာ္လည္း ကုလသမဂၢသည္ ႏိုင္ငံတကာလုံၿခဳံေရးကိုထိန္းသိမ္းရန္၊ လက္နက္ေလွ်ာ့ခ်ေရးကို ဦးတည္ရန္ႏွင့္ ကမာၻ႔စိန္ေခၚမႈမ်ားကို ကိုင္တြယ္ေျဖရွင္းရာတြင္ ကုလသမဂၢက တက္ႂကြစြာ ပါဝင္လုပ္ ေဆာင္ေနသည္မွာ ျငင္းဆို၍မရႏိုင္ပါ။ အေမရိကန္သည္လည္း န်ဴကလီးယားစစ္ပြဲ၏ ထိခိုက္ဆုံးရႈံးႏိုင္မႈအတိုင္းအတာကို စိုးရိမ္ေနသည္။

န်ဴကလီးယားလက္နက္မ်ားသည္ စစ္ပြဲ၏ သေဘာသဘာဝကို အႀကီးအက်ယ္ေျပာင္းလဲေစလိမ့္ မည္ျဖစ္သည္။ န်ဴကလီးယားအသုံးျပဳမႈကိုတားဆီးရန္အတြက္ အေမရိကန္သည္ “ၾကားခံစစ္ပြဲမ်ား” ဆင္ႏႊဲရန္ သို႔မဟုတ္ ေဒသတြင္းပဋိပကၡမ်ားကို အရွိန္ျမႇင့္ရန္ ပိုမိုလိုလားေနၿပီး သက္ဆိုင္ရာႏိုင္ငံမ်ားထံ လက္နက္မ်ားေရာင္းခ်ျခင္းျဖင့္ ၎၏စီးပြားေရးအက်ိဳးအျမတ္ရေရးကိုသာ ထိန္းသိမ္းသြားလိမ့္မည္ျဖစ္သည္။

မၾကာေသးမီကပင္ အေမရိကန္အထက္ လႊတ္ေတာ္အမတ္ Lindsey Graham က ႐ုရွား-ယူ ကရိန္းစစ္ပြဲ၏အေၾကာင္းရင္းခံသည္ ေငြေၾကးႏွင့္ ဆက္စပ္ေနသည္ဟု ထုတ္ေဖာ္ေျပာၾကားလိုက္သည္။ “ဒီစစ္ပြဲက ေငြေၾကးနဲ႔ပတ္သက္တယ္၊ ဥေရာပမွာ ေျမရွားသတၱဳ အႂကြယ္ဝဆုံးက ယူကရိန္းျဖစ္ၿပီး ေဒၚ လာ ႏွစ္ထရီလ်ံကေန (၇) ထရီလ်ံအထိ ရွိပါတယ္” ဟုဆိုသည္။ ထိုေနရာကို ရရွားတို႔ သိမ္းပိုက္သြားျခင္း မရွိေစေရးအတြက္ အေနာက္အုပ္စုက လုပ္ေဆာင္ေန ျခင္းျဖစ္ၿပီး ဤသည္မွာ ၎တို႔၏ အက်ိဳး စီးပြား အတြက္ျဖစ္ေၾကာင္း ၎က အခိုင္အမာေဖာ္ျပခဲ့သည္။

ထို႔ေၾကာင့္ ႐ုရွား-ယူကရိန္းပဋိပကၡကေနတစ္ဆင့္ တတိယကမာၻစစ္ကိုဦးတည္ႏိုင္ဖို႔အလား အလာက (၅၀-၅၀) အေျခအေနမ်ိဳးသာျဖစ္သည္။ လတ္တေလာကာလတြင္ တင္းမာမႈမ်ားက အဆက္မ ျပတ္ႀကီးထြားလာေသာေၾကာင့္ တတိယကမာၻစစ္ျဖစ္ေကာင္းျဖစ္လာႏိုင္သည္။

ထိုကဲ့သို႔ ႐ုရွား-ယူကရိန္းပဋိပကၡသာ တတိယကမာၻစစ္ဆီဦးတည္မည္ဆိုပါက ထိုစစ္ပြဲ သည္ န်ဴကလီးယားစစ္ပြဲသာ ျဖစ္ေပလိမ့္မည္။ သို႔ မဟုတ္လွ်င္လည္း ယူကရိန္းသည္ အေနာက္အုပ္စုအတြက္ အက်ိဳးစီးပြားရွာရာေဒသတစ္ခုျဖစ္ေနသမွ် ကာလပတ္လုံး ပဋိပကၡကိုရပ္တန႔္ရန္ခဲယဥ္းလိမ့္မည္ ျဖစ္သကဲ့သို႔ တင္းမာလိုက္၊ ေျပေလ်ာ့သြားလိုက္ျဖင့္ ပဋိပကၡရွည္ၾကာေစေရးအတြက္ဆြဲဆန႔္ရန္ အေနာက္အုပ္စုက ႀကိဳးပမ္းသြားလိမ့္မည္သာျဖစ္ပါေၾကာင္း။

Related news

© 2021. All rights reserved.