တရုတ်တက္ကသိုလ်တွေမှာ အချစ်အကြောင်း သင်ကြားပေးဖို့ နိုင်ငံတော်က တောင်းဆို
423
ရောင်နီ (NP News) - ဒီဇင်ဘာ ၅
တရုတ်နိုင်ငံဟာ နိုင်ငံရဲ့ကလေးမွေးဖွားနှုန်းကို မြှင့်တင်ဖို့အတွက် လက်ထပ်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ မွေးဖွားခြင်းနဲ့ မိသားစုအပေါ် အပြုသဘောဆောင်တဲ့အမြင်တွေကို ခံစားသိရှိဖို့ ရည်ရွယ်ပြီး ကောလိပ်နဲ့ တက္ကသိုလ်တွေမှာ အချစ်အကြောင်း သင်ကြားပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၂၃ ခုနှစ်မှာ လူဦးရေ ဒုတိယနှစ်ဆက်တိုက် ကျဆင်းလာခြင်းကြောင့် လက်ထပ်ခြင်းနဲ့ပတ်သက်ပြီး လူငယ်စုံတွဲတွေကို ပိုဆွဲဆောင်နိုင်ဖို့ အစီအမံမျိုးစုံနဲ့ ကြိုးစားအားထုတ်လျက်ရှိပါတယ်။ တရုတ်နိုင်ငံဟာ လူဦးရေ ၁.၄ ဘီလီယံနဲ့ ကမ္ဘာ့ဒုတိယ လူဦးရေ အများဆုံးနိုင်ငံဖြစ်နေပေမယ့် အိုမင်းရင့်ရော်သူတွေ များတာကြောင့် နိုင်ငံအနာဂါတ်မှာ အစိုးရအသုံးစရိတ်ဆိုင်ရာ တောင်းဆိုတွေ တိုးမြင့်လာစေပြီး စီးပွားရေးကို ဖိအားဖြစ်စေနိုင်တယ်လို့ ယူဆထားပါတယ်။
ဒီအတွက်ကောလိပ်ကျောင်းသားတွေဟာ ကလေး မွေးဖွားဖို့အတွက် အကြီးမားဆုံး တွန်းအားဖြစ်လာမယ်လို့ ရည်မှန်းထားကြပါတယ်။ ဒါကြောင့် ကောလိပ်နဲ့ တက္ကသိုလ်တွေမှာ အိမ်ထောင်ရေး၊ အချစ်ပညာပေး သင်တန်းတွေ သင်ကြားပို့ချဖို့ တာဝန်ရှိတယ်လို့ China Population News မှာ ပါရှိတဲ့ စာစောင်မှာ ပြောကြားခဲ့ပါတယ်။
Zawgyi Version;
တ႐ုတ္တကၠသိုလ္ေတြမွာ အခ်စ္အေၾကာင္း သင္ၾကားေပးဖို႔ ႏိုင္ငံေတာ္က ေတာင္းဆို
ေရာင္နီ (NP News) - ဒီဇင္ဘာ ၅
တ႐ုတ္ႏိုင္ငံဟာ ႏိုင္ငံရဲ႕ကေလးေမြးဖြားႏႈန္းကို ျမႇင့္တင္ဖို႔အတြက္ လက္ထပ္ျခင္း၊ ခ်စ္ျခင္းေမတၱာ၊ ေမြးဖြားျခင္းနဲ႔ မိသားစုအေပၚ အျပဳသေဘာေဆာင္တဲ့အျမင္ေတြကို ခံစားသိရွိဖို႔ ရည္႐ြယ္ၿပီး ေကာလိပ္နဲ႔ တကၠသိုလ္ေတြမွာ အခ်စ္အေၾကာင္း သင္ၾကားေပးဖို႔ ေမတၱာရပ္ခံခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံဟာ ၂၀၂၃ ခုႏွစ္မွာ လူဦးေရ ဒုတိယႏွစ္ဆက္တိုက္ က်ဆင္းလာျခင္းေၾကာင့္ လက္ထပ္ျခင္းနဲ႔ပတ္သက္ၿပီး လူငယ္စုံတြဲေတြကို ပိုဆြဲေဆာင္ႏိုင္ဖို႔ အစီအမံမ်ိဳးစုံနဲ႔ ႀကိဳးစားအားထုတ္လ်က္ရွိပါတယ္။ တ႐ုတ္ႏိုင္ငံဟာ လူဦးေရ ၁.၄ ဘီလီယံနဲ႔ ကမာၻ႔ဒုတိယ လူဦးေရ အမ်ားဆုံးႏိုင္ငံျဖစ္ေနေပမယ့္ အိုမင္းရင့္ေရာ္သူေတြ မ်ားတာေၾကာင့္ ႏိုင္ငံအနာဂါတ္မွာ အစိုးရအသုံးစရိတ္ဆိုင္ရာ ေတာင္းဆိုေတြ တိုးျမင့္လာေစၿပီး စီးပြားေရးကို ဖိအားျဖစ္ေစႏိုင္တယ္လို႔ ယူဆထားပါတယ္။
ဒီအတြက္ေကာလိပ္ေက်ာင္းသားေတြဟာ ကေလး ေမြးဖြားဖို႔အတြက္ အႀကီးမားဆုံး တြန္းအားျဖစ္လာမယ္လို႔ ရည္မွန္းထားၾကပါတယ္။ ဒါေၾကာင့္ ေကာလိပ္နဲ႔ တကၠသိုလ္ေတြမွာ အိမ္ေထာင္ေရး၊ အခ်စ္ပညာေပး သင္တန္းေတြ သင္ၾကားပို႔ခ်ဖို႔ တာဝန္ရွိတယ္လို႔ China Population News မွာ ပါရွိတဲ့ စာေစာင္မွာ ေျပာၾကားခဲ့ပါတယ္။